Channel Myanmar

Niles Fitch

We Have a Ghost (2023) 6.1
We Have a Ghost (2023) We have a Ghostကယ်ဗင်တို့ မိသားစုဟာ စီးပွားရေးအဆင်မပြေမှုတွေနဲ့အတူ ရွှေ့ပြောင်းနေထိုင်နေကြရတာပါ။တနေ့ အိမ်သစ်ပြောင်းကြတဲ့အခါ မထင်မှတ်ဘဲ ကယ်ဗင်တစ်ယောက် သရဲတစ်ကောင်ကို စတင်တွေ့ရှိခဲ့ပါတော့တယ်။ တွေ့လျင်တွေ့ခြင်းပဲ ဖုန်းကင်မရာနဲ့ မှတ်တမ်းတင်မိခဲ့ရာက ထိုဗီဒီယိုကို အစ်ကိုကတွေ့ … ပြီးတဲ့နောက် ဖခင်ဆီရောက်သွားတဲ့အခါ...သရဲကလေး အားနက်စ်ဟာ ဝင်ငွေကောင်းတဲ့ ဆိုရှယ်မီဒီယာလောကရဲ့ သားကောင်ဖြစ်လာရပါတော့တယ်...ကယ်ဗင်ကတော့ အားနက်စ်ကို သနားနေပြီး သူ့အဖေရဲ့လုပ်ရပ်တွေကို မနှစ်မြို့တာကြောင့် အားနက်စ် ကျွတ်လွတ်ရေးကိုသာ ကြံစည်နေပါတော့တယ် …တစ်ဖက်မှာလည်း CIAမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များက ပိတ်သိမ်းထားရတဲ့ Wizard Clipဆိုတဲ့ စီမံကိန်းဟာ အားနက်စ်ရဲ့နာမည်ကျော်ကြားလာမှုကြောင့် မြုပ်ရာကနေ ပြန်ပေါ်လာပါတော့တယ်...စီမံကိန်းရဲ့ မူလရည်ရွယ်ချက်ဟာ သရဲတွေရဲ့ တည်ရှိမှုကို ရှာဖွေဖော်ထုတ်မယ် ပြီးရင် ထိန်းသိမ်းမယ် အဲ့နောက် လက်နက်အဖြစ်အသုံးပြု ရနိုင် မရနိုင် ဆန်းစစ်ကြဖို့ပဲဖြစ်ပါတယ် …ဒါပေမယ့် စီမံကိန်းဟာ သရဲတစ်ကောင်မှ လက်ဆုပ်လက်ကိုင် မပြနိုင်တာနဲ့တင် နိဂုံးချုပ်ခဲ့ရပါတယ် ...
movie

We Have a Ghost (2023)

The Fallout (2021) 7.2
The Fallout (2021) The Fallout (2021)==============IMDb Rating - 7.2/10, Rotten Tomatoes 93% Southwest Film Festival မှာ Narrative Feature Competition Grand Jury Award,Brightcove Illumination Award နဲ့ Audience Award တွေကို ရရှိထားပြီး Megan Park ကိုယ်တိုင် ရေးသားရိုက်ကူးထားပါတယ်။ The Fallout ဆိုတဲ့အတိုင်း လူငယ်တစ်ယောက်ရဲ့ ပျော်ရွှင်မြူးထူးတက်ကြွနေရမယ့်အချိန်မှာ ကျောင်းတွင်း ဆူပူမှုတစ်ခုကြောင့် စိတ်ဒဏ်ရာရသွားတဲ့ ဗေဒါဆိုသူ ဆယ်ကျော်သက်မလေး တစ်ယောက်ရဲ့ ဘ၀ခံယူပုံတွေ ၊ လူမှုဆက်ဆံရေးတွေကို အသားပေးရိုက်ကူးထားတာပါ၊ နောက်ပြီး မိဘတွေရဲ့ စိတ်ပူမှုအောက်က မွန်းကျပ်နေတဲ့ သူ့ဘ၀ကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း၊ ကိုယ်ပိုင် အတွေးအခေါ်အယူအဆတွေနဲ့ လမ်းသစ်ဖောက်ဖို့ ကြိုးစားရင်း မီယာဆိုတဲ့ သူငယ်ချင်းမလေးနဲ့အတူ အချိန်တွေကိုလည်း ကုန်ဆုံးဖြစ်ခဲ့တာပေါ့၊ ဒီလိုနဲ့ နေ့စဥ်ကြုံတွေနေရတဲ့ အတွေ့အကြုံတွေကနေတစ်ဆင့် အနေအေးသူ ဆယ်ကျော်သက်လေးတစ်ယောက်ရဲ့ ဘ၀ခံယူချက်တွေလည်း ပြောင်းလဲသွားခဲ့တာကိုတွေ့မြင်ရမှာပါ .  အေးဆေးငြိမ်သက်တဲ့ ဇာတ်အိမ်အသွားအလာနဲ့ ပရိသတ်ကို ...
movie

The Fallout (2021)

2021
St. Vincent (2014) 7.2
St. Vincent (2014) St Vincent(2014) _________________ IMDb Rating - 7.2/10ကျွန်တော်တို့ ကြားဖူးကြတဲ့ Saint ဆိုတဲ့ သူတော်စင်တွေဟာ တကယ်တော့ ကျွန်တော်တို့လို လူသားစင်စစ်တွေပါပဲလူသားတွေဖြစ်တဲ့ ကျွန်တော်တို့နဲ့ ဘာမှမကွဲပြားကြပါဘူးဒါပေမယ့် သူတို့ကို ဘယ်အရာတွေက သူတော်စင်ဆိုပြီး ဖြစ်သွားစေတာလဲသာမန်လူတစ်ယောက်ထက် ဘယ်အရာတွေက ထူးခြားသွားစေနိုင်တာလဲ ဆိုတာကိုတော့ ဒီ ဇာတ်ကားလေး ကို ကြည့်ရှုရင်း ခံစားကြည့်လိုက်ပါဗျာမင်းသားကတော့ GhostBusters,The Grand Budapest Hotel,Lost In Translation အစရှိသဖြင့် ဇာတ်ကားကောင်းများစွာနဲ့ နာမည်ကြီးပြီး Marvel ရဲ့ လာမယ့် Ant Man and the Wasp 3 မှာပါ ပါမယ်လို့ Confirmedထားတဲ့ မင်းသားကြီး Bill Murrayပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းဆိုပြီး ရေးပေးချင်ပေမယ့် ဘာကိုမှ များများစားစား ညွှန်းစရာမလိုဘဲ ကြည့်ကောင်းတဲ့ ဇာတ်လမ်းလေးမလို့ အချိန်ကုန်ရကျိုးနပ်ပါတယ်လို့ ပဲ ပြောချင်ပါတယ်(ဘာသာပြန်ပြီး ...
movie

St. Vincent (2014)

Secret Society of Second Born Royals (2020)
Secret Society of Second Born Royals (2020) Disney က အသစ်ထွက်ရှိထားတဲ့ Action,Adventure,Comedy ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဆမ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ အလီရီယာတိုင်းပြည်ရဲ့ တော်ဝင်မျိုးဆက် ဒုတိယသမီးဖြစ်သူပါ။ သူ့အစ်မ အယ်လီနောက နန်းမွေဆက်ခံရမယ့်သူပီပီ မင်းသမီးပီသ အဘက်ဘက်ကပြီးပြည့်စုံသလောက် ဆမ်ကတော့ ဘုရင်စနစ်ကိုပုန်ကန် တော်ဝင်ထုံးတမ်းတွေကို ငြီးငွေ့မုန်းတီးနေတဲ့ ပုန်ကန်ချင်တဲ့ဆယ်ကျော်သက်လေးတစ်ယောက်ဖြစ်နေပါတယ်။ သူ့မှာ မိုက်ခ်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းကောင်လေးတစ်ယောက်ရှိပြီး ပူးတွဲဂီတအဖွဲ့လေးကို တည်ထောင်ထားကြတယ်။ တစ်နေ့တော့ ကလပ်မှာလုပ်တဲ့ ဖျော်ဖြေရေးပွဲတစ်ခုကို ခိုးသွားကြရင်း စာမေးပွဲလွတ်သွားတာကို သူ့အမေ သိသွားတဲ့နောက် အဲ့ဒီစာမေးပွဲအတွက် ဆမ်ဟာ ကျောင်းပိတ်ရက်မှာ နွေရာသီသင်တန်းကိုတက်ဖို့ဖြစ်လာပါတော့တယ်။ တကယ်တမ်း အဲ့ဒီနွေရာသီသင်တန်းဟာ ဆမ်တို့လို တော်ဝင်မျိုးဆက်ရဲ့ ဒုတိယရင်သွေးတွေကို လျှို့ဝှက်လေ့ကျင့်ပေးနေတဲ့ အစီအစဉ် တစ်ခုဖြစ်ပါတယ်။ ပထမမွေးချင်းသားသမီးတွေဟာ ထီးနန်းအရိုက်အရာကိုဆက်ခံ တိုင်းပြည်ကို အုပ်ချုပ်ရပြီး ဒုတိယမွေးချင်းသားသမီးတွေကတော့ ထူးခြားတဲ့ လူသာမန်ထက်သာလွန်တဲ့အစွမ်းတွေရှိကြပြီး အဲ့ဒီအစွမ်းတွေကို အသုံးချ သူတို့တိုင်းပြည်တွေ ကမ္ဘာကြီးကို အန္တရာယ်ပြုမယ့် ရာဇဝတ်ကောင်တွေရန်က ကာကွယ်ကြရတယ်ဆိုတာကို ဆမ်သိလိုက်ရတဲ့အခါမှာတော့..။ဒစ်စနေကားပီပီ ဆယ်ကျော်သက်လူငယ်လေးတွေရင်ဆိုင်ရမယ့် ဘဝအလှည့်အပြောင်း၊ မိသားစု ပတ်ဝန်းကျင် အရွယ်ရောက်ချိန်မှာကြုံဆုံရတတ်တဲ့ ပြဿနာလေးတွေကို မီးမောင်းထိုးပြပြီး ပါဝါတွေ ကိရိယာအဆန်းတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ထားတဲ့ ပေါ့ပေါ့ပါးပါး ...
movie

Secret Society of Second Born Royals (2020)