Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Noah Brand
Adam the First (2024)
ငယ်ငယ်လေးကတည်းက မွေးစားမိဘတွေနဲ့အတူနေထိုင်လာခဲ့တဲ့ အာဒံဟာ သိချင်စိတ်, စူးစမ်းချင်စိတ်ပြင်းတဲ့ ဆယ်ကျော်သက်အရွယ်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့မိဘအရင်းတွေကို သိချင်လာပါတော့တယ်။ ငယ်စဉ်ကတည်းက မွေးစားမိဘတွေနဲ့အတူတူ တောထဲမှာပဲ နေခဲ့ပြီးတော့ အတန်းပညာမတတ်ပေမယ့် မွေးစားအဖေဟာ အသက်ရှင်နေထိုင်နိုင်မယ့် နည်းလမ်းများကိုတော့ စုံလင်အောင် သင်ကြားပေးခဲ့ပါတယ်။တရက်မှာတော့ မွေးစားမိဘတွေရဲ့ နေရာကို ရဲတွေရောက်လာရင်း ရုန်းရင်းဆန်ခတ်ဖြစ်ခါ မိဘနှစ်ပါးလုံး သေနတ်နဲ့အပစ်ခံရတာကို မြင်လိုက်ရတဲ့ အာဒံဟာ ထွက်ပြေးခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဘယ်ကိုသွားရမှန်းမသိတဲ့ အာဒံဟာ သူ့ရဲ့ မိဘအရင်းတွေကို လိုက်ရှာဖို့ ခရီးထွက်လာပါတော့တယ်။ မိဘအရင်းတွေရဲ့အကြောင်းဆိုလို့ သူ့အဖေအရင်းနာမည်ဟာ ဂျေကော့ဘ်ဝါတာဆန်ဆိုတာကလွဲရင် ဘာမှမသိရပါဘူး။အဖေရင်းရှာပုံတော်ဖွင့်ရင်းကနေ အာဒံတစ်ယောက် ဘာတွေ ကြုံတွေ့ရမလဲ ...... နောက်ဆုံးမှာရော အဖေအရင်းနဲ့ တွေ့ခွင့်ရခဲ့မလား ....... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်) File size…(1.4 GB)/(710 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Drama Subtitle….Myanmar ...
movie
Adam the First (2024)
Half Baked: Totally High (2024)
စတုန်နာ ဟာသရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေအာ၊ ဘရုစ်၊ ကော်ရီနဲ့ မိုင်းလ်စ်ဆိုတဲ့ အလယ်တန်းကတည်းကပေါင်းလာကြတဲ့ စတုန်နာသူငယ်ချင်းလေးယောက်ရှိကြတယ်ပေါ့။ တစ်နေ့မှာ ဘရုစ်က Holy Trinity လို့ခေါ်တဲ့ ဆေးခြောက်ပင်သုံးမျိုးကိုပေါင်းထားတဲ့အတိုင်ကိုသောက်မိပြီး နတ်ပြည်ရောက်သွားတာ နတ်ပြည်ကနေပြန်မဆင်းလာတော့ဘူးပေါ့။အဲဒီလိုနဲ့ ကျော်မကောင်းကြားမကောင်း ဝိပြဲရင်းရှောသွားတဲ့သူငယ်ချင်းဘရုစ်ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့ရဲ့မွေးရပ်မြေမှာ သင်္ဂ်ြုဟ်ပေးဖို့ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းသုံးယောက်ကဆုံးဖြတ်လိုက်တော့တယ်။ ဘရုစ်ရဲ့အလောင်းကိုရွေးပြီး နယူးဂျာစီ၊ ပါဆေးအထိသယ်ဖို့ဆိုရင် ဒေါ်လာလေးသောင်းတောင်ကျမှာဖြစ်တာကြောင့် စတုန်နာသူငယ်ချင်းတသိုက်ဟာ သတ်မှတ်ရက်အတွင်းမှာ လိုအပ်နေတဲ့ငွေကိုရှာဖို့ကြိုးစားကြရင်း မူးယစ်ရာဇာတွေနဲ့ပါဇာတ်ရှုပ်ကုန်ပါတော့တယ်။ဒီလိုနဲ့ နောက်ဆုံးမှာ သူငယ်ချင်းဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ လေပေါ်မှာလွင့်ရင်းဆက်ကြည့်လိုက်ပါဦး။ ဟာသကားမို့အများကြီးတော့မမျှော်လင့်ထားစေချင်ပါဘူး။File size…(1.7 GB)/(991 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Half Baked: Totally High (2024)
4.2
Boogeyman (2005)
Boogeyman (2005) =============="အဲဒါကိုပြောစမှတ်တွင်တဲ့ဇာတ်လမ်းတစ်ခုလို့ ထင်ထားပေမဲ့ မဟုတ်ခဲ့ဘူး" ဒီတစ်ခေါက် ပရိတ်သက်ကြီးအတွက် Boogey man ဆိုတဲ့ Horror/ Mystery ဆန်ဆန် ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့... တင်က သူ့အဖေရဲ့ပုံပြင်တွေကြောင့် ဗီရိုတွေကိုအရမ်းကြောက်တတ်တဲ့သူပါ။ အဲဒီဗီရိုတွေထဲကနေ Boogey man ကြီး ထွက်လာပြီးတော့ သူ့ကိုခေါ်သွားတော့ မယ်လို့ကို ယုံကြည်ပြီး ကြောက်ရွံ့တဲ့အထိပါပဲ။ တစ်နေ့မှာတော့ သူ့အဖေကို Boogey man ကခေါ်သွားတာကို သူ့မျက်စိရှေ့မှာတွေ့လိုက်ရပါတယ်။ သူက ၈ နှစ်သာရှိသေးတာကြောင့် အားလုံးက သူ့အဖေကို အိမ်ကနေထွက်သွားတာ ကလေးကစိတ်ဒဏ်ရာမရချင်လို့ လုပ်ဇာတ်ဖန်တီးပြီးပြောတာလို့ထင်ခဲ့ကြတာပေါ့။တင် ကိုယ်တိုင်ကလည်း Boogey man က လက်တွေ့တကယ်ရှိနေခဲ့တယ်ဆိုတာ ကို မယုံကြည်ချင်ခဲ့ပါဘူး။ ၁၅ နှစ်ကြာပြီး တင်ရဲ့အမေအသုဘပွဲနေ့မှာ တင်တစ် ယောက် Boogey man ကိုစတွေ့ခဲ့တဲ့ အိမ်ကိုပြန်သွားဖို့ဖြစ်လာတဲ့အခါမှာတော့ သူကြောက်ရွံ့နေတဲ့ Boogey man က အပြင်မှာတကယ်ရှိနေတာလား၊ သူ့ရဲ့စိတ်က ထင်ယောင်ထင်မှားဖြစ်ပြီး ဆွဲတွေးနေတာလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.7 GB) / (686 MB) Quality............WEB-RIP 1080p ...
movie
Boogeyman (2005)
2005
6.1
The Boogeyman (2023)
ဒီသရဲကားကတော့ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ဝတ္ထုတိုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မူလအစီအစဉ်ကတော့ Hulu မှာ streaming ပြသဖို့ ဖြစ်ပေမဲ့အကြိုပွဲတွေမှာ လူတွေအရမ်းကြောက်ပြီးကြိုက်ကြတဲ့အတွက် ရုံတင်ဖြစ်သွားပါတယ်။အချို့အခန်းတွေမှာ ပရိသတ်တွေ အရမ်းအော်ပြီး အရေးကြီးတဲ့ဒိုင်ယာလော့တွေကို အသံဖုံးသွားလို့ ရုပ်ရှင်ကိုကြောက်စရာအခန်းနဲ့ ဒိုင်ယာလော့ကြား နည်းနည်းခြားအောင်ပြန်တည်းဖြတ်လိုက်ရပါသေးတယ်။ဒီရုပ်ရှင်ရဲ့ အဓိက မိန်းကလေးသရုပ်ဆောင်နှစ်ယောက်ကတော့Star Wars Series ထဲက မင်းသမီးလေယာနဲ့ ဒရက်ရှ် နေရာက သရုပ်ဆောင်ခဲ့တဲ့နှစ်ယောက်ပါပဲ။ဇာတ်လမ်းအကျဉ်းအဓိကမကောင်းဆိုးဝါး ဘူဂီမန်းဟာ စတီဖင်ကင်းရဲ့ နာမည်ကျော် IT နဲ့ အတော်ဆင်တူပါတယ်။ကလေးတွေကို အရမ်းကြောက်အောင်လုပ်ပြီး သတ်ပစ်တာပါ။ဒါပေမဲ့ IT လောက်တော့ စွမ်းအားမကြီးပါဘူး။သူဟာ အလင်းကိုကြောက်ပါတယ်။အမှောင်ထဲမှာပဲ လှုပ်ရှားနိုင်တယ်။စိတ်ဒဏ်ရာရှိနေတဲ့ကလေးတွေကို ပစ်မှတ်ထားတယ်။ဒီလိုမျိုးပါပဲ။စတီဖင်ကင်းရဲ့ ဝတ္ထုတိုပဲဖြစ်လို့ IT, Dark Tower လို့ပင်မဇာတ်ကြောင်းကြီးမှာတော့ ထပ်မပါသေးပါဘူး။ဒီရုပ်ရှင်မှာတော့ စိတ်ကုထုံးဆရာဝန်ဒေါက်တာ ဟာပါမှာ ဆေဒီ နဲ့ ဆောယာဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်။သူတို့ရဲ့အမေကတော့ မကြာသေးခင်လေးက ကားတိုက်မှုဖြစ်ပြီးဆုံးသွားတာမို့ သူတို့မိသားစုဝင်သုံးယောက်လုံးကိုယ်စီပူဆွေးနေတုန်းအချိန်မှာပဲရှိပါသေးတယ်။တစ်နေ့မှာတော့ လူတစ်ယောက် ရုတ်တရက်ဒေါက်တာဟာပါနဲ့ လာပြပါတယ်။သူ့ရဲ့ကလေးတွေကို မကောင်းဆိုးဝါးတစ်ကောင်ကသတ်သွားကြောင်း ...
movie
The Boogeyman (2023)
2023
4K HEVC