Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nina Arianda
Greedy People (2024)
ပင်လယ်ကမ်းစပ်မြို့လေးကို တာဝန်ကြောင့် ပြောင်းရွှေ့လာခဲ့တဲ့ ဝေလ်နဲ့ သူ့ဇနီးပေ့ဂျ်တို့၊ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ ဘဝတစ်ခုကို ကောင်းကောင်းမွန်မွန်အစပြုချင်တဲ့အတွက်ကြောင့် ဒီမြို့လေးကို တစ်ခါတည်းပြောင်းရွှေ့လာကြတဲ့သူတွေဖြစ်ပါတယ်။ လူသစ်,စိတ်သစ်,နေရာသစ်,အလုပ်သစ်မှာနေထိုင်ရင်း ဝေလ်ဟာ အလုပ်စဝင်တဲ့ပထမဆုံးရက်မှာပဲ တိုင်ကြားချက်တစ်ခုကို ဖြေရှင်းဖို့သွားရင်းနဲ့ မတော်တဆဖြစ်ကာ လူသတ်မိသွားပါတော့တယ်။ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ မသိဖြစ်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ ဝေလ်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ တယ်ရီတို့ဟာ အိမ်ထဲမှာ ဒေါ်လာ၁သန်းငွေသားတွေအပြည့်ထည့်ထားတဲ့ ခြင်းတစ်ခုကို တွေ့သွားကြပါတယ်။ ဒီလိုနဲ့ ပိုက်ဆံကိုမြင်ပြီးနောက် လောဘစိတ်ရယ်, လူသတ်မှုကို အမှုမပတ်ဖို့အတွက် နှစ်ယောက်သား အကြံထုတ်ရင်း ဒေါ်လာတစ်သန်းကို ခွဲယူကြပြီး ဒီလူသတ်မှုကိုတော့ တခြားတစ်ယောက်က သတ်တဲ့ပုံစံနဲ့ထားခဲ့မယ်ဆိုပြီး လုပ်ကြပါတော့တယ်။ ဒီလိုနဲ့ ဒီအမှုကိစ္စကြီးရဲ့နောက်ကွယ်မှာ ဘယ်လိုရှုပ်ထွေးမှုတွေ ရှိနေဦးမလဲ ........လောဘကြောင့်နဲ့ ဝေလ်တို့ ဘယ်လိုကိစ္စတွေ ကြုံတွေလာရဦးမလဲ..... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.6 GB)/(854 MB) Quality….Webrip 1080p / ...
movie
Greedy People (2024)
6.8
Florence Foster Jenkins (2016)
ဒီဇာတ်လမ်းမှာတော့ Florence Foster Jenkins ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဘဝဇာတ်ကြောင်းကိုတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဂီတကို ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဗာဒီကလပ် ကို တည်ထောင်ပြီး နယူးယောက်မြို့အတွက် ဂီတကို ပေးဆပ်သူအဖြစ် ခံယူထားခဲ့ပါတယ်။ဖလောရန့်စ်ဟာ ပထမအိမ်ထောင်ကကူးစက်လာတဲ့ ဆစ်ဖလစ်ရောဂါကို နှစ် (၅၀) ကြာခံစားလာခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိအိမ်ထောင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့မစ္စတာစိန့်ကလဲရ်ဘေးဖီးဒ်နဲ့ နှစ်များစွာ လက်တွဲလာခဲ့ပါတယ်။ဂီတပွဲတစ်ခုအတွင်းက လီလီပွန်းစ်ရဲ့တင်ဆက်မှုကိုမစ္စတာဘေးဖီးဒ်နဲ့အတူ ကြည့်ရှုခဲ့ပြီးနောက်မှာတော့သူ့ရဲ့ သီချင်းဆိုလေ့ကျင့်ခန်းတွေကိုဆက်လက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။စန္ဒရားဆရာဖြစ်သူကော့စမီးမက်မွန်း ကိုလည်း ငှားရမ်းပြီးတော့ ပင်တိုင်စန္ဒရားဆရာအဖြစ်အသုံးပြုခဲ့ပါတယ်။စိန့်ကလဲရ်အနေနဲ့ ပွဲငယ်လေးတစ်ခုစီစဉ်ပြီး ပရိသတ်တွေကိုလက်ရွေးစင်ရွေးချယ်ကာ သူ့မိန်းမဖလောရန့်စ်ကို သီချင်းဆိုကောင်းသူအဖြစ်ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဂီတကိုရိုးသားစွာခုံမင်သူ ဖလောရန့်စ်အတွက်ကတော့သူ့ရဲ့ကမ္ဘာလေးက သူစိတ်တိုင်းကျ ဖြစ်လာခဲ့ပြီလို့ထင်ယောင်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူ့ယောကျ်ားကိုယ်တိုင်ရဲ့စေတနာနဲ့လှည့်စားမှုအောက်မှာ ပရိသတ်ကိုလိမ်ညာသူ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။စိန့်ကလဲရ်ဖန်တီးပေးထားတဲ့ အကဲဖြတ်ချက်ကောင်းတွေကိုယုံကြည်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ကော့စမီး မက်မွန်းနဲ့အတူ ကိုယ်ပိုင်သီချင်းတွေကိုပါဖန်တီးသီဆိုလာခဲ့ပြန်ပါတယ်။ သီချင်းတစ်ပုဒ်ပါရေဒီယိုမှာလွှင့်ခွင့်ရခဲ့တဲ့အချိန် ပရိသတ်တွေက ဟာသနဲ့ အပျော်သဘောတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ မဒမ် ဖလောရန့်စ်အတွက် ကာနေဂီဟောလ်မှာ ဖျော်ဖြေဖို့အထိ အားအင်တွေရလာခဲ့ပြီး စိန့်ကလဲရ်အနေနဲ့ ကော့စမီးမက်မွန်းကိုပါ လေဒီဖလောရန့်စ်ကို ကူညီဖျော်ဖြေပေးဖို့တိုက်တွန်းခဲ့ရပါတယ်။ လူ ၃၀၀၀ ...
movie
Florence Foster Jenkins (2016)
2016
8.4
The Venture Bros.: Radiant is the Blood of the Baboon Heart (2023)
The Venture Bros.: Radiant is the Blood of the Baboon Heart (2023) =============================================== IMDb Rating - 8.4/10IMDB 8.4 လောက်အထိရထားပြီး အသစ်စက်စက်ထွက်ရှိထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဒေါက်တာဗန်ချာရဲ့ သားနှစ်ယောက်အနက် သားကြီးဖြစ်သူ ဟန့်ခ်ဗန်ချာပျောက်သွားပြီး တစ်နိုင်ငံလုံး က လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့အေဂျင်စီတွေ စွမ်းအားရှင်အဖွဲ့တွေ လိုက်ရှာကြတဲ့ ပုံစံကနေ စထားပါတယ်။တကယ်တော့ ဟန့်ခ်ဆိုတာ လိုတရဘဝကို ရခဲ့တဲ့လူငယ်တစ်ယောက်ဖြစ်ပြီး သူ ပျောက်ဆုံးသွားတာကလည်း သူကိုယ်တိုင်ပဲ သူ့ရဲ့ တည်ရှိမှုကို ပြန်ရှာဖွေဖို့အတွက် စွန့်စားခန်း ခရီးတစ်ခု ထွက်လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပျောက်ဆုံးနေတဲ့ အမေနဲ့ ထင်ယောင်ထင်မှားဖြစ်နေတဲ့ ပုံရိပ်တွေကြားထဲကနေ ဟ့န်ခ်တစ်ယောက် ဖခင်ဖြစ် သူ ဗန်ချာရဲ့လျှို့ဝှက်ချက်တွေနဲ့ အန္တရာယ်ရှိ စွမ်းအားရှင်အဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ ဆုံမိတဲံအခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲ စိတ်ဝင်တစားဆက်လက်စောင့် ကြည့်ရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.4 GB) / (545 MB) Quality............WEB-DL 1080p / 720p Duration.........1Hr ...
movie
The Venture Bros.: Radiant is the Blood of the Baboon Heart (2023)
2023
6.8
Being the Ricardos (2021)
အာရွန်ဆော့ကင်း ရိုက်ကူးပြီး မင်းသမီးကြီး နီကိုးကဒ်မန်း သရုပ်ဆောင်ထားတဲ့ အော်စကာ ဆန်ကာတင်ရုပ်ရှင်တစ်ခု ထွက်လာပါပြီ။ ဟောလိဝုဒ်ရွှေခေတ် တီဗွီမင်းသမီးကြီး Lucy Ball ဟာ သူ့ရဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ I Love Lucy မှာ သူ့ခင်ပွန်းဖြစ်သူ Desi Arnez နဲ့တူတူ တွဲဖက်သရုပ်ဆောင်ပြီးဝက်ဝက်ကွဲအောင်မြင်နေပါတယ်။Sit-com တို့ရဲ့အစလို့တောင်ပြောလို့ရတဲ့ ဒီဇာတ်လမ်းတွဲကို အဖြူအမည်းခေတ်မှာပဲဘယ်လိုဖန်းတီးကြလဲ၊ဘယ်လိုသရုပ်ဆောင်ကြလဲဘယ်လိုရိုက်ကူးကြလဲဆိုတာ ကိုပြသထားပါတယ်။ဒါပေမယ့်လဲ Lucy နဲ့Desi တို့ဟာ ဟောလိဝုဒ် ရဲ့အကျော်ကြားဆုံးဇနီးမောင်နှံအဖြစ်ကနေ အိမ်ထောင်ရေးပြသနာတွေ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေးအရ စွပ်စွဲမှုတွေ ကြောင့် သူတို့ရဲ့လူနေမှုဘဝခြိမ်းခြောက်ခံနေရပါပြီ။ထိုခေတ်က အမေရိက လိုနိုင်ငံမှာလဲ ရိုးရိုးပြည်သူတွေဟာ ကွန်မြူနစ်လို့ သံသယဖြစ်ခံရတာနဲ့ ဘဝပျက်သွားနိုင်တာကိုပြထားပါတယ်။ တီဗီဇာတ်လမ်းတွဲတွေရဲ့သမိုင်းတလျှောက်အကျော်ကြားဆုံးထဲမှာပါတဲ့ မင်းသမီးကြီး Lucy Ballရဲ့ ဘဝကိုရိုက်ထားတာဖြစ်ပြီး Oscar ဆုရသရုပ်ဆောင်တွေဖြစ်တဲ့ Nicole Kidman Javier Bardem နဲ့ J.K Simmons တို့အစုံအလင်ပါဝင်ထားပါတယ်။ဒီရုပ်ရှင်ကိုကြည့်ရင်းနဲ့အတိတ်ကဟောလိဝုဒ်ဆီကိုပြန်လည်ခံစားနိုင်ပါတယ်။ File size…(2.1 GB) ...
movie
Being the Ricardos (2021)
7.0
Tower Heist(2011)
Tower Heist(2011) အညွှန်း ************************ IMDb...7.0 နာမည်ရင်းတွေသာမသိရင်နေမယ် ..ဟာသလေးတွေနဲ့ပရိတ်သတ်ကို ရင်ထဲ တစ်ခုခုချန်ချန်သွားတတ်တဲ့ ဒီသရုပ်ဆောင်ကြီး (၂)ဉီး Eddie Murphy ,Ben Stiller ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်... ဒီကားက ဓားပြတိုက်တဲ့ကားစာရင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ခဲ့သလို ဝင်ငွေလည်းစံချိန်တင်ခဲ့ပါတယ်... ဂျော့ရှ် ကိုဗက်ခ်စ် ဆိုတဲ့ လူတစ်ယောက်ဟာ နယူးယောက်မြို့ရဲ့ နာမည်အကြီးဆုံး "The Tower" ဆိုတဲ့ အဆောက်အဦမှာ အလုပ်လုပ်တဲ့ အရည်အချင်းရှိ မန်နေဂျာတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီ တာဝါ မှာရှိတဲ့ တိုက်ခန်းတွေက New York မှာဈေးအကြီးဆုံးဖြစ်ပြီးတော့ တကယ့်ကျိကျိတက် သူဌေးတွေပဲ နေထိုင်ကြတဲ့နေရာလည်းဖြစ်ပါတယ်။ ဂျော့်ရှ်ဟာ စပ်စပ်တယ်...ထက်မြက်တယ်....သနားကြင်နာတတ်တဲ့စိတ်လည်းရှိတယ်.... ဒါ့ကြောင့် တာဝါမှာရှိတဲ့အလုပ်သမားတွေကလည်း သူ့ကို အားကိုးကြတယ်... တစ်နေ့တော့ ဒီတာဝါမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့ အာသာရှောကို ငွေကြေးမသာမှုနဲ့ FBI ကဖမ်းဆီးသွားပါတယ်.... အဲ့ဒီနောက် ဂျော့ရှ်မထင်မှတ်ထားတဲ့ ကိစ္စတွေဆက်တိုက်ဖြစ်လာခဲ့သလို့ သူလုံးဝမမျှော်လင့်ထားတဲ့ဟာတွေလည်းသိလာခဲ့တယ်... အာသာရှောဟာ ပင်စင်လစာတွေပါ အလွဲသုံးစားလုပ်သွားတဲ့အပြင် အောက်ခြေအလုပ်သမားတွေရဲ့ ရင်းနှီးမြှုတ်နှံငွေတွေပါ ဖျောင်သွားတာမျိုးပေါ့... တစ်ချို့အလုပ်သမားတွေဆို ကွကိုယ်သတ်သေတဲ့အထိဖြစ်သွားတယ်... အဲ့ဒီနောက် ဂျော့ရှ်ဟာ အကြီးအကျယ်ပေါက်ကွဲပြီးတော့ အာသာရှော ပိုင်တဲ့ penthouse ကို သူကိုယ်တိုင်ဉီးဆောင်ပြီး ဓားပြတိုက်ဖို့ကြံကြပါတော့တယ် ...
movie
Tower Heist(2011)
7.5
Richard Jewell (2019)
unicodeဖစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ထပ်ပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။၁၉၉၆ ဇူလိုင်လမှာ အမေရိကန် ဆန်တန်နီရယ်အိုလံပစ်ပန်းခြံမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူ ၂ ယောက်သေ၊ ၁၀၀ ကျော်ဒဏ်ရရခဲ့ပါတယ်။ဒီဗုံးရဲ့ပြင်းအားနဲ့ လူဦးရေအရ ဒီထက်ပိုသေပြီးထိခိုက်နိုင်ပေမယ့် ကယ်တင်ရှင်တစ်ယောက်ကြောင့် သက်သာခဲ့တာပါ။အဲဒီလူကတော့ အဆိုပါဗုံးကို တွေ့ပြီးလူတွေကို ဖယ်ရှားခိုင်းခဲ့တဲ့ လုံခြုံရေးဝန်ထမ်း ရစ်ချက် ဂျူဝယ်ပါပဲ။နေ့ချင်းညချင်းပဲ ရစ်ချက်ဟာနိုင်ငံတော် သူရဲကောင်းဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် ဒီဂုဏ်ယူမှုဟာ ရက်ပိုင်းပဲ ခံပါတယ်။အက်ဖ်ဘီအိုင်က သူ့ကို သူရဲကောင်းလုပ်ချင်စိတ်၊နာမည်ကျော်ကြားလိုစိတ်ကြောင့် ဗုံးခွဲသူလို့ သံသယဖြစ်ပြီး၊သတင်းတွေမှာလည်း ပါလာတဲ့အခါရစ်ချက်ရဲ့ ဘဝ ကပြောင်းကပြန်တွေ ဖြစ်လာပါတော့တယ်။အဲဒီအက်ဖ်ဘီအိုင်နဲ့ မီဒီယာတွေကို တွန်းလှန်ပြီး အမှန်တရားကိုသက်သေပြဖို့ ရစ်ချက်ရယ် သူ့ရဲ့ မိတ်ဆွေဟောင်းဒေါသအိုးရှေ့နေကြီး ဝက်ဆန်ဘရိုင်းယန့်ရယ် ကြိုးစားကြတဲ့အခါ….File Size : (1 GB , 235 MB ) Quality : WEB-DL 720p Running Time : 2 hr 11 min Format : ...
movie
Richard Jewell (2019)
7.5
Stan and Ollie(2018)
Stan and Ollie (2018) IMDb - 7.5 Rotten Tomatoes 93% "ဘယ်သူပြိုင်လို့လှပါတော့နိုင် "ဆိုတဲ့ဇာတ်ကားကို ဆရာကြီးဦးသုခရိုက်တော့ လူကြမ်းသရုပ်ဆောင် ဦးအံကျော်ကြီးပါလာတယ်...အမြဲတမ်း လူကြမ်းဗီလိန် သရုပ်ဆောင်သော ဦးအံကျော်ကြီးက ဆရာကြီးဦးသုခရဲ့ ဇာတ်ကားထဲတွင် စာမတတ်ပေမတတ် ကိုချစ်စရာအဖြစ်သရုပ်ဆောင်ပြီး ထန်းလျက်တောင်းကြီးထမ်းကာ ဆရာမလို့ရင်ခေါင်းသံကြီးအော်ခေါ်ပြေးလိုက်တဲ့ ဟန်ပန်က ကျွန်တော်တို့အားလုံးရဲ့ ကိုမျက်ရည်စို့စေခဲ့သည်... ဒီကားနဲ့ပင် အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့သည်....ဆရာကြီးဦးသုခလို လူမျိုးကြီးနဲ့ လက်တွဲခွင့်ရလိုက်တဲ့ ဦးအံကျော်ကြီးကံကောင်းတယ်လို့ပင်ပြောရမည်လားမသိပေ... ဒီဘက်ခေတ်မှာတော့ လူကြမ်း၊ဗီလိန်၊ဟာသသရုပ်ဆောင်တွေအတွက် လုပ်ကွင်း လုပ်ကွက် အတော်နည်းသည်မှာ အထွေအထူးငြင်းစရာမရှိပေ.... ဒီကားကတော့ Oliver Hardy(John C.Reilly) နဲ့ Stan Laurel(Steven Coogan) တို့နှစ်ယောက်ရဲ့ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်... သူတို့(၂)ယောက်ဟာ အတွဲညီညီ ပြောက်မြောက်တဲ့ ပြက်လုံးတွေကြောင့် ငယ်စဉ်အခါမှာတော့ အတော်အောင်မြင်ခဲ့ပါတယ်... နောက်ပိုင်း ခေတ်ကာလ အပြောင်းအလဲကြောင့် လူတွေက သူတို့ကို သိပ်မကြိုက်ကြတော့ပါဘူး.. သူတို့ရဲ့အရည်အချင်းကို အကောင်းဆုံးအသုံးချပေးမယ့် သူ လက်တွဲဖေးမပေးမယ့်သူလည်းမရှိ့ဘူး... သို့ပေမယ့် သူတို့(၂)ယောက်လက်မလျော့ခဲ့ဘူး...သူ့တို့ရွှေခေတ်ကိုပြန်ရောက်ဖို့ တက်ညီလက်ညီ ကြိုးစားတဲ့အခါမှာတော့... ကိုင်း သူတို့ဘယ်လိုကြိုးစားကြလဲ...သူတို့အောင်မြင်နိုင်ပါ့မလား...ဒီကားကိုကြည့်ရင်း ရှေးခေတ်တင်ဆက်ပုံတွေကိုကြည့်ရမှာဖြစ်သလို သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကြား၊ထုတ်လုပ်သူတွေ၊ခေတ်အလိုက်ပရိတ်သတ်တွေကို တစ်ခါထဲဗဟုသုတရဖွယ်တွေ့ရှိပါလိမ့်မယ်... ကိုင်း ခံစားကြည့်လိုက်ပါဦး.... File Size : (900 MB) and (326 ...
movie
Stan and Ollie(2018)
2018
7.7
Midnight in Paris (2011)
City oF Lightလို့ သမုတ်ကြတဲ့ ပါရီ ပဲရစ်မြို့အကြောင်း.... အဲ့ဒီမြို့ကလေးက ယွင်းယိုပျက်စီးခြင်းမရှိသေးတဲ့ အတိတ်တွေအကြောင်း...အဲ့ဒီမြို့ကလေးက စာရေးဆရာ၊ပန်းချီဆရာ အနုပညာသည်တွေအကြောင်း အဲ့ဒီမြို့ကလေးက ရွေးချယ်မှုတွေအကြောင်း ပြောပြချင်တယ်.... ။ အဲ့ဒီမြို့ကလေးဟာ အောက်ဆုံးဘဝမှာတောင် အပျော်ဆုံးဘဝတစ်ခုတည်နိုင်လေမဲ့ နိဗ္ဗာန်ငယ်လေးတစ်ခု.. နေခြည်အောက်မှာပဲတည်တည် မိုးမှုန်အောက်မှာပဲတည်တည် အဲ့ဒီမြို့ကလေးရဲ့ အလင်းဟာ စကြဝဋ္ဌာထဲ အထင်ရှာဆုံးလို့ ဆိုကြတယ်။ဘာရယ်ကြောင့် ပဲရစ်ဟာ အနုပညာဆန်စွာခမ်းနားနေတာလဲဆိုရင် ပဲရစ်မှာ မွေးဖွားခဲ့ကြတဲ့ အနုပညာတွေကြောင့်လို့ ဖြေမဲ့လူအတော်များလောက်မယ်။ ဗင်းဆင့်ဗန်ဂိုး ပေါဂေါ်ဂင် အားနက်စ်ဟဲမင်းဝေး ပက်ဘလိုပီကာဆို အစရှိသဖြင့် မှတ်ကျောက်အထင်ဆုံးအနုပညာသည်တွေဟာ ဒီမြို့မှာ အကြီးကျယ်ဆုံးအနုပညာပစ္စည်းတွေကို မွေးထုတ်ပေးခဲ့တာလို အရာတွေကြောင့်လို့ ထင်ရင်ထင်လောက်စရာပါပဲ။ ပသို့ပဲထင်ထင်.. ပဲရစ်ဟာ သူ့ချည်းသက်သက်မှာလည်း လမ်းတိုင်း အဆောက်အဦးတိုင်း လမ်းမကျယ်ကြီးတိုင်းက အနုပညာဆန်လွန်းနေပါတယ်။ " နေ့ရက်၊ အချိန်အခါ၊ နေရာ၊ အဆောက်အဦး အရာဝတ္ထုတို့ဟာ အမှတ်တရတို့ကို သိုလှောင်သိမ်းဆည်းထားနိုင်စွမ်းမရှိဘူးတဲ့" တာရာမင်းဝေရဲ့ ကဗျာအက်ဆေးတစ်ပုဒ်ထဲမှာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်။ ဒီ ရုပ်ရှင်မှာတော့...အချိန်အခါ နေရာ အဆောက်အဦးတို့မှာ သိုလှောင်သိမ်းဆည်းထားတဲ့ မသေဆုံးတတ်တဲ့ အတိတ်အမှတ်တရတို့ကို ချစ်မြတ်တဲ့လူတစ်ယောက်နဲ့ သူ့ရွေးချယ်မှုတို့အကြောင်း သူ့အနုပညာအကြောင်းကို ကျွန်တော်တို့ ခံစားကြရမှာပါ။IMDb Rating - 7.7/10 ရရှိထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 860 MB) and ( ...
movie
Midnight in Paris (2011)
2011