Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nina Hoss
Do Not Expect Too Much from the End of the World (2023)
ထူးခြားဆန်းပြားတဲ့ ရိုမေးနီးယား ရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးပါရစေဗျ။ အန်ဂျလာဆိုတဲ့ ကောင်မလေးက ကော်ပိုရေးရှင်းတစ်ခုမှာ ဗီဒီယိုထုတ်လုပ်ရေးလက်ထောက်အဖြစ် လုပ်ကိုင်ပါတယ်။ လစာနည်းနည်း၊ အလုပ်ချိန်များများနဲ့... ဟိုဟာအခိုင်းခံရ ဒီဟာအခိုင်းခံရ၊ ဟိုလူ့ညှိရ ဒီလူ့ညှိရနဲ့ အတော်တိုင်ပတ်တဲ့အလုပ်ပါ။လူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရင် ယဥ်ကျေးပျူငှာတယ်ဆိုပေမဲ့ အလုပ်လုပ်ရင်း ပင်ပန်းလာရင် အင်စတာဂရမ်လေးဖွင့်ပြီး ယောကျာ်းပုံစံ နှုတ်ခမ်းမွှေး filterတွေထည့်၊ ရိုင်းရိုင်းစိုင်းစိုင်း ဟာသတွေပြော ပျစ်နှစ်နေအောင်ဆဲပြီး သူ့ဘာသာ ပျော်အောင်နေရရှာတယ်။ ဒီဇာတ်ကားမှာ အဓိကကတော့ လုပ်ငန်းခွင်မှာ ဒဏ်ရာရလို့ ဒုက္ခိတဖြစ်သွားတဲ့ လူတွေကို "လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးပညာပေးရုပ်ရှင်" ဆိုပြီး လူလိုက်ရှာပြီး ရုပ်ရှင်ရိုက်ဖို့ စီစဥ်ကြတာပါ။ဥရောပအဆင်းရဲဆုံး ရိုမေးနီယားနိုင်ငံရဲ့ အခြေအနေတွေလည်း အရိပ်အမြွက်ပြထားပြီး အန်ဂျလာ ပြောတဲ့စကားလုံးတွေက ရယ်ရပေမဲ့ အရိုင်းဆန်ပြီး အဖော်အချွတ်တွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)File size…(2.5 GB)/(1.9 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:44:00 Genre... ...
movie
Do Not Expect Too Much from the End of the World (2023)
6.7
A Most Wanted Man (2014)
Philip Seymor Hoffman နဲ့ Rachael Mcadmasအဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပြီးWillem Dafoe,Daniel Bruhl, Robin Wright တို့ပါ ပါဝင်အားဖြည့်ထားတဲ့ စပိုင်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင် ပါတယ်၉/၁၁ ဖြစ်စဉ်နောက်ပိုင်း ဟမ်းဘတ်ဂ်မြို့ဟာအမေရိကန်တို့ အထူးအာရုံစိုက်စောင့်ကြည့်လာတဲ့အကြမ်းဖက် လှုပ်ရှားမှုခြေရာခံရာ ဖြစ်လာခဲ့ပါတယ်အကြမ်းဖက်စစ်သွေးကြွအဖွဲ့ဝင်ဟုသတ်မှတ်ခံထားရသူအစ်စာကာပေါ့ဗ်ဟာဂျာမနီနိုင်ငံဟမ်းဘတ်ဂ်မြို့ကို တရားမဝင်နည်းလမ်းနဲ့ဝင်ရောက်လာပြီး ခိုလှုံခွင့်တစ်နေရာရရှိဖို့ကြိုးစားနေသူဖြစ်သလို အဖေ ဖြစ်သူရဲ့ဟမ်းဘတ်မြို့ကဘဏ်တစ်ခုမှာ အပ်နှံထားတဲ့ငွေကို ထုတ်ယူဖို့ရည်ရွယ်ချက်ရှိနေသူလည်း ဖြစ်ပါတယ်ဘေရွတ်က နောက်ဆုံး စစ်ဆင်ရေးအပြီးမှာဟမ်းဘတ်ဂ်မြို့မှာ အကြမ်းဖက်ဆန့်ကျင်ရေးတပ်ဖွဲ့တစ်ခုကိုဦးဆောင်ဖို့ စေလွှတ်ခံရသူ ဟားရ်ဘတ်ခ်မန်းကလည်းသူ လပေါင်းများစွာ နောက်ယောင်ခံလိုက်နေတဲ့အကြမ်းဖက်ထောက်ပံ့သူဟု သံသယရှိသူအက်ဘဒူလာကို ဖော်ထုတ်နိုင်ဖို့ သော့ချက်အဖြစ်အစ်စာကာပေါ့ဗ်ကို စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်အစ်စာကာပေါ့ဗ်ဟာ တွန်မီဘရူးဆိုသူ ဘဏ်လုပ်ငန်းရှင်ကို ရှာဖွေနေသူလွတ်မြောက်ဆဲအကြမ်းဖက်သမား ဖြစ်တယ်ဆိုတာကိုသိရှိပြီးနောက်မှာတော့ ဂျာမနီ နဲ့အမေရိကန်လုံခြုံရေးအေဂျင်စီများကပါအစ်စာကာပေါ့ဗ်အရေးကို စိတ်ဝင်စား လာပါတော့တယ်နိုင်ငံမဲ့ဖြစ်နေသူတွေအတွက် လူမှုဝန်ထမ်းအကျိုးဆောင်အဖြစ်ဆောင်ရွက်ပေးနေသူ ရှေ့နေမလေးအန်နာဘဲလ် ရစ်ချတ် နဲ့ဘဏ်လုပ်ငန်းရှင် တွန်မီဘရူးပါ အဖေဖြစ်သူရဲ့ ကတိစကားအတွက်အစ်စာကာပေါ့ဗ်ကို ကူညီပေးရန် ဖြစ်လာချိန်မှာတော့ဟားရ်ဘတ်ခ်မန်းရဲ့ ကစားကွက်ထဲကိုလှလှပပကြီး ကပြဖျော်ဖြေပေးရသူတွေ ဖြစ်လာပါ တော့တယ် အစ်စာကာပေါ့ဗ်ကရော ...
movie
A Most Wanted Man (2014)
2014
8
TÁR (2022)
Tar (2022)ဒီဇာတ်ကားနာမည်က "Tar" "တာ" လစ်ဒီရာတာ လစ်ဒီရာက ဂီတလောကရဲ့အကျော်အမော်တစ်ယောက် ဘာလင်သံစုံတူရိယာဝိုင်းရဲ့ ဂီတမှူးတစ်ယောက်၊ သူ့ကိုလူတွေက"လစ်ဒီရာ" ဒါမှမဟုတ်"တာ" ဆိုတာထက် သူ့ရဲ့ဂုဏ်ပုဒ် "ပါရဂူဂီတမှူး" လို့လေးစားသမှုနဲ့ခေါ်ဆိုကြသူ။ဇာတ်လမ်းအဖွင့်မှာပဲ လစ်ဒီရာတာဖြေပေးတဲ့အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အောင်မြင်မှုပေါင်းများစွာအပြင် ကိုယ်ရေးကိုယ်တာရောဂီတပိုင်းဆိုင်ရာရော ထူးချွန်ထက်မြက်မှုတွေကို ငြင်းမရအောင်မြင်ရဦးမှာပါ။ လစ်ဒီရာတာက တစ်ရက်တော့ဂျူလီယာ့ဒ်မှာ ဂီတလက်ချာတစ်ခုပေးခဲ့တယ်။ အဲဒီမှာကျောင်းသားတစ်ယောက်ကို ဘာ့ခ်ရဲ့တေးသွားတွေကိုကြိုက်နှစ်သက်လားမေးတော့ ကျောင်းသားကဘာ့ခ်ကို သူ့ကိုယ်ရေးကိုယ်တာပိုင်းကိုသဘောမကျတာကြောင့် သူ့ဂီတကိုလဲခံစားလို့မရပါဘူးတဲ့။ လစ်ဒီရာကဒီကျောင်းသားကို ဂီတကိုကောင်းမကောင်းစံသတ်မှတ်ချက်မှာ ဂီတဖန်တီးသူရဲ့ဘဝဖြစ်တည်မှု အကောင်းအဆိုးအမှားအပြစ်တွေနဲ့မဝေဖနဘဲ ဂီတအဖြစ်သာခံစားဖို့တိုက်တွန်းပေးခဲ့ပါတယ်။ ဒီနေရာမှာ လစ်ဒီရာ့အယူအဆက ပိုသင့်လျော်တယ်ထင်ရပေမယ့် ဘယ်အတိုင်းအတာထိလဲ။ ကိုယ်သဘောကျတဲ့ဂီတပညာရှင်တစ်ယောက်က အကျင့်စာရိတ္တတွေသိပ်ပျက်ပြားလွန်းနေရင်ရော ဒါမှမဟုတ်ခွင့်လွှတ်လို့မရနိုင်တဲ့အပြစ်ကိုကျူးလွန်လာရင်ရော ဒီခေတ်မှာသိပ်အားကောင်းတဲ့အရွေ့ဖြစ်တဲ့ Cancel Culture ဝင်လာသင့်လား။ ဒီဇာတ်လမ်းမှာ လစ်ဒီရာတာရဲ့ ပါရမီထူးချွန်မှုတွေနောက်ကို ကိုယ်ကျင့်တရားကအမှီမလိုက်နိုင်တော့တဲ့တစ်ချိန်မှာ သူ့ရဲ့ရုန်းကန်ရမှုတွေကို မှားတယ်မှန်တယ်ဝေဖန်မှုမရှိပဲ အလွှာလွှာအထပ်ထပ်နဲ့ သိမ်မွေ့အားကောင်းစွာပဲဖော်ပြထားလို့ ကိုယ်တိုင်သာကြည့်ပြီးအဖြေရှာရမယ့်ပုစ္ဆာတစ်ပုဒ်လိုပါပဲ။ လစ်ဒီရာတာကိုအသက်သွင်းထားတဲ့ မင်းသမီး Kate Blanchett ရဲ့ အော်စကာတန်းဝင်လို့ပြောနေကြတဲ့ သရုပ်ဆောင်မှုတွေကြောင့်လဲ "Tar" က လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Music Quality…. 1080p | 720p | 480p File size… 1.3GB | ...
movie
TÁR (2022)
6
The Contractor (2022)
The Contractor (2022)နာမည်ကျော်မင်းသား ခရစ်စ်ပိုင်းရဲ့ အက်ရှင်ရုပ်ရှင်အသစ်ထွက်လာပါပြီ။ ဒူးဒဏ်ရာကြောင့် ဆေးတွေသုံးလို့ အထူးတပ်ဖွဲ့ကနေ အနားယူလိုက်ရတဲ့ အတော်ဆုံး စစ်သားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ တပ်ကထွက်လာပြီး အလုပ်မရှိအကိုင်မရှိ အကြွေးတွေနစ်နေချိန်မှာ ကြေးစားစစ်သားအလုပ် လုံခြုံရေးအလုပ်တွေကို လိုက်လျှောက်ရင်း ငွေအများကြီးရမယ့် အလုပ်တစ်ခု တွေ့သွားခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ ဘာလင်က သိပ္ပံပညာရှင်တစ်ယောက်တီထွင်နေတဲ့ ဇီဝလက်နက်တစ်ခုကို သွားဖျက်ဆီးဖို့ ကန်ထရိုက် တာဝန်တစ်ခုပါပဲ။ စာရင်းမဝင် လျို့ဝှက်စစ်ဆင်ရေးတစ်ခုပေါ့။ အဲဒီစစ်ဆင်ရေးကိုအတူသွားကြရင် လွယ်မလိုနဲ့ခက်ပြီး မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ .....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Action, Thriller Quality….WEB-DL 1080p and 720p File size…1.83GB and 759MB and Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie
The Contractor (2022)
2022