Channel Myanmar

Nik Goldman

Auschwitz (2011) 5.0
Auschwitz (2011)  ဒီfilm ကတော့ ထုတ်လုပ်သူနဲ့ ဒါရိုက်တာ Uwe Boll ရိုက်ကူးထားတဲ့ နာဇီတွေရဲ့ ကွန်ဆန်ထရေးရှင်းစခန်း ( Concentration camp) အကြောင်းနဲ့ ဂျူးလူမျိုးတွေကို ရက်ရက်စက်စက် အဆိပ်ငွေ့တိုက် သတ်ဖြတ်ခဲ့တဲ့အကြောင်းကို လက်တွေ့ဆန်တဲ့ ရုပ်ပုံတွေနဲ့ အရှိကိုအရှိအတိုင်း ရိုက်ကူးတင်ဆက်ထားတဲ့ German Documentary film တစ်ပုဒ်ပဲဖြစ်ပါတယ်။နာဇီတွေရဲ့ လူသားချင်းမစာနာ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ တကယ်လက်တွေ့ ကွန်ဆန်ထရေးရှင်းစခန်းရဲ့ ခြောက်ခြားစရာ လူမျိုးပြုန်းသတ်ဖြတ်မှုတွေကို ကျောင်းသားတွေကို ဗဟုသုတနဲ့ပညာပေးဖွယ်ဖြစ်အောင် ရိုက်ကူးထားတာမို နာဇီသမိုင်းအကြောင်းစိတ်ဝင်စားပြီး အခြေခံအဆင့်ကစ သိချင်တဲ့သူတွေအတွက် လက်မလွတ်တမ်းကြည့်သင့်တဲ့ Documentary တစ်ပုဒ်ပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:12:00 Genre_Drama, War, History Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

Auschwitz (2011)

800 (2023) 9
800 (2023) 800 (2023)"ဝစ်ကတ် ၈၀၀" ====================== IMBb 9/10Sport drama ကြိုက်တတ်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် 800 ဆိုတဲ့ တမီလ်စကားပြော ဖြစ်ရပ်မှန် Sport, biography ရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ခရစ်ကတ်သမိုင်းတလျှောက်မှာ Wicket တွေ အမြင့်ဆုံးထိခဲ့တဲ့ သီရိလင်္ကာခရစ်ကတ်သမား မူရာလီရဲ့အကြောင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ်။သမ္မာကျမ်းစာကို စာအုပ်ပေါင်းများစွာနဲ့ကူးယူနေရတဲ့ ပြင်သစ်ဘုန်းတော်ကြီးတွေက ရသေ့စိတ်ဖြေလုပ်ဖို့အတွက် ခရစ်ကတ်ကစားနည်းကို တီထွင်ခဲ့တယ်လို့ တချို့ကပြောကြတယ်။ တချို့ကတော့ အင်္ဂလိပ်သိုးကျောင်းသားတွေက တီထွင်ခဲ့တာတဲ့။ဘယ်သူကပဲတီထွင်ခဲ့တီထွင်ခဲ့ အင်္ဂလိပ်တွေနဲ့အတူ အိန္ဒိယကိုရောက်လာခဲ့တဲ့ ခရစ်ကတ်ကစားနည်းကို အိန္ဒိယက မူသီယာ မူရာလီသာရန်ဆိုတဲ့ ကလေးငယ်လေးက သဘောကျသွားပြီး အရူးအမူးကစားရင်း အနိမ့်အမြင့် အတက်အကျတွေကြားထဲကနေ ကမ္ဘာ့စံချိန်ချိုးတဲ့ကစားသမားဖြစ်လာခဲ့ပုံကို ခရစ်ကတ်အကြောင်းမသိတဲ့သူတွေတောင်မှ စိတ်ဝင်စား၊ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားပါတယ်..။( ဒီရုပ်ရှင်အတွက် ဘာသာပြန်ညွှန်းဆိုသူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

800 (2023)

2023