Channel Myanmar

Noa Kawazoe

Chime (2024) 6.7
Chime (2024) Chime ( 2024 )  Kiyoshi Kurosawaရဲ့ အသစ်ပေါ့။ သူ့အကြောင်း ထပ်မိတ်ဆက်ရရင် ခိရိုရှိက တိုကျိုအနုပညာတက္ကသိုလ်က ပရော်ဖက်ဆာ, Drive MY Carနဲ့ အော်စကာရခဲ့တဲ့ ရူဆုခဲဟမဂုချိက   အဲဒီကကျောင်းဆင်းခဲ့တဲ့ သူ့တပည့်အရင်းကြီးပဲ။ ခိရိုရှိက ဂျပန်ရဲ့  psychological horrorတွေနဲ့ပတ်သက်ရင် နတ်ဘုရားလို့ ပြောရမယ်။ Cure တို့ Pulse တို့ Charisma တို့လို ဂန္တဝင်ဟော်ရာကားတွေကို ရိုက်ခဲ့ဖူးတယ်။ ပြောရရင် ဂျပန်ဟော်ရာတွေ thrillerတွေနဲ့ပတ်သက်ရင် ခိရိုရှိက ကဝေတစ်ပါးပဲ။၂၀၂၀တုန်းက  Wife of a Spy ဆိုတဲ့ Thrillerတစ်ကားထွက်ခဲ့ပြီး ခု၂၀၂၄ကျ runtimeတော်တော်လေးတိုတဲ့ Horrorကားထွက်လာတယ်။ ဒီ၂ကားမှာ ထူးလာတာက တော်တော်လေး စည်းကပါးလာတာပါပဲ။ ဟော်ရာကား Thrillerကား ရိုက်ထားတယ်လို့ မထင်ရအောင်ကို အရင်ထက် တော်တော်လေးသိမ်မွေ့လာတယ်။ ခု  Chimeမှာတော့ ဇာတ်အိမ်တောင်မပါသလောက်ဖြစ်သွားတယ်။ ...
movie

Chime (2024)

Immersion (2023) 5.0
Immersion (2023) Immersion (2023)==============Immersion 2023 ဇာတ်ကားဟာ လျှို့ဝှတ်သည်းထိတ်ရင်ဖို ကားမျိုးဖြစ်ပါတယ်။ နည်းပညာနှင့်ရိုးရာဓလေ့ကို ပေါင်းစပ်ပြီးတော့ စိတ်ဝင်စားဖွယ်ဖြစ်လာအောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ နည်းပညာမှာ သီးခြားဦးနှောက်တွေရဲ့ လျှပ်စစ်သံလိုက်စွမ်းအားများပေါင်းစည်းနိုင်စွမ်း ဟာ အနာဂတ်သိပ္ပံပညာနှင့်နည်းပညာလောကအတွက် အရေးကြီးလှတဲ့နယ်ပယ်တစ်ခုဖြစ်ပြီးတော့ စူးစမ်းမှုတွေမြောက်များစွာလုပ်နေကြရတဲ့အရာပါ။ နာမ်လောကသားတွေဖြစ်ကြတဲ့ဝိညာဥ်တွေရဲ့ တည်ရှိမှုဟာ ရိုးရာဓလေ့ထုံးတမ်းတွေရဲ့ဘောင်ထဲမှာဖြစ်ပါတယ်။ဒီနှစ်ခုဟာ နယ်ပယ်တစ်ခုအတွင်းမှာ ထင်မှတ်မထားဘဲ သွားဆုံးလိုပ်တဲ့အခါမှာ VR နည်းပညာသမားတွေ ဒုက္ခရောက်သွားကြပါတော့တယ်။စိတ်ဝင်စားဖွယ်တင်ပြထားပါတယ်။ ဒါရိုက်တာ Takashi Shimizu က ရိုက်ကူးထားပြီးတော့ IMDb rating 4.8 ရရှိထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ )File size_(2GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thy Santa
movie

Immersion (2023)