Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nicole Beharie
7.2
(18+) Shame (2011)
ဘရန်ဒန်ဆိုတဲ့ အောင်မြင်ပြီးရုပ်ရည်ရှိတဲ့ နယူးယောက်ကလူတစ်ယောက်က လိင်မှုကိစ္စတွေကိုအသည်းအသန်စွဲလန်းနေတဲ့တစ်ယောက်ပါ။ အိမ်မှာအပျော်မယ်တွေခေါ် လိင်မှုကိစ္စမှန်သမျှကိုစွဲစွဲလန်းလန်းနဲ့ လုပ်နေပြီးတော့ တစ်နေ့မှာ သူ့ညီမဖြစ်သူ စစ်စီက အိမ်ကို ရုတ်တရက် ရောက်လာရာကနေ သူအရင်လို လိင်မှူကိစ္စတွေလုပ်မရတော့ဘဲ အူကြောင်ကြောင်ဖြစ်လာပါတော့တယ်။ဒီဇာတ်လမ်းမှာ X- men ထဲက magneto နဲ့ The killer ထဲက သရုပ်ဆောင် Michael Fassbender က လိင်စိတ်အလွန်အကျွံစွဲလမ်းနေတဲ့ နေရာကနေသေချာသရုပ်ဆောင်ပြထားပါတယ်။ ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ အဖော်အချွတ်အခန်းတွေအများကြီးပါတာကြောင့် အနည်းဆုံး လူ ၁၈ ယောက်လောက်စုပြီးမှကြည့်စေချင်ပါတယ်။ File size…(1.2 GB)/(580 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Galone Translated by Nikobaby
movie
(18+) Shame (2011)
7.5
42 (2013)
ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့်ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံးအမိမြေကိုပြန်လာကြပါတယ်။အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့်အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ်လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူးစတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီးစာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်းကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါလူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးအနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီးဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကိုဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size… 1.82 GB / 894 ...
movie
42 (2013)
2013
5.3
Honk for Jesus. Save Your Soul. (2022)
Honk for Jesus. Save Your Soul. (2022) ============================နာမည်ကြီးခရစ်ယာန်ကျောင်းတစ်ကျောင်းက သင်းအုပ်တွေဖြစ်တဲ့ ချိုင်းစ် တို့ဇနီးမောင်နှံတို့နှစ်ယောက်အကြောင်းကို မှတ်တမ်းတင်ရုပ် ရှင်ပုံစံရိုက်ကူးထားတဲ့ Peacock ကဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။သင်းအုပ်ဆရာဖြစ်သူ လီခါးတစ်ချိုင်းတစ်ယောက် လိင်မှုကိစ္စတစ်ခုကို ကျူးလွန်မိခဲ့တဲ့အတွက် လူကြားထဲမျက်နှာမပွင့်ခဲ့ရာကနေ အရဲစွန့်ပြီး သူက သူတော်ကောင်းဖြစ်ကြောင်း နတ်ဆိုးက ဝင်ပူးခဲ့လို့လုပ်ခဲ့တာဖြစ် ကြောင်း ဘာညာ အများသူငါသိရအောင်လုပ်ဖို့အတွက် အန်နီတာ ဆိုတဲ့ ရုပ်ရှင်ဖန်တီးသူတစ်ယောက်ကိုခေါ်ပြီး၊ သူတို့အကြောင်းမှတ်တမ်းတင် ရိုက်ကူးဖို့လုပ်လိုက်တယ်။သူတို့ဇနီးမောင်နှံရဲ့အဓိကရည်မှန်းချက်ကတော့ တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ သူတို့ရဲ့ ဘုရားကျောင်းကိုပြန်ဖွင့်ရင် လူတွေအများကြီးရောက်လာဖို့ပါပဲ။ ဒါဆို လူကြားထဲမှ သူတို့ ခေါင်းပြန်မော့နိုင်ပါ့မလား၊ လူတွေကရော သူတို့ဆီ ပြန်လာကြဦးမှာလားဆိုတာသိချင်ရင်တော့ ဒီမှတ်တမ်းတင် ဟာသကားလေး မှာဆက်ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naingမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Khant Sett Naing, May Thet Khine Soe တို့ဖြစ်ပါတယ်) File Size..........(1.85 GB) / (778 MB) / (476 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 42mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Khant ...
movie
Honk for Jesus. Save Your Soul. (2022)
2022
6.3
Breaking (2022)
ဒီတစ်ခါ ပရိသတ်ကြီးကို တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေး တစ်ကားနဲ့ တင်ဆက်ပေးပါ့မယ် အစိုးရဌာနတွေဆိုတာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အကျင့်ပျက်ခြစားပြီး သူများရပိုင်ခွင့်ကို ရရင်ရသလို ညှစ်ထုတ်တတ်တဲ့သူတွေဆိုတာ ဒီကားကသက်သေပြနေတာပါ နိုင်ငံအတွက်အသက်နဲ့ရင်းပြီး တိုင်းတပါးမှာ စစ်ပွဲဆင်နွှဲရလို့ မသန်စွမ်းဖြစ်တဲ့သူအတွက် တိုင်းပြည်ကပေးထားတဲ့ လစာကို ဖြတ်စားလာဘ်စားလုပ်တာကတော့ တကယ့်ကို ရွံ့ရှာစက်ဆုပ်စရာပါပဲ ခေါင်းပုံဖြတ်ခံထားရတဲ့ ပိုက်ဆံလေးရခဲ့ရင် သမီးလေးကို ခွေးလေတစ်ကောင်ဝယ်ပေးချင်တဲ့ အလုပ်မလုပ်နိုင်တော့တဲ့ ဖခင်တစ်ယောက်ရဲ့ ဝမ်းနည်းစရာဇာတ်ကြောင်းကိုလည်းသေချာလေးခံစားရမှာပါ ဇာတ်လမ်းအကျဉ်း ဘရိုင်ရန်ဆိုတဲ့ မသန်စွမ်းစစ်ပြန်ကြီးဟာ အလုပ်မလုပ်နိုင်တော့လို့ မသန်စွမ်းလစာလေးကို မှီခိုပြီး စားသောက်နေရတဲ့သူပါ မိန်းမနဲ့ကလည်းကွဲ အလုပ်ကလည်းမလုပ်နိုင် စိတ်အခြေအနေကလည်းပုံမှန်မဟုတ်တဲ့သူတစ်ယောက်အတွက် သူမှီခိုနေရတဲ့ လစာကိုမှ စစ်မှုထမ်းဟောင်းရေးရာနဲ့ နည်းပညာ ကောလိပ် တစ်ခုတို့ ပေါင်းရိုက်ပြီး ဖြတ်စားနေတာကို သိသွားတဲ့အချိန်မှာတော့ အဲဒီပိုက်ဆံပြန်ရဖို့နဲ့ စစ်မှုထမ်းဟောင်းရေးရာရဲ့ အကျင့်ပျက်ခြစားတာကိုလူတိုင်းသိသွားအောင်လို့ ဘဏ်တစ်ခုကို အနုကြမ်းစီးပြီး သူတောင်းဆိုတဲ့အရာလုပ်ပေးဖို့ မလုပ်ပေးရင် ဗုံးဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်ခဲ့တာပါ အဲဒီလိုအနုကြမ်းစီးပြီးနောက်မှာပဲ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ သူက အနုကြမ်းစီးပြီး ဘာကိုတောင်းဆိုချင်မှာလဲ ဓားစာခံတွေကိုရောဘယ်လိုဆက်ဆံမှာလဲ ...
movie
Breaking (2022)
5.7
Miss Juneteenth 2020
ပထမဦးဆုံး Juneteenth ဆိုတာက 1865 ခုနှစ်က အမေရိကန် Texas မှာရှိတဲ့ ကျွန်တွေအားလုံးကို လွတ်လပ်ရေးပေးလိုက်တဲ့နေ့ဖြစ်ပါတယ် June လ 19 ရက်နေ့ဟာ Juneteenth ( June + nineteenth ) ဖြစ်ပါတယ် ဒီဇာတ်လမ်းထဲက ဇာတ်လိုက်အမျိုးသမီးဟာ Miss Juneteenth အဖြစ် အနိုင်ရရှိဖူးသူတစ်ယောက်ဖြစ်ပါတယ် နှစ်စဉ်နှစ်တိုင်း ပညာသင်ဆုပေးဖို့အတွက် ငယ်ရွယ်သူအမျိုးသမီးတွေထဲကတစ်ယောက်ကို ရွေးချယ်လေ့ရှိပါတယ် Miss Juneteenth ရရှိခဲ့ဖူးတဲ့ တာကို့စ်ဟာ သူ့ရဲ့သမီးလေးကိုလည်း သူ့လိုပဲ Miss Juneteenth သရဖူရရှိစေချင်သူပါ။ ငွေကြေးမတတ်နိုင်တဲ့ကြားက အပင်ပန်းခံ ငွေကုန်ခံပြီး သမီးဖြစ်သူ ဒီဆုကို ဆွတ်ခူးနိုင်ဖို့ အဖက်ဖက်က ကြိုးစားပါတော့တယ်။ ဒါပေမယ့် သမီးဖြစ်သူက အကကိုပဲ ဝါသနာပါတဲ့သူဖြစ်ပြီး Miss Juneteenth ဖြစ်ဖို့ စိတ်အားထက်သန်ခြင်းမရှိပါဘူး။ လေ့ကျင်စဉ်ကာလမှာလဲ ဘာမှမလေ့လာဘဲ အလွဲလွဲအချော်ချော်တွေ လုပ်ပါသေးတယ်။ ...
movie
Miss Juneteenth 2020