Channel Myanmar

Noah Jupe

A Quiet Place Part II (2020) 7.8
A Quiet Place Part II (2020) A Quiet Place Part 2 (2020)IMDb Rating (7.2) / Rotten Tomatoes (91%)Quiet Place 2 လာပါပြီ။အသံထွက်တာနဲ့ ချက်ချင်းလာသတ်တဲ့ ဂြိုလ်သားလို သတ္တဝါဆိုးတွေကို မှတ်မိဦးမှာပါ။အပိုင်း ၁ မှာတုန်းကတော့ အသက်ရှင်သန်ဖို့ အဓိက ကြိုးစားနေရတာဖြစ်ပြီးနောက်ဆုံးမှာတော့ ပြန်တိုက်ခိုက်နိုင်မယ့်နည်းကို တွေ့သွားခဲ့ပါပြီ။အခု အပိုင်း ၂ မှာတော့ ကျန်ခဲ့တဲ့ မိသားစုဝင်လေးဟာ အခြားနေရာတစ်ခုကို ရွှေ့ဖို့ကြိုးစားရင်းလူအသစ်တွေနဲ့ တွေ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကိုရောက်နိုင်မယ့် သဲလွန်စ တွေ့လာတဲ့အခါ....။ပထမရုပ်ရှင်က ဇာတ်ကောင်တွေဖြစ်တဲ့ Emily Blunt နဲ့ သူ့ကလေးတွေပါဝင်ထားပြီး Cillian Murphy က အသစ်ပါဝင်ထားပါတယ်။A Quiet Place ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=a+quiet+place ကြည့်ပါ။ File size…(7 GB)/(1.7 GB ) / (830 MB) Quality….BluRay 4K ...
movie

A Quiet Place Part II (2020)

2020
4K HEVC
A Quiet Place (2018) 7.9
A Quiet Place (2018) A Quiet Place (2018)IMDb Rating (7.5) / Rotten Tomatoes (96%)အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။အီဗလင်းတို့မှာ သမီးတစ် ယောက်၊ ...
movie

A Quiet Place (2018)

2018
4K HEVC
Dreamin’ Wild (2022) 6.7
Dreamin’ Wild (2022) Dreamin' Wild (2022)~ IMDb - 6.7/10, Rotten Tomatoes - 90% ~ကိုယ်ဘာဖြစ်ချင်တာလဲကိုယ်သိဖို့နဲ့ ကိုယ်ဖြစ်ချင်တဲ့လူမျိုး ဖြစ်လာအောင်လုပ်ဖို့က မလွယ်ဆုံးအရာတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကံကောင်းတဲ့ တချို့ကျတော့လည်း စောစောစီးစီးပဲ သူတို့ ဘာဖြစ်ချင်လဲ သူတို့သိသွားကြတယ်။ သူ့နောက်ဆက်တွဲကံဆိုးခြင်းကတော့ မြင်ဖူးသလောက်ဆို အဲဒီလိုစောစောစီးစီးသိသွားကြတာတွေမှာ မလွယ်ကူတာတွေတော့ တော်တော်များတယ်။ ဒီရုပ်ရှင်ထဲက ကောင်လေးတွေလိုပေါ့။၁၅ ၁၆လောက်မှာတင် သူတို့ဘာဖြစ်ချင်လဲ သူတို့ကောင်းကောင်းသိခဲ့ကြတယ်။ အဆိုတော်ကြီးတွေ ဒရမ်မာကြီးတွေ ဖြစ်ချင်ခဲ့ကြတယ်။ သူတို့ထဲကတစ်ယောက်ဆို ၁၅နှစ်မှာတင် တူရိယာပေါင်းစုံတီးနိုင်တဲ့အထိ ပါရမီပါခဲ့တယ်။ ဒီနေရာမှာ မိသားစုရဲ့သက်ရောက်မှုက ပါလာပြီ။ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေကို အားမပေးကြတဲ့ မိဘတွေကတော့ သဘာဝအတိုင်းပဲ ပိုများလိမ့်မယ်။ ဒီလိုနဲ့ပဲ ရပ်တန့်သွားတဲ့ အိပ်မက်တွေရှိခဲ့လိမ့်မယ်။ သူတို့လည်း မှားတော့ မှားမနေဘူး။ ဘာလို့ဆို ဒီရုပ်ရှင်ထဲက ကောင်လေးတွေရဲ့မိဘတွေဟာ သူတို့ကလေးတွေရဲ့အိပ်မက်အတွက် လယ်ဧက၁၇၀၀လောက်ကနေ ၆၅ဧကလောက်ပဲ ကျန်တော့တဲ့အထိ ...
movie

Dreamin’ Wild (2022)

2022
The Magician’s Elephant (2023) 6.6
The Magician’s Elephant (2023) The Magician's Elephant (2023)"ဘောလ်တိစ်" ဆိုတဲ့ မြို့ငယ်လေးက မျှော်လင့်ချက်တွေဆိတ်သုဥ်းနေတဲ့မြို့လေးလို့ပြောရမယ်။ သူတို့ကြုံခဲ့ရတဲ့စစ်ပွဲကြီးအပြီးမှာ လူတွေကမပျော်ရွှင်ကြတော့ပါဘူး။ စစ်ကြီးကလဲ ပြီးတာ ဒီကားထဲက ဇာတ်လိုက်လေးရဲ့တစ်သက်ရှိနေပြီ။ ဒါပေမဲ့လူတွေက ပျော်ရွှင်မှုတွေမရကြသေးဘူး။ မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ ပြန်မရှင်သန်ကြသေးဘဲ အဆိုးတွေပေါ်ပဲအာရုံစိုက် အဆိုးတွေကိုပဲမျှော်လင့်ပြီးနေကြသူတွေပေါ့။ တစ်နေ့မှာမျက်လှည့်ဆရာကြီးက ဒီလူတွေအတွက် မျှော်လင့်ချက်တွေပြန်ရှင်သန်စေဖို့ မန္တန်ကြီးတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ခဗျာမှာလဲ သိပ်မကျွမ်းကျင်တော့ ဆင်ကြီးတစ်ကောင်သာအမိုးကနေပွင့်ပြီးပြုတ်ကျလာပါတယ်။ မျက်လှည့်ဆရာကြီးက သူ့မန္တန်ကမအောင်မြင်ဘူးထင်တာပေါ့။ မျက်လှည့်ဆရာကြီးကိုယ်တိုင်လဲ သူ့ဆင်ကြီးက အဖွားကြီးတစ်ယောက်ပေါ်သွားပိတာကြောင့် ဂျေးထဲအောင်းသွားရပါတယ်။ ဒါပေမဲ့ ဒီဆင်ကြီးရောက်လာတာကပဲ ဒီကားထဲကဇာတ်လိုက်လေးအတွက် ယုံကြည်မှုတွေကိုအသက်သွင်းရာမှာ၊ သူ့မိသားစုကိုရှာဖွေရာမှာ အရေးအကြီးဆုံးနဲ့ပထမဆုံးခြေလှမ်းဖြစ်ပြီး ဘယ်လိုအံ့ဖွယ်ရာတွေကိုထပ်ဖြစ်စေမလဲဆိုတာကြည့်ရမှာပါ။ ဇာတ်လမ်းလေးက ကာတွန်းဆန်ဆန် ရယ်စရာမောစရာမှော်ဆန်ဆန်ဇာတ်လမ်းလေးဖြစ်တဲ့အပြင် ပေးချင်တဲ့မက်ဆေ့ချ်ကလဲ မျှော်လင့်ချက်ပျက်သုဥ်းနေသူတွေအတွက်၊ အကောင်းတွေအများကြီးထဲကအဆိုးတစ်ခုလောက်ကိုမှရွေးပြီး မျှော်လင့်ချက်ပျက်တတ်တဲ့လူတွေအတွက် အရာအားလုံးကဖြစ်နိုင်တယ်ဆိုတာမျိုးစိတ်ခွန်အားပေးထားတဲ့အတွက် ကလေးတွေရောလူကြီးတွေပါကြည့်သင့်တဲ့ဇာတ်လမ်းလှလှလေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Animation, Adventure, Comedy Quality…. 1080p | 720p | 480p File size… 1.35GB | 766MB | 362MB Format… mp4 Duration….1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron
movie

The Magician’s Elephant (2023)

2023
Ford v Ferrari (2019) 8.1
Ford v Ferrari (2019) Ford v Ferrari (2019) IMDb - 8.1/10_______Rotten - 92% won 2 Oscars. Another 21 wins & 73 nominations     ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှ ာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ငြင်းဆိုခဲ့တဲ့အတွက် ဒုတိယမြောက်ဟင်နရီဖို့ဒ်ဟာ ငွေတွေပုံအောသုံးပြီး အကောင်းဆုံးလူတွေနဲ့ ပြိုင်ကားတည်ဆောက်၊ လမန်းစ်ပြိုင်ပွဲမှာ ...
movie

Ford v Ferrari (2019)

2019
4K HEVC
No Sudden Move (2021) 6.7
No Sudden Move (2021) 1950 ကျော်လောက်က အမေရိကန်မှာ Big Fourဆိုပြီးကားကုမ္ပဏီကြီးလေးခုရှိခဲ့တယ်။GM, Ford, Chrysler and American Motor ပေါ့။သူတို့ ကုမ္ပဏီကြီး ၄ ခုပေါင်းပြီး လျို့ဝှက်ချက်တစ်ခုလုပ်နေတာကိုလူအချို့က အနံ့ရသွားတယ်။ အဲဒီအနံ့ကနေ ငွေသန်းချီပြီး ရဖို့ကြံစည်ရင်းနဲ့လူဆိုးဂိုဏ်းကြီးတွေ ပါလာတယ်။ လူဆိုးဂိုဏ်းကြီးတွေ့ ခိုင်းလိုက်တဲ့လူမိုက်ပေါက်စလေးတွေကလည်း အကွက်ရွှေ့ရင်းနဲ့ သူဌေးတွေ ဂိုဏ်းတွေလူမိုက်တွေ ရှုပ်ကုန်တဲ့အကြောင်းကို ပြထားတာပါ။မင်းသားကတော့ နည်းနည်းဝနေလို့ မမှတ်မိမယ်ထင်ရတယ်။ငယ်ငယ်ကကြည့်ခဲ့တဲ့ Mummy မင်းသားကြီးပါ။နောက်တစ်ယောက်ကတော့ Iron Man ရဲ့ ဘော်ဒါကြီးပေါ့။သူကတော့ မြင်တာနဲ့မှတ်မိလွယ်ပါတယ်။Crime Drama ကောင်းကောင်းလေးမို့ ခံစားကြည့်လိုက်ပါဦး။ Translated by  Mr.AndersonEncoded by : YKFile Size : 1.45Gb and 2.05GBQuality  ...
movie

No Sudden Move (2021)

2021
Honey Boy (2019) 7.4
Honey Boy (2019) IMBD-7.4 ရရှိထားတဲ့ကားလေးပါ၁၂ နှစ်အရွယ် ကလေးတစ်ယောက်ဟာတီဗီစတား တစ်ယောက်အဖြစ်အောင်မြင်ကျော်ကြားပြီးနောက်ရိုင်းစိုင်းကြမ်းတမ်းတဲ့ အရက်ဂျိုးအဖေက ပြန်လာပြီးတော့ကလေးရဲ့အထိန်းတော်အဖြစ်နဲ့ အတူတူနေထိုင်ကြတဲ့အကြောင်းအဖေနဲ့ သားကြားက ဆက်ဆံရေးအခြေအနေကို ရိုက်ကူးတင်ဆက်ထားတာပါကလေးသရုပ်ဆောင်ကောင်းသလို တစ်ကားလုံးကြည့်ရင်း နဲ့ဆွဲခေါ်သွားတဲ့ ကားလေးပါဒါ့အပြင် nomination များစွာ ပေးထားခြင်းခံထားရပါတယ်လက်တွေ့ဘဝဆန်ဆန် အကောင်းဆုံးပုံဖော်ရိုက်ကူး ထားတာဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး File Size : ( 882 MB , 324 MB ) Quality : WEB-DL 720p Running Time : 1 hr 34 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Kaung Thant ...
movie

Honey Boy (2019)

Ford v Ferrari (2019) 8.1
Ford v Ferrari (2019) Ford v Ferrari (2019) IMDb - 8.1/10_______Rotten - 92% won 2 Oscars. Another 21 wins & 73 nominations  #Unicode ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ...
movie

Ford v Ferrari (2019)

2019
The Titan (2018) 4.8
The Titan (2018) The Titan (2018)_____IMDb - 4.8/10   ဒီဇာတ်ကားကတော့ သိပ္ပံဇာတ်ကားတွေကိုရိုက်လေ့ရှိတဲ့ Avatar ထဲကမင်းသား Sam Worthington ကအထိကပါဝင် သရုပ်ဆောင်ထားပါတယ်။အခုကားကလည်း သိပ္ပံဇာတ်ကားပါပဲ။ ဇာတ်လမ်းကို အကျဉ်းကတော့....လူသားမျိုးနွယ်ဟာ တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင် စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ရင်းကနေ ရှင်သန်နေထိုင်ဖို့ မှီခိုအားထားရမဲ့ ကမ္ဘာကြီးကိုပါ ဖျက်ဆီးပစ်နေကြပါတယ်။အဲဒီလိုဖျက်ဆီးရင်းကနေ ကမ္ဘာတစ်ခြမ်းစာလောက်က လူနေလို့မရတော့တဲ့ အခြေနေထိ ဖြစ်လာပါတော့တယ်။ဒီတော့ နောက်လာမဲ့လူသားမျိုးဆက်အတွက် စဉ်းစားရတော့တာပေါ့။အဲဒီအချိန်မှာ အမေရိကန်က ဇီဝသိပ္ပံပညာရှင် တစ်ယောက်ဖြစ်တဲ့ ပါမောက္ခကောလင်းဝုသ်က အဖြေတစ်ခုကို ရှာကြံခဲ့ပါတယ်။အဲဒါကတော့ စနေဂြိုဟ်ရဲ့ ဂြိုဟ်သိမ်တစ်ခုဖြစ်တဲ့ Titan ဆိုတဲ့ဂြိုဟ်မှာ သွားနေဖို့ပြင်ဆင်တာပါ။အဲဒီ Titan ဂြိုဟ်က စင်္ကဝြဠာအဖွဲ့စည်းမှာ ဒုတိယအကြီးဆုံး ဂြိုဟ်တစ်လုံးပါ။ လေရှိတယ်၊ ရေရှိတယ်။လုပ်နေကြပုံစံအတိုင်းဆိုရင် နေထိုင်ဖို့အတွက် အဆောက်အဦးတွေ သီးသန့်ဆောက်လုပ်ရတာပေါ့။ဒါပေမဲ့ အဲဒါက ကြာရှည်နေထိုင်ဖို့ အတွက်ဆိုရင် အလုပ်မဖြစ်ဘူးလေ။ဘာလို့လဲဆိုတော့ Titan မှာက အသက်ရှူဖို့အတွက် အောက်ဆီဂျင်က ၂၀% လောက်ပဲရှိတာ။ ကျန်တဲ့ ၈၀% ...
movie

The Titan (2018)

2018
Wonder (2017) 8.0
Wonder (2017) Wonder (2017) IMDb - 8.0/10_____Rotten - 85%   ကျွန်တော်တို့ငယ်စဉ်ကတည်းကလူ့အသိုင်းအဝိုင်းနဲ့စတင်ထိတွေ့ချိန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ရလေ့ရှိပါတယ်။အခြေအနေအလိုက် ပိုမိုရုန်းကန်ရတဲ့သူတွေရှိသလို သက်တောင့်သက်သာရဲ့ဖြတ်သန်းသွားရသူတွေလည်းရှိပါတယ်။ဒါပေမယ့် လူတိုင်းဟာကိုယ့်အပူနဲ့ကိုယ်၊ ကိုယ်ပိုင်ဖြေရှင်းစရာပြဿနာတစ်ခုခုကတော့ရှိနေတတ်တာပါပဲ။ဒါတွေကို သေချာမြင်အောင် ကြည့်နိုင်မယ်ဆိုရင်တော့ အားလုံးသာသူ့နည်းသူ့ဟန်နဲ့တိုင်ပတ်နေတာဖြစ်ပြီး ဘယ်သူရယ်မှ သူဟာပုံမှန်လူ သူဟာပုံမှန်မဟုတ်တဲ့လူရယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။ဒီဇာတ်ကားလေးဟာ လူတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ။အဓိကဇာတ်ကောင်လေးဖြစ်တဲ့ အော်ဂီဟာမွေးရာပါချို့ယွင်းချက်တွေနဲ့ခွဲစိပ်မှုပေါင်းများစွာပြုလုပ်ခဲ့ရတဲ့ ကလေးတစ်ယောက်။ပုံမှန်လူတွေရယ်လို့သတ်မှတ်ထားတဲ့သူတွေရှိတဲ့ မျက်နှာအသွင်အပြင်မရှိရှာတဲ့သူတစ်ယောက်။သူ့မိသားစုလေးမှာ တစ်မိသားစုလုံးကို ရယ်မောပျော်ရွှင်စေပြီး အမြဲတမ်းအားပေးတတ်တဲ့အဖေ၊ ကိုယ့်သားသမီးတွေကို အရာအားလုံးစွန့်လွှတ်ပြီး ဂရုစိုက်တတ်တဲ့အမေ၊ ကိုယ့်မိသားစုကိုပြန်ထောက်ကြည့်တတ်တဲ့ အစ်မဖြစ်သူအိုလစ်ဗီယာ ဆိုပြီးမိသားစုသုံးယောက်ရှိပါတယ်။ဒီဇာတ်ကားမှာ မွေးဖွားလာစဉ်ကတည်းကချို့ယွင်းရှာတဲ့သားဖြစ်သူကို အားလုံးထက်ပိုဂရုစိုက်တတ်တဲ့မိခင်၊ ဘယ်တော့မှလက်မလျှော့ပဲ ကိုယ့်သားသမီးအပေါ်ယုံကြည်စိတ်မပျက်တတ်တဲ့ မိဘတွေရဲ့စိတ်၊ ကိုယ့်သားသမီးတွေတစ်ခုခုလိုအပ်နေပြီဆိုရင် အမြဲပြန်လည်ဖြည့်ဆည်းပေးဖို့ကြိုးစားတတ်တဲ့ မိဘတွေရဲ့မေတ္တာ၊ ကိုယ့်မောင်လေးအတွက် မိဘတွေရဲ့မေတ္တာကို ကြည်ကြည်ဖြူဖြူခွဲဝေပေးတဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ၊ သည်းခံစိတ်၊ စွန့်လွှတ်စိတ်၊ မိဘမောင်နှမတွေရဲ့ အားပေးမှု၊ ကူညီရိုင်းပင်းထောက်ပံ့မှုတွေနဲ့ အားတင်းအရှုံးမပေးတတ်တဲ့ အော်ဂီ၊ သူ့အတွက်ထိုးနှက်မှုများစွာနဲ့ ကြိုဆိုနေတဲ့ လောကကြီးထဲ ရဲရဲဝင့်ဝင့်မိသားစုရဲ့အင်အားနဲ့ ကြံကြံခိုင်ရပ်တည်နိုင်တဲ့ အော်ဂီ၊ စသည်ဖြင့် မိသားစုတစ်ခုမှာရှိရမယ့် မိသားစုစိတ်ဓာတ်ကိုအပြည့်အဝဖော်ညွှန်းပြထားပါတယ်။ဒါပေမယ့် လူဆိုတာမျိုးဟာ ...
movie

Wonder (2017)

2017
Suburbicon (2017) 5.4
Suburbicon (2017) ‌ဆက်​ပ်​ပါ​ဘေကွန်​ဆိုတာက​တော့ အလွန်​​ငြိမ်​းချမ်​းပြီး​တော့၊မြို့ကြီးပြကြီး​တွေလိုကားသံယာဉ်​သံ​တွေနဲ့ရှုပ်​​ထွေးကြပ်​ညှပ်​​နေခြင်​းမရှိတဲ့ ​တောမကျမြို့မကျ​နေရာ​လေးတစ်​ခုပဲဖစ်​ပါတယ်​။ဇာတ်​လမ်​း​လေးက​တော့ ၁၉၄၀-၅ဝဝန်​းကျင်​​တွေ​လောက်​ကကြီးထွားခဲ့တဲ့ လူဖြူလူမည်​းခွဲခြား​ရေးပြဿ နာ​ပေါ်မူတည်​ပြီး ဇာတ်​အိမ်​ဖွဲ့ရိုက်​ကူးထားတာဖြစ်​ပါတယ်​။အဆိုပါ ဆက်​ပ်​ပါ​ဘေကွန်​ဟာ​တော့ လူဖြူအများစုသာ​နေထိုင်​ကြတဲ့​ဒေသဖြစ်​ပါတယ်​။တ​နေ့မှာ​တော့ လူမည်​းမိသားစုဖြစ်​တဲ့ ​မေယာတို့မိသားစုဟာအဆိုပါ​ဒေသကို​ပြောင်​း​ရွေ့လာတဲ့အခါမှာ​တော့လူဖြူ​တွေကအပြင်​းအထန်​ကန်​့ကွက်​ကြပြီး လူမည်​းမိသားစုကိုဆက်​ပ်​ပါ​ဘေကွန်​ကထွက်​ခွာသွား​အောင်​ နည်​းအမျိုးမျိုးနဲ့လုပ်​​ဆောင်​ပါ​တော့တယ်​။သို့​ပေမယ်​့ ဒီဇာတ်​ကားထဲမှာ​တော့ အဲ့ဒီလူမည်​းမိသားစုဟာ ဒီဇာတ်​လမ်​းရဲ့အဓိကဇာတ်​​ဆောင်​​တွေမဟုတ်​ဘဲနဲ့သူတို့ရဲ့အိမ်​နီးနားချင်​းဖြစ်​တဲ့ ​လောချ်​့မိသားစုကအဓိကဇာတ်​​ဆောင်​ဖြစ်​​နေပါတယ်​။ ​မစ္စတာ​လော့ခ်​ဟာ​အောက်​ပိုင်​းမသန်​​တော့တဲ့ သူ့ဇနီးဖြစ်​သူရယ်​ သူ့ရဲ့တစ်​ဦးတည်​း​သောသားက​လေးရယ်​၊ ခယ်​မဖြစ်​သူတို့နဲ့အတူ​နေပါတယ်​။တစ်​ညမှာ မစ္စတာ​လော့ချ်​တို့မိသားစုမှာ အကြမ်​းဖက်​မှုဖြစ်​ပွားခဲ့ပြီး မသန်​စွမ်​းတဲ့ဇနီးသည်​ရဲ့အသက်​​ဆုံးရှုံးခဲ့ရပါတယ်​။အဆိုပါ အကြမ်​းဖက်​မှုမှာ မစ္စတာ​လော့ချ်​ကိုယ်​တိုင်​ပါဝင်​ပက်​​နေတာဖြစ်​ပါတယ်​။ဘာ​ကြောင်​့မစ္စတာ​လော့်​ချ်​က ဒီလိုမျိုးလုပ်​ရတယ်​၊ အဲ့ဒီက​နေပြဿ နာ​တွေကြီးထွားလာပြီးဘာဆက်​ဖြစ်​မယ်​၊ ဘယ်​လိုအလိမ်​​တွေ​ပေါ်ကုန်​မလဲ၊ ဘယ်​လို​ဖြေရှင်​းကြမယ်​ဆိုတာကို​တော့ ဇာတ်​လမ်​းက​လေးမှာဆက်​လက်​ကြည့်​ရှု့လိုက်​ပါ။ဒီဇာတ်​​လမ်​းကို ကြည်​့ဖြစ်​​အောင်​ကြည်​့လိုက်​ကြပါ။ဘာဖြစ်​လို့လဲဆို​တော့ ဒီဇာတ်​လမ်​း​လေးဟာ ကြည်​့ပြီးသွားရင်​ ဘာမှမရလိုက်​တဲ့​ပေါကားဇတ်​လမ်​းမျိုးမဟုတ်​ပါဘူး။ကြည့်​ပြီးတာနဲ့ တစိမ်​့စိမ်​့နဲ့စဉ်​းစားစရာ​တွေချန်​ထားခဲ့မယ်​ဇာတ်​ကားမျိုးဖြစ်​ပါတယ်​။ဇာတ်​လမ်​း​လေးရဲ့အဓိက​ပေးချင်​တဲ့ မက်​​ဆေ့ချ်​က​တော့ လူ​တွေရဲ့အပြင်​ပန်​းအသွင်​အပြင်​နဲ့အသားအ​ရောင်​​တွေကိုကြည့်​ပြီး​တော့ လူမျိုး​ရေးခွဲခြား​နေတာဟာ လုံးဝမဖြစ်​သင်​့​ကြောင်​းပြသသွားတာပါ။လူမည်​းဖြစ်​​ပေမယ်​့စိတ်​ထားဖြူစင်​တဲ့ မိသားစုကို​တော့လူ​တွေကပစ်​ပယ်​ကြပြီး၊ လူဖြူ ဖြစ်​ပြီး စိတ်​ဓာတ်​ညစ်​နွမ်​းတဲ့မိသားစုကို​တော့ သနား​နေကြတဲ့ပုံကိုပညာသားပါပါ​လေးတင်​ပြသွားတာပါ။ကြည်​့ပြီးရင်​မိမိအတွက်​တစ်​ခုခုပြန်​ရလိုက်​မယ်​့ဇာတ်​ကား​လေးဖြစ်​လို့ ကြည်​့ဖြစ်​​အောင်​ကြည့်​လိုက်​ကြပါဦး File Size : (900 MB) and (360 MB) Quality : Blu-Ray 720p Running Time ...
movie

Suburbicon (2017)

2017