Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nicholas Braun
6.3
Chalet Girl (2011)
IMDB 6.3/10 Rotten Tomatoes 53%ဘာဂါဆိုင်မှာ အလုပ်လုပ်ရင်းတစ်လှည့် ထမင်းချက်၊အဝတ်လျှော်ရင်းတစ်လှည့်နဲ့ အဖေကိုပြန်ကြည့်ရှုပေးနေတဲ့ စကိတ်ဘုတ်ချန်ပီယံဟောင်းမိတဆိုးသမီးလေး ကင်မ် မက်သျူးစ်…။သူမရဲ့ဘဝဟာ မိခင်ဖြစ်သူရဲ့ ဝမ်းနည်းစရာသေဆုံးမှုအပြီးမှာ ငွေရှာဖို့ ရုန်းကန်ရင်းနဲ့ပဲဖြတ်သန်းခဲ့တယ်။ တစ်နေ့မှာ သူမဟာအယ်လ်ပ်စ်တောင်တန်းတွေရဲ့ အထက်တန်းအကျဆုံး အပန်းဖြေစံအိမ်မှာ အလုပ်လုပ်ဖို့အခွင့်အရေး ရလာတဲ့အခါမှာတော့…သူငယ်ချင်းအသစ်တွေ၊ ပတ်ဝန်းကျင်အသစ်သာမကဘယ်လို အတွေ့အကြုံအသစ်မျိုးကိုပါဆယ်ကျော်သက်ကောင်မလေး ကင်မ်တစ်ယောက်ရှာဖွေတွေ့ရှိမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.04GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Romance , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie
Chalet Girl (2011)
5.9
Freaks of Nature (2015)
ပထမဆုံးပြောချင်တာကတော့ ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲနဲ့မသတီစရာဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် ကလေးသူငယ်နဲ့နှလုံးမကောင်းသူတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး။နောက်တစ်ခုပြောချင်တာကတော့ ဒီဇာတ်ကားက တကယ်ကိုအစုံသုတ်ပါ။Zombie, Vampire, Alien နဲ့ Werewolf စတဲ့ ကြောက်စရာသတ္တဝါအစုံပါဝင်ပြီးတော့ အဲ့ဒီကြားထဲကအမျိုးမတူတဲ့ သူငယ်ချင်းသုံးယောက်ကိုဇာတ်အိမ်တည်ထားပါတယ်။ ဒေးဖို့ဒ်မြို့လေးမှာ လူ၊ ဇွန်ဘီနဲ့ ဗန်ပိုင်းယားတွေကအတူယှဉ်တွဲနေထိုင်နေကြပေမယ့် အချင်းချင်းမျက်မှုန်းကျိုးနေကြတာပါ။အဲ့ဒီဒေးဖို့ဒ်မြို့လေးကို ဂြိုလ်သားတွေကကျူးကျော်တိုက်ခိုက်မှု ပြုလုပ်လာတဲ့အခါမှာတော့ အမျိုးတစ်ခုစီက ငယ်သူငယ်ချင်းသုံးယောက်ပေါင်းပြီးမြို့ငယ်လေးကိုကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။ File size…1.55 GB /793 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe
movie
Freaks of Nature (2015)
6.0
Avenues (2017)
Avenues (2017) ============= IMDb Rating - 6.0/10ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Michael Angarano ကိုယ်တိုင်ရေး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်း လေးပဲဖြစ်ပါတယ်။ New York မြို့ရဲ့ အငွေ့အသက်အပြည့်နဲ့ ဒီဇာတ်ကားလေးကိုတော့ Comedy/ Drama အမျိုးအစားဇာတ် ကားနှစ်သက်သူတိုင်း သဘောကျကြမှာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ် နဲ့ ပီတာတို့ဟာသူငယ်ချင်း ကောင်းတွေဖြစ်ပါတယ်။ မက်စ် ရဲ့အကိုဟာ လွန်ခဲ့တဲ့လပိုင်းကမှ ကိုယ့်ကိုကိုယ်သတ်သေသွားဝာာပါ။ ပီတာ ဟာအကိုတစ်ယောက်ကို ဆုံးရှုံးထားတဲ့ မက်စ် ကိုအားပေးရင်း မက်စ် ရဲ့မွေးနေ့အတွက် New York မြို့ကိုရောက်လာပါတော့တယ်။ ဆောင်းတွင်းအချိန် New York မြို့ကြီးမှာသူတို့နှစ်ယောက် ဘာတွေဘယ်လိုကြုံတွေ့ပြီး ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေသွားကြမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.29 GB) / (529 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 16Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Theo Katt Encoder..........SWM
movie
Avenues (2017)
2017
7.2
Dream Scenario (2023)
Dream Scenario (2023) ================= IMDb Rating - 7.2/10ဇာတ်လမ်းအဆန်းအကောင်းတွေကို ထုတ်လုပ်နေကျ A24 ရဲ့ Dark Comedy ရုပ်ရှင် အသစ်လာပါပြီ။ A24 ရဲ့ Nick Cage နဲ့ ပထမဆုံး တွဲလုပ်တဲ့ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Ari Aster က အစမှာ Adam Sandler နဲ့ ဒီရုပ်ရှင်ကို ရိုက်မလို့ပေမဲ့ နောက်ပိုင်းမှာ ပရို ဂျူဆာအဖြစ်ပါ ပါဝင်ခဲ့ပြီး ဒါရိုက်တာ Kristoffer Borgli ကို စိတ်ကြိုက်ရိုက်ကူးစေခဲ့ တာပါ။ Kristoffer Borgli ရဲ့ အကြံပြုချက်အတိုင်း Nick Cage နဲ့ ရိုက်ခဲ့ပြီး အခုလိုပဲ ရုပ်ရှင်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Dark Comedy တွေရဲ့ထုံးစံအတိုင်း သူများ ဒုက္ခရောက်နေတာတွေ ငိုရခက် ရယ်ရခက် ကြည့်ရဦးမှာပါပဲ။ A24 ရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ဟာ အဓိပ္ပါယ်တစ်ခု၊ လမ်းတစ်ခုတည်းကို ပြနေတာမဟုတ်ဘဲ၊ ကြည့်ရှုသူတွေ စိတ်ကြိုက်တွေးစရာ ...
movie
Dream Scenario (2023)
2023
4K HEVC
6.2
Cat Person (2023)
ဒီဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက်အရွယ် ကောလိပ်ကျောင်းသူလေးရဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ကို thrillerဆန်ဆန်မြင်တွေ့ရမယ့် ဇာတ်ကားလေးပါ....။အဓိကဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Emilia Jonesကလည်းခုမှ အသက် ၂၁နှစ်ပဲရှိသေးတာမို့ ငယ်ရွယ်လှပတဲ့ ဒီဇာတ်ရုပ်နဲ့ ကွက်တိကျနေမှာပါ...။ဇာတ်လမ်းအကျဥ်းလေးကတော့မာဂေါ့ဟာ ကောလိပ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး၊ ရုပ်ရှင်ရုံမှာအချိန်ပိုင်းအလုပ်လုပ်တဲ့ အလုပ်သမလေးပေါ့...။ငယ်ရွယ်သူတိုင်းမှာ အချစ်ဇာတ်လမ်းကိုယ်စီရှိကြသလို မာဂေါ့ဟာလည်းရုပ်ရှင်လာကြည့်နေကျ လူကြီးတစ်ယောက်ကိုမှ သဘောကျသွားမိပါတယ်....။ဒီလိုနဲ့ အသက် ၂၀အရွယ်ကောင်မလေးတစ်ယောက်နဲ့ အသက် ၃၀ ဝန်းကျင်လူကြီးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးစခဲ့ပါတယ်...။အစပိုင်းမှာတော့ အချင်းချင်း အချင်းချင်းစာပို့ရင်း ကြည်နူးကြရင်းနဲ့နောက်ပိုင်းမှာချိန်းတွေ့မိသွားတဲ့အခါ...ဘယ်သူက ဘယ်လို redflagဖြစ်နေမလဲဆိုတာကို Drama၊ thrillerဆန်ဆန်ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်...။ File size…1.08GB / 519MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 58m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Cat Person (2023)
6.1
How to Be Single (2016)
အခုလို ၂၁ရာစုမှာ အချစ်စစ်ဆိုတာစပါးပုံထဲအပ်ပျောက်ရှာနေသလိုပါပဲ၊ ဒီလိုခေတ်ထဲမှာအချစ်စစ်ရှာရင်း ကိုယ့်ကိုယ်ကိုယ်မေ့ပျောက်နေမယ့်အစားကိုယ့်ကိုယ်ကိုယ်ချစ်ရင်း ဘဝကို ဘယ်လိုပျော်ရွှင်အောင်နေကြမလဲ? ဒီဇာတ်ကားက ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb မှာ rating 6.1 နဲ့ Rotten Tomatoes မှာrating 46% ရရှိထားပါတယ်။ Fifty Shapes of Gray မင်းသမီး Dakota Johnson နဲ့Funny People, The Bling Ringတို့လိုဇာတ်ကားတွေမှာ ပါဝင်ခဲ့ပြီးRio, The Simpsons တို့လို ကာတွန်းကားတွေမှာ အသံသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့Leslie Mann အပြင် Night at the Museum တို့လို့ဇာတ်ကားမျိုးမှာပါဝင်ခဲ့တဲ့ Rebel Wilson တို့လိုသရုပ်ဆောင်မင်းသမီးတွေပါတယ်ဆိုတော့ကြည့်လို့ပျော်မှာ အသေအချာပါပဲဗျာ။ ဒီကားလေးက လူငယ်တွေရဲ့ အချစ်ရေးအချစ်ရာအကြောင်းတွေကိုဟာသလေးနှောပြီး ပေးချင်တဲ့မက်ဆေ့ခ်ျကို ထိထိမိမိရိုက်ပြထားတာဖြစ်လို့ သေချာပေါက် ကြည့်ကိုကြည့်သင့်ပါတယ်။ အဲလစ်နဲ့ ဂျော့ရှ်က မြင်မြင်ချင်းမှာပဲချစ်မိသွားကြပြီးအတူတူနေလာခဲ့တာ လေးနှစ်ရှိသွားပါပြီ။ လေးနှစ်ကြာ ဆက်ဆံရေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်အဲလစ်တစ်ယောက် သူ့ကိုယ်ပိုင်ဘဝကိုပြန်ရှာချင်တာရယ်သူ့လက်ကျန်တစ်ဘဝလုံး ဂျော့ရှ်နဲ့ပဲ ...
movie
How to Be Single (2016)
2016
4K HEVC
6.1
Red State (2011)
Imdb rating - 6.1 ဒီဇာတ်ကားက ဘာသာရေးအစွန်းရောက်မှုကို အခြေတည်ထားတဲ့ indie ရုပ်ရှင်ကားပါ။ ၂၀၁၁ ကထွက်ရှိခဲ့ပြီး Horror/Thriller နဲ့ Action အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီးတစ်ဦးက အွန်လိုင်းကနေ လိင်ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်သုံးယောက်ကနေ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုးဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။တကယ်တော့ အဲဒီအမျိုးသမီးက Abin Cooper လို့ခေါ်တဲ့အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး ခေါင်းဆောင်တဲ့ Five Points Trinity Church အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေးအစွန်းရောက်အဖွဲ့ ဖြစ်ပြီး လိင်တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်သုံးယောက်တို့ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့မလား ဒီဂိုဏ်းရဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲဆိုတာကိုတော့ ဒီရုပ်ရှင်ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက Horror/Thriller ဆိုပေမဲ့ သွေးထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန် indie ရုပ်ရှင်ဖြစ်ပြီး Stiges Film Festival မှာ Best ...
movie
Red State (2011)
6.1
Good Kids (2016)
Good Kids (2016)သူငယ်ချင်းတွေနဲ့အတူဗရုတ်ကျခဲ့ကြတဲ့ လူငယ်ဘဝအမှတ်တရတွေ လူတိုင်းကိုယ်စီရှိကြမှာပါ။ အဲဒီလိုပဲ ဒီဇာတ်လမ်းကလည်း ကောလိပ်ဝင်တော့မယ့် Teenager Squad တစ်ခုရဲ့ အမှတ်တရနွေရာသီပေါ့။အန်ဒီ စပိုက်စ် လိုင်းယွန်း နဲ့ နိုရာဆိုပြီး သူငယ်ချင်းလေးယောက်နဲ့ဖွဲ့စည်းထားတဲ့ ဒီ Squad ကတော့ ကောလိပ်ကောင်းကောင်းဝင်နိုင်ဖို့ စာပဲလုပ်ခဲ့တဲ့ ဟိုက်ပါအဖွဲ့ပါ။ အတန်းထဲမှာ ဆရာမအိမ်စာထပ်ခိုင်းဖို့မေ့နေရင် ထသတိပေးလို့ အတန်းဖော်တွေမေတ္တာပို့တာခံရတဲ့အဖွဲ့ပေါ့။ ငယ်ငယ်ကတည်းက ဘယ်ခေါ်ခေါ်မလိုက်တဲ့သူတို့ အထက်တန်းပြီးတဲ့အထိ ပါတီဆိုတာလည်း ဘာမှန်းမသိပါဘူး။ဒီလိုနဲ့ လိမ္မာရတာပျင်းလာတဲ့ သူတို့အဖွဲ့က အရင်ကမလုပ်ဖြစ်တာတွေ ဒီနွေရာသီမှာ တစ်ခုချင်းလုပ်ပြီး အပီအပြင်ကဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဟိုက်ပါလေးယောက် ဗရုတ်သုတ်ခတွေလုပ်ရင်း အရှုပ်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးအပန်းဖြေရင်းကြည့်ရှုလိုက်ပါဦး...(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 730MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration ...
movie
Good Kids (2016)
2016
6.5
At Middleton (2013)
လူငယ်တို့ရဲ့ချစ်ခြင်းမဟုတ်တဲ့ အိမ်ထောင်ရှိလူကြီးနှစ်ယောက်ရဲ့တနေ့တာကာလအတွင်းကြုံတွေ့ခဲ့ရတဲ့ အချစ်တွေကို ရိုက်ပြထားတဲ့အချစ်ဟာသဇာတ်မြူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Conjuring Universe မှာ Lorraine Warren အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Vera Farmiga နဲ့ မင်းသားကြီး Andy Garcia တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အီဒစ် မာတင် (Vera Farmiga) ဟာကလေးအသုံးအဆောင်ပရိဘောဂတွေရောင်းတဲ့အမျိုးသမီးတယောက်ဖြစ်ပြီးသူ့ရဲ့သမီး အော်ဒရေ မာတင် ကောလိပ်တက်ဖို့အတွက် မစ်ဒဲတန်ကောလိပ်ကိုသူ့သမီးနဲ့အတူ လာရောက်လေ့လာသူပါ။ဂျော့ ဟာ့မန်း (Andy Garcia) ကတော့ နှလုံးခွဲစိတ်ပါရဂူတယောက်ဖြစ်ပြီးမစ်ဒဲတန်မှာ ကောလိပ်တက်ဖို့စိတ်မပါတဲ့ သူ့သားဖြစ်သူ ကွန်ရတ် ဟာ့မန်းနဲ့အတူကျောင်းကိုလာလေ့လာသူပါ။ဒီလိုနဲ့ သူတို့နှစ်ဖွဲ့လုံး မစ်ဒဲတန်ကောလိပ်လေ့လာရေးခရီးစဉ်မှာဆုံမိကြပြီးခေါင်းမာတတ်တဲ့မိဘတွေရဲ့သဘာဝအရ သူတို့သားသမီးတွေကိုအရှက်ခွဲမိသလိုဖြစ်သွားခဲ့ပါတယ်။ဒါကြောင့် အီဒစ်နဲ့ ဂျော့တို့ နှစ်ယောက်သား အဖွဲ့ထဲကနေလစ်ထွက်လာခဲ့ပြီးဘာကိုမှတာဝန်ယူစရာမလိုတဲ့ လူငယ်တွေအဖြစ်ကျောင်းဝန်းထဲမှာ လျောက်သွားကြပြီး ပေါက်ကရတွေလုပ်ကြရင်းနေ့တဝက်ထဲမှာတင် ချစ်မိသွားကြပုံကိုရယ်ရယ်မောမောနဲ့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size… 2.5 GB / 780 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ...
movie
At Middleton (2013)
5.6
Princess Protection Program (2009)
Princess Protection Program (2009)Selena Gomez နဲ့ Demi Lovato တို့ရဲ့ ငယ်ရွယ်တက်ကြွတဲ့ ပုံစံကို ပြန်မြင်ရမယ့် ကားဟောင်းလေးပါ။ Selena ကတော့ ကာတာလို့ခေါ်တဲ့ ငါးစာရောင်းတဲ့ သာမန်အထက်တန်းကျောင်းသူလေးဖြစ်ပြီး Demi ကတော့ ရိုဆလင်ဒါလို့ခေါ်တဲ့ မင်းသမီးတစ်ပါးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ကာတာရဲ့အဖေက ခြိမ်းခြောက်ခံရတဲ့ နေရာအနှံ့က မင်းသမီးတွေကိုကယ်တင်တဲ့ နိုင်ငံတကာလျှို့ဝှက်အေဂျင်စီမှာ အလုပ်လုပ်တာပါ။မင်းသမီးရိုဆလင်ဒါနေတဲ့ ကိုစတာလူနာဆိုတဲ့တိုင်းပြည်က ကျွန်းနိုင်ငံလေးဖြစ်ပြီး သူ့ဖခင်ဘုရင်ကြီးနတ်ရွာစံသွားတဲ့အတွက် မင်းသမီးက နောက်တစ်လနေရင် ဘုရင်မအဖြစ် နန်းတက်ရတော့မှာပါ။ နန်းတက်ပွဲအတွက်လေ့ကျင့်နေချိန်မှာ ဗိုလ်ချုပ်ကိန်းက မင်းသမီးငယ်သေးတာကို အကြောင်းပြပြီး အာဏာသိမ်းဖို့လုပ်ပါတော့တယ်။ ကံကောင်းစွာနဲ့ ရိုဆလင်ဒါအမေစီစဉ်ထားမှုကြောင့် ကာတာ့အဖေက ရိုဆလင်ဒါကို ခေါ်ထုတ်လာနိုင်ပါတယ်။ရိုဆလင်ဒါကို အေဂျင်စီက လုံခြုံတဲ့အချိန်ရောက်တဲ့ထိ နေရာချပေးဖို့လုပ်ရာကနေ ကာတာတို့အိမ်ကို ၀မ်းကွဲညီအမ ရိုစီအဖြစ်ရောက်လာပါတော့တယ်။ရိုစီကို သာမန်ဆယ်ကျော်သက်ကောင်မလေးလို နေတတ်အောင် ကာတာက သင်ပေးရင်း ကြုံတွေရတဲ့ အဖုအထစ်လေးတွေ ကျောင်းမှာကြုံရတဲ့အခက်အခဲတွေကို တွေ့ရဉီးမှာပါ။ ...
movie
Princess Protection Program (2009)
2009
7.0
Whiskey Tango Foxtrot(2016)
Whiskey Tango Foxtrot(2016)**************************ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကိုစာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက်ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော်အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာကအမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။အဓိပ္ပါယ်ကတော့ ...
movie
Whiskey Tango Foxtrot(2016)
6.1
Poltergeist (2015)
ဒီတစ်ခါမှာတော့ CM Fan တွေ အတွက်ကြောက်စရာကောင်းတဲ့သရဲကားတစ်ကား ကို တင်ဆက်ပေးလိုက်ပါတယ်1982 တုန်းက အောင်မြင်ခဲ့တဲ့ Poltergeist ဆိုတဲ့ရုပ်ရှင်ကားကို Remake ပြန်ရိုက်ထားတာ ဖြစ်ပါတယ်အဲရစ် နဲ့ အေမီ တို့ မိသားစု တစ်စုဟာ ဈေးသက်သာတဲ့ အိမ်ကိုရှာရင်းမထင်ထားလောက်အောင် တန်တဲ့ အိမ်ကြီး တစ်အိမ်ကိုရရှိခဲ့ပါတယ် လောလောလတ်လတ် အလုပ်ပြုတ်ထားတဲ့အဲရစ် အတွက်တော့ ဒီနေရာလေးကနေ ဘဝသစ်တစ်ခုပြန်စမယ် စိတ်ကူးထားတာပါဒါပေမဲ့ တစ်နေ့ထက် တစ်နေ့ အဲ့ဒီအိမ်ကြီးဟာထူးဆန်းစွာ အသံတွေ ပေးတာ ပစ္စည်းတွေ ရွေ့လျားတာမျိုးတွေဆက်တိုက်ဖြစ်လာပြီး မိသားစုကို ပါ ဒုက္ခပေးဖို့ ကြံရွယ်လာခဲ့သောအခါမှာတော့.... File size…2.87GB / 1.1GB / 623Mb Quality…4K HEVC / 1080p / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle ( Hard Sub) Encoder….Thit San Khant Translated by August
movie
Poltergeist (2015)
2015
4K HEVC Web-DL
6.5
[18+] Zola (2021)
[18+] Zola (2021) IMDb - 6.5/10, RT - 88%, Meta - 76%A24 ဟာ ပြီးခဲ့လေးငါးခြောက်နှစ် နောက်ပိုင်းကနေ အခုထိ နာမည်တဟုန်ထိုး တက်လာတဲ့ အင်တာတိန်းမန့် ကုမ္ပဏီပါ။ A24က ထုတ်တာတွေမှာ Thriller Horror ဆန်ဆန်ကားတွေ နည်းနည်းထူးခြားတယ်ပြောလို့ရတဲ့ကားတွေချည်းပါပဲ။ ဒါကြောင့် သူ့ပရိတ်သတ်နဲ့ သူအခိုင်အမာရှိနေပြီး သူ့ဖန်တွေကြား A24 ရုပ်ရှင်တွေလိုမျိုး အရသာပေးနိုင်တဲ့ ရုပ်ရှင်တွေ့ရင် A24 vibe ဆိုပြီး ပြောကြတဲ့အထိကို A24 ရဲ့ လွှမ်းမိုးမှုကကြီးခဲ့ပါတယ်။ သူ့ဆီက ကားတွေဟာ အော်စကာဆုတွေရတာတွေလည်း ရှိပါတယ်။A24 ဟာ Midsommar, Hereditary, The Lighthouse, The VVitch, Uncut Gems, Lady Bird, Moonlight စတဲ့ ရုပ်ရှင်ကောင်းတွေ အပါအ၀င် တခြားရုပ်ရှင် အကောင်းတွေချည်း ...
movie
[18+] Zola (2021)
2021
7.3
The Big Ugly (2020)
မိတ်ဆွေအရင်းတွေဖြစ်တဲ့ရေနံလုပ်ငန်းရှင် ပရစ်စတွန်နဲ့ ဟာရစ်က အနောက်ဗာဂျီးနီးယားကိုအလုပ်ကိစ္စနဲ့လာခဲ့ကြတယ်။ တစ်ရက်မှာ ပရစ်စတွန်ရဲ့သား ကြောင့် ဟာရစ်ရဲ့အားအကိုးရဆုံးအလုပ်သမား နီးလင်းရဲ့ ရည်းစားကောင်မလေး သေသွားခဲ့တယ်။ ဒီကိစ္စကိုနှစ်ဖက်လုံးကသိသွားတဲ့အခါ မိတ်ဆွေနှစ်ယောက်ရဲ့ရင်းနှီးမှုပျက်စီးသွားမှာလား။ နီးလင်းကရော သူ့ကောင်မလေးကို သတ်တဲ့သူကိုလိုက်ရှာပြီးဘယ်လိုပြန်ကလဲ့စားချေမှာလဲ။ ၂၀၂၀ မှာထွက်ရှိထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးမို့ ဆက်ဆက်ကြည့်လိုက်ကြပါဦး File Size - 1.1 gb Quality - web-dl 1080p Subtitle - Burmese Translator - Floria Encoder - Thit San Khant
movie
The Big Ugly (2020)
2020
8.0
The Perks of Being a Wallflower (2012)
The Perks of Being a Wallflower (2012)IMDb - 8.0/10_____Rotten Tomatoes - 86% Harry Potter မင်းသမီး Emma Watson ၊ Percy Jackson မင်းသား Logan Lerman ၊ Flash မင်းသား Ezra Miller တို့လို နာမည်ရ လူငယ်သရုပ်ဆောင်တွေနဲ့ ပုံဖော်ထားတဲ့ coming-of-age teen drama ဇာတ်ကားမျိုးပါ။ Stephen Chbosky က သူ့ရဲ့ နာမည်ကြီးစာအုပ် The perks of being a wallflower ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့တာပါ။ ဆယ်ကျော်သက်လူငယ်လူရွယ်တွေရဲ့ ခံစားချက်တွေ ထင်ဟပ်နေတဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒီလို Teen ဇာတ်လမ်းမျိုးဟာ Rating တွေမြင့်ဖို့ခက်ခဲပေမယ့် ဒီဇာတ်ကားကတော့ Rating အကြမ်းကြီးတွေ ရရှိထားတဲ့အပြင် ကြည့်ဖူးသူတိုင်းစွဲမက်ရတဲ့ဇာတ်ကားမျိုးပါ။ စတားတွေကလဲ ရင်းနှီးပြီးသားတွေမို့ လက်လွတ်မခံသင့်ပါကြောင်း။ Harry ...
movie
The Perks of Being a Wallflower (2012)
2012
6.2
Sky High (2005)
ဒီသိပ္ပံအက်ရှင်ဇာတ်ကားလေးဟာ Imdb Rating 6.2 ထိတောင်ရရှိထားတဲ့ မိသားစုနဲ့အတူကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ Fobidden Kingdom ဇာတ်ကားထဲမှ လူငယ်မင်းသား Michael Angarano နဲ့ အခုလက်ရှိထုတ်လွှင့်ပြသနေတဲ့ Flash Series ထဲမှ သိပ္ပံပညာရှင်မလေး စနိုး အဖြစ်သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်ကားအညွှန်းကိုပြောရရင်ဖြင့် Will Stronghold ဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးဟာ နာမည်ကြီး Superheroes မောင်နှံနှစ်ဖော်ဖြစ်တဲ့ Steve နဲ့ Josie တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပါတယ်။အဖေရောအမေရော လူစွမ်းကောင်းစွမ်းအားရှင်တွေဖြစ်ပါလျက်နဲ့ Will တစ်ယောက် Super heroes တွေတက်ရမဲ့ကျောင်းကိုတက်ခွင့်ရတဲ့ အချိန်ထိသူ့မှာ အားသာချက်စွမ်းအင် ဘာတစ်ခုမှပေါ်မလာသေးတဲ့အတွက် ကျောင်းရောက်တဲ့အခါလူရွေးတဲ့အချိန်မှာတော့ Sidekick(အပယ်ခံ) အဖြစ်နဲ့သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ သူဘယ်လိုမျိုးအစွမ်းတွေရသွားမလဲ အစွမ်းရပြီးတဲ့နောက်ရော ကျောင်းမှာအဆင်ပြေပါ့မလား။ ဘယ်လို ဒုစာရိုက်ကောင်မျိုးကသူတို့ကျောင်းကြီးအပြင်ကမ္ဘာကြီးကိုပါသိမ်းပိုက်ဖို့ကြိုးစားမလဲဆိုတာတွေကိုတော့spoilerဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ဇာတ်ကားလေးကိုသာ ဆက်ကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ File Size : 710 MB Quality : ...
movie
Sky High (2005)