Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nichole Hiltz
Something’s Gotta Give (2003)
ဆန်ဘွန်လို့ခေါ်တဲ့ အသက်၆၀အရွယ်လူတစ်ယောက်ဟာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်ဖြစ်ရုံသာမက စော်ကြည်ဘဲကြီးတစ်ယောက်လည်းဟုတ်ပါသေးတယ်။ ဆန်ဘွန်ဟာ တွဲလိုက်ရင် အသက်၃၀အောက် ကောင်မလေးလန်းလန်းလေးတွေနဲ့ပဲ တွဲပြီး အသက်၆၀ကျော်လာတဲ့အထိ အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီးအဖြစ် နာမည်ကြီးပါတယ်။ ဒီလိုနဲ့ မာရင်လို့ခေါ်တဲ့ကောင်မလေးနဲ့ ဆန်ဘွန်ပတ်သတ်မိရာက မာရင့်ရဲ့ ကမ်းခြေအိမ်မှာ အပန်းဖြေလို့ လိုက်သွားရာကနေ မမျှော်လင့်ဘဲ မာရင့်အမေ အဲရစ်ကာဟာလည်း အဲဒီအိမ်မှာ ရောက်ရှိလာတဲ့အခါမှာတော့ .......၃၀အောက်လေးတွေကိုပဲ စားသုံးနေတဲ့ လူပျိုကြီးဆန်ဘွန်ဟာ သူနဲ့ရွယ်တူအမျိုးသမီးတစ်ယောက်နဲ့ အနေနီးလာတဲ့အခါမှာ ဘယ်လိုဇာတ်လမ်းလေးတွေဖြစ်ကြမလဲ...... မာရင်နဲ့ ဆန်ဘွန်ရဲ့ ကိစ္စကရော ဘယ်လိုဆက်ဖြစ်သွားမလဲ .....ဆိုတာတွေကို ကြည့်ရှုခံစားရမယ့် ဟာသဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ် File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura
movie
Something’s Gotta Give (2003)
5.5
Dude, Where’s My Car? (2000)
Dude, Where's My Car? (2000) ======================အိမ်ကလူကြီးတွေနဲ့ အတူမကြည့်ရမယ့် PG-13 ဟာသကား ကောင်းလေးတစ်ခုတဲ့နော်။ Y2k vibe အပြည့်ရစေမယ့် 2000 ခုနှစ်ရဲ့ ဗန်းစကားတွေ၊ ဖက်ရှင်တွေ၊ အသုံးအဆောင်တွေ၊ ကလပ် ယဉ်ကျေးမှုတွေအားလုံးကတော့ မတွေ့ချင်မှအဆုံးပါပဲ။ ဇာတ်လမ်း အစကနေ အဆုံးအထိ လှိုင်နေအောင်ကြားရမယ့် နာမည်၂ခုကတော့ "ဂျက်စီနဲ့ ချက်စတာ" ဆိုတာပါပဲ။၁၀၉/၁၁၀ ပုလင်းတူဘူးဆို့ဘော်ဒါနှစ်ကောင် ဂျက်စီနဲ့ချက်စတာဆို ပြီး မူးလို့ရှူစရာတောင် များများစားစားမရှိ၊ လတ်လျားလတ်လျားလုပ် နိုင်တဲ့နေရာမှာ နာမည်ကြီးကြပါတယ်။ စာကြမ်းပိုးဒီဇိုင်းနဲ့ ဆေးခိုးချ လောက်တဲ့ရုပ်ရည်တွေဆိုတော့လည်း လက်ရှိစော်လေးနှစ်ယောက် ကလွဲလို့ တခြားဘယ်မိန်းကလေးမှ အဖက်လှည့်မလုပ်သည်ပေါ့။ ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင် မူးရူးသွားတဲ့တစ်ညကြောင့် ဂျက်စီနဲ့ချက်စတာ တို့ ကိုယ်တိုင်တောင်မမှတ်မိတဲ့ ပြဿနာတွေကို ပေါက်တန်းစေ့လိုက် ရှင်းရပါတော့တယ်။ညကလက်ဆော့မိတာတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေပေမယ့် မနက်ရောက်တယ်ဆို ကားကပျောက်၊ အလုပ်ကပြုတ်၊ စော်ကပစ်နဲ့ Surprise တွေဆိုတာ ဖြန်းခနဲ ဖြန်းခနဲပေါ့။ ကားထဲမှာ စော်လေးတွေ ကိုပေးဖို့ လက်ဆောင်ပါတယ်ဆိုတာကလွဲလို့ ဘာမှမမှတ်မိပေမယ့်လည်း အလုပ်မရှိအကိုင်မရှိဘဝရောက်ပြီမို့ မထူးဇာတ်ခင်းပြီး ကားရှာပုံတော် ထွက်ကြပါလေရော။ ကားပျောက်အကြောင်း ချောင်းပေါက်အောင်လိုက် စုံစမ်းတဲ့အခါမှာ ကြံရဆုံရမယ့် ဗရုတ်သုတ်ခတွေ၊ ပြေးမလွတ်မယ့်အမှု တွေကို အလှည့်အပြောင်းကောင်းကောင်းနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie
Dude, Where’s My Car? (2000)
2000
6.2
Austin Powers in Goldmember (2002)
James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့် ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ ကစ်တာဘယ်လောက်အထိလဲဆိုရင်Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီး ကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်းDr.Evilကလိုက်ဝတ်တာမျိုး၊ ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်းRandom Taskဆိုတဲ့လူဆိုးဟာ ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာရုပ်ဖြောင့်လို့အပြင် ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံးမျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့် ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာ အရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကိုထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီး ပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်းပိုDarkတဲ့ ...
movie
Austin Powers in Goldmember (2002)
2021
HEVC 1080p 5.1