Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Norma Varden
7.9
Strangers on a Train (1951)
IMDb: 7.9 Rotten Tomatoes: 98%Strangers on a Train ဟာ ၁၉၅၁ ခုနှစ်ထွက် Alfred Hitchcock ရဲ့လက်ရာရုပ်ရှင်ဖြစ်ပါတယ်။ Hitchcock ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း အပြီးထိရင်တမမနဲ့ကြည့်ရမယ့် Thriller ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်း:ဂိုင်းဟိန်းစ် ဟာတင်းနစ်အကျော်အမော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အထက်လွှတ်တော်အမတ် အန်းမော်တွန် နဲ့ချစ်ကျွမ်းဝင်နေပါတယ်။ ခက်တာက သူ့မှာမိန်းမရှိတယ်။ ကိုယ်ဝန်ပါရှိသေးတယ်။ အဲလိုပြောလိုက်တော့ ဂိုင်း ကိုမကောင်းတဲ့လူလို့ထင်သွားပါဦးမယ်။ ဂိုင်းရဲ့မိန်းမဟာ ချူစားတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်ကလည်း ဂိုင်းနဲ့ရတာမဟုတ်ပါဘူး။ဂိုင်းဟာတင်းနစ်ပွဲတစ်ခုကိုသွားဖို့ရထားစီးရင်း ရထားပေါ်မှာ လူထူးဆန်း ဘရူနိုအန်တိုနီ ဆိုတဲ့လူနဲ့တွေ့ခဲ့ပါတယ်။ ဘရူနိုက အတော်လေးဉာဏ်ကောင်းတဲ့လူဖြစ်ပြီး လေ့လာမှုအားလည်းကောင်းပါတယ်။ အဲဒါကြောင့် ဂိုင်းတစ်ယောက် အန်း ကိုယူချင်ရင်တောင်မှ မိန်းမက မကွာရှင်းပေးတော့ ယူလို့မရဖြစ်နေတာကိုသိနေပါတယ်။ ဘရူနို ကလည်းအဖေ့ကိုမုန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဘရူနိုမှာ အယူအဆတစ်ခုရှိတယ်။ ပြီးပြည့်စုံတဲ့လူသတ်မှုကိုကျူးလွန်ဖို့။အကယ်လို့ ဂိုင်းနဲ့ဘရူနို သာလူလဲသတ်လိုက်မယ်ဆိုရင် ရဲတွေလည်းမျက်စိလည်မယ်။ ဘယ်လိုမှဆက်စပ်လို့မရဘူးဆိုပြီး ဂိုင်းကို ဘရူနိုကပြောလာပါတယ်။ ဘရူနိုကပြောပေမယ့် ဂိုင်းကလက်မခံခဲ့ပါဘူး။ဘာတွေဆက်ဖြစ်ကြမှာလဲ... File ...
movie
Strangers on a Train (1951)
8.1
The Sound of Music (1965)
The Sound of Music (1965)===================IMDb Rating - 8.1/10အကောင်းဆုံး Musical Genre Movies တွေအကြောင်းပြောကြမယ်ဆိုရင် (1966)အော်စကာရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု..စသဖြင့် အော်စကာ၅ဆုအပြင် အခြားသောရုပ်ရှင်ဆုပေါင်းများစွာကိုပါ ပတ်သိမ်းလာတဲ့ “The Sound of Music” က သေချာပေါက်မပါမဖြစ်ပါပဲ။ (1965)ခုနှစ်က ထွက်ရှိခဲ့ပြီး ဩစတြီးယားနိုင်ငံက ဗွန်ထရက်ပ်မိသားစုအကြောင်း ဖြစ်ရပ်မှန်အခြေခံပြီး ရိုက်ကူးထားတဲ့ “The Sound of Music” ရုပ်ရှင်ဟာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တာကြောင့် သူ့ရုံဝင်ငွေနဲ့ ဒေဝါလီခံရခါနီး 20th Century Fox Studio ကိုကယ်ပေးနိုင်တဲ့အထိကို ဖြစ်ခဲ့ပါတယ်။ IMDb rating 8.1/10 ရရှိထားပြီး ထွက်ရှိခဲ့တဲ့အချိန်ကနေ ယခုအချိန်ထိ Box Office ရဲ့ No.6နေရာမှာ ရပ်တည်နေတဲ့ ဂန္ထဝင်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကိုအခြေတည်ရိုက်ကူးထားတာဆိုပေမဲ့ တကယ့်အပြင်လက်တွေ့နဲ့ ကွဲလွဲချက်လေးတွေရှိပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ...
movie
The Sound of Music (1965)
1965
8.5
Casablanca (1942)
CM ပရိတ်သတ်ကြီးအတွက် G(old) ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျားတို့ဘဝမှာ လုံးဝမမေ့နိုင်လောက်အောင်ချစ်ခဲ့ရတဲ့သူ ပြီးရင် အဲ့ဒီလူအတွက် ဘာမဆိုပေးဆပ်ရဲအောင် ချစ်ခဲ့ပြီးမှ စွန့်လွှတ်လိုက်ရတာမျိုးကြုံဖူးလားဗျ ဒါဆိုရင်တော့ ဒီဇာတ်ကားက ခင်ဗျားတို့နဲ့ တော်တော်တူသွားပါပြီ ဇာတ်ကားနာမည်က Casablanca ပါ လူတော်တော်များများက Casablanca ဆိုတဲ့နာမည်ကို ကြားဖူးကြမှာပါ အဲ့သီချင်းက အဓိပတိလမ်းမထက်ကခြေရာများဆိုတဲ့ သီချင်းရဲ့ မူရင်းသီချင်းဖြစ်ပြီး Bertie Higgins သီဆိုထားပါတယ် အဲ့ဒီ့သီချင်းထဲမှာmovieထဲက As Time Goes By ဆိုတဲ့ theme song နာမည်ကို ထည့်ဆိုထားသလို movie scriptဖြစ်တဲ့ A kiss is just a kiss in Casablanca ဆိုတာကိုလည်းထည့်ဆိုထားပါသေးတယ် ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ကို အခြေခံပြီးရိုက်ထားတာပါ နိုင်ငံရေးနဲ့ အချစ် ရောပြွန်းထားတဲ့ ဇာတ်ကားပုံစံပေါ့ဒါပေမယ့်လည်း G(old) ဟောင်းပေမယ့် ကောင်းနေဆဲပါပဲ ရစ်ခ် နဲ့ အယ်လ်ဆာ ဟာ Parisမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ် အရမ်းကိုရိုမန့်ဆန်တဲ့ချစ်သူနှစ်ယောက်ပါ သူတို့နှစ်ဦး စန္ဒရားသမားကိုတီးခိုင်းပြီး အမြဲနားထောင်လေ့ရှိတဲ့ သီချင်းတစ်ပုဒ်က As Time Goes By ဆိုတဲ့သီချင်းပါပဲ ဝေးကြဖို့ အကြောင်းကဖန်လာတော့ ပြင်သစ်မှာ နိုင်ငံရေးအခြေအနေကြောင့် ရစ်ခ် က အယ်လ်ဆာနဲ့အတူထွက်ပြေးဖို့ စီစဉ်ထားတာကို အယ်လ်ဆာ ဟာရောက်မလာခဲ့ပါဘူး အဲ့ဒီ့ကနေ ရစ်ခ် ...
movie
Casablanca (1942)
1942