Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nikolaj Coster-Waldau
Nightwatch: Demons Are Forever (2023)
Game of Thronesစီးရီးထဲမှာ ဂျေမီလန်နက်စတာနေရာကပါခဲ့တဲ့ မင်းသားကြီး Nikolaj Coster-Waldauနဲ့ ဒိန်းမတ်မင်းသမီးချောလေး Fanny Bornedalတို့ ပါဝင်ထားတဲ့ ထိတ်လန့်သည်းဖိုအမျိုးအစား ဒိန်းမတ်ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။အရှင်လတ်လတ် ဦးခေါင်းခွံတွေလှန်ပြီး သိမ်းထားလေ့ရှိတဲ့ စိတ္တဇလူသတ်သမားကြီးမရှိတော့တဲ့အချိန်မှာ ပုံတူကူးတဲ့ အမှုတစ်ခုဖြစ်သွားခဲ့တယ်။ အဲဒီစိတ်တ္တဇလူသတ်သမားလက်က လွတ်ခဲ့ရပေမဲ့ စိတ်ဒဏ်ရာတွေနဲ့ကျန်ခဲ့တဲ့ မာတင်နဲ့ အမ်မာဆိုတဲ့ သားဖနှစ်ယောက်။ မိခင်ဖြစ်သူကလည်း ဒီအဖြစ်အပျက်ကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့။စိတ်ဒဏ်ရာတွေနဲ့ပဲမနေချင်တဲ့ အမ်မာက သူ့အဖေတားနေတဲ့ကြားကပဲ အဖေဖြစ်သူတစ်ချိန်ကလုပ်ခဲ့တဲ့ မှုခင်းဆေးပညာဌာနက အလောင်းတိုက်မှာ ညစောင့်သွားလုပ်ခဲ့ပါတယ်။ ဒီမှာပဲ သူ့တို့မိသားစုကို စိတ်ဒဏ်ရာတွေပေးခဲ့တဲ့လူသတ်သမား မသေသေးဘူးဆိုတာသိလိုက်ရတဲ့အခါ...။ ထင်မှတ်မထားတဲ့လှည့်ကွက်တွေနဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ အားပေးကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(821 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:54:00 Genre... Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Nightwatch: Demons Are Forever (2023)
6.3
A Taste of Hunger (2021)
လူရယ်ဆိုပြီး ဖြစ်လာကတည်းက ဘ၀ကိုရုန်းကန်လှုပ်ရှားမှုတွေနဲ့ဖြတ်သန်းရမှာဧကန်မုချပါပဲ။ငယ်ရွယ်စဉ်မှာ ကျောင်းတက်ဖို့စာကျက်ဖို့ရုန်းကန်ရသလို အသက်ကြီးလာလို့လုပ်ငန်းခွင်ဝင်ရတဲ့အချိန်မှာလည်းကိုယ့်ဝမ်းရေးတစ်ထွာကို ဖြည့်ဖို့အတွက်ရုန်းကန်ရပါတယ်။သားသမီးတွေမိသားစုတွေနဲ့ဖြစ်လာတဲ့အခါမှာလည်း တစ်ကိုယ်တည်းသမားဘ၀ထက်နှစ်ဆသုံးဆပိုမို ရုန်းကန်ကြရပါတယ်။ဒီလိုရုန်းကန်ရင်းနဲ့မှဘ၀မှာ အရေးကြီးတဲ့အရာတွေကိုတော့ မမေ့သွားဖို့လိုအပ်ပါမယ်။အရေးအကြီးဆုံးကတော့ ကိုယ့်ကိုချစ်တဲ့ ကိုယ့်မိသားစုကိုမမေ့သွားဖို့ပါပဲ။အခုတင်ဆက်ပေးမဲ့ IMDb Rating 6.3 ရရှိထားတဲ့ A Taste Of Hunger ဆိုတဲ့ဇာတ်ကားထဲမှာလည်း အထက်ပါပြောသွားတဲ့အကြောင်းအရာတွေကိုပညာပေး အဖြစ်ကွက်ကွက်ကွင်းကွင်းမြင်အောင်တင်ဆက်ရိုက်ကူး ပေးထားတာပဲဖြစ်ပါတယ်။ကာစတန်ဆိုတဲ့ လူတစ်ယောက်ကအချက်အပြုတ်ကိုအရမ်းဝါသနာပါပြီး သူ့အစ်ကိုရဲ့ ဆိုင်မှာ အလုပ်လုပ်နေရတဲ့သူတစ်ယောက်ပါ။တစ်နေ့မှာတော့ ပွဲတစ်ပွဲမှာတည်ခင်းဧည့်ခံရင်းနဲ့ အလွဲလွဲအချော်ချော်တွေဖြစ်ကုန်ပြီး စိတ်ဓာတ်အရမ်းကျနေတဲ့အချိန်မှာ မက်ဂီဆိုတဲ့ကောင်မလေးတစ်ယောက်က သူရှိရာမီးဖိုချောင်ကိုဆင်းလာခဲ့ပါတော့တယ်။ဒီလိုနဲ့ သူတို့တွေစကားပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးပေးတဲ့ Motivation နဲ့တစ်ချိန်ချိန်မှာ စားသောက်ဆိုင်တစ်ဆိုင်ကိုပိုင်ဆိုင်ပြီး စားသောက်ဆိုင်တွေကြားမှာ အရမ်းအရေးကြီးတဲ့ Rating စနစ်တစ်ခုဖြစ်တဲ့ မစ်ချယ်လင်ကြယ်ပွင့်တစ်ပွင့်ရအောင်ကြိုးစားဖို့ ခြေလှမ်းစခဲ့ပါတော့တယ်။တစ်ယောက်တည်းကြိုးစားဖို့မလွယ်ကူတဲ့ ဒီခရီးရှည်ကြီးမှာဘ၀လက်တွဲဖော်အဖြစ်မက်ဂီ့ကိုရွေးချယ်ခဲ့ပြီး သူလိုချင်တဲ့မစ်ချယ်လင်ကြယ်တစ်ပွင့်ရဖို့ခရီးကို လျှောက်လှမ်းနေရင်းအရေးကြီးဆုံးမိသားစုကို မေ့လျော့သွားတဲ့အခါမှာတော့ ဘယ်လိုစိတ်ဝင်စားစရာတွေဆက်ဖြစ်မယ်ဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်.... File size…1.50 GB / 696MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ...
movie
A Taste of Hunger (2021)
7.2
Kingdom of Heaven (2005) Director’s Cut Roadshow Version
Kingdom of Heaven (2005) Director's Cut Roadshow VersionIMDb Rating (7.2)နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical ...
movie
Kingdom of Heaven (2005) Director’s Cut Roadshow Version
2005
4K HEVC
6.5
Blackthorn (2011)
IMDB rating - 6.5 Rotten Tomatoes- 75%Rating မြင့်တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးပါတယ်။၁၉၀၈ ခုနှစ် ဝန်းကျင်မှာဇာတ်အိမ်တည်ထားပြီး တစ်ချိန်က နာမည်ကြီးသရုပ်ဆောင် Sam Sherpard က ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့Blackthorn နေရာမှာသရုပ်ဆောင်ထားပြီး Blackthorn ရဲ့ငယ်ဘဝကိုGame of Throne ဇာတ်လမ်းတွဲထဲက ဂျိန်းလန်နစ်စတာကြီး(Nikolaj Coster-Waldau) ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က နာမည်ကြီး တောပုန်းလူဆိုးကြီးဘုချ်ကတ်စစ်ဒီ ဟာ ဂျိန်းစ်ဘလက်သွန်းဆိုတဲ့နာမည်နဲ့ ဘိုလီဗီးယားနိုင်ငံကမထင်မရှားရွာလေးမှာ မြင်းမွေးပြီးအသက်မွေးနေထိုင်တယ်။ တစ်နေ့သူချစ်ရတဲ့အမျိုးသမီးတစ်ယောက်က သေဆုံးသွားပြီးဆိုတဲ့သတင်းကိုကြားတဲ့အတွက်ကျန်ခဲ့တဲ့သားကိုစောင့်ရှောက်ဖို့ဆိုပြီး အမေရိကန်နိုင်ငံကိုပြန်ဖို့ပြင်ဆင်ပါတော့တယ်။ဘဏ်မှာအပ်ထားတဲ့ သူ့ပိုက်ဆံတွေကိုအကုန်ထုတ်ပြီး မြင်းတစ်ကောင်နဲ့ထွက်လာပြီး လမ်းမှာ ထွက်ပြေးလာတဲ့အယ်ဂွာဒိုဆိုတဲ့ စပိန်သားတစ်ယောက်ကသူ့ကိုလူမှားပြီးသေနတ်နဲ့ပစ်လိုက်တာ လူတော့မထိပေမယ့် မြင်းကတော့ထွက်ပြေးသွားပါတယ်။ ရှိသမျှအကုန်ထုတ်ထားတဲ့ပိုက်ဆံတွေ ပါသွားတဲ့အတွက် အယ်ဂွာဒိုကိုသတ်မယ်အလုပ်မှာသူ့မှာ ပိုက်ဆံတွေအများကြီးရှိကြောင်း ၊ သူ့ကိုကယ်ပေးရင်ဆုံးရှုံးသွားတဲ့ပိုက်ဆံတွေပြန်ပေးနိုင်ကြောင်းပြောတဲ့အခါမှာ ဇာတ်လမ်းကစတင်ပါတော့တယ်။ File size…2.02GB / 887MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ...
movie
Blackthorn (2011)
7.7
Black Hawk Down(2001)
Black Hawk Down(2001)IMDb - 7.7/10_____Rotten - 76%Won 2 Oscars. Another 9 wins & 37 nominations ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့်ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ်အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေအချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ်ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာMohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီးထိုအချိန်က မြို့တော်မိုဂါဒစ်ရှူ;ကို အုပ်စိုးခဲ့ပါတယ်နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကိုငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ်Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီးတစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာAididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့်ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီးအမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာတစ်ရက်နီးပါးကြာမြင့်သွားပါတယ်ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေစစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီးအကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့ကြည့်ဖူးတဲ့စစ်ကားတွေထဲမှာ ဒီကားမပါသေးရင်အမြန်ဆုံးသာ download လုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ် File Size :(14.55 GB) (4.3GB) (1.4GB) Quality : Web-Dl 4K ...
movie
Black Hawk Down(2001)
4K HEVC
5.5
God Is a Bullet (2023)
God Is a Bullet (2023)ဖြစ်ရပ်မှန်တွေကို အခြေခံထားပြီး Teran Boston ရဲ့ အရောင်းရဆုံးဝတ္ထုဖြစ်ခဲ့တဲ့ "God Is a Bullet" ကို ရုပ်ရှင်အနေနဲ့အသက်သွင်းထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ဘော့ဘ်က သူ့မိန်းမဖြစ်သူနဲ့ ကွာရှင်းထားပြီး သမီးဖြစ်တဲ့ဂါဘီနဲ့ ခွဲနေနေရတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့အိမ်ကို စေတန်ဂိုဏ်းတစ်ခုက ဝင်စီးပြီး မိန်းမနဲ့ သူ့ရဲ့နောက်ယောက်ျားကို ဘဝပြောင်းပေးသွားတဲ့အပြင် သမီးဖြစ်တဲ့ဂါဘီကိုပါ ပြန်ပေးဆွဲသွားပါတယ်။ဘယ်ကဘယ်လို စလိုက်လို့လိုက်ရမှန်းမသိတဲ့အချိန်မှာ တစ်ချိန်က စေတန်ဂိုဏ်းဝင်ဖြစ်ခဲ့ပြီး ထွက်ပြေးလာခဲ့တဲ့ ကေ့စ်က စေတန်ဂိုဏ်းလက်ချက်ဆိုတာကို သိပြီး ဘော့ဘ်ကိုကူညီဖို့ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီမှာ သူတို့နှစ်ယောက်ပေါင်းပြီး စေတန်ဂိုဏ်းကိုခြေရာခံရင်း ဂါဘီကို ကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။ဇာတ်လမ်းက ဒီအပေါ်ကိုအခြေခံထားပေမဲ့ စေတန်ဂိုဏ်းနဲ့မတွေ့ခင်ကြားထဲတင် ပေအတော်ရှည်တယ်ပြောရမယ်။ ဇာတ်ကောင်တွေကို စိတ်ဝင်စားစရာကောင်းအောင် တဖြည်းဖြည်းတည်ဆောက်သွားပြီးမှ လူဆိုးကြီးနဲ့ပေးတွေ့တာမျိုးပေါ့။ ဘော့ဘ်က အမြဲတမ်းစားပွဲခုံထိုင်တဲ့ လူရိုးလူအေးကြီးဖြစ်ခဲ့ပေမဲ့ သမီးဇောနဲ့ တက်တူးတွေထိုး ဂန်းတွေပါကိုင်ပြီး စေတန်ဂိုဏ်းသားတွေကို အမဲလိုက်တဲ့ ...
movie
God Is a Bullet (2023)
2023
7.4
The Flash (2023)
The Flash (2023) =============ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန် မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ် ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်း တွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန် တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင် ပါပဲ။ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်း တစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာ မန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အ တိတ်ကို ပြန်သွားပြီး သူ့အမေကို ...
movie
The Flash (2023)
2023
4K HEVC
7.0
Oblivion (2013)
Oblivion (2013) IMDb - 7.0/10_____Rotten - 53%၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသာကြီး တွမ်ခရုစ် ရဲ့ IMDb 7 ထိရရှိခဲ့တဲ့ sci-fi ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်လိုက်ပါတယ် အဟောင်းဆိုပေမယ့် မကြည့်ရသေးသူတွေ ပြန်လည်ခံစားချင်သူတွေအတွက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုလ်သားတွေနဲ့ လူသားတို့ရဲ့ တိုက်ပွဲအပြီး 2077 ခုနှစ်မှာ ဂျက်ရစ်ချာ (တွမ်ခရုစ်) ဟာ ကမ္ဘာကြီးရဲ့လုံခြုံရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့ တာဝန်ပြီးဖို့ ရက်သတ္တပတ်၂ပတ်ခန့် အလိုမှာပဲ မမျှော်လင့်ထားတဲ့ မိန်းမချောလေးတစ်ဦးကိုကယ်တင်မိရာကနေ အဲဒီ့မိန်းကလေးက လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့ရာ အကြောင်းတစ်ခုဖြစ်လာတဲ့အခါမှာတော့....။ဒီရုပ်ရှင်က ကမ္ဘာပျက်ကိန်းရုပ်ရှင်ကားတွေထဲမှာ တွမ်ခရုစ်နဲ့အတူနာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ရုပ်ရှင်ဖြစ်ပါကြောင်း။ File size…(3.8 GB)/(1.3 GB) /(830 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:04:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Oblivion (2013)
2013
4K HEVC
7.0
Enigma(2001)
Enigma(2001)************* Dougray Scott နဲ့ Kate Winslet တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးဆုကြီး(၃) ဆု လည်းရရှိထားပါတယ်.. ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီဂျာမန်တွေရဲ့ယူ-ဘုတ် ရေငုပ်သင်္ဘောတွေက ဟိုနေရာကပေါ်လာလိုက်၊ ဒီနေရာက ပေါ်လာလိုက် နဲ့ အင်္ဂလန်နိုင်ငံကို ထောက်ပံ့မယ့်လက်နက်ခဲယမ်းနဲ့ ရိက္ခာတင်သင်္ဘောတွေကို တိုက် ခိုက် ချေမှုန်းနေတဲ့အတွက်အင်္ဂလန်နိုင်ငံ ဒုက္ခအကြီးအကျယ်တွေ့နေချိန်ဖြစ်ပါ တယ်။ယူဘုတ်ရေငုပ်သင်္ဘောတွေ ကိုရှောင်ရှားဖို့၊ ပြန်လည်တန်ပြန်တိုက်ခိုက်ဖို့အတွက်အဓိကသော့ချက်ကတော့ ဂျာမန်တွေအသုံးပြုဆက်သွယ်တဲ့ အင်နစ်ဂ်မာ စက် (Enigma Machine)ရဲ့ဝှက်စာအသံလွှင့်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ဖြစ်ပါတယ်။ဒီဇာတ်လမ်း မှာတော့ သင်္ချာပညာရှင်ရယ်၊ ပျောက်နေတဲ့သူ့ကောင်မလေးရယ်၊စုံထောက်အရာရှိတစ်ယောက်ရယ်၊ သူလျှို တစ် ယောက်ရယ် ပါဝင်နေပါတယ်။သူတို့ရဲ့ လှည့်ကွက်တွေ၊ အားပြိုင်မှုတွေ၊ အတ္တတွေ၊ ချစ်ခြင်းမေတ္တာတွေကဘယ် လောက်အတိုင်းအတာထိ အရေးပါနေပြီး စစ်ပွဲအနိုင်အရှုံးထိဆုံးဖြတ်ပေးသွားနိုင်လဲဆိုတာကိုတော့. File Size :(3.1GB) (1.1GB) and (428MB) Quality : Blu-Ray1080P5.1Ch,720p Format…mp4 Duration…01:59:00 Genre : War,Romance , Drama Subtitle : Myanmar Subtitle (Hard ...
movie
Enigma(2001)
7.8
Against the Ice (2022)
Against the Ice (2022)=================IMDb Rating - 7.8/10ကဲ ဖြစ်ရပ်မှန်ရုပ်ရှင်လေး တစ်ခုလောက် ကြည့်လိုက်ရအောင်။ အာတိတ် မြောက်ဝင်ရိုးစွန်းမှာ အမေရိကန်နဲ့ ဒိန်းမတ်တွေ နယ်မြေသစ်တွေကို ရှာဖွေ နေကြတဲ့ခေတ်ပေါ့။ ဂရင်းလန်းရဲ့ အနောက်မြောက်ပိုင်းကို အမေရိကန်ဟာ သူတို့တွေ့ရှိထားပြီး နယ်နိမိတ်ပိုင်းခြားထားတဲ့ ရေမြောင်းကြီးတစ်ခု ရှိပါတယ် ဆိုပြီး အဆိုပြုလာပါတယ်။ ဒါကို ဒိန်းမတ်နယ်မြေသစ်ရှာဖွေရေး လူစွန့်စား အဖွဲ့တစ်ဖွဲ့က မဟုတ်မမှန်ကြောင်း သက်သေပြဖို့ ကြိုးစားရင် ပျောက်ဆုံးသွား ခဲ့တယ်။ ဆိုးရွားလွန်းတဲ့ ရေခဲပြင်ရာသီဥတုနဲ့ အသက်ရှင်ဖို့ ခက်လွန်းတဲ့ ဒီနယ်မြေတွေထဲမှာ ပျောက်ဆုံးသွားတဲ့ အဖွဲ့ကိုရှာဖွေရင်း ဒိန်းမတ်ရဲ့မြေကို အမေရိကန်မပိုင်ဆိုင်စေဖို့ သက်သေပြဖို့ ကြိုးစားခဲ့တဲ့ လူစွန့်စားနှစ်ဦးရဲ့ စိတ်ဓာတ်၊ စွန့်စားမှု၊ သူငယ်ချင်းသံယောဇဉ်တွေကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ သူတို့နေရာကနေ ဝင်ခံစားရင် ရင်တဖိုဖိုကြည့်ရမှာမို့ အားပေး လိုက်ပါဦး။ဒီကားမှာ Game of Throne ထဲက Jaime Lannister က အဓိကဇာတ်ကောင် နေရာကနေ သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size - ...
movie
Against the Ice (2022)
2022
5.4
Gods of Egypt (2016)
ရှေးခေတ် အီဂျစ်ပြည်ဆိုတာ အရမ်းကိုကြီးကျယ်ခမ်းနားပြီး ပျော်ဖို့ကောင်းတဲ့တိုင်းပြည်တစ်ခု။နေနတ်မင်းကြီး Ra ရဲ့ သားတော်နှစ်ပါးထဲက Osiris က အုပ်ချုပ်ခဲ့ပြီး ခုတော့ သူ့သားဖြစ်တဲ့ ကောင်းကင်ကိုအစိုးရတဲ့ Horus နတ်ကို ထီးနန်းလွှဲပေးဖို့လုပ်တယ်။ဒါပေမဲ့ Osiris ရဲ့ ညီ Horus ရဲ့ ဦးလေးဖြစ်တဲ့ သဲကန္တာရကိုအစိုးရတဲ့ Seth နတ်မင်းက ထီးနန်းလုတဲ့အတွက် Horus လည်း သူ့ရဲ့ အစွမ်းထက်လှပါတယ်ဆိုတဲ့ All seeing eye (Eye of horus) လည်း အဖြုတ်ခံရပြီး အကျဉ်းသားဖြစ်သွားရတယ်။ထီးနန်းလုတာတင်မဟုတ်ဘဲ အရမ်းကိုရည်မှန်းချက်တွေကြီး ပါဝါအရမ်းမက်နေတဲ့ Seth လက်အောက်မှာ တခြား နတ်မင်းတွေအပြင် လူသားတွေပါ မျိုးပြုတ်မဲ့ကိန်းဖြစ်နေလို့ Bek လို့ခေါ်တဲ့ အညာတရ သူခိုးလေးက ချစ်သူရဲ့ တိုက်တွန်းချက်နဲ့ နတ်မင်းကြီး Horus ရဲ့ မျက်လုံးကို ခိုးပြီး Horus ကိုကူညီပြီး ...
movie
Gods of Egypt (2016)
2016
4K HEVCHDR
6.1
The Silencing (2020)
The Silencing (2020)================IMDb Rating - 6.1/10#Unicodeဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ IMDb 6.1 ရရှိထားတဲ့ The Silencing ဆိုတဲ့ဇာတ်ကားလေးပါ။ ဒီဇာတ်ကားဟာ action, crime, thriller အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ရေဘန်ဆွမ်ဆန်ဟာ အမဲလိုက် မုဆိုးဘဝကိုစွန့်လွှတ်ပြီးတော့ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကြီးကို စောင့်ရှောက်နေတဲ့လူတစ်ယောက်ပါ။ တစ်နေ့မှာတော့ မိန်းကလေးငယ်လေးတွေရဲ့ မူမမှန်တဲ့အသတ်ခံရခြင်းတွေဖြစ်လာတဲ့အခါ......သူ့ရဲ့ ရုတ်တရက်ပျောက်ဆုံးသွားတဲ့သမီးဖြစ်သူကရောဒီကွင်းဆက်လူသတ်မှုထဲမှာ ပါဝင်နေမလားဆိုတာကို ရဲအရာရှိဂက်စတက်ဆင်နဲ့အတူ လိုက်လံစုံစမ်းကြတာကိုလျှို့ဝှက်သည်းဖိုဆန်ဆန်ကြည့်ရှုရမှာပါ။ရေဘန်ဆွမ်ဆန်အဖြစ် ကျွန်တော်တို့အကြိုက်မင်းသားတစ်ယောက်ဖြစ်တဲ့ Game of Thrones ဇာတ်လမ်းတွဲထဲမှJaime Lannister (Nikolaj Coster-Waidau) က ပါဝင်သရုပ်ဆောင်ထားပြီးတော့၊ ရဲအရာရှိဂက်စတက်ဆန်အဖြစ်Peaky Blinders ထဲက Thomas Shelby ရဲ့ အမျိုးသမီးလေး Grace က ပါဝင်သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thingyan ပဲဖြစ်ပါတယ်။)#Zawgyiဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ IMDb 6.1 ရရှိထားတဲ့ The Silencing ဆိုတဲ့ဇာတ်ကားလေးပါ။ ...
movie
The Silencing (2020)
2020
4.5
Domino (2019)
ဒီကားထဲကမင်းသမီးကတော့အကုန်လုံးနဲ့မစိမ်းတဲ့game of thronesထဲကmelisandreအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးကရိုက်ကူးထားပါတယ်....လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းနှစ်ယောက် တစ်ရက်မှာကင်းလှည့်ရင်းတစ်ယောက်အသတ်ခံလိုက်ရတဲ့အခါမှာ...သတ်သွားတဲ့သူကိုပြန်ကလဲ့စားချေဖို့လိုက်ရင်းအိုင်အက်အိုင်အက်အကြမ်းဖက်အဖွဲ့တွေနဲ့အမေရိကန်ကအထူးစုံစမ်းရေးအဖွဲ့တွေပါပါနေတာကိုသိလာတဲ့အခါ..ကိုယ်ချစ်တဲ့သူအတွက်လက်စားချေချင်စိတ်နဲ့မင်းသားနဲ့ပူးပေါင်းပြီးအမှုကိုလိုက်တဲ့အခါမှာ သူတို့တွေဖမ်းမိမလား လက်စားချေခွင့်ရောရမလားဆိုတာကိုတော့...ဇာတ်ကားလေးကြည့်ကြည့်လိုက်ပါနော် File Size : (836 MB) & (269 MB)Quality :Web DL 720pRunning Time :1hr 29 minFormat : Mp4Genre :Crime , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
Domino (2019)
2019
6.2
Mama (2013)
Director: Andres Muschiettiရိုက်ကူးတင်ဆက်ထားပြီးJanuary 18, 2013 (USA) တွင်ရုံတင်ပြသခဲ့သော ထိတ်လန့်ချောက်ခြားဖွယ်ရာရုပ်ရှင်ဇတ်ကား တစ်ခုဖြစ်ပါတယ်...ဇတ်လမ်း ပုံစံကတော့...စိတ်ကျရောဂါ စွဲကပ်နေတဲ့ ရုံးဝန်ထမ်း အမျိုးသားဟာ သူ့ရုံးက ဝန်ထမ်း အားလုံး ကိုသတ်ဖြတ်ပစ်ခဲ့ပြီး အိမ်သို့ပြန်လာက ကလေးတွေကို တံခါးပိတ်ထားပြီး မိန်းမကိုထပ်ပြီး သတ်ပစ်လိုက်ပါတယ်...ထို့နောက်တွင်သော ငယ်ရွယ်သေးသော သမီးငယ် နှစ်ဦးကို ကားပေါ်တင်ပြီးထွက်ပြေးရာတွင် ချောက်ကမ်းပါး တစ်ခုအရောက်ကားဘရိတ်ချော်ပြီး ချောက်တွင်းသို့ပြုတ်ကျသွားပါတော့တယ် သူကိုယ်တိုင် ဒဏ်ရာအနည်းငယ်သာ ရပြီးသမီး နှစ်ဦးကို လက်ဆွဲခေါ်ကာ တောတွင်းသို့ ဝင်ရောက်လာရင်းထူးဆန်းသော အိမ်တစ်အိမ်ကို တွေ့ရှိရာ ဝင်ရောက်နားခိုခဲ့ပါတယ်..ထို့နောက် ကလေးငယ် နှစ်ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ရန်ပြုလုပ်တဲ့ အချိန်မှာပဲ မမြင်နိုင်သော အရာတစ်ခုက ကလေးငယ် နှစ်ဦးရဲ့ဖခင်ကို သတ်ဖြတ်ပြီးနောက် ထိုကလေးငယ် နှစ်ဦးကို စောင့်ရှောက်ကျွေးမွေးနေပါတော့တယ်...နှစ် အနည်းငယ် ကြာပြီးနောက် ဖခင် ဖြစ်သူ ရဲ့ ညီ ကလေးတွေ ...
movie
Mama (2013)
2013
7.5
Shot Caller (2017)
ဒီဇာတ်လမ်းလေးက ဒုစရိုက်ဂိုဏ်းသားတွေရဲ့ ထောင်ထဲမှာ ဘယ်လိုခြယ်လှယ်နေတယ်ဆိုတာကို ပုံဖော်ထားတဲ့ Action ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးက လူတိုင်းက အားကျလောက်ရအောင် စီးပွားရေးလည်းအောင်မြင်မိသားစုပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ ဂျေကော့ လို့ခေါ်တဲ့လူတစ်ယောက်တစ်နေ့မှာတော့ ကံဆိုးပြီး ကားမတော်တဆဖြစ်ပြီး ကားပေါ်ပါတဲ့သူ့သူငယ်ချင်းသေသွားသလိုတစ်ဖက်လူလည်း အပြင်းအထန် ထိခိုက်မိတဲ့အတွက် ထောင်ကျသွားပါတယ် ။အကုသိုလ်ကံဆိုးမှုတွေဟာ အဖော်အပေါင်းနဲ့လာတတ်တဲ့ဆိုတဲ့အတိုင်းပဲ ထောင်ကျသွားမှပိုပြီးတာ့ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ထောင်ထဲမှာ ဒုစရိုက်သမားတွေရဲ့ ဖိနှိပ်ကွပ်ကဲမှုကို ခုခံဖို့ကြိုးစားရင်းနဲ့ သူကိုယ်တိုင်လည်းမဖြစ်ချင်ဘဲနဲ့ တဖြည်းဖြည်း လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်လာပါတယ်။ထောင်ကအထွက် သူ့ကိုလက်နက် မှောင်ခိုတစ်ခု ကွပ်ကဲဖို့ သူ့မိသားစုအသက်အန္တရာယ်ခြိမ်းခြောက်ပြီး စေခိုင်းခံလိုက်ရပါတယ်။ဂျေကော့တစ်ယောက် ဘယ်လိုနည်းလမ်းတွေ ရှာကြံပြီး သူ့မိသားစုလည်း ဘေးအန္တရာယ်မရောက်အောင်လက်နက်မှောင်ခိုမှုကို လည်းဖော်ထုတ်ပြီး ရာဇဝင်လူဆိုးတွေကိုပညာသားပါပါ ဘယ်လိုရင်ဆိုင်သွားလဲဆိုတာ စောင့်ကြည့်လိုက်ပါ ။အိမ်ထောင်ဦးစီး ဖခင်တစ်ယောက် ဒုက္ခအခက်အခဲတွေကို ကြံကြံခံရင်ဆိုင်ရင်းမိသားစုအတွက် ဘယ်လိုကာကွယ်သွားတယ်ဆိုတာကို စောင့်ကြည့်လိုက်ပါ။(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ)Quality : Bluray 720p Running Time : 2hr 01minutes Format : Mp4 Genre : Crime, ...
movie
Shot Caller (2017)
2017