Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nicky Rebello
7.2
Duma (2005)
ဒီဇာတ်ကားက တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးသူတွေ အတော်သဘောကျမယ့် ဇာတ်ကားလေးပါ။ ဒါပေမဲ့ ခါတိုင်းလို ခွေးလေး၊ကြောင်လေးတွေရဲ့ ဇတ်လမ်းမျိုးမဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်လိုဖြစ်နေတဲ့ ချီတာကျားသစ်လေးတစ်ကောင်အကြောင်းပါ။ IMDb7.2နဲ့ RT 95% ရထားပါတယ်။ ဇန်ဆိုတဲ့ကောင်လေးရဲ့ အိမ်မှာ လသားလေး အရွယ်ကတည်းကရောက်ရှိနေတဲ့ ဒူးမားဆိုတဲ့ကျားသစ်လေးကို တစ်အိမ်လုံးဝိုင်းပြီးချစ်ခင်ကြသလို သူကိုယ်တိုင်လည်း အိမ်မွေးတိလေးတစ်ကောင်လိုမျိုး အရမ်းယဉ်ပါးတဲ့ ကောင်လေးတစ်ကောင် ဖြစ်နေတာပါ။ဒါပေမဲ့ ဇန်ရဲ့ဖခင်ဖြစ်သူ ဆုံးပါးပြီးနောက် သူတို့မိသားစုရဲ့အိမ်မှမြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ရချိန်မှာတော့ ဘယ်လိုပဲ လူယဉ်တဲ့တိလေးဖြစ်နေပါစေ၊ ကျားသစ်က ကျားသစ်၊ သားရဲက သားရဲပဲဖြစ်လို့ ခေါ်ထားဖို့အဆင်မပြေတဲ့ အခြေအနေဖြစ်လာပါတယ်။ဒါကြောင့်ပဲ ဇန်က သူကိုယ်တိုင် ဒူးမားလေးကို စတွေ့ခဲ့တဲ့တောထဲပြန်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီဇာတ်ကားလေးထဲမှာဇန်နဲ့ ကျားသစ်လေး ဒူးမားတို့ရဲ့ သံယောဇဉ်တွေ၊ သူတို့ကြုံရမယ့်အခက်အခဲပေါင်းများစွာနဲ့ စွန့်စားမှုတွေကို ကြည့်ရှုခံစားရမှာပါ။ချစ်ဖို့ကောင်းတဲ့ တိကားလေးဖြစ်လို့ မိသားစုနဲ့အတူတူကြည့်ရှုဖို့အဆင်ပြေမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File size…2.85 GB / 1.24 GB Quality…WEB-DL 1080p 5.1 ...
movie
Duma (2005)