Channel Myanmar

Nicolaj Kopernikus

The Little Alien (2022)
The Little Alien (2022) ကွာရှင်းတော့မယ့် မိဘတွေကြောင့်နဲ့ စိတ်ဆင်းရဲရပေမယ့် သူ့ရဲ့စိတ်ခံစားချက်ကို ထုတ်မပြောဘဲ အဆင်ပြေချင်ယောင်ပဲဆောင်နေခဲ့တဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက်။ မိဘတွေကွာရှင်းပြီးတော့ အာလန်လေးဟာ အဖေဖြစ်သူနဲ့အတူတူ နေရာအသစ်ကိုပြောင်းရွှေ့ခဲ့ကြပါတော့တယ်။ အာလန်လေးတို့ပြောင်းတဲ့နေရာအသစ်မှာနေတဲ့ ယူအက်ဖ်အိုကလပ်ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူဟာ အမြဲတမ်း ဂြိုဟ်သားတွေကို‌ ထောက်လှမ်းနေရာကနေ အာလန်လေးရောက်လာတဲ့အချိန်မှာပဲ ထူးထူးဆန်းဆန်း ဂြိုဟ်သားတွေဆီကနေ တုံ့ပြန်ချက်တွေရခဲ့ပါတော့တယ်။အဲဒီမှာ ဒုဥက္ကဋ္ဌဟာ အာလန်လေးကို ဂြိုဟ်သားလို့ထင်သွားရာကနေ သူတို့နှစ်ယောက်တွေ့ဆုံကြရင်း တကယ်ပဲ ဂြိုဟ်သားမလေးနဲ့ တွေ့ဆုံကြတဲ့အချိန်မှာတော့ ...... အာလန်လေးနဲ့ ဂြိုလ်သားမလေးတို့ တွေ့ဆုံကြရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုရမယ့် ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်)File size…(1.4 GB)/(704 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...  Animation, Adventure,, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura 
movie

The Little Alien (2022)

The Reunion (2011) 5.8
The Reunion (2011) The Reunion (2011) ============== IMDb Rating - 5.8/10ဒီဇာတ်ကားလေးကတော့ ဒိန်မတ်ဟာသဇာတ်ကား လေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၂၅ နှစ်ပြည့် အထက်တန်းကျောင်းတွေ့ဆုံပွဲကိုတက်ဖို့အတွက် တစ် တန်းလုံးကိုဖိတ်ကြားထားပါတယ်။အသက်လေးဆယ်ကျော် လူလတ်ပိုင်းများဖြစ်နေကြတာ ကြောင့် နယ်ပယ်အသီးအသီးမှာအောင်မြင်နေကြသူတွေ ပေါ့၊ ဒီထဲမှာ နေးစ်ကတော့ တွေ့ဆုံပွဲကိုမသွားချင်ဘူး ၊မိန့် ခွန်းပြောရမှာဖြစ်တဲ့အတွက် တစ်ချိန်လုံးစိတ်ဖိစီးနေတယ်။ နေးစ်ရဲ့သူငယ်ချင်းအဆိုတော်သောမတ်စ်က သူနဲ့အတူသွားဖို့ စည်းရုံးနေတယ်။သူတို့သူငယ်ချင်း အန်ဒရေးအက်စ် အိမ်ထောင်အဆင်မပြေ တာကိုနှိမ့်သိမ့်အနေနဲ့ရော မစုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်း သုံးယောက်အတူတူ တွေ့ဆုံပွဲသွားမယ့်မတိုင်ခင်တစ်ရက်မှာ အတူတူခရီးထွက်ဖို့တိုင်ပင်လိုက်ကြပါတယ်၊ ဒီလိုနဲ့ သူငယ် ချင်းသုံးယောက် သောက်စားမူးယစ်ပြီးတလွဲတွေလုပ်ကြတဲ့ အခါမှာတော့.....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.0 GB) / (800 MB) / (472 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Tin Myo Lwin Encoder..........SWM
movie

The Reunion (2011)

2011