Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Noam Chomsky
8.0
Requiem for the American Dream (2015)
Requiem for the American Dream (2015) IMDb 8.0/10အေဗရမ် နွန်ချန့်စကီး ဟာ ဂျူးလူမျိုး အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး နာမည်ကြီးလူသိများတဲ့ ဘာသာဗေဒ ပညာရှင် တက်ကြွလှုပ်ရှားသူနဲ့ ဝေဖန် ရေးသမား တစ်ယောက်ပါ။ ခေတ်သစ်ဘာသာဗေဒ ပညာရပ်ရဲ့ဖခင်ကြီးလို့တောင် ပြောစမှတ်ပြုကြပါတယ်။ မက်ဆာချူးဆက် နည်ပညာကျောင်းရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေပြီး ပညာရပ်ဆိုင်ရာစာအုပ်တွေ နဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာ စာအုပ်ပေါင်း ၁၅၀ ကျော်ကိုလည်းရေးသားပြုစုခဲ့ပါတယ်။နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့တော့ အလုပ်သမားတွေရဲ့ အရေးကို အလေးထားဆောင်ရွက်ပေးခဲ့ပြီး အလုပ်သမားတွေကြားမှာ လွတ်လပ်စွာပြောဆိုခွင့် နဲ့ အသင်းအဖွဲ့ထူထောင်ခွင့်ရှိရမယ်ဆိုတဲ့ မူဝါဒကို စွဲကိုင်ထားသူပါ။ ပြီးတော့ နိုင်ငံရေးလောကကြီးကို ဓနရှင် လုပ်ငန်းရှင် လူနည်းစုက နည်မျိုးစုံသုံးကာ လက်ဝါးကြီးအုပ်ချယ်လှယ်ထားတယ်လို့ တစိုက်မတ်မတ်ပြောဆိုခဲ့ပါတယ်။ အဲဒီအချက်ကိုဒီရုပ်ရှင်ထဲမှာလည်း အချက်အလက်စုံစုံလင်လင်နဲ့ ဖော်ပြထားပါတယ်။အဲဒီလို လူနည်းစုကလုပ်ချင်တိုင်းလုပ်နေတာကို လူထုကသိရှိပြီး စုပေါင်းအင်အားနဲ့ တွန်းလှန်မှသာ ဖိနှိပ်ခံရတာ ဆင်းရဲတွင်းနက်တာ နဲ့တန်းတူညီမျှမှု မရှိတာ စတဲ့ အခက်အခဲတွေပြေလည်နိုင်လိမ့်မယ်လို့လည်းဆိုပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ဟာဆိုရင် ချန့်စကီးကို လေးနှစ်ကျော်လောက် အင်တာဗျူးတွေလုပ်ခဲ့ပြီး အဲဒီထဲကမှ ကောက်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။ အထက်က ပြောခဲ့တဲ့သူ့ရဲ့အယူအဆတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင်ဖော်ပြထားပြီး လူတွေသိပ်မသိတဲ့ နိုင်ငံရေးလောကရဲ့လှည့်ကွက်တွေ နဲ့ သူတို့ရဲ့ဦးတည်ချက်တွေ သူတို့ကြောက်လန့်တဲ့အကြောင်းတရားတွေက ဘာတွေပါဆိုတာကို သိမြင်လာမှာပါ။အမေရိကန်နိုင်ငံလို ...
movie
Requiem for the American Dream (2015)