Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nimrat Kaur
6.6
Luv Shuv Tey Chicken Khurana (2012)
Luv Shu Try Chicken Khurana(2012) အိမ်ပြေးတစ်ယောက်ရဲ့အိမ်ပြန်ချိန်IMDb - 6.6/10မင်းသားကြီး Kunal Kapoorရဲ့ တစ်ချိန်က လူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသကားလေးဖြစ်ပြီး လက်ရှိနဲ့လည်း တိုက်ဆိုင်တဲ့ရုပ်ရှင်လေးဖြစ်တာမလို့ ကြည့်ရှုသူတွေအတွက်လည်း ခံစားချက်တစ်ခုခု ကျန်နေခဲ့စေမှာပါ။သူငယ်ချင်းတွေလည်း ကိုယ်စီ နိုင်ငံခြားထွက်ကြ အဆင်ပြေကြတာကိုမြင်ပြီး အိုမီတစ်ယောက်လည်း နိုင်ငံခြားထွက်မယ်တကဲကဲဖြစ်တာပေါ့။ ဒါကို ဦးလေးရောအဘိုးရောက လက်မခံတာကြောင့် ကလန်ကဆန်လုပ်ပြီး အိမ်ကပိုက်ဆံခိုးပြီးတော့ လန်ဒန်ကိုပြေးသွားပါတော့တယ်။ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခုကြာပြီး စတော့ရှယ်ယာကြွေးတင်ချိန်မှာတော့ အိုမီတစ်ယောက် ဆယ်နှစ်ကြာမေ့ထားခဲ့တဲ့ မိသားစုဆီကိုပြန်ပြီး ပိုက်ဆံလာပြန်တောင်းရဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့ အိုမီပြန်ရောက်ချိန်မှာ အဘိုးကလည်းသတိမေ့ပြီး မိသားစုလက်ငုပ်လက်ရင်းစားသောက်ဆိုင်ကလည်း လျှို့ဝှက်ကြက်သားဟင်းချက်နည်းမရှိလို့ ဒုက္ခရောက်နေတဲ့အပြင် တစ်ချိန်က အချစ်ဦးကလည်း ညီဝမ်းကွဲနဲ့ လက်ထပ်တော့မှာဆိုတာကို သိလိုက်ရချိန်မှာတော့....နိုင်ငံခြားကိုအထင်ကြီးတဲ့အိုမီတစ်ယောက် မိသားစုကို ချစ်တတ် တန်ဖိုးထားကာကွယ်တတ်ဖို့ ဘယ်လိုသင်ယူသွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Zwe ~ KKKZတို့ပဲဖြစ်ပါတယ်) File size…3.56GB / 976MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie
Luv Shuv Tey Chicken Khurana (2012)
2012
7.0
Sajini Shinde Ka Viral Video (2023)
Sajini Shinde Ka Viral Video (2023) "ဒဏ်ရာများနဲ့ မီးအိမ်ရှင်" IMDb - 7.2/10ယောက္ခမ၊ချွေးမများနှင့် ကြိုးကြာနီဇာတ်လမ်းတွဲထဲမှာ ခပ်မိုက်မိုက်ကာရိုက်တာနဲ့ ပါဝင်ခဲ့တဲ့ မင်းသမီးချော ရာဒီကာမာဒန်ရဲ့ ရုပ်ရှင်အသစ်ကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။ရုပ်ရှင်မင်းသမီးတစ်ယောက်ကကျ သောက်စားပျော်ပါးခွင့်ရှိပေမဲ့ ဆရာမတစ်ယောက်က အဲဒါမျိုးလုပ်ရင် ရာဇဝတ်မှုဖြစ်သွားရောလား....။ဒါက ဆာဂျီနီရှင်ဒီရဲ့မေးခွန်းတစ်ခု။ ဆာဂျီနီရှင်ဒီဆိုတာ အထက်တန်းကျောင်းက ရူပဗေဒဆရာမတစ်ယောက်။ ဆရာမဆာဂျီနီရှင်ဒီ သေကြောင်းကြံမယ့်စာတစ်စောင်ရေးထားခဲ့ပြီး ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်။ဒီစာထဲမှာလဲ သူ ဘာကြောင့် ဘယ်သူတွေကြောင့်လုပ်ရလဲဆိုတဲ့အကြောင်းပြချက်တွေသေချာရေးထားခဲ့တဲ့အခါမှာတော့။ ဒီကိစ္စက လူထုအကြားမှာ ဆူဆူပူပူဖြစ်လာတဲ့အတွက် ရဲတွေအနေနဲ့ အပြင်းအထန်စုံစမ်းရပါရော။ သမီးလိမ္မာတစ်ယောက်၊ ခေတ်မီတဲ့ဇနီးကောင်းတစ်ယောက်၊ ဆရာမကောင်းတစ်ယောက်အဖြစ်နဲ့ နေထိုင်ဖို့ကြိုးစားခဲ့တဲ့ ဆာဂျီနီရှင်ဒီ။သူဘာလို့ သတ်သေဖို့ကြံစည်ခဲ့တာလဲ၊ ရုပ်ရှင်ရဲ့နာမည်အတိုင်းပဲ သူ့ရဲ့ပျံနှံ့သွားခဲ့တဲ့ဗီဒီယိုကဘာလဲ၊ သူ့ကို အကောင်းပကတိအတိုင်းပြန်ရှာတွေ့မှာလားဆိုတာ ကြည့်ရှုအဖြေရှာကြပါဦးစို့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.39GB / 586MB Quality…WEB DL 1080p /720p Format…mp4 Duration….1h ...
movie
Sajini Shinde Ka Viral Video (2023)
2023
7.8
The Lunchbox (2013)
IMDb Rating (7.8) / Rotten Tomatoes (97%)အိန္ဒိယအပြင် အာရှ ရုပ်ရှင်ဆုပေါင်း ၂၈ ခုနဲ့ ဆန်ခါတင်စာရင်းတွေမှာ ၄၈ကြိမ်ပါဝင်ခဲ့တဲ့ လွန်လေသူ မင်းသားကြီး Irrfan Khan ရဲ့ ရုပ်ရှင်လှလှလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်နာမည်က The Lunchbox ထမင်းဘူးလေးတဲ့။ ရုပ်ရှင်တစ်ခုလုံးကို ဒီအပေါ်မှာပဲ ဇာတ်အိမ်တည်သွားတယ်။သွေးအေးနေတဲ့ခင်ပွန်းသည်အတွက် ထမင်းဘူးထည့်ပေးတဲ့ အိမ်ထောင်ရှင်မတစ်ယောက် သူထည့်ပေးလိုက်တဲ့ ထမင်းချိုင့်က တခြားသူတစ်ယောက်ဆီမှားပြီးရောက်သွားရာကနေစလို့ ဒီဇာတ်လမ်းလေး စတင်ပါတယ်။ကိုယ်နဲ့တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ စာလေးတွေကတဆင့် အဖြူရောင်သံယောဇဉ်ကြိုးတစ်ချောင်း ချည်နှောင်တဲ့အခါမှာ ထမင်းချိုင့်လေးက ကြိုးသီသူလေးတစ်ဦးဖြစ်ခဲ့တာပေါ့။သူတို့ ၂ ယောက်က ဒီနေ့ဟင်းတော့ ဆားငန်တယ် ဒီနေ့ဟင်းကတော့ အစပ်များတယ် ဆိုတာကစလို့ ကိုယ့်ရဲ့ခံစားချက်တွေ အမှတ်တရတွေကိုပါ ထမင်းချိုင့်ထဲ စာလေးထည့်ပြီးပြောပြကြတဲ့အထိ ရင်းနှီးသွားခဲ့ကြပါတယ်။တစ်ကိုယ်တည်းနေတဲ့ ဖာနန်ဒက်နဲ့ အီလာတို့နှစ်ယောက်ကြား ပို့တဲ့စာလေးတွေကိုဖတ်ရင်း သူတို့ကြားက ထုတ်မပြောတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို တွေ့ရတယ်။ ချစ်ခြင်းမေတ္တာဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနိုင်ပြီး ဖွင့်ဟလို့ရတဲ့နည်းလမ်းတွေအများကြီးရှိကြောင်း ဒီရုပ်ရှင်လေးက သက်သေပါပဲ။ ဒီရုပ်ရှင်မှာ ...
movie
The Lunchbox (2013)
8.5
Dasvi(2022)
Dasvi(2022) အညွှန်း*****************IMDb...8.5မင်းသားကြီး Abhishek Bachchan ရဲ့ ကားသစ်လာပါပြီဗျား...ဟရစ် ပရာဒက်ပြည်နယ်ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဂန်ဒါ ရမ် ချောင်ထရီဟာအတန်းပညာမတတ်သော်လည်းနိုင်ငံရေးအကြောင်းနှောကျေနေပြီးအကျင့်ပျက်ခြစားတတ်တဲ့နိုင်ငံရေးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။သူ့မှာ ဗစ်လာ ဒေဗွီ ချောင်ထရီလို့ခေါ်တဲ့နုံ့နုံ့အအဇနီးတစ်ယောက်လည်းရှိပါသေးတယ်။လူတွေအပေါ်အမြဲသြဇာလွှမ်းမိုးတတ်တဲ့ဝန်ကြီးဂန်ဒါ ရမ် ချောင်ထရီတစ်ယောက်တစ်နေ့မှာစွဲချက်ပေါင်းမျာစွာနဲ့ ထောင်ချခံလိုက်ရပြီး သူ့မိန်းမဖြစ်သူက ဝန်ကြီးနေရာဆက်ခံပါတော့တယ်။ ထောင်ထဲမှာလည်း ထောင်မှူးတွေအပေါ် သြဇာညောင်းတဲ့ ချောင်ထရီဆပ်ဟာသူ့မိန်းမဦးဆောင်တဲ့အစိုးရလုပ်ငန်းတွေကိုလည်း နောက်ကွယ်ကကြိုးကိုင်နေဆဲဖြစ်ပါတယ်။အချိန်ကြာတော့ သူ့ရဲ့ရုပ်သေးရုပ်ဝန်ကြီးဖြစ်တဲ့သူ့မိန်းမဟာ ဝန်ကြီးရာထူးကိုတပ်မက်လာပြီးသူ့ကိုစတင်လျစ်လျှူရှုလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ထောင်ထဲမှာလည်း မထင်ထားတဲ့ပြဿနာတွေပေါ်လာတဲ့အပြင်သူလုံးဝလုပ်ဖို့ခက်တဲ့ ကိစ္စကြီးတွေပေါ်လာတဲ့အခါမှာတော့.....File Size :(1.0GB) and (325 MB) Quality :WEB-DL 720p Format…mp4 Duration…02:05:00 Genre : Crime , Drama,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Seiji &Jumper Neysman Encoded by Phyo Pyae
movie
Dasvi(2022)
8.0
Airlift (2016)
၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာထွက်ရှိခဲ့တဲ့ ဒီကားဟာ ထူးထူးခြားခြားဘဲ IMdb rating မှာ 9.1/10 ရှိထားတာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ မှာ အီရတ်တွေ ကူဝိတ်ကို ကျူးကျော်ဝင်ရောက်ချိန်မှာ အိန္ဒိယနိုင်ငံသားတွေကို ကူဝိတ်မှာ ရှင်းလင်းသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်ဖြင့် သာမန်တွေ့မြင်နေကြ ဘောလိဝုဒ်ကားတွေနဲ့ မတူတာတခုကတော့ ရုပ်ရှင်ဒါရိုက်တာ ၂ယောက်က ရိုက်ကူးထားခြင်းဖြစ်ပြီး ပုံမှန်ကြည့်နေကြ ဘောလိဝုဒ် ဇာတ်ကားတွေနဲ့ မတူဘဲ တမူထူးခြားကွဲထွက်နေတာကိုတွေ့ရမှာပါ။ ၂၀၁၄ ခုနှစ် က စာရင်းကောက်ယူချက်များအရဆို အိန္ဒိယ အစိုးရဟာ ဆန္ဒဟူဆိန်ရဲ့ တပ်များကျူးကျေ်ာမှုကြောင့် ကူဝိတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသားများကို Air India လေကြောင်းလိုင်းဖြင့် ၅၉ရက်အတွင်း ပျံသန်းမှုပေါင်း၄၈၈ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း တသိန်းတသောင်းတထောင်ခုနှစ်ရာခုနှစ်ဆယ့်နှ်စ့်ယောက် ကိုရွေ့ပြောင်းပေးခဲ့ရပါတယ်။ ဒီဇာတ်ကားက သမိုင်းကြောင်းတခုတည်းကိုသာမကဘဲ စစ်အတွင်း ငွေကြေးအာဏာတွေရဲ့ အရေးပါပုံ လူ့စရိုက် သဘောသဘာဝတွေကိုပါ မီးမောင်းထိုးရိုက်ကူးပြသပေးထားလို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ဘောလိဝုတ်ပရိတ်သက်တွေကတော့ အကြိုက်တွေ့မယ်ဇာတ်ကားကောင်းတကာားပါ။File size...(900MB) Quality...BR-Rip 720p Format...mp4 Duration....02:11:24 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay Translator.....Tariq L Walker အစမ်းကြည့်ရန်
movie
Airlift (2016)