Channel Myanmar

Nishvika Naidu

Karataka Damanaka (2024) 6.5
Karataka Damanaka (2024) Karataka Dhamanaka (2024) "ဆရာနှစ်ပါး"IMDb 6.5အသစ်ထွက် ကန်နားဒါး ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရွာလေးတစ်ရွာမှာ မိုးခေါင်ရေရှားမှုတွေ နှစ်ချီကြာညောင်းခဲ့ပြီး အဆင်မပြေကြလို့ ပြောင်းရွှေ့သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါ နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ချစားမှုကြောင့် မြေစာပင်ဖြစ်ရတဲ့ ရွာသားတွေမှာ အံတကြိတ်ကြိတ်ပေါ့တစ်ချိန်တည်းမှာပဲ လိမ်လည်ခြင်းအတတ်ကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းတဲ့ နိုင်ငံကျော်လူလိမ်နှစ်ယောက်ဟာ နိုင်ငံရေးသမားတစ်ဦးကို မလှိမ့်တစ်ပတ်လုပ်ပြီး အရှက်ရစေခဲ့တဲ့အတွက် ထောင်ထဲရောက်လာတယ်သူတို့ရဲ့ အရည်အချင်းကို သိသွားတဲ့ ထောင်မှူးဟာဆိုရင် လူလိမ်နှစ်ယောက်ကို မိုးခေါင်ရေရှား ရွာလေးကို လွှတ်လို့ အထူးတာဝန်တစ်ခု ပေးလာတဲ့အခါ …ဘယ်လိုအလွဲတွေ ဆက်ဖြစ်မှာလဲ လူလိမ်နှစ်ယောက်ကရော ရွာလေးအတွက် ကယ်တင်ရှင်ဖြစ်လာမှာလား ဆိုတာကတော့ ……အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.94GB / 1.7GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by M Bollywood Team 
movie

Karataka Damanaka (2024)

2024
Amma I Love You (2018) Siddhu The Warrior 7.4
Amma I Love You (2018) Siddhu The Warrior Amma I Love You (2018) Siddhu The Warrior"မိခင်တစ်ယောက်က ကျွန်တော်တို့အတွက် တံမြက်စည်းလှည်းသမား...သန့်ရှင်းရေး...စားဖိုမှုး..စားပွဲထိုး...ဆရာမလည်း ဖြစ်တယ်... ပွဲစီစဉ်သူ ...အလှဆင်တဲ့သူ....ပုံပြင်ပြောတဲ့သူ.. အဆိုတော်..သရုပ်ဆောင် ပြီးတော့ ဘာသာပြန်ပေးသူ ဆိုလည်းဟုတ်တယ် စျေးဆစ်တတ်တဲ့သူ....ငွေကိုင်...စီးပွားရေးအကြံပေး...ထောက်ပံ့ပေးတဲ့သူ... စိတ်ခွန်အားပေးတဲ့သူဆိုလည်း ဟုတ်တယ် ကျွန်တော်တို့ပစ္စည်းတွေ မေ့ကျန်ခဲ့ရင်လည်း သူက သတိပေးတတ်တယ် ကျွန်တော်တို့ဟာ ကျွန်တော်တို့မိခင်တွေကို အရာအားလုံးအတွက် လိုအပ်တယ် ဖခင်တစ်ယောက်ကို အချိန်ခဏပဲ လိုအပ်ပေမယ့် မိခင်ကို‌တော့ ကျွန်တော်တို့တစ်ဘ၀လုံး လိုအပ်တယ်" ဒီလိုအဖွင့်စကားလုံးတွေနဲ့ Amma I Love You ဆိုတဲ့ ဒီဇာတ်ကားက အမေချစ်တတ်တဲ့လူသားတွေအတွက် ဟက်ထိစေမယ့် အိန္ဒိယတောင်ပိုင်းဇာတ်ကားလေးပါ....ဆစ်ဒူ ဆိုတာ အိန္ဒိယရဲ့ ထိတ်ထိတ်ကြဲကုမ္ပဏီကြီးတစ်ခုကို အမွေဆက်ခံမယ့် သူဌေးသားလေးပါ... တစ်နေ့မှာတော့ ကုမ္ပဏီကိုဦးစီးပြီးအမွေဆက်ခံဖို့အတွက် သူ့အမေက သူ့ကို အိန္ဒိယကိုပြန်ခေါ်လိုက်ပါတယ်.... အမေကလဲသူ့ကိုဆို အသေးစိတ်ကအစ ဂရုစိုက်တတ်သလို သူကလဲ အမေ့စကားဆို မြေဝယ်မကျနားထောင်တတ်တဲ့ သားလိမ္မာလေးပါ။ သိပ်ချစ်ကြတဲ့သူတို့သားအမိကြားကို တစ်နေ့မှာတော့ ကံကြမ္မာဆိုးက ဝင်ရောက်လာပါတယ်... မတော်တဆမှုတစ်ခုကနေ သူ့အမေထိခိုက်ဒဏ်ရာရပြီး ဆေးရုံမှာ သတိမလည်ဘဲ ကိုမာဝင်တဲ့အဆင့်ထိရောက်သွားပါတယ်... ဘာနဲ့ကုကု သတိပြန်မလည်တော့တာကြောင့် ကူကယ်ရာမဲ့သွားတဲ့ ဆစ်ဒူတစ်ယောက် ဘာလုပ်ရမှန်းမသိတဲ့အချိန်မှာ ကံကောင်းချင်တော့ အကြားအမြင်ဆရာတစ်ယောက်နဲ့ ...
movie

Amma I Love You (2018) Siddhu The Warrior

4K HEVC
Ramarjuna (2021) 6.7
Ramarjuna (2021)  Ramarjuna (2021) ================= IMDb 6.7/10အိန္ဒိယအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်လိုက်ပါတယ်.. အက်ရှင်တွေရှယ်ကြမ်းသလို မင်းသမီးလေးလဲ အသေချောပါတယ်။ဇာတ်လမ်းကတော့.. ရမ် ဆိုတဲ့ ကောင်လေးဟာ အာမခံကုမ္ပဏီက Agent တစ်ယောက်ဖြစ်ပြီး ရိုးသားကြိုးစားတဲ့အပြင် သူတစ်ပါးကိုကူညီဖို့လည်း လက်မနှေးသူဖြစ်ပါတယ်။ သူနေထိုင်တဲ့ရပ်ကွက်က လက်လုပ်လက်စား ဆင်းရဲသားရပ်ကွက်ထဲဖြစ်ပြီး ရပ်ကွက်ထဲမှာ လူတော်လူကောင်းလေးတစ်ဦးအဖြစ် လူသိများပါတယ်။တစ်နေ့မှာတော့ ပါဝါကြီးတဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုက သူတို့ရဲ့ဆင်းရဲသားရပ်ကွက် မြေနေရာကို မတရားသိမ်းယူဖို့ကြံစည်လာပါတယ်... မတရားမှုဆို သည်းမခံနိုင်တဲ့ ရမ် တစ်ယောက် ဒီကိစ္စမှာ ကိုယ်တိုင်ဝင်ရောက် ဖြေရှင်းတဲ့အခါ...။မင်းသားချော Aneesh Tejeshwar နဲ့ မင်းသမီးချော Nishvika Naidu တို့ပါဝင်သရုပ်ဆောင်ထားပြီး အိန္ဒိယအက်ရှင်ဒရမ်မာ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားဖြစ်ပါတယ်။  File size…(2.5 GB) and (1.6 GB) Quality…WEB-DL 1080p and 720p 5.1CH Format…mp4 Duration….02:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by May Zin Oo
movie

Ramarjuna (2021)