Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Niamh Shaw
7.1
A Shine of Rainbows (2009)
သက်တန့်အလင်းရောင် "A Shine of Rainbows" ရတော့ကြည်နူးစရာဇာတ်ကားလေးတကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ အိုင်ယာလန်က မိဘမဲ့ကလေးတောမတ်စ်ဟာ စရိုက်ကြမ်းတဲ့ မိဘမဲ့ဂေဟာတခုမှာအထီးကျန်ဆန်စွာနေထိုင်ပြီး ဘဝကို ရင်ဆိုင်နေရတာပါ။သူက လူကောင်သေးပြီး ရှက်ရွံ့တတ်သလို စကားထစ်တာကြောင့်ဂေဟာမှာ အနိုင်ကျင့်ခံနေရပါတယ်။ဒါပေမဲ့ အပြုံးအလှပိုင်ရှင် မိုင်ယာဆိုတဲ့ အမျိုးသမီးနဲ့တွေ့ဆုံတဲ့အခါမှာတော့ တောမတ်စ်ရဲ့ဘဝက တဆစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။ သူ့ရဲ့စိတ်ဝိညာဉ်နဲ့ နှလုံးသားကိုတောက်ပစေတဲ့ မိုင်ယာဟာ သူ့ကို သဘာဝကျွန်းတခုမှာခေါ်ယူမွေးစားပြီး ခင်မင်ရင်းနှီးမှု၊ လက်ခံမှုနဲ့ ချစ်ခြင်းမေတ္တာရဲ့စွမ်းအားတွေကို ရှာဖွေတွေ့ရှိစေခဲ့ပါတယ်။သဘာဝတရားနဲ့ သက်တန့်အလင်းရောင်ရဲ့ သာယာအေးချမ်းတဲ့အလှအပတွေထဲမှာ တောမတ်စ်ဟာ အတိတ်က ဒဏ်ရာတွေကိုကုစားတတ်ဖို့ သင်ယူပြီး ပိုမိုတောက်ပတဲ့ အနာဂတ်အတွက်မျှော်လင့်ချက်ကို ရှာဖွေနေပုံကို ကြည်နူးဆွတ်ပျံ့စွာခံစားရမယ့်မိသားစုဒရာမာဇာတ်ကားကောင်းတခုဖြစ်ပါတယ်။ File size…1.86GB / 869MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie
A Shine of Rainbows (2009)
6.1
Hideaways (2011)
လူတော်တော်များများမှာ မိသားစုကနေဆက်ခံထားရတဲ့အမွေတွေရှိပါတယ်။ဥပမာ မိဘမှာဆီးချိုရှိရင်သားသမီးမှာလိုက်ရှိတာတို့ မိဘဆီကရောဂါတစ်ခုခုအမွေရထားတာမျိုးပေါ့။ဒါပေမယ့်အခုတင်ဆက်ပေးမဲ့ IMDb Rating 6.1 ရရှိထားတဲ့Hideaways ဆိုတဲ့ဇာတ်ကားထဲကဖာလွန်ဆိုတဲ့မိသားစုရဲ့အမွေကတော့ထူးခြားပါတယ်။ဘယ်လိုထူးခြားတာလဲဆိုတော့သူတို့ဆီမှာသားယောက်ျားလေးတွေမွေးရင် တခြားသူတွေထက်သာလွန်ထူးကဲတဲ့စွမ်းရည်တွေကိုဆက်ခံရလို့ပါပဲ။ ဒါပေမယ့်စွမ်းရည်ဆိုလို့ မိုက်တာပေါ့ ဘာညာဆိုပြီးမတွေးလိုက်ပါနဲ့။လိင်ဆက်ဆံရင် မျက်လုံးကန်းသွားတဲ့စွမ်းရည်တို့ စိတ်လှုပ်ရှားပြီးကြောက်လာရင် အနီးအနားကစက်ပစ္စည်းတွေပျက်သွားတဲ့စွမ်းရည်တို့လိုမျိုး ကြောင်တောင်တောင်ကြီးတွေဖြစ်ပါတယ်။အခုသူတို့မျိုးဆက်ထဲကနောက်ဆုံးသားယောက်ျားလေးဖြစ်တဲ့ဂျိမ်းစ်မှာလည်း ကြောင်တောင်တောင်စွမ်းရည်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ သူကြောက်လာရင်သူ့နားမှာရှိတဲ့အပင်တွေကအစလူတွေအဆုံး အကုန်လုံးသေဆုံးကြရတာဖြစ်ပြီး အဲ့ဒီစွမ်းရည်ကြောင့်ပဲမိဘမဲ့ဘ၀ကိုရောက်ရှိပြီး မိဘမဲ့ဂေဟာကိုရောက်ခဲ့ရပါတယ်။ဒါပေမယ့်မိဘမဲ့ဂေဟာမှာလည်း အဲ့လိုထပ်ဖြစ်ပြီးနောက်ပိုင်းထွက်ပြေးသွားခဲ့ပြီးဂျိမ်းစ်တစ်ယောက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမယ့် နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာကင်ဆာရောဂါဖြစ်နေပြီး ဆေးရုံကနေထွက်ပြေးလာတဲ့ မေဆိုတဲ့ကောင်မလေးနဲ့ဂျိမ်းစ်နဲ့တွေ့ဆုံခဲ့တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမဲ့ ဒရာမာ စိတ်ကူးယဉ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.78 GB / 851 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 28m Genre ….. Fantasy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Hideaways (2011)