Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nick Cassavetes
Impulse (2023)
ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဆိုဖီယာဟာ လူစိတ်ဝင်စားမှုများနေတဲ့ လူသတ်မှုသတင်းတွေကို လိုက်ရင်းနဲ့ ဒွိဟဖြစ်စေတဲ့ သီအိုရီတွေရဲ့ ဆွဲဆောင်ခြင်းကို ခံလိုက်ရပါတယ်။ လူစိတ်ဝင်စားမှုမြင့်တက်စေတဲ့ လူသိများကျော်ကြားသူတွေ သက်သေအစအနမရှိဘဲနဲ့ အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေကို လိုက်ရင်းနဲ့ ဆိုဖီယာဟာ မထင်မှတ်ထားဘဲ ဇိန်းဆိုသူ အုပ်ချုပ်တဲ့ ဂိုဏ်းဆန်ဆန်နယ်ပယ်ကို သတိထားမိသွားပါတော့တယ်။လူသတ်မှုတွေဟာ အချိတ်အဆက်ရှိတယ်လို့ တွေးမိသွားတဲ့နောက် ဂျာနယ်လစ်တစ်ယောက်အနေနဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို ထုတ်ဖော်ဖို့ ကြိုးစားနေတဲ့ ဆိုဖီယာဟာ သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ကြောက်စရာကောင်းလွန်းတဲ့ ဇိန်းအဖွဲ့အစည်းနဲ့ ပတ်သက်နေမိသူလည်း ဖြစ်ပါတယ်။ဇိန်းအုပ်ချုပ်တယ်ဆိုတဲ့ အဖွဲ့အစည်းဟာ ကမ္ဘာပေါ်က အရေးပါအရာရောက်သူတွေဖြစ်ကြတဲ့ သတင်းမီဒီယာအကြီးပိုင်းတွေ၊ နိုင်ငံရေးပိုင်းက အကောင်ကြီးကြီးအမြီးရှည်ရှည်တွေ၊ ဟောလိဝုဒ်နာမည်ကျော်တွေအထိပါ ပါဝင်ပတ်သက်နေရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ အရာရာကို ခြယ်လှယ်ချုပ်ကိုင်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ကမ္ဘာကိုတောင် လွှမ်းမိုးခြယ်လှယ်နေတယ်လို့ သိထားရတဲ့ သူတို့အဖွဲ့အစည်းကို အရိပ်အစိုးရလို့ ခေါ်ကြတယ်။ အရိပ်အစိုးရလို့ ခေါ်တဲ့ ကမ္ဘာပေါ်က ကဏ္ဠတော်တော်များများကို ချုပ်ကိုင်ခြယ်လှယ်နေတဲ့ ဇိန်းတို့အဖွဲ့အစည်းအကြောင်းကို သတိထားမိသွားချိန်မှာတော့ ...
movie
Impulse (2023)
6.4
The Hangover Part II (2011) Part 2
The Hangover Part II (2011) IMDb Rating (6.5) / Rotten Tomatoes (34%)❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို ...
movie
The Hangover Part II (2011) Part 2
Bad Hombres (2023)
Bad Hombres Knights of the Zodiac, Muzzle, On My Blockတို့လို ရုပ်ရှင်စီးရီးကောင်းတွေထဲက မင်းသား တစ်လက်ဖြစ်တဲ့ Diego Tinocoနဲ့အတူ Queen of the South, Peter's to do list, Rango, Spiderman (Tom Holland's versions), Perry Masson စတဲ့ ရုပ်ရှင်စီးရီးကောင်းတွေနဲ့ လူသိများကြတဲ့ Hemky Maderaတို့က ဇာတ်လမ်းကို အတိုင်ဖောက်ညီညီ ဦးဆောင်ထားကြပါတယ်။ဒါ့အပြင် Tyrese Gibson၊ Luke Hemsworth၊ Thomas Janeတို့လို actors တွေကပါ ဇာတ်လမ်းကို ပိုပြီး အဓိပ္ပာယ်ရှိသွားအောင် အားဖြည့်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ဖီးလစ်က အီကွေဒေါလို ဆင်းရဲတဲ့နိုင်ငံကနေ မိသားစုကို ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် ကြိုးစားမယ်ဆိုပြီး အမေရိကန်နိုင်ငံဆီမှာ အလုပ်လုပ်ဖို့ ...
movie
Bad Hombres (2023)
6.5
Queenpins(2021)
Queenpins(2021) အညွှန်း*********************ဒီတစ်ခါကားလေးမှာတော့ Bebe Rexha နဲ့ Frozen ထဲကဇာတ်ကောင် Anna ရဲ့အသံသရုပ်ဆောင် Kristen Bell တို့ပါဝင်ထားပါတယ်.....ဥာဏ်များပြီးဇွဲရှိတဲ့ Connie Kaminski (Kristen Bell) ဟာစျေးဝယ်ကူပွန်တွေစုပြီးအသုံးစရိတ်တွေကိုပါးပါးနပ်နပ်နဲ့လျှော့ချတတ်ပါတယ် ....တစ်နေ့သူအကြံရလာတာကတော့.... စျေးဝယ်ကူပွန်တွေကို ပုံနှိပ်စက်ရုံကနေခိုးထုတ်ပြီးအွန်လိုင်းကနေ ဝက်ဘ်ဆိုဒ်ထောင်ကာအလကားရလာတဲ့ကူပွန်တွေကို တစ်ဝက်စျေးနဲ့ပြန်ရောင်းတာပေါ့ ...ဟက်ကာမ သူငယ်ချင်းတစ်ယောက်နဲ့ ဘော်ဒါတစ်ယောက်ပါ သူ့လုပ်ငန်းထဲပါဝင်လာခဲ့တယ်...ဒီလောကထဲမှာ အတော်အတန်ကျင်လည်ပြီးနောက် သူတို့တွေဟာ ဈေးကွက်ကိုကြီးစိုးနေတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုပါ အပီအပျင်ဗျင်းဖို့ ကြိုးစားလာတဲ့အခါမှာတော့...သူတို့ဘယ်လောက်ထိအောင်မြင်မလဲ....ရဲတွေနဲ့ရော ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲ....ဒီကားက အမျိုးသမီးတွေကို အဓိက ဇာတ်အိမ်တည်ထားပြီး တော်တော်ကိုမြိုင်ဆိုင်ပါတယ်...ဘက်ဂျင်လည်း တော်တော်လေးသုံးထားလို့ ဒေါင်းကြည့်တဲ့သူတွေအဖို့အပန်းဖြေဖို့ရာ ထိုက်တန်စေတဲ့ကားတစ်ကားဖြစ်ပါကြောင်း ညွှန်းဆိုပါရစေ...File Size :(1GB) and (365 MB) Quality :WEBRip 720p Format…mp4 Duration…01:50:00 Genre : Crime , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Yi & ...
movie
Queenpins(2021)
5.7
Prisoners of the Ghostland (2021)
Prisoners of the Ghostland (2021)=========================IMDb Rating - 5.7/10မင်းသားကြီး Nicolas Cageရဲ့ 2021ထွက် အသစ်စက်စက် actionဇာတ်ကားကြီးရပါပြီ၊ ဒီကားကတော့ လူကြမ်းကြီးနဲ့မင်းသမီးလေး နှစ်ပါးသွားကြမယ့်ဇာတ်ကားပါ။ဇာတ်လမ်းအညွန်းကတော့ ဂျပန်ဆာမူရိုင်းတွေချည်းပဲ နေထိုင်တဲ့မြို့လေးတစ်မြို့ကို ဇတ်ဇတ်ကြဲဘဏ်ဓါးပြကြီး Heroတစ်ယောက် ဓါးပြသွားတိုက်ရာ အတိုက်မတော် တစ်ကျွန်းဆိုသလို ထောင်နန်းစံမြန်းလိုက်ရပါတယ်၊ဖြစ်ချင်တော့ အဲ့ဒီမြို့အကြီးအကဲရဲ့ မြေးမလေးဖြစ်သူ ဘားနစ်က Nightoutထွက်ရင်း Ghostlandလို့ခေါ်တဲ့ ဖုန်းဆိုးမြေတစ်ခုမှာပျောက်ချင်းမလှ ပျောက်ဆုံးသွားပါတယ်၊ မြေးမလေးကို ပြန်ရှာဖို့အတွက် အကြီးအကဲက ဓါးပြကြီး Heroကို သူ့ရဲ့ထောင်ဒဏ်နဲ့အပေးအယူလုပ်ခဲ့ပါတယ်၊ Heroတစ်ယောက် ဘားနစ်ကို Ghostlandကြီးထဲမှာ ကောက်ရိုးပုံထဲအပ်ပျောက်ရှာသလို လိုက်ရှာဖို့မြို့အကြီးအကဲပေးလိုက်တဲ့အချိန်က "၅ရက်"ထဲပါ။ဘားနစ်ကို ဓါးပြကြီးHeroတစ်ယောက် ဘေးမသီရန်မခပဲ ပြန်ခေါ်လာနိုင်မှာလား၊ ၅ရက်အတွင်း ပြန်မခေါ်လာနိုင်ရင် ဘာပြစ်ဒဏ်ခံရမလဲ၊ဘားနစ်ပျောက်ဆုံးသွားတဲ့ Ghostlandဆိုတာ ဘယ်လိုနေရာမျိုးလဲ၊ ဘယ်သူတွေကျက်စားနေကြတဲ့နေရာမျိုးလဲ၊ ဘာလျှို့ဝှက်ချက်တွေရှိနေလဲဆိုတာကို Nicolas Cage ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း အရွန်းဖောက်ထားတဲ့ ဟာသတွေ၊ အပြောအဆိုခပ်ကြမ်းကြမ်း၊အလန်းစားအက်ရှင်တွေနဲ့ ရိုက်ကူးထားတာဖြစ်လို့ ...
movie
Prisoners of the Ghostland (2021)
2021
7.3
Face/Off ( 1997 )
အက်ရှင်၊ thriller လို့ပြောတာနဲ့ ဘယ်ခေတ်ကိုရောက်ရောက်ရိုးမသွားမယ့် ရုပ်ရှင်တစ်ကား တင်ပေးလိုက်ပါတယ်။IMDb 7.3 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်ကြည့်ဖူးသူတွေကတော့ မေ့မှာမဟုတ်ပါဘူး။ နီကိုးလတ်ကေ့ နဲ့ဂျွန်ထရာဗိုတာတို့ အပြိင်ကျဲခဲ့တဲ့ကားပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်၊ရိုက်ချက် အားလုံးကောင်းပါတယ်။ သားဖြစ်သူကို သတ်သွားတဲ့အကြမ်းဖက်သမားကို တစ်ဘဝလုံး နှစ်မြှပ်ပြီး လိုက်ဖမ်းနေခဲ့တဲ့အက်ဖ်ဘီအိုင်အေးဂျင့် ရှောင်ဟာ နောက်ဆုံးတော့အကြမ်းဖက်သမား ကတ်စတာကို မိသွားပါတယ်။ မိသွားချိန်မှာကတ်စတာ ထောင်ခဲ့တဲ့ ဗုံးနေရာကို သိဖို့အတွက် ကတ်စတာရဲ့မျက်နှာကိုခွာယူပြီး ခွဲစိတ်ပြုပြင်ပြီး ကတ်စတာ အဖြစ်ဟန်ဆောင်စုံစမ်းနေရပါတယ်။ဒီအချိန်မှာပဲ ကတ်စတာက ရှောင်ရဲ့ မျက်နှာကို ယူပြီးအက်ဖ်ဘီအိုင်အေးဂျင့်အဖြစ် ပြန်လိုက်ဒုက္ခပေးတဲ့အခါမှာ….. Quality : Bluray 1080p (5.1ch ) HEVC & Bluray 720pDuring : 2h 18 minFormat : mkv ( 1080p ) , mp4 ( 720p )Subtitle ...
movie
Face/Off ( 1997 )
1997