Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nickolas Wolf
5.5
Cassadaga (2011)
လီလီဟာ ငယ်စဉ်ကတည်းက အကြားအာရုံချို့တဲ့ခဲ့တဲ့ ပန်းချီဆရာမတစ်ဦးဖြစ်ပါတယ်။ သူမတက္ကသိုလ်ရှိရာ ကာဆာဒက်ဂါမြို့လေးကိုပြောင်းရွှေ့လာကာစမှာပဲ ဝိဉာဉ်ခေါ်ဆရာဆီသွားပြီး သေဆုံးသွားတဲ့ညီမဖြစ်သူရဲ့ ဝိဉာဉ်နဲ့ဆက်သွယ်ဖို့ကြိုးစားပါတယ်။ ဝိဉာဉ်ခေါ်ပွဲမှာကမောက်ကမအဖြစ်အပျက်တစ်ခုကြောင့် မဆိုင်တဲ့ဝိဉာဉ်ပါရောက်လာပြီးလီလီကိုလိုက်လံခြောက်လှန့်ပါတော့တယ်။ဝိဉာဉ်ရဲ့ခိုင်းစေချက်အရ လီလီဟာ စိတ္တဇလူသတ်သမားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းမိလျက်သားဖြစ်သွားပြီး အဲဒီဝိဉာဉ်ကိုယ်တိုင်ဟာလည်း အဆိုပါလူသတ်သမားရဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရသူတစ်ယောက်ဆိုတာ သိလာရပါတယ်။ စိတ္တဇလူသတ်သမားဟာ အမျိုးသမီးငယ်လေးတွေကို လူသားရုပ်သေးရုပ်ဖြစ်အောင် ဖြတ်တောက်ပြီး အမျိုးမျိုးနှိပ်စက်ညှင်းပန်းတတ်သူဖြစ်ကြောင်း ထင်ရှားလာတဲ့အပြင် လီလီကိုယ်တိုင်ဟာလည်း လူသတ်သမားရဲ့လက်ထဲကျရောက်ရမယ့်အဖြစ်မျိုး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါတော့တယ်။လီလီဟာ လူသတ်သမားလက်ကလွတ်နိုင်ပါ့မလား..လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ဖော်ထုတ်နိုင်ပြီး သေဆုံးသွားတဲ့အမျိုးသမီးငယ်လေးရဲ့ ဝိဉာဉ်အတွက် လက်စားချေပေးနိုင်ပါ့မလား...လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ကကော ဘာတွေရှိမလဲ..လီလီကကော သူ့ကိုခြောက်လှန့်နေတဲ့ ဝိဉာဉ်ရဲ့လက်က လွတ်မြောက်နိုင်ပါ့မလားဆိုတာ Cassadaga ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။R rated ဖြစ်တာကြောင့် သွေးထွက်သံယိုနဲ့ ထိတ်လန့်စရာ ဇာတ်ဝင်ခန်းများပါဝင်မှာဖြစ်ပါတယ်... File size… 1.87 GB / 805 MB Quality… Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 8m Genre ….. Horror , ...
movie
Cassadaga (2011)
7.5
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie
The Hunger Games: Catching Fire (2013)
2013
4K HEVC
6.2
The Family Plan (2023)
Shooter ရုပ်ရှင်နဲ့ လူသိများတဲ့ မင်းသား Mark Wahlberg ရဲ့အက်ရှင် ဟာသကားအသစ်ထွက်လာပါပြီ။ ဒီကားကတော့ အချိန်ပေးရကျိုးနပ်ပါလိမ့်မယ်။ အက်ရှင်တွေနဲ့ ဇာတ်လမ်းနဲ့ ဟာသနဲ့ သူ့နေရာနဲ့သူကိုက်ပါတယ်။ ခပ်ကြမ်းကြမ်း မိသားစု ဟာသကားပါပဲ။ ဇာတ်လမ်းအကျဉ်း ***************ဒန်ဟာ တစ်လက်ကိုင်ကားတွေ ပြန်ရောင်းတဲ့ ကားအရောင်းကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မိန်းမကတော့ ကာယကုဆရာမဖြစ်ပြီး၊ သူတို့မှာနီနာဆိုတဲ့ သတင်းထောက်ဖြစ်ချင်တဲ့ သမီးတစ်ယောက်၊ ဂိမ်မာ သားတစ်ယောက်နဲ့နို့စို့အရွယ် မက်စ်ဆိုတဲ့ကလေးလေး ရှိပါတယ်။ ပျင်းစရာမိသားစုဘဝလေးပါပဲ။ဒါပေမဲ့ မိသားစုအက်ရှင်ကားပီပီ ဒန်ဟာ အတိတ်တုန်းက နာမည်ကြီး ကြေးစားလုပ်ကြံရေးသမားဖြစ်ခဲ့ပြီး အနားယူဇာတ်မြှပ်နေတာပါ။ အတိတ်က ရန်သူတွေပြန်လိုက်လာတဲ့အခါ ဒန်က သူ့မိသားစုကိုခေါ်ပြီး နိုင်ငံထဲကနေ ထွက်ပြေးဖို့ကြိုးစားရပါတော့တယ်။ ဒီကားမှာတော့ သူ့မိသားစုကို ဖွင့်မပြောဘဲ အပမ်းဖြေခရီးလိမ်ပြီးခေါ်လာပြီး တစ်လမ်းလုံး မိသားစုမသိအောင် ရန်သူတွေကိုတိတ်တိတ်လေးကြိတ်ရှင်းရတာကမျိုးနဲ့ ရိုက်ထားတာမို့ကြည့်လို့ကောင်းပါလိမ့်မယ်။ကြည့်ကြည့်လိုက်ကြပါဦး။ File size…4.71GB / 2.06 GB / 989MB Quality…WEB-DL 4K HEVC /1080p 5.1 ...
movie
The Family Plan (2023)
4K HEVC
6.1
Landscape with Invisible Hand (2023)
လူသားတွေရဲ့ ကမ္ဘာကြီးဟာ လောဘမောဟဒေါသတွေနဲ့ တဖြည်းဖြည်းပျက်စီးလာနေပါပြီ။စီးပွားရေးတွေဆုတ်ယုတ်နေသလို နည်းပညာတွေကလဲမတိုးတက်တော့ပါဘူး။အဲ့ဒီအချိန်မှာ ကမ္ဘာဂြိုလ်ပေါ်ကို ဗက်လို့ခေါ်တဲ့ဂြိုလ်သားတွေရောက်လာခဲ့ပါတယ်။ စစချင်းတုန်းကတော့ လူတွေရဲ့ထုံးစံအတိုင်းငြင်းဆိုခဲ့ကြပေမဲ့ အကွက်မြင်တတ်ကြတဲ့စီးပွားရေးသမားတွေကဗက်တွေရဲ့နည်းပညာ မြင့်မားမှုတွေကိုမြင်ပြီးသူတို့နဲ့ပူးပေါင်းခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကမ္ဘာကြီးက တကယ်နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ အလယ်ကနေဟက်တက်ကွဲသွားတာမျိုးမဟုတ်ပဲနဲ့အပေါ်နဲ့အောက်နဲ့ကွဲသွားခဲ့တာဖြစ်ပါတယ်။လေပေါ်လွင့်မြောနေတဲ့ကမ္ဘာကြီးရဲ့အပေါ်မှာ နေရတဲ့လူတွေကချမ်းသာတဲ့လူတွေ ဂြိုလ်သားတွေကိုကပ်ဖားရပ်ဖားလုပ်ပြီး ကောင်းကောင်းမွန်မွန်နေထိုင်နေရတဲ့ လူတွေဖြစ်ပြီး မြေကြီးပေါ်မှာနေရတဲ့လူတွေကတော့ဆင်းရဲပြီးကြမ်းတမ်းခက်ခဲတဲ့ ဘဝတွေကိုကြုံတွေ့နေရတာပဲဖြစ်ပါတယ်။အက်ဒမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကနိမ့်ကျတဲ့ မြေကြီးပေါ်ကမ္ဘာမှာနေနေရတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်သူ့မှာ တခြားသူတွေထက်သာတဲ့အရာက သူတို့မိသားစုမှာ နေစရာအိမ်တစ်လုံးရှိနေတာပါပဲ။တစ်နေ့မှာတော့ အက်ဒမ်ကကျောင်းမှာ ကလိုဝီဆိုတဲ့အိမ်ခြေရာမဲ့ ကောင်မလေးနဲ့တွေ့ပြီးစိတ်ကောင်းရှိသူကြီးပီပီ ကောင်မလေးရဲ့တစ်မိသားစုလုံးကိုအိမ်ပေါ်ခေါ်တင်ထားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာသူတို့တွေနဲ့ဂြိုလ်သားတွေကြားမှာ ဘယ်လိုစိတ်ဝင်စားစရာတွေ ဘယ်လိုအဆင့်အတန်းခွဲခြားမှုတွေရှိလဲ ဆိုတာကိုကြည့်ရင်းနဲ့ ကိုယ်တွေကမ္ဘာကိုဂြိုလ်သားတွေလာသိမ်းပိုက်လာရင်ဘယ်လိုတွေဖြစ်လောက်မလဲ ဆိုတာကိုရိုက်ကူးထားတဲ့စိတ်ကူးယာဉ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…2.77GB / 861MB Quality… AMZN.WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 45m Genre ….. Comedy , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Landscape with Invisible Hand (2023)
5.6
The Curse of Bridge Hollow (2022)
၂၀၂၂ ရဲ့ အောက်တိုဘာ ၃၁ ရက် ဟောလိုးဝင်း နေ့ရက်လေး နီးကပ်လာတာနဲ့အတူ ဟောလိုးဝင်းရဲ့ အဓိကဇာတ်ဆောင် ဆမ်ဟိန်း အကြောင်း ပြောကြတာပေါ့ဗျာ။ ဒါပေမဲ့ ဆမ်ဟိန်းက ဖန်တစ်ရာတေနေပြီဆိုတော့ နောက်တစ်ယောက်အကြောင်း ပြောင်းပြောကြတာပေါ့။စဂျင်ဂျီ ဂျက် တဲ့။ သကောင့်သားက ငယ်တုန်းက လူ့ခွစာ၊ ကြီးလာတော့ လူ့အမြောက်စာ။ လူတကာ့ချဉ်ဖက်။ ဒီတော့ တစ်နေ့မှာ ဘရစ်ခ်ျ ဟောလိုးရွာသားတွေက ဝိုင်းသမပြီး ဆွမ်းကြီးလောင်းကြပါသတဲ့။ ဒီလိုနဲ့ အသားလွတ်သေသွားတဲ့ "ကိုကိုဂျက်" ကို စေတန်သခင် "ကိုလူစီဖာ" က သနားလို့ သူ့ဝိညာဉ်နဲ့ အပေးအယူလုပ်၊ ရွှေဖရုံသီးတစ်ခုမှာ နေရာပေးထားသတဲ့။ ပြီးတော့ ဝိညာဉ်လောကကနေ လူ့လောကကို ဟောလိုးဝင်းည နေဝင်ကနေ သန်းခေါင်အထိ ဝင်ရောက်စိုးမိုးခွင့် ပေးထားသတဲ့။တစ်နှစ်မှာတစ်ရက်၊ တစ်ရက်မှာ ညတစ်ပိုင်းပဲ ကဲရတဲ့ ကိုကိုဂျက် သိပ်မကျေနပ်နိုင်တော့ လူတို့ပြည်မှာ ထာဝရနေရဖို့အရေး သူ့ဝိညာဉ်နေရာ ...
movie
The Curse of Bridge Hollow (2022)
7.9
Spider-Man: Homecoming (2017) MCU
Tobey Maguire နဲ့ Andrew Garfield တို့ပြီးတဲ့နောက်မှာ သုံးကြိမ်မြောက် Reboot လုပ်ခဲ့တဲ့Tom Holland ရဲ့ တကယ့်ကို လူငယ်ဆန်တဲ့ အငွေ့အသက်တွေလွှမ်းခြုံနေတဲ့Spider Man Homecoming ဟာ ၂၀၁၆နှစ်ကုန်ပိုင်းမှာ ထွက်လာတဲ့ Marvel Comic ဖန်တွေ အကြိုက်လောက်ဆုံး Spider Man Reboot Movie တစ်ခုဖြစ်ခဲ့ရပါတော့တယ် Tobey နဲ့ Andrew အလွန် ၂၀၁၆မှာတော့ ကျွန်တော်တို့လို Comic Fan တွေအတွက် Cilvil War မှာ လူငယ်မင်းသား Tom Holland က ဆန္ဒတွေ ဖြည့်ဆည်းပေးလိုက်တော့တယ်။သူ့ကို စတင် Cast လုပ်လိုက်လိုက်ချင်း ဝေဖန်သံတွေ ပေါ်ထွက်ခဲ့ပေမယ့်အဲဒီ ဝေဖန်သံတွေကို Civil War မှာ Tony Stark ရဲ့ Underoses ဆိုတဲ့ စကားနဲ့ ...
movie
Spider-Man: Homecoming (2017) MCU
2017
4K HEVC
6.3
Irresistible 2020
Irresistible (2020) မှာ ဝင်စတန်လို့ခေါ်တဲ့ မြို့ငယ်ကလေးကို နိုင်ငံရေးပါတီကြီးတွေရဲ့ အာရုံစိုက်မှု ခံရတဲ့ခါ ဖြစ်လာတဲ့အရာတွေကို ဟာသဆန်ဆန်ရိုက်ကူးပြထားပါတယ်။ ဒီမိုကရက်တစ် ပါတီတင် ဂယ်ရီက အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးတ်၏ယောက်က အလုပ်သမားတွေဘက်ကနေ ရပ်တည်ပြီး ပြောဆိုတဲ့ ဗီဒီယိုကို အင်တာနက်မှာ တွေ့သွားပြီး သူတို့ပါတီ ပြန်လည်အနိုင်ရဖို့ သော့ချက်ကို တွေ့ပြီလို့ ယုံကြည်သွားပါတယ်။ ဒါပေမယ့် ရီပါ့ပလစ်ကန် ပါတီဘက်က သူနဲ့ယှဉ်ပြိုင်ဖို့ အတော်ဆုံးဖြစ်တဲ့ ရို့စ်ဆိုတဲ့ အမျိုးသမီးကို လွှတ်ပေးလိုက်တဲ့အခါ သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာပြီး နောက်ဆုံးမှာ ဘယ်ပါတီက အနိုင်ရသွားမလဲ... Irresistible (2020) ဟာ အမေရိကန်ရဲ့ နိုင်ငံရေးကို သရော်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 41min Genre : Comedy, Drama Subtitle ...
movie
Irresistible 2020
6.3
Anchorman 2: The Legend Continues (2013)
ရွန်ဘွန်ဂနီပြန်လာပါပြီ ဒီအပိုင်း၂မှာတော့ ရွန်ဟာ ဗရိုနီကာနဲ့အိမ်ထောင်ကျပြီး သားလေးတစ်ယောက်ပါ ရထားပါပြီ မိန်းမဖြစ်သူနဲ့ အတူတူတကွ သတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်နေရင်းမှ အထက်လူကြီးက ဝန်ထမ်းလျှော့တဲ့ ကာလမှာ သူ့မိန်းမကို ရာထူးတိုးပေးပြီး သူ့ကိုတော့ အလုပ်ဖြုတ်လိုက်ပါတော့တယ် ဒီမှာတင် မိန်းမဖြစ်သူနဲ့ အချေအတင်စကားများကြပြီး ရွန်တစ်ယောက် အိမ်ပေါ်ကဆင်းကာယစ်ထုပ်ကြီးတစ်ယောက်ဖြစ်လာပါတော့တယ် အဏ္ဏဝါပြတိုက်တစ်ခုမှာ တင်ဆက်သူလုပ်နေတဲ့ယစ်ထုပ်ကြီး ရွန် အဲ့အလုပ်ကပါ အလုပ်ပြုတ်ပြီးသူ့ဘာသာသူသတ်သေဖို့ကြံတဲ့အထိ ဘဝကို အရှုံးပေးလိုက်ပါတယ် သို့သော်လဲ တစ်မိုးအောက်တစ်ယောက်ရွန်ကို လူတစ်ယောက်က သတင်းကြေငြာဖို့လာခေါ်ပါတယ် အဲ့ခေတ်အခါက၂၄ နာရီလုံး သတင်းကြေငြာတဲ့ ရုပ်သံလိုင်းတွေကမရှိသေးဘဲ စွန့်ဦးထုတ်လွှင့်ဖို့ ရွန်ကိုလာငှါးတာပါ အဲ့မှာတင်ပဲရွန်တစ်ယောက် ထိုအလုပ်ကိုလက်ခံပြီး သူ့ရဲ့ တစ်ကွဲတစ်ပြားစီဖြစ်နေတဲ့ သူငယ်ချင်း၃ယောက်ကိုပါပြန်ခေါ်လို့ နယူးယော့မြို့ကြီးမှာ သတင်းတင်ဆက်သူအဖြစ် ပြန်လာရောက်ရှိလာပါပြီ အလွဲတွေနဲ့ ရွန်တစ်ယောက် နယူးယော့မှာ ဘယ်လိုတွေတွေ့ကြုံဦးမလဲ ဆိုတာကို ဆက်လက်ကြည့်ရှူခံစားရယ်မောလိုက်ပါဦး... --------------------------------------------------------Translated by Waizin WayneEncoded by sithu
movie
Anchorman 2: The Legend Continues (2013)
2013
N/A
Trico :Tri Happy Halloween (2018)
ကြောက်စရာမကောင်းဘဲ ချစ်ဖို့ကောင်းတဲ့သရဲမလေး ပါတဲ့ ဟာသဖန်စီ ဇာတ်မြူး ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ ဇာတ်လမ်းလေးကတော့ အဖေအိုကြီးဆုံးသွားပြီးနောက်တစ်ကိုယ်ထဲအထီးကျန်နေတဲ့ အမေဖြစ်သူကို ပြုစုဖို့ မိသားစုတစ်စု နယူးယော့ကနေ မီယာမီကိုပြောင်းရွေ့လာခဲ့ပါတယ် နယူးယော့ကအိမ်ကိုရောင်းပြီး အမေ့အိမ်နဲ့ မနီးမဝေးကအိမ်တစ်လုံးကိုဝယ်ပြီး မီယာမီကိုပေါက်ချလာတဲ့မိသားစု ဖြစ်ချင်တော့ ပေါင်ချောင်ကောင်းဆိုပြီးဝယ်လိုက်တဲ့ အဲ့အိမ်ကြီးက မီယာမီမှာ နာမည်ကြီးသရဲခြောက်တဲ့အိမ်ကြီးဖြစ်နေပါတယ်။ အရင်အိမ်ရှင်တွေဖနောင့်နဲ့တင်ပါး တသားထဲကျအောင်ထွက်ပြေးရသည်အထိ ခြောက်လှန့်တာကြမ်းတဲ့ ဒီအိမ်ကိုသူတို့မိသားစုဘယ်လိုများနေကြမလဲ တစ်ဖက်ကလဲ အဲ့အိမ်ကြီးမှာ မကျွတ်မလွတ်ဖြစ်နေတဲ့ မောင်နှမ၂ယောက်က သူတို့အိမ်ကြီးနဲ့ထိုက်တန်တဲ့သူ မလာမချင်း ခြောက်လှန့်လျက်ရှိပါတယ် သရဲမောင်နှမနဲ့ မိသားစုထဲက သားအကြီးနဲ့ သမီးလေးတို့နဲ့ ဘယ်လိုရှေ့ဆက်လဲဆိုတာတော့ ကြည့်လိုက်ကြပါဦး.. ( ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားတာကတော့ WaiZin ပဲဖြစ်ပါတယ်) File Size : (1.10GB) & (260 MB) Quality : WEB-DL 1080p Running Time : 1h 30min Format : Mp4 Genre : Family Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL.DDP5.1.H.264-MZABI Translated by ...
movie
2018