Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nick Brimble
6.2
Control(2004)
အကျင့်ဟောင်းတွေဆိုတာက ဖျောက်ဖို့ခက်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့အကျင့်ဆိုးတွေကိုပျောက်သွားစေမဲ့ ဆေးဆိုတာပေါ်လာခဲ့ရင်ရော ဘယ်လိုဖြစ်သွားမလဲ။ လီရေးလ်ဟာ ကလေးဘဝတုန်းကကြုံခဲ့ရတဲ့စိတ်ဒဏ်ရာတွေကြောင့် အသက်ကြီးလာတဲ့အခါမှာလည်း လူဆိုးတယောက်ဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာ သူကျူးလွန်ခဲ့တဲ့ လူသ-တ်မှုတွေကြောင့် သူ့ကို ဆေးထိုးသ-တ်ဖို့ တရားရုံးကအမိန့်ချမှတ်လိုက်ပါတယ်။ ဒီလိုနဲ့သေဒဏ်ကိုကျခံခဲ့လိုက်ရပေမဲ့လည်း သူကတကယ်မသေသေးပဲ သူ့ရဲ့ဘဝမှာကောင်းတာတစ်ခုလောက်လုပ်ဖို့ အခွင့်အရေးပေးလာခဲ့ပါတယ်။ အဲတာကတော့ အန်နာဂရက်စ်ဆိုတဲ့ စိတ်ကို ပြောင်းလဲစေပြီး အပြုအမူတွေကိုပါပြောင်းလဲပေးတဲ့ ဆေးစမ်းသပ်ချက်မှာပါဝင်ပေးဖို့ပါ။ ဆေးကလည်းအသစ်ဖြစ်တဲ့အပြင် အခုမှလူတွေအပေါ်မှာစတင်စမ်းသပ်မှာဖြစ်လို့ ဘယ်လိုဘေးထွက်ဆိုးကျိူးတွေရှိလည်းဆိုတာကိုမသိရသေးတဲ့ဆေးပါ။ ဒီလိုနဲ့ သူ့အတွက်လည်းရွေးချယ်စရာမရှိတဲ့အခြေအနေဖြစ်နေတာမလို့ စမ်းသပ်ခံလုပ်ပေးဖို့ သဘောတူလိုက်ရပြီး ဆေးကတကယ်ပဲ အာနိသင်သက်ရောက်မလား၊ ဘေးထွက်ဆိုးကျိုး တွေရှိပြီးသူ့ရဲ့အတိတ်ဟောင်းကလိုက်ပြီး ခြောက်လှန့်နေဦးမလား ဆိုတာကို အကြမ်းအရမ်းအက်ရှင်ခန်းတွေနဲ့ကြည့်ရှုကြရမှာပါ။Goodfellas မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ray Liotta နဲ့ Green Goblin နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Williem Dafoe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…1.95GB / 717.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Action ...
movie
Control(2004)
6.9
Robin Hood: Prince of Thieves (1991)
Robin Hood Prince of Thieves (1991)============================= ရော်ဘင်ဟုဒ်ကားတွေအများကြီးထဲကမှ ဗားရှင်းတမျိုးကားကောင်းအဟောင်းလေးတခုနဲ့မိတ်ဆက်ပေးပါမယ်။Kevin Costner Alan Rickman တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေမှလည်းပါ၀င်ထားပါတယ် ရော်ဘင် လော့စလေ ဟာခရူးဆိပ်စစ်ပွဲမှာ အဖမ်းခံရပြီး ငါးနှစ်အကြာမှာအိမ်ပြန်လာနိုင်ခဲ့သူပါ။ဒါပေမဲ့သူပြန်ရောက်လာခဲ့ချိန်မှာသူ့အိမ်ဖြစ်တဲ့လော့စလေ နယ်မြေကတော့ နော့တင်ဟမ်မြို့စားကြီးရဲ့အကောက်ကြံမှုအောက်မှာအလူးအလိမ့်ခံစားနေရပါတယ်။ ဖခင်ဖြစ်သူကလည်းအသတ်ခံရသလိုမိမိအိမ်ကိုလည်းဆုံးရှုံးခဲ့ရတဲ့ရော်ဘင်တယောက် မြို့စားကြီးလက်ကနေလွတ်အောင်ပြေးရင်း ရှားဝုဒ်တောထဲကဂျွန် လစ်တဲယ်ရဲ့လူတစုနဲ့တွေ့သွားခဲ့တဲ့အခါမှာတော့ ရော်ဘင်လော့စလေတဖြစ်လဲရော်ဘင်ဟုဒ်ဟာ မြို့စားကြီးရဲ့အကြံစည်တွေကိုစတင် နှောင့်ယှက်ပါတော့တယ်။ ရော်ဘင်တယောက်မြို့စားကြီးကိုအနိုင်ယူနိုင်ပါ့မလား။သူ့ရဲ့သူငယ်ချင်းပီတာက မသေခင်တောင်းဆိုခဲ့တဲ့မေရီယန်ဆိုတဲ့ပီတာ့ညီမလေးကိုရော ကာကွယ်ပေးနိုင်ပါ့မလား။ မြို့စားကြီးကရောဘာတွေကြံစည်နေတာလဲ အဆုံးမှာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုRobin Hood Prince of Thieves ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦး... File size…3.13GB / 1.22GB / 658MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 23m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Robin Hood: Prince of Thieves (1991)
6.9
A Knight’s Tale (2001)
A Knight's Tale (2001) IMDb - 6.9/10_____Rotten - 59% Heath Ledgerရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်ကလည်း ပြောစရာ မရှိအောင် ဒရာမာ ရိုးမန့် အဗန်းရှား အက်ရှင် ရသစုံပါတယ်။ Friendhood .. Fatherhood.. Sonhood... Loverhood အစုံအလင်ပါပါတယ်။ ဇာတ်လမ်းရဲ့ အခြေခံကလည်း ဂျော့ဖရေး ချောဆာလို့ခေါ်တဲ့ နာမည်ကျော် အလယ်ခေတ် ကဗျာဆရာစာရေးဆရာတစ်ယောက်ကနေ ဆင့်ကူးခံစား ထားတာဖြစ်ပြီး ဂျော့ဖရေးချောဆာတို့ အင်္ဂလန်သမိုင်းထဲက မင်းသားအက်ဒဝပ်တို့လို သူတွေလည်း ပါပါတယ်။ ကြည်နူးရင်ခုန် အားကျသွားစေမယ့် ရိုမန်တစ်အဆန်ဆုံး Sceneတစ်ခု ဟာလည်း တော်တော်အသက်ဝင်ပါတယ်။ ခရမ်းချဉ်သီး ၇၉လုံးနဲ့ အိုင်အမ်ဒီဘီ ၆.၉လည်း ရထားပါသေးတယ်။ စကားမစပ် အဗန်ဂျာဂိုဏ်းဝင် ဗီးရှင်းကြီးကိုလည်း ကိုယ်လုံးတီးနဲ့ပဲ ထပ်တွေ့ရဦးမှာပါ။ အလယ်ခတ်ကာလမှာ စီးချင်းထိုးပြိုင်ပွဲတွေရှိခဲ့ကြတယ်။ ချပ်ဝတ်ဝတ် မြင်းစီးပြီး ထိပ်တုံးထားတဲ့လှံရှည်အတုံးကို ကိုင်ဆွဲ ဟိုဘက်သည်ဘက် ထိုးနှက်တိုက်ခိုက်ကြရတဲ့ ပြိုင်ပွဲမျိုးတွေပါ။ ဒီလိုပွဲတွေဟာ မြင့်မြတ်တဲ့မျိုးနွယ်တွေ သူကောင်းပြုခံထား ရတဲ့လူတွေကိုသာ ဝင်ပြိုင်ခွင့် ပေးထားတယ်တဲ့။ အဲ့ဒီလို ပြိုင်ပွဲဝင်လူတွေကိုတော့ "Knight"လို့ခေါ်ခဲ့ကြတယ်။ Knight တစ်ယောက်ရဲ့ တပြည့်လက်ပါးစေကောင်လေးဖြစ်တဲ့ ဝီလီယမ်ဟာ စီးချင်းထိုးပွဲတစ်ဝက်တစ်ပျက်မှာ သူ့ဆရာ Knight သေသွားတဲ့အတွက် သူ့ဆရာဟန်ဆောင်ပြီး စီးချင်းဝင်ထိုးရင်း ကလေးကတည်းက ...
movie
A Knight’s Tale (2001)
2001