Channel Myanmar

Nicola Sloane

The Theory of Everything (2014) 7.7
The Theory of Everything (2014) The Theory of Everything (2014) Imdb - 7.7 / Rotten Tomatoes 80%ဒီဘက်​ခေတ်​ရဲ့ အကြီး​ကျယ်​အခမ်းနားဆုံး သိပ္ပံပညာ​ရှင်တွေထဲကတစ်ဦးအဖြစ် လူသိများကြတဲ့ သီအိုရီရူပဗေဒပညာရှင် Stephen​ Hawking ရဲ့ အတ္ထုပတ္တိရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ Hawking ရဲ့ တက္ကသိုလ်​ကျောင်းသားဘဝကစလို့ နာမည်​ကျော်​သိပ္ပံပညာ​ရှင်ဖြစ်​လာတဲ့အထိ သူ့ရဲ့​ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ Hawking​ အဖြစ်​သရုပ်ဆောင်​ထားတဲ့ Eddie Redmayne က ဒီ​ဇာတ်​ကားနဲ့ပဲ အော်​စကာဆုကိုရရှိခဲ့ပါတယ်။Stephen Hawking​ ရဲ့ Biopic ရုပ်ရှင်​ဖြစ်ပေမဲ့ နားလည်​ဖို့ခက်ခဲလွန်းတဲ့ Black Hole သီအိုရီတွေ Quantum​ တွေကိုအသားပေးထားတာမဟုတ်ဘဲ Hawking နဲ့ ဇနီး​ဖြစ်သူ​ Jane တို့အကြားက ချစ်​ခြင်း​မေတ္တာ​တရားတွေ၊ သံယောဇဉ်​အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ Hawking​ ခံစား​နေရတဲ့ Motor Neuron ရောဂါ​ကို နှစ်​ဦး​သား​အတူရင်ဆိုင်ပြီး ဘဝကို​ရှင်သန်​ရှာဖွေခဲ့ကြပုံကို တင်ဆက်​ထားတဲ့ ကြည်​နူး​ဆွတ်ပျံ့​ဖွယ်ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင် ...
movie

The Theory of Everything (2014)

2014
Tale of Tales (2015) 6.4
Tale of Tales (2015) Tale of tales (2015) =================== IMDb - 6.4/10, Rotten Tomatoes - 83%ဒီကားလေးကတော့ ၂၀၁၅ခုနှစ်ထွက် horror/fantasyအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်‌အတိုင်းပဲ မတူညီတဲ့ ပုံပြင်သုံးပုဒ်အကြောင်းကို ကြည့်ရမှာပါ။ ရာပန်ဇယ်တို့ စင်ဒရဲလားတို့ကိုရေးခဲ့တဲ့ အီတလီစာရေးဆရာGiambattista Basileရဲ့ ပုံပြင်တွေအပေါ် အခြေခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။အိမ်နီးချင်းနိုင်ငံသုံးနိုင်ငံရှိပြီး တစ်နိုင်ငံစီရဲ့အရှင်သခင်တိုင်းက သူ့စွဲလမ်းမှုနဲ့သူပါ။ ပထမပုံပြင်က ကလေးလိုချင်နေတဲ့ဘုရင်မကြီးအကြောင်းဖြစ်ပြီး ဒုတိယကတော့ ဘုရင်ကြီးက အထင်မှားပြီးစိတ်၀င်စားခံရတဲ့အဖွားကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ တတိယပုံပြင်ကတော့ သန်းအမွေးကောင်းလို့ သမီးတော်ကိုဆုံးရှုံးလိုက်ရတဲ့ဘုရင်ကြီးအကြောင်းဖြစ်ပါတယ်။ တစ်ပုဒ်ချင်းစီရဲ့ မတူညီတဲ့ဇာတ်ကြောင်းတွေကို horror themeဖက်နွယ်ပြီး ဆန္ဒတစ်ခု တပ်မက်စိတ်တစ်ခုကြောင့် ဘယ်လိုအဆုံးသတ်သွားရလဲ စိတ်၀င်တစားကြည့်ရှုရမှာပါ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Soe Thiri Swe ပါ )File size_(2.4GB)/(1.2GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:14:00 Genre_Drama, Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri ...
movie

Tale of Tales (2015)

Mr. Turner (2014) 6.8
Mr. Turner (2014) အနုပညာ၊ သမိုင်းနဲ့ ပြဇာတ်ကို ကြိုက်နှစ်သက်သူတွေအတွက်18 ရာစုနှစ်မှာကျော်ကြားခဲ့တဲ့ ဗြိတိသျှ ပန်းချီဆရာ J. M. W. Turner ရဲ့၂၅ နှစ်စာ ဘဝဖြတ်သန်းပုံနဲ့ အလုပ်အကြောင်း ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဒါရိုက်တာ Mike Leigh ရိုက်ကူးထားတာဖြစ်ပြီး၈၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲနဲ့ ၆၈ ကြိမ်မြောက်ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆုပေးပွဲတွေအပြင် များပြားလှတဲ့ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆန်ကာတင်စာရင်းအနေနဲ့ ပါဝင်ပြီးဆုတွေလည်းရရှိခဲ့ပါတယ်။ပန်းချီဆရာ J. M. W. Turner အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင်မင်းသားကြီး Timothy Spall ဟာလည်းဒီရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်ရဲ့ Cannes ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။ ပန်းချီဆရာ မစ္စတာ Turner ရဲ့နောက်ဆုံး ၂၅ နှစ်ကြာအသက်မွေးဝမ်းကြောင်းဘဝကိုလေ့လာကြည့်ရှုရမှာဖြစ်ပြီး ၊ သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေ၊လူမှုရေးဖိအားတွေ၊ ပရော်ဖက်ရှင်နယ်စိန်ခေါ်မှုတွေနဲ့ သူ့ဘဝရဲ့ အချစ်ရေးရာဆက်ဆံရေးတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာတွေကို မြင်ရမှာပါ။J. M. W. Turner ဥရောပတခွင်ပတ်ပြီး ဆွဲခဲ့တဲ့ သူ့ရဲ့ ...
movie

Mr. Turner (2014)

2014
Season of the Witch (2011) 5.4
Season of the Witch (2011)  14 ရာစုနှစ်မှာ လူဖြစ်လာခဲ့ရင် အသက်ရှင်သန်ဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ကိုးကွယ်တဲ့ ဘာသာတွေ လွှမ်းမိုးမှု ရရှိနိုင်ဖို့ ဘာသာရေးစစ်ပွဲတွေ အပြိင်အဆိုင် ဆင်နွှဲကြတဲ့ ခေတ်ကာလ အမျိုးသမီးတွေဆိုရင် ဆေးကုတော်တာ ရေမနစ်တာ အဲဒီလိုအဖြစ်မျိုးတွေ ကြုံလာခဲ့ရင်တောင်မှ စုန်းမဖြစ်တယ်/ စုန်းပညာ တတ်စားတယ်ဆိုပြီး အထင်လွဲခံရတဲ့ ခေတ် စုန်းမ လို့ အထင်မှား ခံရတာနဲ့ ကြိုးပေးမယ်/ရေနှစ်သတ်မယ် ပြန်လည်ချေပခွင့်မရှိခဲ့ဘူး ဒီဇာတ်လမ်း ဖြစ်ပုံက Bhemen နဲ့ Felson ဆိုတဲ့ ဘာသာရေးစစ်သူရဲကောင်း ၂ယောက်ဟာ ရှေ့တန်းကနေ စစ်မတိုက်တော့ပဲ ပြန်လာခဲ့ကြတယ်။ သူတို့ အပြန်လမ်းမှာ မြို့တစ်မြို့ကို ရောက်တော့ လူတွေက ကပ်ရောဂါဘေးကြောင့် သေကြပျက်စီးစပြုနေကြပြီ ဒီလိုဖြစ်တာ ၃ နှစ် ကြာပြီဆိုတာလည်း စုံစမ်းသိရပြီးနောက် Bhemen နဲ့ Felson တို့ နှစ်ယောက် မြို့ကနေ ထွက်ဖို့ ...
movie

Season of the Witch (2011)

Les Misérables (2012) 7.6
Les Misérables (2012) Les Miserables (2012) ၁၈၁၅ ခုနှစ်က ပြင်သစ်မြို့ရဲ့ ခေတ်အနေအထားကိုပြသနေတဲ့ ဒီဇာတ်လမ်းလေးကို အော်ပရာဇာတ်ခုံပေါ်ကနေ တီဗီဖန်သားပြင်ထက်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲတင်ဆက်ပေးထားတာပါ... ဒီဇာတ်ကားလေးထဲမှာ X-Men ဇာတ်ကားထဲမှ ကိုယ်တွေရဲ့ လိုဂန်မင်းသားကြီး Hugh Jackman နဲက ဦးဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကိုတော့ ပေါင်မုန့်ခိုးမိလို့ ၅ နှစ်, ထွက်ပြေးဖို့ကြိုးစားလို့ ၁၄ နှစ်, စုစုပေါင်း ၁၉ နှစ်အပြစ်ပေးခံထားရတဲ့ ဂျန်းဗယ်ဂျန်လို့ခေါ်တဲ့ လူကို အန္တရာယ်ရှိတဲ့သူအဖြစ် ခံဝန်စာချုပ်နဲ့လွှတ်ပေးလိုက်တာမို့လို့ လုပ်ကိုင်စားသောက်လို့မရအောင် ဒုက္ခသုက္ခရောက်နေရာက အစပြုခဲ့ပါတယ် သူဟာဂျောင်ပိတ်မိနေတဲ့အဆုံး ခံဝန်စာချုပ်ကိုဖြဲဆုတ်လိုက်ပြီး ဘဝသစ် နာမည်သစ်နဲ့ အသစ်တစ်ဖန်ပြန်စတင်ခဲ့ပါတယ်... ဒီလိုမပြောင်းလဲခင်မှာ သေးနုတ်တဲ့သူ့ရဲ့သူခိုးတစ်ယောက်စိတ်ဓာတ်ကနေ ဆင်းရဲတဲ့သူတွေကို ကယ်တင်ပေးပြီး မေတ္တာတရားနဲ့စိတ်သဘောထားကြီးလာအောင် ဘုန်းတော်ကြီးတစ်ပါးက ပြောင်းလဲပေးခဲ့ပါတယ် ဗယ်ဂျန့်နောက်ကို ရေဆုံးမြေဆုံး ရှာဖွေနေတဲ့ အင်စပက်တာဂျဗက်ဟာ အစပိုင်းမှာ ဇဝေဇဝါနဲ့မြို့တော်ဝန် တစ်ဖြစ်လဲ ဗယ်ဂျန့်ကို သံသယသာဝင်ပေမဲ့ အဖြစ်မှန်ကိုသိသွားခဲ့တော့ ဘယ်လိုဆက်ဖြစ်မလဲ... ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဖန်တင်ဆိုတဲ့ အမျိုးသမီးရဲ့ သမီးလေး "ကိုဆက်" သူဌေးသားပေးမဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကိုဆက်နဲ့ မြင်မြင်ချင်းမေတ္တာသက်ဝင်သွားနေတဲ့ "မာရီးယက်စ်" ကိုဆက်နဲ့ငယ်စဥ်ကအတူကြီးပြင်းခဲ့ပေမဲ့ မတူညီတဲ့ဘဝလမ်းကို လျှောက်လှမ်းနေရရှာတဲ့ အီဖိုနီ ဒီဇာတ်ကောင်တစ်ခုချင်းဆီရဲ့ ဇာတ်ကြောင်းလေးတွေသိရအောင် ဒီဇာတ်လမ်းလေးကြည့်ဖို့တိုက်တွန်းချင်ပါတယ် တေးသရုပ်ဖော်ကြိုက်နှစ်သက်သူတွေ အော်ပရာဇာတ်လမ်းနှစ်သက်သူတွေအတွက်တော့ အားရစရာဖြစ်မှာပါ အော်ပရာမကြိုက်သူများကြည့်ရင်လည်း ရင်ထဲတစ်ခုခုကျန်မဲ့ ဇာတ်လမ်းဖြစ်မှာကျိန်းသေပါတယ်.. Les Miserables ...
movie

Les Misérables (2012)

2012
The Danish Girl (2015) 7.1
The Danish Girl (2015) The Danish Girl (2015)IMDb - 7.1/10_____Rotten - 67%Won 1 Oscar, 31 wins & 79 nominations. ဒီဇာတ်လမ်းဟာ ၁၉၂၆ မှာ ဒိန်းမတ်နိုင်ငံက ပန်းချီဆရာလင်မယားရဲ့ အကြောင်းကို ရိုက်ယူထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုပါတယ်။ ပန်းချီဆိုတာ အရောင်တွေ သုံးပြီး ကင်းဗတ်စပေါ် ရေးတယ် ဆိုတာလောက်ပဲ သိတဲ့ ကျနော့်အတွက်တော့ သူတို့ဆွဲတဲ့ ပန်းချီ အမျိုးအစားအယူအဆတွေ ဘာလဲဆိုတာတော့ မသိပါဘူး။ ယောက်ျားဖြစ်သူ Einar က ရှုခင်းပုံဆွဲပြီး သူ့အမျိုးသမီး Gerda က ပုံတူရေးဆွဲတယ်လို့ပဲ ဆိုပါတော့။ တရက်မှ Gerda ဟာ ပုံတူရေးဆွဲရာမှာ မော်ဒယ်လ်ထိုင်ဖို့ အမျိုးသမီးရောက်မလာလို့ သူ့ယောကျာ်း Einar ကိုပဲ အမျိုးသမီးလို ဆင်ပေးပြီး မော်ဒယ်လ်ထိုင်ခိုင်းခဲ့တယ်။ အမှတ်မထင်ပဲ အဲ့ပန်းချီကားဟာလည်း ...
movie

The Danish Girl (2015)

2015