Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Niecy Nash
6.8
The Proposal (2009)
The Proposal (2009)IMDb Rating (6.8 )Ryan Reynolds နဲ့ Sandra Bullock တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာရိုမန့်ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နာမည်ကျော်စာအုပ်တိုက်တစ်ခုမှာ ဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့ မာဂရက်ဆိုတဲ့ မမကြီးဟာ စမတ်ကျကျနေတတ်ပေမယ့် ဘော်ကျော့ပုံစံတွေကြောင့် သူမရဲ့လက်ထောက်ဖြစ်သူ အန်ဒရူးကစလို့ တစ်ရုံးလုံးက မကြည်ကြပါဘူး...ဒီလိုနဲ့ သူ့လုပ်ငန်းအခြေအနေကြောင့်ရယ် အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ Visa အခက်အခဲဖြစ်လာတာရယ်ကြောင့်အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူမရဲ့ လက်ထောက်ဖြစ်သူ အန်ဒရူးနဲ့ လက်ထပ်ဖို့ကြံစည်ပါတော့တယ်.....မိန်းကလေးက ယောကျာ်းလေးကို ပြန်ပြီး လက်ထပ်ခွင့်တောင်းမယ့်ပုံစံရဲ့နောက်ကွယ်ကအလိမ်တွေ အရှုပ်ထုတ်တွေကြားထဲ မိသားစု၊ ချစ်ခြင်းမေတ္တာတွေကိုရှာဖွေတွေ့ရှိသွားမလားဆိုတာ.......။ဝါရင့်သရုပ်ဆောင်တွေမလို့ ပရိတ်သတ်ကို တောက်လျှောက်ဆွဲခေါ်သွားမှာပါ။ File size…(2 GB )/(1 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:47:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
The Proposal (2009)
2009
7.2
Origin (2023)
Origin ( 2023 ) ==============A24ဟာ ကားကောင်းတွေ ဆန်းဆန်းပြားပြားအငွေ့အသက်ရတဲ့ ရုပ်ရှင်တွေအများကြီးထုတ်ပြီး အောင်မြင်မှုကြီးလာခဲ့သလို မနှစ်ကလည်း သူ့ဆီကထုတ်တဲ့ EEAAOနဲ့ အော်စကာတွေ တော်တော်သိမ်းခဲ့ပြီးပါပြီ။ နီယွန်ကတော့ နည်းနည်းပိုထင်ရှားလာတာတော့ A24နောက်မှပေမဲ့ ၂၀၁၉ကတည်းက သူ့ဆီကဖြန့်တဲ့ ပါရာဆိုက်နဲ့ ဒီလိုအောင်မြင်မှုမျိုးရပါပြီ။ ဒီနှစ်လည်း A24က သူဖြန့်တဲ့ The Zone of Interest နဲ့ အော်စကာရခဲ့သလို နီယွန်ကလည်း Anatomy of a Fall နဲ့ အော်စကာရခဲ့ပါတယ်။ နှစ်ဘက်စလုံးက နှစ်တိုင်းလိုလို ကောင်းပေ့ဆိုတဲ့ကားတွေချည်း ဖြန့်နေတဲ့ ကုမ္ပဏီတွေချည်းပါပဲ။ အခု Origin ( 2023 )ကလည်း နီယွန်ကကားပါပဲ။ Originဟာ တကယ်တမ်းလည်း ဇစ်မြစ်တစ်ခုကို အဖြေရှာသွားတဲ့ ရုပ်ရှင်တစ်ကားပဲ။ ဘာဇစ်မြစ်လဲဆိုရင်တော့ လူမဲတွေ လူမျိုးရေးခွဲခြားခံရခြင်းရဲ့ ဇစ်မြစ်ပေါ့။ ဘယ်လိုစသလဲဆို တော်တော်တော့ရှည်တယ်။ ဒီဇာတ်မှာတော့ လူမဲကောင်လေးတစ်ယောက်ကို ...
movie
Origin (2023)
7.5
Selma (2014)
၂၀ ရာစုရဲ့တစ်ဝက်ရောက်တဲ့အထိ လူမည်းတွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေဟာ အဆင့်အတန်းခွဲခြားမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့်တောင်ပိုင်းပြည်နယ်တွေမှာ လူမည်း သီးသန့်ရပ်ကွက်တွေ လူမည်းမဝင်ရတဲ့ စားသောက်ဆိုင် ဘားနဲ့ကလပ်တွေကနေစပြီး ရေကူးကန် စာသင်ကျောင်းနဲ့ ဘတ်စ်ကားတွေအထိ လူဖြူတွေနဲ့အတူသုံးစွဲခွင့်မရှိပါဘူး၊ တစ်နေ့မှာတော့ အလုပ်ကပင်ပန်းနွမ်းနယ်လာတဲ့ Rosa Parks ဆိုတဲ့လူမည်းအမျိုးသမီးဟာ ဘတ်စ်ကားပေါ်ကလူမည်းသီးသန့်ခုံတန်းမှာထိုင်ရင်း အိမ်ပြန်လာခဲ့ပါတယ်။အဲဒီအချိန်မှာ လူဖြူသီးသန့်ခုံများပြည့်နေတဲ့အတွက် ဘတ်စ်ကားရဲ့အနောက်ဘက်က Rosa Park ထိုင်နေတဲ့ခုံတန်းကို လူဖြူတစ်ယောက်ထိုင်ဖို့ ကားဒရိုင်ဘာက ဖယ်ခိုင်းခဲ့ပါတယ်။ Rosa Park က ဖယ်ပေးဖို့ငြင်းဆန်ခဲ့လို့ ရဲကဖမ်းဆီးခဲ့ရာမှ Montogomery ဘတ်စ်ကားသပိတ်ကြီးပေါ်ပေါက်လာပြီး သမိုင်းဝင် အရပ်ဘက်အခွင့်အရေးလှုပ်ရှားမှုကြီး (Civil Rights Movement) ပေါ်ပေါက်လာပါတော့တယ်။ ဒီလှုပ်ရှားမှုကြီးရဲ့ အဓိကခေါင်းဆောင်ကတော့ ဒေါက်တာမာတင်လူသာကင်းဂျူနီယာပဲဖြစ်ပါတယ်။Selma ရုပ်ရှင်က Civil Rights Movement ရဲ့နောက်ဆုံးနှစ်ကာလတွေကို အခြေတည်ထားတာဖြစ်ပြီး ဆယ်လ်မာမြို့နေ လူမည်းဒေသခံတွေ မဲပေးခွင့်ရဖို့တောင်းဆိုတဲ့ သမိုင်းဝင်ဖြစ်ရပ်ကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစကို ဒေါက်တာမာတင်လူသာကင်း ...
movie
Selma (2014)
4.9
Beauty (2022)
Beauty (2022) ============သီချင်းဆိုရတာကို သိပ်နှစ်သက်ပြီး၊ အသံကာလာလှတယ်လို့ နာမည်ကြီးတဲ့ ဗြူးတီး ဆိုတဲ့ လူမည်းမလေး တစ်ယောက်အကြောင်းကို Netflix ကနေပြသ ထားပါတယ်။တအား toxic ဖြစ်လွန်းတဲ့ ဖခင်ကို ပိုင်ဆိုင်ထားပြီး အရာရာ စိုးရိမ်ပူပန်လွန်း အားကြီးတဲ့ မိခင်ကို ပိုင်ဆိုင်ထားတဲ့ သူမ။ အစ်ကိုတွေရဲ့ ချစ်ခင်မှုကို မရရှိတဲ့အပြင် ဂျက်စမင်ဆိုတဲ့ ကောင်မလေးနဲ့ လိင်တူချစ်ကြိုက်နေတာကို မကြည်ဖြူကြတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းနေရတဲ့ သူမ။သူ့အတွက် တစ်ရက်မှာတော့ နာမည်ကျော်ကြယ်ပွင့်တစ်ယောက်ဖြစ်ဖို့ ကုမ္ပဏီ တစ်ခုက လာရောက်ကမ်းလှမ်းလာတဲ့အခါ အိမ်တွင်းရေးအခြေအနေတွေ ပိုဆိုး လာပါတော့တယ်။သူ(သူမ)သိပ်ကိုဖြစ်ချင်တဲ့ နာမည်ကြီးအဆိုတော်တစ်ယောက် ဖြစ်ခွင့်ပေးပါ့မလား၊ သူကိုယ်တိုင်ကရော ဖြစ်အောင် ကြိုးစားလာနိုင်ပါ့မလားဆိုတာကို ကြည့်ရှု့ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ဇာတ်အိမ်အလှည့်အပြောင်းတွေမပါဘဲ လူမည်းကောင်မလေးတစ်ယောက်ရဲ့ ခံစားချက် တွေကို အရိုးရှင်းဆုံး ထုတ်ဖော်ပြသထားတဲ့ ဇာတ်ကားလေးတစ်ကားဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားလေးမှာတော့ ဗြူးတီးအဖြစ် Gracie Marie Bradleyက သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.57 GB) / (536 MB) / ...
movie
Beauty (2022)
2022
7.8
Horton Hears a Who! (2008)
IMDb မှာ 6.9/10 ဆိုတော့ ကောင်းလားမကောင်းလားသိပ်မပြောတော့ပါဘူးကျွန်တော်တို့ရဲ့ စကြာဝဠာကြီးဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို့ သိထားပါတယ်ဒါဟာ လက်ခံထားရတဲ့ လက်ရှိအမှန်တရားဆိုလည်းမမှားပါဘူး...ကျွန်တော်တို့လို တခြားသက်ရှိတွေစကြာဝဠာကြီးထဲမှာ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်..ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီးထဲကသက်ရှိတွေအကုန်လုံးကိုတောင် ရှာဖွေလို့ မကုန်နိုင်သေးပါဘူး...ဒီကာတွန်းရုပ်ရှင်လေးက အဲ့ဒီအချက်ကိုအဓိကထားတင်ပြသွားတယ်လို့ ထင်ပါတယ်...ကျွန်တော်တို့လူသားတွေ ကမ္ဘာပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်ရာလုပ်နေကြပေမယ့်ကျွန်တော်တို့ မသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်.. ဇာတ်လမ်းအကျဉ်းလေးဆီ သွားရအောင်ဟော်တွန်ဆိုတဲ့ ဆင်ကလေးတစ်ကောင်ဟာ ပျော်ပါး ကစားနေရင်းနဲ့ပန်းဝတ်မှုံအရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာသေးသေးလေးတစ်ခုကိုအမှတ်မထင်တွေ့သွားပါတယ်...မယုံနိုင်ပေမယ့် တကယ့်အစစ်အမှန်ဖြစ်နေမှန်းသိသွားတဲ့အခါမှာကမ္ဘာသေးသေးလေးထဲက သက်ရှိလေးတွေနဲ့ဆက်သွယ်ပြီး အဲ့ဒီကမ္ဘာသေးသေးလေးကိုလုံခြုံအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်...ဒါပေမယ့်လည်း ထုံးစံအတိုင်း အဖျက်တရားကဝင်လာတဲ့အခါမှာတော့..... ဟော်တွန်တစ်ယောက် ကမ္ဘာသေးသေးလေးကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ ဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦး... တစ်ခုပြောချင်တာက ဒီလိုကာတွန်းကာတွန်းရုပ်ရှင်ဆိုတာကလေးတစ်ယောက်လိုကြည့်ရင် ကလေးကာတွန်းကားအနေနဲ့ဖြစ်ပေမယ့်လူကြီးတစ်ယောက်လို ကြည့်ရင်တော့ လူကြီးအတွေးနဲ့ရုပ်ရှင်ကားတစ်ကားဖြစ်သွားမှာပါ...ရုပ်ရှင်ကပေးတဲ့ message လေးကိုသိအောင်လုပ်ရင်းအတွေးပွားစေလိုပါတယ်... ကဲ လေကြောရှည်တာများသွားတဲ့အတွက် ပြောတာလေးရပ်ပြီးကြည့်ရှုခံစားလိုကိကြပါဦး...(သေးသေးလေးတွေတော့ ထပ်သွားတယ် )(ဇာတ်ကားအတွက် ...
movie
Horton Hears a Who! (2008)
2008
5.1
G-Force (2009)
G-Force (2009)IMDb - 5.1CM ပရိသတ်ကြီးကို စိတ်၀င်စားဖို့ကောင်းပြီး အပန်းလည်းပြေစေမယ့် comedy/family film လေးတစ်ခုတဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူးလေးတွေကို ချစ်တတ်သူဆိုရင်လည်း ဒီကားလေးကို လက်မလွှတ်သင့်ပါဘူးနော်ဇာတ်လမ်းအကျဉ်းလေးကတော့ဒါ၀င်၊ အောရက်စ်၊ ဘလက်စတာနဲ့ စပါ့ကယ်လ်တို့ဟာ စနစ်တကျ လေ့ကျင့်ပေးထားတဲ့ ပူးလေးတွေပဲဖြစ်ပါတယ်။ သူတို့ကို ထိန်းကျောင်းပေးသူကတော့ ဘန်ပေါ့။သူတို့အဖွဲ့ကို G-Force လို့ခေါ်ပြီး သူတို့ဟာ အစိုးရဘက်က လိုက်နေတဲ့အမှုကြီးတစ်ခုမှာ ပါ၀င်အားဖြည့်စုံစမ်းရတာဖြစ်ပါတယ်။ဒါပေမယ့် သူတို့ရဲ့ စုံစမ်းမှုမှာ အလွဲလေးဖြစ်သွားပြီး အစိုးရက G-Forceကို ထပ်ပြီးမထောက်ပံလွတ်အောင်ပြေးပြီး ဆိုလာရုံမက ဒါ၀င်တို့ကိုပါ ထိန်းချုပ်ဖို့ကြိုးစားပါတော့တယ်ဒီလိုနဲ့ ဒါ၀င်တို့ လေးကောင်လည်း ရန်သူတွေလက်က လွတ်အောင်ပြေးပြီး သူတို့ စုံစမ်းခဲ့တဲ့ အမှုက မမှားကြောင်း သက်သေပြန်ပြဖို့ ကြိုးစားကြပါတော့တယ် ....အစိုးရကရော ဘာအမှုကို လိုက်နေတာလဲ G-Force အဖွဲ့ကရော သူတို့မှန်ကန်ကြောင်း ဘယ်လိုလဲ သက်သေတွေပြကြဦးမှာလဲ .....ဟာသလေးတွေနှောပြီး စိတ်၀င်စားဖို့ကောင်းတာမလို့ ကြည့်ရှူကြဖို့တိုက်တွန်းလိုက်ရပါတယ် Translated by : ...
movie
G-Force (2009)
6.1
Uncorked (2020)
အခုခေတ်လူငယ်တွေရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဇာတ်လမ်းလေးပါပဲ။လူငယ်တစ်ယောက်ရဲ့ ကိုယ်ဝါသနာပါရာကိုလုပ်ဆောင်လိုစိတ် ပြင်းပြမှုကို မြင်တွေ့ရမယ်။လူငယ်တွေဆိုတာ ကိုယ်အားသာရာကို သိရဖို့ အရာရာကို စမ်းကြည့်တတ်ကြတာပါပဲ။တစ်ချို့ကတော့ လမ်းပျောက်နေကြတာလို့ ပြောကြတယ်။အဲ့ဒီလူငယ်တွေထဲမှာ Elijahလည်း အပါအဝင်ပဲပေါ့။Elijah ရဲ့အဖေက မိသားစုအမွေ စားသောက်ဆိုင်ကို ဦးစီးတဲ့သူဖြစ်တယ်။သူက Elijah ဆီ စားသောက်ဆိုင်ကို လက်လွှဲပေးချင်တာပေါ့။Elijah မြတ်နိုးမိသွားတာကတော့ ဝိုင်ကျွမ်းကျင်မှု ပညာရပ်။သူုဖြစ်ချင်တဲ့ ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းသွားမလဲ။အားပေးမှုတွေရသလို နားလည်မှုအလွဲတွေနဲ့ အခက်အခဲတွေလည်း ရှိလာမယ်။လူငယ့်စိတ်သဘောအရ စိတ်အပြောင်းအလဲတွေ မချင့်မရဲဖြစ်တာတွေလည်း ရှိဦးမှာ။ဒီဇာတ်လမ်းမှာ သားအဖနှစ်ယောက်ကြားက ဆက်ဆံရေးကိုလည်း လှလှလေးဖော်ပြထားတယ်။နောက်ပြီး ဝိုင်လောကကို အခြေတည်ထားတဲ့ ရုပ်ရှင်ဆိုတော့ဝိုင်ဝါသနာအိုးတွေအတွက် သဘောကျစရာပါ။IDMB 6.4 ရထားပြီး Drama အမျိုးအစားဖြစ်ပါတယ်။ File Size : ( 1 GB , 418 MB) Quality : WEBRip 720p Running Time : ...
movie
Uncorked (2020)
5.8
Downsizing (2017)
သိပ္ပံပညာရှင်တွေဟာ လူ ဦးရေ ထူထပ်မှုပြဿနာကို လူတွေကို ၅ လက်မအရွယ်အစား လောက်ဖြစ်အောင် ချုံ့ပစ်တဲ့အ စီအစဉ်နဲ့ဖြေရှင်းခဲ့ရာမှာ ကြုံရ မယ့် အခြေအနေလေးတွေကို တင်ဆက်ထားတာဖြစ်ပါတယ်။ ပေါလ်နဲ့အော်ဒရေတို့ဟာ ငွေရေးကြေးရေးမပြေလည်မှုတွေ ကြုံ နေရတဲ့ဇနီးမောင်နှံပါ။ ကျောင်းသားဟောင်း စုံညီပွဲတစ်ခုကိုတက် ရင်း ၅ လက်မအရွယ်ချုံ့ထားတဲ့ သူတို့မိတ်ဆွေ ဒေ့ဗ်၊ ကရိုးလ်တို့နဲ့ ဆုံခဲ့ရပါတယ်။ လူဦးရေ ထူထပ် မှုနဲ့ စားနပ်ရိက္ခာပြဿနာကို ဖြေ ရှင်းပြီးသားဖြစ်စေတဲ့ အရွယ်အ စားချုံ့တဲ့ အစီအစဉ်ကို နော်ဝေး သိပ္ပံပညာရှင်တွေက တီထွင်ခဲ့တာဖြစ်ပြီး လူအတော်များများလည်း ပါဝင်ထားပြီဖြစ်ပါတယ်။အရွယ်အစားချုံ့တဲ့ အစီအ စဉ်ကို ပေါလ်တစ်ယောက်စိတ် ၀င်စားခဲ့တဲ့အတွက် ဒေ့ဗ်နဲ့ဆွေး နွေးကြည့်ခဲ့ပြီး နောက်မှာတော့ ဆိုဒ်ချုံ့ပြီးရင်မူလအရွယ်အစား ပြန်မရနိုင်တော့မှန်းသိပေမယ့် လူတန်းစေ့နေ ထိုင်စားသောက်နိုင် ဖို့အတွက် တစ်နေ့တစ်နေ့ စိတ် ပူပန်နေရတဲ့ ပေါလ်နဲ့အော်ဒရေ တို့ဟာ ဘ၀နေထိုင်မှုပိုကောင်း မယ်လို့ယူဆရတဲ့ ...
movie
Downsizing (2017)
2017