Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nicol Paone
6.6
Eagle Eye (2008)
အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ဝင်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမဝင်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ဝင်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ...
movie
Eagle Eye (2008)
2008
4K HEVC
6.2
This Is 40 (2012)
This is 40 ကိုတင့်တို့ ၄၀ အရွယ် လင်မယားတွေ ကြာလာရင် မမြင်ရလေကောင်း လေဆိုတာကို မြင်ဖူးကြမှာပါတစ်ယောက် နဲ့ တစ်ယောက် သေးသေးလေးကအစဝေဖန် အပြစ်တင် ပြောဆိုပြီး တကျီကျီ ရန်ဖြစ်ကြရင်းထို့အတူ ပိထ် ဆိုတဲ့ Paul Rudd ကသီချင်းကုမ္ပဏီထောင်ထားသူ တစ်ဦး ဖြစ်ပြီးခေတ် နောက်ကျ ကျန်ခဲ့ပြီဖြစ်တဲ့ သူ့ကုမ္ပဏီရဲ့ အဆိုကျော် ဂရေဟမ်ရဲ့တေးသီချင်းတွေကို ပေါက်အောင် ကြိုးစားရင်း ရုန်းကန်နေသူ တစ်ဦးပါ။တစ်ဖန် သူ့ မိန်းမ ဒက်ဘီကတော့ အထည်ဆိုင်ဖွင့်ထားသူ တစ်ဦးပါ။သူတို့က ၄၀ ပြည့် ဘဝရဲ့ အချိုးအကွေ့ တစ်စိတ်တစ်ပိုင်းမှာဘဝ တိုးတက် ကောင်းမွန် ရေးအတွက် ပြုပြင်ဖို့ကြိုးစား နေကြပါတယ်။သို့ပေမဲ့ သူတို့ရဲ့ အဖြစ်က ကသီနိုင်ပြီးတော့ကပ်သီးကပ်သပ် ဖြစ်နေပါရော။ပိထ်မှာ မိဘစရိတ် မနားတမ်း တောင်းဆိုတတ်တဲ့အဖေ တစ်ဦးရှိပြီး သူ့မှာကလည်း နောက်အိမ်ထောင်အပြင်အမြွှာကလေး သုံးယောက်နဲ့ပါ။ ဒက်ဘီမှာကျ ၁၅ နှစ်လုံး ...
movie
This Is 40 (2012)
2012
5.8
The Heartbreak Kid (2007)
The Heartbreak Kid (2007) ====================လူတိုင်းက အချစ်ရေးမှာ “Right person, right time” ဖြစ်ချင်ကြတဲ့သူတွေ ချည်းပဲမလား။ ကိုယ့်အတွက် right person မဟုတ်ရင်လည်း စိတ်ညစ်ရ၊ right person နဲ့တွေ့ပေမယ့် right time မဟုတ်ပြန်ရင်လည်း ခွဲခွါရ။ right timeမှာ right personနဲ့ စုံစည်းခွင့်ရသူက ကံကောင်းသူလို့ ဆိုရမလိုပဲ။ ဒီဇာတ်လမ်းလေး ကတော့ wrong personနဲ့ တွေ့ပြီး စိတ်ဆင်းရဲနေတဲ့အချိန်မှာ right personနဲ့ wrong time မှာ တွေ့မိတဲ့ ကံဆိုးရှာသူလေးအကြောင်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း လူပျိုကြီး အက်ဒီကို ရည်းစားထားဖို့ သူ့ဖခင်က တိုက်တွန်းနေရပါတယ်။ အက်ဒီရဲ့ သူငယ်ချင်းကလည်း သူ့ရဲ့အိမ်ထောင်သည်ဘဝက ပျော်စရာတဲ့အကြောင်း အက်ဒီ ကို အမြဲကြွားပြနေပါတယ်။ အက်ဒီကလည်း အက်ဒီပါပဲ။ ၅နှစ်လောက် စေ့စပ်ထား ခဲ့တဲ့ ကောင်မလေးနဲ့တောင် ပြတ်ခဲ့တယ်ဆိုပဲ။ အဲဒီတော့ ဇီဇာကြောင်၊ ရွေးရင်း လူပျို ကြီး ဖြစ်ကျန်ခဲ့တယ်ဆိုပါတော့။ တစ်နေ့တော့ ...
movie
The Heartbreak Kid (2007)
2007
7.0
Funny People(2009)
Funny People(2009)*******************လူတစ်ယောက်ဟာ အပြင်ပန်းမှာပျော်နေသလို၊ ရယ်မြူးနေသလို ထင်ရပေမယ့် အတွင်းစိတ်မှာတော့ ပူပန်မှုတွေ၊စိုးရိမ်သောကတွေ၊ အထီးကျန်ဝမ်းနည်းစိတ်တွေနဲ့ ရှင်သန်နေရတာမျိုး လူ့လောကမှာရှိတတ်ကြတာ သဘာဝပါ။အငြိမ့်စင်ပေါ်မှာ ကပြအသုံးတော်ခံနေတဲ့ လူရွှင်တော်တိုင်းဟာ သူတို့ထုတ်လိုက်တဲ့ပြက်လုံးတွေထဲကလိုဘဝကအမြဲရယ်မောပျော်ရွှင်စရာကောင်းချင်မှ ကောင်းပါလိမ့်မယ်။ဒါဟာ လူ့ဘဝရဲ့ ပုံမှန်ပြယုဂ်ပါပဲ။ အခက်အခဲ၊ အကျပ်အတည်းနဲ့ စိတ်အလိုမကျစရာတွေက"ဪ၊ သူကတော့ ပြက်လုံးတွေထုတ်တတ်တဲ့ လူရွှင်တော်ပဲ"ဆိုပြီး မကျရောက်လာတာမျိုး မရှိပါဘူး။ဒီလောကဓံတရားရဲ့ပြကွက်ကိုတော့ အခုဇာတ်ကားလေးထဲမှာ ခြယ်မှုန်းလှစ်ဟပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ခ်ျဆင်မွန်ဟာ အောင်မြင်တဲ့ တစ်ခန်းရပ်လူပြက်တစ်ယောက်ဖြစ်ပါတယ်။တီဗီဇာတ်လမ်းတွေ၊ ဟာသရှိုးတွေဝက်ဝက်ကွဲရိုက်ရပြီး ပြောင်မြောက်တဲ့ ပြက်လုံးတွေကြောင့်ပရိသတ်ကြားရေပန်းစားရတဲ့ အထင်ကရလူပြက်တစ်ယောက်ပါ။ကိုယ်ပိုင်အိမ်၊ခြံဝန်းနဲ့ စတိုင်ကျကျနေနိုင်ပြီး ဂျက်လေယာဉ်ဝယ်စီးနိုင်လောက်တဲ့အထိ ဝင်ငွေကောင်းပါတယ်။ဒါပေမယ့် ကံအကြောင်းမလှစွာနဲ့ပဲ သူ့မှာ AML လို့ခေါ်တဲ့သွေးအားနည်းရောဂါဆန်းတစ်မျိုး စွဲကပ်လာပါတယ်။ရောဂါအသစ်ဖြစ်လို့ ကုသနိုင်မယ့်ဆေးမရှိသေးတာကြောင့် ဘဝကိုလက်လျှော့အရှုံးပေးရမလိုဖြစ်နေချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကိုအထင်ကြီးအားကျတဲ့ လူပြက်ပေါက်စ အိုင်ရာရိုက်နဲ့ ဆုံမိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့...............ဒီဇာတ်ကားကိုကြည့်ရင်း မိတ်ဆွေတို့လည်း ကိုယ့်ဘဝကိုယ်တစ်ချက်လည်ပြန်စောင်းငဲ့ကြည့်မိကြမှာပါ။အဒမ်ဆန်ဒလာ၊ ဆာ့သ်ရော်ဂန်နဲ့ လက်စ်လီမန်းတို့ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ reviewကောင်းတွေလည်းရရှိထားတာဖြစ်ပါတယ်။File Size :(4.05 GB) (1.4 GB) and (445 ...
movie
Funny People(2009)