Channel Myanmar

Nirmal Palazhi

Vayassethrayayi Muppathi (2024) 6.7
Vayassethrayayi Muppathi (2024) Vayasethrayaayi Muppathiee ( 2024 ) သတို့သမီးရှာပုံတော်Imdb 8/10မင်းသား ပရာဆန့် မူရာလီ အဓီကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဟာသကားလေးကို အခုတစ်ခေါက်မှာ တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းအသက် ၃၀ အရွယ် ဘရီဂက်ရှ်ဟာ အခုချိန်ထိ လူပျိုကြီးဘဝနဲ့ တစ်ကိုယ်တည်းအားထုတ်နေရတဲ့သူ ဖြစ်တဲ့အလျောက် ပတ်ဝန်းကျင်ကြားမှာလည်း မျက်နှာငယ် ရွယ်တူအပေါင်းအသင်းတွေကြားမှာလည်း မျက်နှာငယ်ရရင်း နေထိုင်နေပါတယ်။ တကယ်တော့ သူဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အကျိုးဆောင်တစ်ယောက်ကို အကူအညီတောင်းပြီး လက်ထပ်ပွဲ ဖြစ်မြောက်နိုင်ဖို့ အားစိုက်ခဲ့ပေမဲ့ ကံဆိုးစွာနဲ့ အကြောင်းအမျိုးမျိုးကြောင့် တစ်ပွဲမှ မအောင်မြင်ခဲ့ပါဘူး ။ ဒါကြောင့် သူကိုယ်တိုင်လည်း ဒီလိုအခြေအနေနဲ့ ပတ်သက်လို့ အရမ်းကိုမှ စိတ်ဖိစီးနေခဲ့ရပြီး သူ့ရဲ့သတို့သမီးလောင်းလေးနဲ့ ဘယ်အချိန်မှများ တွေ့ရမလဲလို့ သောကရောက်နေရရှာပါတယ်ဒီကားထဲမှာဆိုရင်တော့ တကယ့်အပြင်လောကက အိန္ဒိယမှာလို အခြေခံလူတန်းစားတွေ အိမ်ထောင်တစ်ခုတည်ထောင်ရာမှာ ဘယ်လိုအခက်အခဲတွေရှိတတ်ပြီး သာမန်ပတ်ဝန်းကျင်နဲ့ မိသားစုအတွင်းမှာရော ဘယ်လိုအလွဲလေးတွေ အတင်းအဖျင်းတွေ ရှိတတ်ကြောင်းတို့ကို ပေါ့ပေါ့ပါးပါး ဟာသလေးလည်းနှောပြီး ဒရာမာဆန်ဆန် ရိုက်ကူးထားတာဖြစ်လို့ ပိတ်ရက်မှာ အပန်းဖြေတဲ့အနေနဲ့ ကြည့်လို့ရအောင် CM ကနေ တင်ဆက်ပေးလိုက်ပါတယ်ရှင်အညွှန်းနှင့်ဘာသာပြန်ကတော့ CM ...
movie

Vayassethrayayi Muppathi (2024)

2024
Padachone Ingalu Kaatholee (2022) 5.6
Padachone Ingalu Kaatholee (2022) Padachone Ingalu Katholi(2023)IMDb-6/10လူပျိုသိုးကြီးတို့ အစွံထုတ်တဲ့ရွေးကောက်ပွဲ ရွေးကောက်ပွဲကတော့ တကယ့်ရွေးကောက်ပွဲအစစ်ပါ အဲ ဒီရွေးကောက်ပွဲမှာပါနေတဲ့ အရွယ်လွန်လူပျိုကြီးတွေက ‌ ရွေးကောက်ပွဲ‌အရေးနဲ့အတူ သူတို့လူပျိုဘဝကျွတ်ရေးကိုပါတွဲအကျိုးဆောင်နေကြတဲ့ ရွေးကောက်ပွဲကြယ်တွေခူးမပေးနိုင်ပေမဲ့ ရေတွင်းတဲ့ကျနေတဲ့ကြက်ကိုတော့ မင်းအတွက်ဆင်းကယ်ရဲပါတယ်ဆိုတဲ့ အချစ်သူရဲကောင်းကြီး တစ်သက်လုံးဂေါ်မစွံအဆင်မပြေရင်းက အိမ်ကိုလာတည်းတဲ့ ကောလိပ်ကျောင်းသူလေးကို မျက်စိကျသွားသူ အရွယ်လွန်လူပျိုကြီးတွေနဲ့ ရောင်စုံသစ်လွင်ပျိုမြစ်တဲ့ အချစ်ဆုံတဲ့အချိန် ဘယ်လိုရယ်ပွဲဖွဲ့ရမလဲရှုစားကြည့်ပါဦး(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ V ~ Yunni တို့ပဲဖြစ်ပါတယ်) File size… 2.3GB / 1.11GB Quality…1080p WEB DL /720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Yunni
movie

Padachone Ingalu Kaatholee (2022)

2023
Sulaikha Manzil (2023) 7.2
Sulaikha Manzil (2023) Sulaikha Manzil 2023 (IMDb 8.4/10)ဘဝကြီးမှာ တစ်ခါမှမမြင်ဖူးသေးပဲ တစ်ပတ်လောက်ပဲ သိကျွမ်းဖူးတဲ့ လူတစ်ယောက်ကို လက်ထပ်ရမယ်ဆိုရင် သင်ဘယ်လိုလုပ်မှာလဲ ဝမ်းသာမှာလား ပျော်ရွှင်မှာလား ရင်ခုန်စိတ်လှုပ်ရှားမှာလား ကြည်နူးနေမှာလား ဒီမင်္ဂလာပွဲကြီးကိုရော သင်ဘယ်လိုစီစဉ်မလဲ ဘယ်လိုပြင်ဆင်မလဲ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်အောင်ပေါ့ယခုဇာတ်ကားလေးထဲမှာလည်း အချိန်မယူရသေးဘဲ အလောတကြီးစီစဉ်လိုက်တဲ့ မင်္ဂလာပွဲတစ်ခုကို ကာယကံရှင်နှစ်ယောက်က ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့မိသားစုတွေရဲ့ကူညီမှုကရော အကူအညီဖြစ်မှာလား ဖိအားတွေပိုတိုးလာမှာလား သူငယ်ချင်းတွေကရော ကူညီကြမှာလား ကူညီသလိုနဲ့ ဆေးတွေပဲဝိုင်းထိုးနေမလား နောက်ဆုံး အဆင်ပြေပြေနဲ့ပဲ အချစ်တွေပေါက်ဖွားလာပြီး မင်္ဂလာပွဲလေး အောင်မြင်သွားမလား စသည်ဖြင့် ခံစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပါခုချိန်ထိ စော်မရဘဲမရ မိဘပေးစားမှ လင်ရမိန်းမရမဲ့ လူပျိုကြီး အပျိုကြီးများ သို့မဟုတ် အသက်ငယ်ပေမဲ့ အဖြစ်မရှိလို့ မိဘကစောစောစီးစီးပေးစားတာခံရမဲ့ FA ပေါက်စလေးများ ကြည့်ရင်းနဲ့ ပညာလဲရ ကိုယ့်အဖြစ်နဲ့လဲ ယှဉ်ထိုးခံစားလို့ရတာမို့ လက်မလွှတ်တမ်းကြည့်ကြဖို့ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ် ( အညွှန်းရေးသားသူကတော့ Sai~Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Aditi~Chiclon3~Yunni~Nyein~BpL တို့ပဲ ဖြစ်ပါတယ်) File size…2.3GB /1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Sai~Aditi~Chiclon3~Yunni~Nyein~BpL
movie

Sulaikha Manzil (2023)

2023
Paappan(2022) 6.8
Paappan(2022) Paappan 2023ယခုတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ မှုခင်း Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစကနေအဆုံးထိ တရားခံကို သိတာလိုလိုမသိတာလိုလို မိတော့မှာလိုလို မမိတော့ဘူးလိုလိုနဲ့ ဖမ်းရခက်ပြီး အန္တရာယ်များတဲ့ ကွင်းဆက်စိတ္တဇလူသတ်သမားတစ်ယောက်ကို ကြည့်ရှုရမှာပါဇာတ်လမ်းအစမှာ တောနက်တစ်နေရာက အိတ်ထဲထည့်ဆွဲထားတဲ့ အလောင်းတစ်ခုကို တွေ့ရှိရကစပါတယ် အဲ့အမှုကို တာဝန်ယူရတာက ရဲအရာရှိဗင်ဆီအေဗရာဟမ် ဖြစ်ပါတယ်အဲ့အလောင်းနားမှာ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ကားတွေဖုန်းတွေကိုတွေ့လို့ မင်းသားကိုသတ်တဲ့အမှုလို့ထင်လိုက်ပေမဲ့ မထင်မှတ်ပဲ ကွင်းဆက်လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ ဒီအမှုက ရဲမေဗင်ဆီအတွက်တင်မက အတိတ်က ရဲဟောင်းသူ့အဖေမစ္စတာအေဗရာဟမ်နဲ့ပါ ပတ်သတ်လာတဲ့အခါ ဇာတ်လမ်းအစကနေအဆုံး ‌ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ မှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လက်မလွှတ်သင့်ကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.43GB / 1.2GB Quality…1080p HD RIP/ 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Nyein~Sai~Yunni~BpL
movie

Paappan(2022)

2022
Big Brother (2020) 4.4
Big Brother (2020) Big Brother (2020)မင်းသားကြီး Mohanlal ကိုတော့  ပရိတ်သတ်ကြီးတွေ အားလုံးသိကြမှာပါနော်Mohanlal ပါဝင်ထားတဲ့ Drishyam (2013) က IMDB 8.3 ထိရရှိခဲ့ပြီးပြန်လည်ရိုက်ကူးထားတဲ့Drishyam 2 (2021) မှာတောင် IMDB 8.6 ထိတောင်ရထားခဲ့တာဖြစ်ပါတယ်ဒီတစ်ခါတင်ဆက်ပေးမယ့်ကားကလည်း Mohanlal ကိုယ်တိုင်ပါ၀င်ရိုက်ကူးထားတဲ့ကားလေးဖြစ်တဲ့မြှုပ်ကွက်ပေါင်းစုံနဲ့ ကြည့်ရှုသူတွေကိုလှည့်စားမယ့် အက်ရှင်ကားတစ်ကားဖြစ်ပါတယ်လူသတ်မှုနဲ့ထောင်ကျနေတဲ့ Sachidanandan က တိုက်ရည်ခိုက်ရည်‌ရှိပြီးဗျူဟာကောင်းတွေထုတ်နိုင်တဲ့ အရည်အချင်းရှိသူတစ်ဦးဖြစ်ပါတယ်။အဲဒါကြောင့် ထောင်ကျနေစဉ်အတွင်းမှာ ကွန်မန်ဒိုတပ်ဖွဲ့၀င်အဖြစ် လေ့ကျင့်ခံခဲ့ရပြီးအန္တရာယ်များတဲ့မစ်ရှင်တွေကိုလုပ်ခဲ့ရတဲ့သူတစ်ယောက်ပါ။ငယ်ကတည်းကထောင်ကျခဲ့တာကြောင့် ၂၄ နှစ်အကြာ ပြန်လွတ်လာတဲ့အချိန်မှာတော့မိသားစုဝင်တွေနဲ့ အေးအေးချမ်းချမ်းပဲ ဘဝကိုဖြတ်သန်းချင်သူဖြစ်ပါတယ်ဒါပေမယ့်လည်း လွတ်‌မြောက်လာပြီးချက်ချင်းပဲ သူ့မိသားစုကိုအန္တရာယ်ပြုတဲ့ဖြစ်ရပ်ကြီးကြုံလိုက်ရတော့ Sachi တစ်ယောက်အတော်လေး တုန်လှုပ်သွားခဲ့ရပြီးမိသားစုကိုကာကွယ်နိုင်ဖို့ရာအင်အားကြီး မူးယစ်ဆေးဒုစရိုက်သမားကြီးတစ်ဦးကို ဆန့်ကျင်တိုက်ခိုက်နိုင်ဖို့အကြောင်းဖန်လာတော့ Sachi ကဘယ်လိုဗျူဟာတွေထုတ်ပြီး ဘယ်လိုလှည့်ကွက်တွေသုံးမလဲဆိုတာစိတ်ဝင်တစားကြည့်ရမယ့်ကားလေးဖြစ်တာကြောင့် ပရိတ်သတ်တွေ လက်မလွတ်သင့်တဲ့ကားဖြစ်ပါတယ်နော် File size…2.5GB / 1.3GB  / 615MB Quality…1080p TRUE HD AAC 5.1CH / 720p / ...
movie

Big Brother (2020)

2020