Channel Myanmar

Norman Alden

They Live (1988) 7.2
They Live (1988) They Live (1988) ============= IMDb Rating - 7.2/10နာဒါဆိုတဲ့ အိမ်ခြေရာမဲ့ဟာ အလုပ်ရှာဖို့ လော့စ်အိန်ဂျလိစ်ကို ထွက်လာခဲ့ ပါတယ်။ အလုပ်သမားရုံးကိုသွားပေမယ့် အလုပ်ရှာမပေးနိုင်ကြပါဘူး။ ဒါနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဝင်လုပ်ခဲ့ရင်း ကံကောင်းစွာနဲ့ ဖရန့်ခ်နဲ့ ဆုံတယ်။ သူက စားစရာ အိပ်စရာ နေရာတစ်ခုကို ခေါ်သွားပေးတယ်။ သူတို့ လိုပဲ အိမ်ခြေရာမဲ့ ယခုခေတ်အခေါ် ကျူးရပ်ကွက်လိုမျိုးပေါ့ ဘေးကပ်ရပ်က ချာ့ခ်ျကျောင်းကို မသင်္ကာလို့ စပ်စုမိရင်း ဓမ္မတေးကို သီဆိုနေကြတာမဟုတ်ဘဲ ကတ်ဆက်နဲ့ဖွင့်ထားတာကို တွေ့လိုက်ရတယ် အထဲမှာလည်း ဓာတ်ခွဲခန်းလိုမျိုး အခင်းအကျင်းတွေနဲ့ပေါ့။တစ်ညမှာ ထိုကျူးရပ်ကွက်နဲ့ ချာ့ခ်ျကျောင်းကို ရဲတွေအလုံးအရင်းနဲ့ ဝင်လာပြီး စီးနင်းကြပါတော့တယ်။ အကြောင်းပြချက်ကိုတော့ ဘယ်သူမှမသိကြပါဘူး။ နောက်နေ့မှာတော့ နာဒါဟာ ဘုရားကျောင်းထဲ ဝင်နှောင့်ရင်း ထူးဆန်းတဲ့ကတ္ထူ ပုံးကို မ'လာပါတော့တယ်။ အထဲမှာတော့ နေကာမျက်မှန်တွေချည်းနဲ့ ပြည့်လို့နေ တယ်။ မျက်မှန် တစ်လက်ကိုယူပြီး တပ်ကြည့်လိုက်တဲ့အခါမှာတော့ ကမ္ဘာကြီးက သူထင်ထားသလိုမဟုတ်တာကို တွေ့လိုက်ရချိန်မှာတော့...ချာ့ခ်ျကျောင်းကို ဘာကြောင့် ဝင်စီးတာလဲ... ကျောင်းကရော ဘာတွေ လုပ်နေတာလဲ... နေကာမျက်မှန်ကနေတစ်ဆင့် ဘာတွေမြင်လိုက်လဲဆိုတာတော့ ကိုယ်တိုင်သာ ခံစားကြည့်ရှုပါတော့။ သူ့ခေတ်အခါမှာ Rating ...
movie

They Live (1988)

1988
Back to the Future (1985) 8.5
Back to the Future (1985) ဒီဇာတ်ကားက ၁၉၈၅ ခုနှစ်က ထွက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။Time Machine နဲ့အတိတ်ကိုသွားတဲ့ ပုံစံရိုက်ကူးထားပြီး အဲ့ဒီခေတ်လောက် ကတည်းကဆန်းသစ်တဲ့ Idea...ပစ္စည်းတွေကို သုံးပြီး ရုပ်ရှင်ရိုက်ကူးထားတာ ချီးကျူးဖွယ်ရာပါ။Adventure, Comedy, Sci-Fi အမျိုးအစားဇာတ်ကားဖြစ်ပါတယ်....ရယ်လဲရယ်ရသလို အဲ့ဒီခေတ် အဝတ်အစား ...ဒီဇိုင်း ...ပြောပုံဆိုပုံ... သရုပ်ဆောင်မှုတွေအကုန်လုံးရိုးသားသန့်စင်တဲ့အမူအရာနဲ့ နှစ်သက်ဖို့ကောင်းလွန်းပါတယ်။IMDb Rating (8.5/10) ထိရရှိထားသလို Rotten Tomatoes မှာလဲ (96%) ထိရရှိထားတဲ့ဇာတ်ကားပါ။Time Travel ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးလို့ သတ်မှတ်ရမယ့် ဇာတ်ကားပါ။Back to the Furure Trilogy အစအဆုံးကို back to the future – Search Results – Channel Myanmar မှာ ဝင်ပြီး ဒေါင်းလို့ရပါတယ် Quality__1080p Bluray HEVC IMDb Rating__8.5/10 Format__mp4 Duration__1h 56min Type__Adventure, Comedy, Sci-Fi Subtitle__Myanmar ...
movie

Back to the Future (1985)

1985
HEVC 1080p 5.1
The Sword in the Stone (1963) 7.2
The Sword in the Stone (1963) The Sword in the Stone (1963) IMDb - 7.2/10_____Rotten - 66%   Old but Gold ထဲကနေ ကာတွန်းကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။၁၉၆၃ခုနှစ်ကထွက်ရှိခဲ့တဲ့ "The Sword in the Stone" ဆိုတဲ့ကားလေးပါ။ဟိုး ယခင်တိတ်ခွေခေတ်တုန်းကတည်းက ဖန်တစ်ရာတေအောင် ကြည့်ခဲ့ပြီး မကြည့်ရသေးတဲ့ သူတွေကိုလည်း ကားကောင်းလေးဖြစ်ကြောင်းလမ်းညွှန်ခဲ့ရတဲ့ Animation ကားလေးပါ...။ အခုပြန်ကြည့်ပြန်တော့လည်း ကျွန်တော်တို့ နှလုံးအိမ်ကို ဆွဲဆောင်နိုင်စွမ်းရှိနေတုန်းပါပဲ။၁၉၆၃ ကထွက်ခဲ့တဲ့ကားဆိုပေမယ့် လက်ရာကတော့ အတော်လေးကိုသေသပ်ကောင်းမွန်ပါတယ်။ ဇာတ်လမ်းလေးကတော့ တော်တော်များများသိကြမယ့် အာသာဘုရင်ကြီးနဲ့ မှော်ဆရာကြီးမာလင်တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ အင်္ဂလန်ပြည်မှာ ဘုရင်အဖြစ်ဆက်ခံမယ့်သူမရှိတော့တဲ့အတွက်ကြောင့် သူတစ်လူငါတစ်မင်းခေတ်ပျက်ကာလဖြစ်နေပါတယ်.. အဲ့လိုအချိန်မှာ ကျောက်တုံးတစ်တုံးအပေါ်မှာစိုက်ထားတဲ့ ဓါးတစ်ချောင်းထူးခြားစွာပေါ်လာခဲ့ပါတယ်။ အဲ့ဓါးကိုဆွဲထုတ်နိုင်သူသည် အင်္ဂလန်ရဲ့ဘုရင်ဖြစ်မည်ဆိုပြီးဓါးပေါ်မှာစာထွင်းထားတယ်ပေါ့။ တစ်ယောက်ပြီးတစ်ယောက်လာဆွဲနှုတ်ကြတယ် ဘယ်သူမှမရခဲ့ကြဘူး အဲ့လိုနဲ့နှစ်ပေါင်းများစွာကြာလာတော့ လူတွေကလဲ ဓါးကိုမေ့မေ့ပျောက်ပျောက်ဖြစ်လာတယ်ပေ့ါ။ အဲ့အချိန်မှာ အာသာက ၁၂နှစ်အရွယ်ကလေးပဲရှိသေးတယ်။ ဇာတ်လမ်းက အာသာကဘုရင်ဖြစ်ရမှာပဲ သူပဲဓါးဆွဲနှုတ်နိုင်မှာပေါ့(အာသာ၊ မာလင်ဇာတ်ကားတော်တော်များများ အဲ့အတိုင်းနီးနီးပါပဲ)။ ဒါပေမယ့် မာလင်တစ်ယောက် အာသာနဲ့ဘယ်လိုတွေ့သွားမှာလဲ။ မာလင်ကိုဘယ်လိုများ နည်းပေးလမ်းပြပေးမလဲ။ အာသာကရော ဓါးဆီဘယ်လိုရောက်သွားမလဲဆိုတာတော့ Disney ရဲ့ Classic လက်ရာလေးကို ခံစားရင်းကြည့်လိုက်ပါဦးဗျ.... မှတ်ချက်။ ။မာလင်ရဲ့မှော်ပညာတွေကိုစိတ်ဝင်စားသူများအတွက် ...
movie

The Sword in the Stone (1963)

1963