Channel Myanmar

Nina Kunzendorf

One for the Road (2023) 6.6
One for the Road (2023)  IMDb- 6.6/10မူးနေရင်းနဲ့ ကားကို ပါကင်နေရာရွှေ့လိုက်မိရာကနေ အရာရှိတွေဆီ မိသွားပြီး လိုင်စင်အသိမ်းခံလိုက်ရတဲ့ မာ့ခ်၊ မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ဆိုတဲ့စကားအတိုင်းဖြစ်စေဖို့နဲ့ သူ့ရဲ့လိုင်စင်ပြန်ရဖို့အတွက် မာ့ခ်တစ်ယောက် အရက်ဖြတ်နိုင်ဖို့ ကုထုံးသင်တန်းတက်ရပါတော့တယ်။ ဒီသင်တန်းမှာအောင်မှ လိုင်စင်ကို ပြန်ရမှာဖြစ်တဲ့အတွက် မဖြစ်မနေတက်ရပါတော့တယ်။ဒီလိုနဲ့ သင်တန်းမှာ ဟယ်လန်နာဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ကြရင်း ......... မာ့ခ်နဲ့ ဟယ်လန်နာတို့ရဲ့ ဇာတ်လမ်းလေးက ဘယ်လိုဖြစ်လာမလဲ ... မာ့ခ်တစ်ယောက်ရော အရက်ကို ကျော်လွှားနိုင်ပြီး လိုင်စင်ကို ပြန်ရနိုင်မလား .... ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.8 GB)/(930 Mb) Quality…. Blu-Ray 1080p / 720p Format… mp4 Duration…. 01:55:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sakura 
movie

One for the Road (2023)

Woman in Gold (2015) 7.3
Woman in Gold (2015)  ယခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းနောက်ခံဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ IMBD rating - 7.3 အထိရရှိထားပြီး nomination 6 ခုဝင်ခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းမပြောခင် နောက်ခံသမိုင်းကြောင်းလေးအရင်ပြောပြချင်ပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာ ဩစတြီးယားနိုင်ငံနဲ့ဂျာမနီနိုင်ငံတို့ကိုပေါင်းစည်းမယ်ဆိုတဲ့ အတွေးအခေါ်စတင်ဖြစ်တည်လာပါတယ်။ ဂျာမနီနိုင်ငံပိုမိုကြီးမားလာစေဖို့နဲ့ ဩစတြီးယားရဲ့စီးပွားရေးအခက်အခဲကိုပြေလည်စေဖို့ပါ။ ပေါင်း‌စည်းစေချင်သူတွေကတော့ ဂျာမန်လူ‌မျိုးတွေပါ။ ဒီလိုနဲ့ ၁၉၃၃ ခုနှစ်မှာ ဟစ်တလာရဲ့နာဇီပါတီအာဏာကြီးမားလာခဲ့ပြီး ထိုအတွေးအခေါ်ဟာ ပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဩစတြီးယားနဲ့ ဂျာမနီနိုင်ငံတို့ကို ပေါင်းစည်းခဲ့ပါတယ်။ဩစတြီးယားနိုင်ငံအတွင်းဝင်ရောက်လာတဲ့ နာဇီစစ်သားတွေကို ဩစတြီးယားနေ ဂျာမန်ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပေမဲ့ ဩစတြီးယားနေ ဂျူးလူမျိုးများအတွက်တော့ ထိတ်လန့်စရာကိစ္စဖြစ်လာခဲ့ပါတယ်။ နာဇီစစ်သားတွေဟာဂျူးလူမျိုးတွေကိုနှိပ်စက်တယ်၊သတ်ဖြတ်တယ်၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ အိမ်တွေ၊ စက်ရုံတွေကိုသိမ်းပစ်ကြပါတယ်။ ဒီလိုအသိမ်းခံရတဲ့မိသားစုတစ်စုကတော့ ဘလော့ဘောက်ဝါမိသားစုပါ။ဘလော့ဘောက်ဝါမိသားစုဟာ လူကုံထံမိသားစုတစ်ခုပါ။နာဇီစစ်သားတွေသိမ်းစည်းသွားတဲ့ ဘလော့ဘောက်ဝါမိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ တန်ဖိုးကြီးပစ္စည်းတွေကတော့ နာမည်ကျော်ပန်းချီဆရာ Gustav Klimt ရေးဆွဲခဲ့တဲ့ Adele Bloch-Bauer ရဲ့ပုံတူပန်းချီကားနဲ့ အခြားပန်းချီကားတွေပါ။ ထိုပန်းချီကားတွေကို အတင်းအဓမ္မသိမ်းယူသွားခဲ့ပြီး ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့မှာရှိတဲ့ Belvedere ...
movie

Woman in Gold (2015)

Freaks – You’re One of Us (2020) 5.3
Freaks – You’re One of Us (2020) အခုတင်ဆက်မဲ့ဇာတ်ကားလေးကတော့ အက်ရှင်ဒရမ်မာ သိပ္ပံစိတ်ကူးယဉ်ကားလေးပဲ ဖြစ်ပါတယ်။ဝင်ဒီဆိုတဲ့ကောင်မလေးတစ်ယောက်ဟာငယ်ငယ်က ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုကြောင့် စိတ်ဒဏ်ရာရနေခဲ့ပါတယ်။သူမရဲ့စိတ်ရောဂါသက်သာစေဖို့အတွက် ဆေးကုသမှုတွေခံယူခဲ့နေရင်းနဲ့တစ်နေ့မှာ ထူးဆန်းတဲ့လူတစ်ဦးနဲ့တွေ့ဖို့ အကြောင်းဖန်လာခဲ့တယ်။ပြီးတော့ မထင်မှတ်တဲ့ အကြောင်းအရာတစ်ခုကိုပါသိလိုက်ရတယ်။အဲ့တာကတော့ စိတ်ရောဂါကုဆရာဝန်တွေက လူနာတွေဆီမှာရှိတဲ့သဘာဝလွန်စွမ်းအားတွေကို ပျောက်ကွယ်အောင်လုပ်နေတယ်ဆိုတာပါပဲ။အဲ့ဒီလူက ကုသမှုကို ရပ်ဆိုင်းဖို့သူမကို အကြံပေးခဲ့ပါတယ်။တကယ်တမ်း ဝင်ဒီလည်း ကုသမှုကို ရပ်ဆိုင်းလိုက်ပါ့မလား။အဲ့လိုလုပ်ခဲ့ရင်ကော သူမဆီက သဘာဝလွန်စွမ်းအားတွေကတကယ်ပဲ ပေါ်ထွက်လာပါ့မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File Size : ( 868 MB , 282 MB) Quality : WEB-DL 720p Running Time : 1 hr 32 min Format : Mp4 Genre : Action , Drama , Fantasy Subtitle : Myanmar Subtitle (Hard ...
movie

Freaks – You’re One of Us (2020)