Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Niu Ben
7.2
Black Dog ( 2024 )
ဒီ Black Dogs ဇာတ်ကားလေးကတော့ နာမည်ကြီးဒါရိုက်တာကြီး Guan Huက ရိုက်ကူးထားပြီး ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်ဝမ်မင်းသားကြီး Eddie Peng က ပါဝင်သရုပ်ဆောင်ထားပြီး Tong Liya , Jia Zhangke , Zhang Yi အစရှိသဖြင့် နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ - ဂိုဘီသဲဂန္တာရတစ်နေရာမှာ ချစ်ရှားမြို့ကိုလာတဲ့ ခရီးသည်ယာဉ်တစ်စီးဟာ ဘယ်ကလာမှန်းမသိတဲ့ ခွေးအုပ်ကိုရှောင်ရင်း တိမ်းမှောက်သွားပါတော့တယ် ။ ဒီကားထဲမှာပါလာတဲ့သူတစ်ယောက်က နဂိုက မြို့ရဲ့နာမည်ကြီးတေးဂီတအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ် ၊ မော်တော်ဆိုင်ကယ်အဖွဲ့မှာလည်း အတော်ဆုံးဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ခဲ့တဲ့ လန်ရုံဟွေးဖြစ်ပါတယ် ။သူကလူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့က တော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ...
movie
Black Dog ( 2024 )
8.3
To Live (1994)
To Live (1994) (ဘ၀တစ်ကွေ့) ~ IMDb Rating - 8.3/10, Rotten Tomatoes - 87% ~" Directed by Zhang Yimou "အလယ်တန်းကျောင်းသားဘ၀လောက်က သော်တာဆွေ၀တ္တုတို တစ်အုပ်မှာလားမသိ ဗမာပြည်က ကွန်မြူနစ်စနစ်အောက်က လူတွေရဲ့ ဘ၀အကြောင်း နည်းနည်းပါးပါးရေးထားတာ ဖတ်ဖူးတယ်။ ဆယ်နှစ်လောက်ရှိပြီဆိုတော့ ဘာမှ သေသေချာချာတော့ မမှတ်မိတော့ပါဘူး။ အလုပ်ခွဲတမ်းအတိုင်းလုပ်ပြီး ပိုလုပ်လို့ရတဲ့ ငွေလေးနဲ့ သမဝါယမဆိုင်က ဓာတ်ဘူး၀ယ်တာလေးလားမသိ သိပ်တော့မရေရာပေမဲ့ မှတ်တော့မှတ်မိနေသေးတယ်။ ကွန်မြူနစ်စနစ်အောက်မှာ ရှင်သန်ရတဲ့ပုံစံကို ပုံဖော်ထားတဲ့ ၀တ္တုတိုလေးပေါ့။ ဇာတ်လမ်းကရိုးရိုးလေးပါပဲ။ ဖတ်တုန်းကတော့ ဒီတိုင်းပဲပြီးသွားတယ်။ သို့ပေမဲ့ ဇာတ်အိမ်တောင် မရေရာတော့တဲ့ ဆယ်နှစ်လောက်အကြာက အဲဒီ၀တ္တုကို ဒီရုပ်ရှင်အပြီးမှာပြေးသတိရမိတယ်ဆိုတော့ ၀တ္တုဟာ ကျွန်တော်မသိလိုက်အောင်ကို မသိမသာနဲ့ပဲ ခံစားချက်တစ်ခု ချန်နိုင်ခဲ့ပုံပါပဲ။ တကယ်တမ်း အဲဒီ၀တ္တုဟာ ဒီတိုင်းအခြေအနေတစ်ခုကို တင်ပြထားရုံပါပဲ။ To ...
movie
To Live (1994)
1994