Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nina Gunke
4.8
So Different (2009)
So Different (2009) ===============ဒီတစ်ခေါက်မှာတော့ ဆွီဒင် အချစ်ကားလေးတစ်ကား မိတ်ဆက် ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ နှစ်ယောက်တစ်ဘ၀၊ တစ်အိုး တစ်အိမ် ထူထောင်ပြီးရင်တောင် စိတ်သဘောထားချင်းမတူညီရင်၊ တစ်ယောက်ကိုတစ်ယောက်မချစ်ရင် အဆင်မပြေနိုင်တဲ့အကြောင်း ကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ လော့တ်တာ နဲ့ စန်နာ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ သူတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်မှာ သိပ်ကိုထူးချွန်တဲ့သူတွေ ဖြစ်ကြပါ တယ်။ လော့တ်တာဟာ သူ့ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်သက်တမ်းကြာ ပေမယ့် စရိုက်ချင်းမတူတဲ့အခါမှာ အဆင်မပြေဖြစ်ပြီး ကွာရှင်းထားတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ အောင်မြင်တဲ့နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဌ ရာထူးကို ရရှိပြီးတဲ့နောက် ကျန်ခဲ့တဲ့သမီးနှစ်ယောက်နဲ့ ပါတီအရေးကြားမှာ မထိန်းချုပ်နိုင်ဖြစ်လာပါတော့တယ်။စန်နာဟာဆိုရင်လည်း ရိုက်ကူးရေးအစီအစဉ်တစ်ခုမှာ ညှိနှိုင်းသူတစ် ယောက်အနေနဲ့ လုပ်ကိုင်နေတာဖြစ်ပြီး သူ့အချစ်ရေးကို လေးလေးနက် နက် မစဉ်းစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ဒီညီအစ်မနှစ်ယောက် သူတို့ရဲ့အလုပ်နဲ့ အချစ်ရေးကြားမှာ ဘယ်လိုတွေအဆင်ပြေအောင် ကိုင် တွယ်သွားကြမလဲ၊ ဘယ်လိုအခက်အခဲတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်ကျော် ကြမလဲဆိုတာကို စိတ်၀င်စားစရာ ကြည့်ရှုရမှာလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့ Jaka ဖြစ်ပါတယ်)File Size..........(2.17 GB) / (927 MB) / ...
movie
So Different (2009)
2009
6.9
[18+] All Things Fair (1995) Lust och fägring stor /Love Lessons
ဆရာမကစာသင်ချိန် ပြီးတော့အခန်းထဲက မထွက်ခင်ကျွန်တော့်ကို လှမ်းခေါ်ပါတယ်။ရင်တထိတ်ထိတ် နဲ့ ဆရာမ အနားရောက်သွားတော့မှ ဆရာမက ခပ်တိုးတိုးနဲ့၊ “ မောင်ဇော်....ညနေကျရင် ဆရာမကိုစောင့်ပါ။အမှတ်ခြစ်စရာတွေ အိမ်ကိုပြန်သယ်ရမှာ နဲနဲလေးနေလို့။ ” “ သြော်...ဟုတ်ကဲ့ ဟုတ်ကဲ့ ဆရာမ။ ” ဒီဇာတ်ကားကတော့ မောင်ဇော်ချစ်သောဆရာမ ဆွီဒင်ဗားရှင်းပါပဲ...။ဆွီဒင်နိုင်ငံ တောင်းပိုင်းကမယ်လ်မိုဆိုတဲ့ နယ်မြို့လေးတစ်ခုမှာ စတစ်ဂ်ဆိုတဲ့ ၁၅ နှစ်အရွယ်ကျောင်းသားလေးရှိပါတယ်။ ကလေးမကလူကြီးမကျ စကောစကအရွယ်၊စတစ်ဂ်အပါအဝင် သူ့နဲ့အတန်းဖော်တွေဟာ တစ်ခါတစ်လေကလေးတွေလိုကစားကြ ပေါက်ကရတွေလုပ်ကြပြီး တစ်ခါတစ်လေကျတော့လဲ လူကြီးတွေလိုကစားကြပေါက်ကရတွေလုပ်ကြပါတယ်(တစ်ယောက်ဟာတစ်ယောက်ပေကြိုးနဲ့ တိုင်းပြီးလောင်းကြေးထပ်တာတို့ဘာတို့)တစ်နေ့မှာတော့ သူတို့အတန်းကိုအတန်းပိုင်ဆရာမ လှလှကြီးတစ်ယောက်ပြောင်းလာပါတယ်။ လှလဲလှပြီး အသက်လဲကြီးလို့ပါ။ စတစ်ဂ် အမေနဲ့ရွယ်တူလောက်ဆိုပေမယ့် နုပျိုလှပတဲ့ ဆရာမဟာ စတစ်ဂ်ကိုချစ်စနိုးစနောက်တယ်။ ရင်းရင်းနှီးနှီးဆက်ဆံတယ်။ ဆရာမယောက်ျားဟာအရက်စွဲတစ်ချိန်လုံးမူးရူးနေတဲ့သူ အိမ်မှာအနေနည်းတဲ့သူဖြစ်ပါတယ်။ သွေးသားဆန္ဒလိုအပ်ချက်တွေ လျာထားချက်ပြည့်မှီပုံမရတဲ့ ဆရာမနဲ့၊ ဒီလိုကိစ္စမျိုးတွေစိတ်ဝင်စားကာစ ရမ္မက်ရာဂတွေဆူဖြိုးလျှံကျနေတဲ့ မနူးမနပ်ကလေးစတစ်ဂ်တို့ဟာ ဖြစ်သင့်ဖြစ်ထိုက်စွာပဲ ဇာတ်လမ်းစခဲ့ကြပါတော့တယ်။ကမ္ဘာကြီးဟာ သူတို့နှစ်ယောက်တည်းနဲ့ဖွဲ့စည်းထားတာမဟုတ်တဲ့အတွက် စတစ်ဂ်ကိုကြိတ်ကြိုက်နေတဲ့အခန်းမျက်စောင်းထိုးကအပျိုဖြန်းလေး၊ ဆရာမရဲ့ခင်ပွန်းသည် အရက်သမား အစရှိတဲ့ဘေးလူတွေပါဝင်လာတဲ့အခါ ရှင်းရခက်တဲ့ ဒီဇာတ်လမ်းကို သူတို့ဘယ်လိုသိမ်းကြမလဲဆိုတာ ဇာတ်လမ်းထဲမှာဆက်လက်ရှုစားစေချင်ပါတယ်။All Things Fair ဟာကမ္ဘာအနှံ့ကသြဇာကြီးတဲ့ရုပ်ရှင်ပွဲတော်တွေမှာပြသခဲ့ပြီး ဆုတွေအမျိုးမျိုးဆွတ်ခူးခဲ့တဲ့ကားဖြစ်ပြီး အဲ့ဒီနှစ် အကောင်းဆုံးဘာသာစကားပြော အော်စကာဆုလဲလျာထားခံခဲ့ရပါတယ်။ ...
movie
[18+] All Things Fair (1995) Lust och fägring stor /Love Lessons
5.3
Call Mom! (2020)
Call Mom ( 2019 ) IMbd 5.4/10 ဒီရုပ်ရှင်ကအချစ်ရေးနဲ့ လိင်မှုကိစ္စ အရှုပ်အထွေးတွေ ရှိနေပြီး မိခင်နဲ့လည်း သိပ်ပြီးအဆင်မပြေတဲ့ သက်လတ်ပိုင်း မူလတန်းကာယဆရာမ နစ်ကီကို အခြေတည်ထားပါတယ် အချစ်နယ်ကျွံတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ စကားခပ်ကြမ်းကြမ်းတွေ အနည်းငယ်ပါဝင်တယ်ဆိုပေမဲ့ 18+ အသားပေး ဇာတ်လမ်းတော့မဟုတ်ပါဘူး နစ်ကီဟာ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်နဲ့ ချစ်ကြိုက်နေခဲ့ပြီးမမျှော်လင့်ပဲ သူမရဲ့ ချစ်သူဟောင်းနဲ့လည်း ပြန်ဆုံခဲ့ပါတယ် သူမရဲ့လွတ်လပ်လွန်းတဲ့ စိတ်ကြောင့်ပဲ အခက်အခဲတွေ တွေ့လာရပြီး ဒီလိုအရှပ်အထွေးတွေ ဖြစ်နေတဲ့အချိန်မှာပဲ အမေကို ဂရုမစိုက်ဖြစ်ခဲ့တဲ့ အမေနဲ့ ရင်းရင်းနှီးနှီးမနေခဲ့မိတာတွေအတွက် နောင်တရစရာ ဖြစ်ရပ်တစ်ခု ပေါ်လာခဲ့ပါတယ် အဲ့ဒီနောက်ပိုင်းမှာတော့ နစ်ကီဟာ သူ့ဘဝအတွက် မှန်ကန်တဲ့ရွေးချယ်မှုတွေကို ဆုံးဖြတ်ရပါတော့တယ် ဇာတ်လမ်းက ရိုးရှင်းသယောင်ရှိပေမဲ့ ကြည့်ရှုရတာတော့ ပေါ့မနေပါဘူး English movies တွေ Spain movies တွေ ကြိုက်နှစ်သက်ကြပေမယ့် ဒီ swedish movies တွေနဲ့ အလှမ်းဝေးနေသူတွေ အတွက်တော့ ဒီရုပ်ရှင်လေးက အမြည်းသဘောအနေနဲ့ ကြည့်ရှုသင့်တဲ့ အထဲမှာပါပါတယ် Translated by Rico suave Encoded by YK Quality : 1080p Blu-ray and 720p File Size : 1GB ...
movie
Call Mom! (2020)
2019