Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Noah Robbins
6.8
Fly Me to the Moon (2024)
Fly Me to the Moon (2024)IMDb Rating (6.8) / Rotten Tomatoes (65%)ကဲ Scarlett Johansson နဲ့ Channing Tatum တို့ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီး လာပါပြီ။ ဒါရိုက်တာကတော့ ဖလက်ရှ်၊ အဲရိုး စီးရီးတို့ကို ဖန်တီးခဲ့တဲ့ Greg Berlanti ပါပဲ။ လပေါ်ကို နီးလ် အမ်းစထရောင်း ပထမဆုံး ဆင်းသက်ခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ စစ်အေးတိုက်ပွဲကာလ အမေရိကန် နဲ့ ဆိုဗီယက် အားပြိုင်မှုမှာ အာကာသစီမံကိန်းတွေဟာ အရမ်းအရေးပါခဲ့ပါတယ်။ အမေရိကန်ဟာ ဆိုဗီယက်ထက်အရင်လပေါ်ကို ခြေချနိုင်ခဲ့ပေမဲ့ ဆိုဗီယက်တွေက အဲဒီအချိန်ကတည်းကရော အခုချိန်ထိ တစ်ကမ္ဘာလုံးက လပေါ်ဆင်းတဲ့အဖြစ်အပျက်ဟာ ရိုက်ကွင်းနဲ့အတုဖန်တီးထားတာလို့ စွပ်စွဲနေကြတုန်းပါပဲ။ အမှန်တရားကိုတော့ အမေရိကန်တာဝန်ရှိသူတွေပဲ သိပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းကိုးလ်ဟာ ခေါင်းမာပြီး စိတ်ဆတ်တဲ့ စစ်ပြန် ပိုင်းလော့တစ်ယောက်၊ လပေါ်ခရီးစဉ် အပိုလို-၁၁ လွှင့်တင်ရေးမှာ ညွှန်ကြားရေးမှူးတာဝန်ယူထားရတာပါ။ ကယ်လီကတော့ အရမ်းတော်တဲ့ ...
movie
Fly Me to the Moon (2024)
4K HEVC
6.5
Set It Up (2018)
Set It Up (2018)IMDb (6.5) / Rotten Tomatoes (68 %)Rating မြင့်မြင့်ရရှိထားတဲ့ Comedy,Romance အမျိုးအစား ဒီရုပ်ရှင်လေးကတော့ လုပ်ငန်းခွင်ဝင်လူလတ်ပိုင်းအရွယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်မယ့်ဇာတ်ကားလေးပါ။Before I fall ရုပ်ရှင်ထဲက မင်းသမီးချောလေး Zoey Deutch ပါတဲ့ကားပါ။ မင်းသားကတော့ ဓာတ်ပုံထဲမှာမချောပေမဲ့ ရုပ်ရှင်ထဲမှာတော့ ခန့်ချောပါ။ ပြီးတော့ တရုတ်နဲ့အမေရိကန်ကပြားမင်းသမီး Lucy Liu ကလည်း နာမည်ကြီးဆောင်းပါးရေးသူ၊မင်းသမီးရဲ့သူဌေးမအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Claire Scanlon ပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့...ဟာပါဆိုတဲ့အရမ်းအလုပ်ကြိုးစားတဲ့ကောင်မလေးက ခရစ်စတန်ဆိုတဲ့သူဌေးမရဲ့လက်ထောက်ဖြစ်ပြီး သူရဲ့အိပ်မက်ကဆောင်းပါးရေးတဲ့စာရေးဆရာမဖြစ်ချင်တယ်....ဒါပေမဲ့ သူက အလုပ်မှာ ခိုင်းဖက်လေးပေါ့တစ်နေ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရုံးအဆောက်အအုံတစ်ခုတည်းမှာအလုပ်လုပ်တဲ့ ချာလီ(မင်းသား) နဲ့တွေ့ခဲ့တယ်ချာလီကလည်း ဟာပါလိုပဲ ရစ်ခ်ဆိုတဲ့သူဌေးတစ်ယောက်ရဲ့လက်ထောက်ဖြစ်ပြီး ရာထူးတိုးချင်နေတဲ့သူပေါ့နစ်ယောက်လုံးက ရုံးမှာဆို နောက်ဆုံးမှအိမ်ပြန်ရတဲ့သူ၊ တစ်နေကုန် အလုပ်ကလည်းရှုတ် အရမ်းဇီဇာကြောင်တဲ့သူဌေးတွေရဲ့ဒဏ်ကိုလည်းခံရနဲ့ နှစ်ယောက်သား သူဌေးတွေရဲ့အတင်းကိုပြောရင်း သူတို့သူဌေးနှစ်ယောက်ကို အောင်သွယ်ပေးဖို့ အကြံရသွားကြတယ်သူတို့ရဲ့ရည်ရွယ်ချက်က သူဌေးနှစ်ယောက်ဒိတ်လုပ်ရင် သူတို့အေးဆေးနေလို့ရတယ်ဆိုပြီး ...
movie
Set It Up (2018)
2017
4K HEVC
7.1
Leo (2023)
Leo (2023) ========= IMDb Rating - 7.1/10နောက်ဆုံးအသစ်ထွက်ရှိလာပြီး တောင်းဆိုမှုများနေတဲ့ Animation ကား ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားမှာတော့ လီယိုဆိုတဲ့ ကျောင်းမွေးတိကလေးက အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင် ထားပါတယ်။လီယိုဆိုတဲ့ ဖွတ်ကြီးနဲ့ စကွစ်တယ်ဆိုတဲ့ လိပ်ကြီးတို့က အလယ်တန်းကျောင်း တစ်ခုမှာ ကလေးတွေအတွက် သင်ထောက်ကူအနေနဲ့ မွေးထားတဲ့ တိကလေး တွေပါ။ ငါးတန်းအခန်းကို ကြီးစိုးထားကြပြီး ခေတ်အဆက်ဆက်က ကလေး တွေမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့သူတွေပေါ့။ တစ်ရက်မှာတော့ လီယိုတစ်ယောက် သူ့ရဲ့သက်တမ်းက တစ်နှစ်ပဲ ကျန်တော့တဲ့အကြောင်းကို မမျှော်လင့်ဘဲ သိခဲ့ လိုက်ရတယ်။မွေးကတည်းက ဖန်ကန်ထဲမှာပဲ နေလာခဲ့ရတဲ့သူ့အဖို့ ပြင်ပကမ္ဘာကြီးနဲ့ ထိတွေ့ ဆက်ဆံသွားချင်တာ သူ့ရဲ့ နောက်ဆုံးဆန္ဒပါပဲ။ ဒီလိုနဲ့ အခန်းထဲက စရိုက်မျိုးစုံနဲ့ ကလေးတွေဆီကနေ ကပ်ပြီး ပြင်ပကမ္ဘာကို ရောက်ဖို့ ကြိုးစားပါတော့တယ်။ မနိုင်စိန်ငါးတန်းကလေးတွေနဲ့ အဘိုးကြီးလီယိုတို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူ့ရဲ့နောက်ဆုံးဆန္ဒလေး ပြည့်ဝသွားနိုင်မလား ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစား ကြည့်လိုက်ရအောင်ပါ။ Child psychology အကြောင်းကိုလည်း သီချင်းလေး တွေနဲ့ တင်ဆက်ပေးသွားတာမို့ ခံစားမှုရသအစုံအလင်ပေးနိုင်မဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်လို့ပဲ ဆိုချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို ...
movie
Leo (2023)
2023
7.5
Miss Sloane (2016)
Miss Sloane (2016)အယ်လီဇဘတ် ဆလွန်းဟာ အောင်မြင်တဲ့မဲဆွယ်သူတစ်ယောက်ဖြစ်ပြီးတော့ သူရဲ့အလုပ်ပေါ်အရမ်းရူးသွပ်တဲ့သူဖြစ်ပါတယ်။ စိတ်ဓါတ်မာကြောပြီး ကိုယ့်ရဲ့အောင်မြင်မှုအတွက်ဆို ဘယ်သူ့ကိုမှမငဲ့ညှာတတ်တာကြောင့် နိုင်ငံရေးနယ်ပယ်မှာ သူ့ကိုမုန်းတီးနေသူတွေလည်းအများကြီးပါပဲ။အမေရိကမှာ သေနတ်ပစ်ခတ်မှုတွေအမြဲဖြစ်ပျက်နေပြီး နစ်နာသူအများစုက ဆယ်ကျော်သက်လူငယ်တွေ၊ ကလေးသူငယ်တွေပါပဲ။ ဒါကိုရပ်တန့်ဖို့အတွက်ဆိုရင် အမေရိကမှာ သေနတ်တွေကို အလွယ်တကူဝယ်ယူနိုင်တာကို ထိန်းချုပ်ဖို့လိုအပ်တယ်လို့ လူအများစုကထင်မြင်ကြပါတယ်။ အဲဒါကြောင့် သေနတ်ရောင်းတဲ့အခါ ဝယ်သူရဲ့ နောက်ခံအချက်အလက်ကိုစီစစ်ပြီး မှတ်တမ်းတင်ထားဖို့ ဥပဒေတစ်ခု လွှတ်တော်ကိုတင်သွင်းခဲ့ပါတယ်။ ဆလွန်းဟာ အဲဒီဥပဒေအတွက်မဲဆွယ်သူအဖြစ်တာဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေကိုဆန့်ကျင်တဲ့သူတွေက ဆလွန်းရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုပါသုံးပြီး ဆလွန်းကိုတိုက်ခိုက်လာကြပါတော့တယ်။ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့ ဆလွန်းက ဒီပြဿနာတွေကို ဘယ်လိုလှည့်ကွက်တွေနဲ့ ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကြည့်ရှုရမှာပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။)File Size : 1.8GB, 675MB, 382MB Quality :1080p Blu-ray AAC ...
movie
Miss Sloane (2016)
2016
8.6
tick, tick…BOOM! (2021)
tick, tick...BOOM! (2021)===================IMDb Rating - 8.6/10စပိုက်ဒါမန်းနိုးဝေးဟုမ်းမှာ မပါပါဘူးဆိုတဲ့ လူလိင်ကြီး အန်ဒရုး ဂါဖီးရဲ့ Musical ရုပ်ရှင်အသစ်ထွက်ပါပြီ။တိုနီဆုရှင် ပူလစ်ဇာဆုရှင် အမေရိကန် တေးရေးဆရာ ဂျိုနသန်လာဆန်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အန်ဒရူးရဲ့ အော်စကာနဲ့တောင်တန်တဲ့ သရုပ်ဆောင်ချက်တွေကို ထပ်ပြီးတွေ့ရဦးမှာပါပဲ။ဇာတ်လမ်းအကျဉ်းဂျိုနသန်ဟာ အသက်သုံးဆယ်ပြည့်တော့မှာဖြစ်ပြီး နာမည်ကျော် ပြဇာတ်ဂီတတေးရေးဆရာဖြစ်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဆီမှာ နာမည်ကြီး ပရိုဂျူဆာ ဒါရိုက်တာများစွာရဲ့ ငြင်းပယ်စာတွေလည်း ရှိပြီးနေပါပြီ။သူ ရှစ်နှစ်တိတိအချိန်ယူရေးသားထားတဲ့ ပြဇာတ်သီချင်းနဲ့ ဘရော့ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေခွင့်ရဖို့ ကြိုးစားနေဆဲပါပဲ။ဒါပေမဲ့ သူ့မှာ မီတာခ နဲ့ စားစရာတောင် အနိုင်နိုင်ဖြစ်နေပါပြီ။ ချမ်းသာတာဆိုလို့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ချစ်သူတစ်ယောက်ပဲ ကျန်ပါတော့တယ်။ ဒီလိုအခြေအနေကနေ သူ့အိပ်မက်တွေကို မလျှော့တမ်းဘယ်လိုကြိုးစားသွားမလဲဆိုတာကို သီချင်းလှလှ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တန်ဆာဆင်ထားတာပဲဖြစ်ပါတယ်။ ဒီနှစ်အတွက် Musicalကောင်းကောင်းလေး ငတ်နေတဲ့လူတွေတော့ အဝကို ခံစားကြည့်ရှုလို့ရပါပြီ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ...
movie
tick, tick…BOOM! (2021)
2021
8.0
The Trial of the Chicago 7 (2020)
တရားမမှုအတွက် တရားခွင်နဲ့ ရာဇဝတ်မှုအတွက် တရားခွင် ဆိုတာပဲရှိတယ်။ နိုင်ငံရေး တရားခွင်ဆိုတာ မရှိဘူးဗျ။ ဟိ...ဟိ...နိုင်ငံရေးလှည့်ကွက် အနေနဲ့ အသုံးချဖို့ တရားခွင်ကို အသုံးချတာလေ။ မကြားဖူးဘူးမလား။ ဘယ်ကြားဖူးမလဲ။ တကယ်မှမရှိတာကိုး။ဟား...ဟား.... ဆောရီးဗျာ။ နည်းနည်းတော့ရယ်မိတယ်။ အဲဒါနဲ့ နိုင်ငံရေးတရားခွင်ဆိုတာ မရှိဘူးနော်။ ကျွန်တော်ပြောရင် ယုံလိုက်။ ငိငိ xD...၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမျိုးသားဒီမိုကရက်တစ်ညီလာခံကို ကျင်းပခဲ့ပါတယ်။၁၉၅၅ ခုနှစ်က အစပြုခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက အားကောင်းနေဆဲကာလလည်းဖြစ်ပါတယ်။ဒီလို အကျိုးမရှိဘဲ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ စစ်ပွဲကို တားစီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးအာရုံစိုက်နေကြတဲ့ ညီလာခံရှိရာချီကာဂိုမြို့ကို စစ်ပွဲကို ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး စစ်ပွဲဆန့်ကျင်ရေးတက်ကြွ လှုပ်ရှားသူ ၇ ယောက် ချီကာဂိုမြို့ကို ငြိမ်းချမ်းစွာ ချီတက်လာခဲ့ပါတယ်။ဒီလို ဆန့်ကျင်ဆန္ဒပြရာမှာ ဆန္ဒပြသူတွေနဲ့ ...
movie
The Trial of the Chicago 7 (2020)
2020
6.3
The Assistant (2019)
ဒီရုပ်ရှင်ကတော့ သဘာဝကျပါတယ်။သဘာဝကျလွန်းလို့ တကယ့်လူတွေရဲ့ အပြင်ဘဝကို ထိုင်ကြည့်နေရသလိုပါပဲ။ဒီရုပ်ရှင်ဟာ လက်ရှိ ကုမ္ပဏီကြီးတွေရဲ့ အလုပ်ခွင် ဖိနှိပ်မှုတွေ၊အနိုင်ကျင့်မှုတွေနဲ့ အမျိုးသားတွေလိင်အမြတ်ထုတ်မှုတွေဟာအပေါ်ယံပဲ ရှုမြင်ခံရပြီး လွတ်မြောက်နေတာကို မီးမောင်းထိုးပြထားတာပါပဲ။ဒါကြောင့် ထူးခြားမှု ဘာမှမရှိဘဲ ဝေဖန်ရေးဆရာတွေ အားပေးမှုကို ရထားပါတယ်။ ဒီရုပ်ရှင်ဟာ ပထမဆုံး အနေနဲ့ Harvey Weinstein ကိုရည်စူးတိုက်ခိုက်တဲ့ ရုပ်ရှင်လို့လည်း လူပြောများနေပါတယ်။Harvey Weinstein ကိစ္စကို ကြားမိတဲ့သူတွေလည်း ကြားမိကြမှာပါ။အမေရိကန်ရဲ့နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပြီးလိင်အမြတ်ထုတ်မှုပေါင်း ၈၀ ကျော်နဲ့တိုင်ချက်ဖွင့်ခံခဲ့ရပါတယ်၊အလုပ်ပြုတ်ပြီး၊ အနုပညာသိပ္ပံအကယ်ဒမီကနေ ထုတ်ပယ်ခံလိုက်ရသူပါ။ဒီရုပ်ရှင်မှာတော့ Julia Garner ကတော့ ရုပ်ရှင်ကုမ္ပဏီရဲ့လက်ထောက်လေး အဖြစ် သရုပ်ဆောင်ထားပါတယ်။သူ့ရဲ့ ဖုန်းတာဝန်ခံဖြေတာတွေ၊ ကော်ဖီဖျော်တာတွေ၊ရုံးကိစ္စ တစ်နေ့တာလေးတွေကိုပြရင်းနဲ့မှအမျိုးသမီးငယ်တွေ အကာအကွယ်မဲ့နေတာ၊ဖိနှိပ်ခံနေရတာကို အားလုံးမြင်အောင် ...
movie
The Assistant (2019)
6.5
Villains(2019)
Villains(2019)(Unicode)ဒီတစ်ခေါက်တော့ အမှန်အကန်လန်းတဲ့ ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ စိတ်ထားကောင်းပေမယ့် ဘဝကိုပေ့ါပေါ့နေပြီး ဖြတ်သန်းချင်တဲ့ အရမ်းချစ်တဲ့စုံတွဲတစ်တွဲ ဟာ လိုအင်ဆန္ဒတစ်ခုကြောင့် လုယက်မှုတစ်ခုလုပ်ပြီး ဖလော်ရီဒါအိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်တယ် .... လမ်းတဝက်မှာကားဆီပြတ်သွားပြီးတော့ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေတဲ့အချိန် နောက်ကားတစ်စီးရှာဖို့ လုပ်ကြရင်းနဲ့ လူမနေဘူးလို့ထင်ရတဲ့ ခမ်းနားတဲ့အိမ်ကြီးကိုရောက်သွားတဲ့အချိန်မှာ စပြီး ပြဿနာအကြီးကြီးတက်ပါတော့တယ်... ဘယ်လိုပြဿနာတွေ သူတို့ကို အိမ်ကြီးက ဆီးကြိုနေမလဲ... သူတို့ရဲ့ အိပ်မက်ကိုရော အကောင်အထည်ဖော်နိုင်သွားမလား...သူတို့ မထင်မှတ်တာတွေ ဘယ်လိုကြုံကြမလဲ... တစ်ယောက်ချင်းဆီရဲ့ သူရုပ်ဆောင်မှုတွေကို အာရုံစိုက်ကြည့်ရင် သို့လောသို့လောနဲ့ တကယ် စိတ်ဝင်စား လှုပ်ရှားစရာကောင်းလွန်းတာမို့ မလွတ်တမ်းကြည့်ရှုဖို့ ပြောလိုက်ပါရစေ... နည်းနည်းဂေါ်တဲ့အတွဲမို့ စကားလုံးအသုံးအနှုံးတွေတော့ အနည်းငယ်ကြမ်းနိင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MarTizas ပဲဖြစ်ပါတယ်...(zawgyi)ဒီတစ်ခေါက်တော့ အမှန်အကန်လန်းတဲ့ ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ စိတ်ထားကောင်းပေမယ့် ဘဝကိုပေါ့ပေါ့နေပြီး ဖြတ်သန်းချင်တဲ့ အရမ်းချစ်တဲ့စုံတွဲတစ်တွဲ ဟာ လိုအင်ဆန္ဒတစ်ခုကြောင့် လုယက်မှုတစ်ခုလုပ်ပြီး ဖလော်ရီဒါအိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်တယ် .... လမ်းတဝက်မှာကားဆီပြတ်သွားပြီးတော့ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေတဲ့အချိန် နောက်ကားတစ်စီးရှာဖို့ လုပ်ကြရင်းနဲ့ လူမနေဘူးလို့ထင်ရတဲ့ ...
movie
Villains(2019)
2019