Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nicholas Worth
5.3
Swamp Thing (1982)
ဇာတ်လမ်းလေးဟာ ၁၉၈၂ ကထွက်ရှိခဲ့တဲ့ကားလေးဖြစ်ပြီး ယခုခေတ်နဲ့မတူတဲ့ ကင်မရာရှုထောင့်တွေစကားလေသံ အပြောအဆိုတွေနဲ့ ရွံ့ညွန်သဘာဝတောကြီးကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုခံစားရမှာပါ။ကျွန်တော်တို့ သက်ရှိမျိုးရိုးဗီဇတွေမှာ လူတွေနဲ့ အပင်တွေဟာ မတူကြပါဘူး။ အဲ့ဒါကို ပေါင်းစပ်ပြီးလူတွေရဲ့ ကောင်းကျိုးအတွက် အသုံးချဖို့ ဒေါက်တာ အဲလက်ဟော်လန်၊ သူ့ရဲ့ညီမဖြစ်သူနဲ့ အခြားအစောင့်အရှောက်တွေဟာ ရွံ့ညွန်တောကြီးတစ်ခုမှာ လျို့ဝှက်ပရောဂျက်အဖြစ် လုပ်ကိုင်နေခဲ့ ကြပါတယ်။တစ်နေ့မှာသူတို့ရဲ့ အစောင့်တွေထဲကတစ်ယောက် မိကျောင်းကိုက်ခံရလို့ဆိုပြီး ကူပေးဖို့ အေးဂျင့်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အဲလစ်စ် ကေဘယ်လ်ကို ခေါ်ခဲ့ပါတယ်။ သူရောက်လာပြီးမှ ဖော်မြူလာထုတ်တာ အောင်မြင်သွားပြီး အောင်မြင်တဲ့ညမှာပဲ သူတို့ရဲ့ဖော်မြူလာကို လုယူဖို့အကောက်ကြံနေတဲ့ လူတစ်စုရောက်လာပါတော့တယ်။အဲ့ဒီအချိန်မှာပဲ မတော်တဆ ဖော်မြူလာဟာ ဒေါက်တာဟော်လန့်ပေါ်ကို လောင်းမိသွားပြီး အပင်နဲ့လူသားစပ် သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်သွားပါတော့တယ်။ ဆိုတော့ အဲလစ်စ်ကေဘယ်လ် ရောက်လာပြီးမှ ဖော်မြူလာရသွားတာဖြစ်သလို ရရချင်းမှာပဲ တိုက်ခိုက်လုယူခံရတာဆိုတော့ အဲလစ်စ်နဲ့ဘာတွေ ဘယ်လိုပတ်သက်နေမလဲ ဘာတွေဆက်မဖြစ်လဲ ဆိုတာကတော့ ဇာတ်ကားလေးကို ဒေါင်းလုဒ်ကြည့်ရှုရင်း ခံစားအဖြေရှာနိုင်မှာပါခင်ဗျာ။File size… 1.6 GB / 715 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ...
movie
Swamp Thing (1982)
6.9
Heartbreak Ridge (1986)
Heartbreak Ridge (1986) ~ IMDb - 6.9/10, RT -68%, Meta - 53% ~"ဒီဟာကြောင့် ငါတို့တွေ မသေခဲ့ရင် ဒါက ငါ့တို့နှလုံးသားတွေကို ကွဲကြေစေမှာ"- အရာခံဗိုလ် စတုန်နီ ဂျက်ဆင် (Heartbreak Ridge တောင်ကုန်းပေါ်မှ ရှင်ကျန်ရစ်သူ စစ်သားကြီး)မီးခိုးတလူလူ ယမ်းခိုးတဝေဝေနဲ့ ဆောင်းရာသီအစ တောင်တန်းကြီးတွေက အရုပ်ဆိုးအကျည်းတန်စွာ လှပနေလေရဲ့။ မကောက်ရသေးတဲ့အလောင်းတွေပေါ်က ကျီးငှက်တွေရဲ့ ဘုံဗိမ္မာန်တွေဟာ တရားသောစစ်လို့ နှစ်ဖက်လုံးက ကြွေးကြော်တဲ့ အသံကနေ ဖြစ်တည်လာခဲ့တာ။နိုင်ငံအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကြတဲ့ အရွယ်ကောင်းအမျိုးသားလေးများဟာ သေမင်းကချီးမြှင့်ထားတဲ့ သွေးဆာသေနတ်တွေကိုထမ်းပိုးရင်း အဆုံးသတ်ချောက်ကမ်းပါးဆီကို တရွေ့ရွေ့လျှောက်လှမ်းသွားကြပြီ။ပြင်းထန်တဲ့ Heartbreak Ridge တိုက်ပွဲကြီးကနေ အသက်မသေ ရှင်ကျန်ရစ်ပြီး အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံး နိုင်ငံ့စစ်သည်ဂုဏ်ရည်တံဆိပ်ရခဲ့တဲ့ စစ်သားကြီးတစ်ယောက်၊ သွေးဆူလွယ်ပြီး စိတ်အလိုလိုက်တတ်တဲ့ စစ်သားကြီး။ ရန်ပွဲတခြိမ်းခြိမ်း၊ အထက်အရာရှိကို မထင်ရင် မထင်သလို ထိုးကြိတ်ရန်ရှာတတ်တဲ့ ...
movie
Heartbreak Ridge (1986)
1986