Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Niall Matter
6.7
Family History Mysteries: Buried Past (2023)
ခရစ္စမတ်အချစ်ဇာတ်လမ်းလေးတွေ ရိုက်ကူးမှုများတဲ့ ဒါရိုက်တာကြီးကနေ ခရစ္စမတ်ကားတွေအများကြီးမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ ကြည်နူးဖွယ် မိသားစုဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေဗျ။ဆိုဖီဆိုတဲ့ အမျိုးသမီးလေးက ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ရှာဖွေပေးတဲ့ အလွတ်စုံထောက်သဘောမျိုးလုပ်ကိုင်နေသူတစ်ဦး။ ဆိုဖီ့မှာ နှစ်အိမ့်တစ်အိမ်လိုနေတဲ့ သိပ်ချစ်ခင်ရတဲ့ သူငယ်ချင်းအမွှာညီကိုနှစ်ယောက်လဲရှိတယ်။ ညီဖြစ်သူက သွေးကင်ဆာဖြစ်ပြီး ရိုးတွင်းခြင်ဆီအစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာတော့ အစ်ကိုဖြစ်သူရော အမေဖြစ်သူနဲ့ပါ ကိုက်ညီမှုမရှိခဲ့ပါဘူး။ ပထွေးအပါအဝင် သူငယ်ချင်းဆိုဖီတို့ပါ ကိုက်ညီမလား စစ်ဆေးကြပေမဲ့လည်း ကိုက်ညီမှုမရှိခဲ့။ ဒီမှာပဲ ညီကိုနှစ်ယောက် မမွေးခင်ကတည်းက သေသွားပြီလို့ ထင်ထားကြတဲ့ အဖေအရင်းကို ရှင်သန်နေမလားဆိုတဲ့ သဲလွန်စ သေးသေးလေးတွေကနေ လိုက်လံရှာဖွေဖို့ ဆိုဖီ့ဆီကို တာဝန်ကျလာပါတော့တယ်။ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖွယ်၊ ကြည်နူးဖွယ် ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(825 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae ...
movie
Family History Mysteries: Buried Past (2023)
6.9
The Santa Summit (2023)
The Santa Summit (2023) =================== IMDb Rating - 6.9/10ခရစ္စမက်ပိတ်ရက်မှာ ဇာတ်ကားလေးကြည့်ရင်း chill ချင်တဲ့သူများ အတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်းအကျဉ်းလေး ကတော့ ခရစ္စမက်၊ ဆန်တာပွဲတော်မှာ ခဏလေးမတော်တဆတွေ့ခဲ့မိတဲ့ ကောင်လေးနဲ့ကောင်မလေးတို့အချင်းချင်း ရှာပုံတော်ဖွင့်ကြတဲ့အကြောင်း လေးပါ။ဂျော်ဒင် ဆိုတဲ့ကောင်မလေးကကျောင်းတစ်ကျောင်းမှာ ပန်းချီသင်တဲ့ ဆရာမတစ်ယောက်ပါ။ လီယမ် ဆိုတဲ့ကောင်လေးကတော့ အခုမှ ဂျော်ဒင် ရှိတဲ့မြို့ကိုပြောင်းလာပြီး ဂျော်ဒင် နဲ့ဆန်တာပွဲတော်မှာမတော်တဆတွေ့ခဲ့ ပါတယ်။ စိတ်တူ အကြိုက်တူဖြစ်တဲ့သူတို့နှစ်ယောက်ဟာ တစ်ခဏလေး အတွင်းမှာပဲ စကားတွေအများကြီးပြောခဲ့ကြပြီး အဆင်ပြေနေခဲ့ကြပါတယ်။ နောက်တော့ပွဲတော်ထဲမှာ တစ်ယောက်နာမည်တစ်ယောက်မသိခင်မှာပဲ လူချင်းကွဲသွားပါတယ်။နာမည်မသိတဲ့အပြင် မျက်နှာမှာလည်းဆန်တာမုတ်ဆိတ်တွေတပ်ထားတဲ့ အတွက် ရုပ်ကိုလည်းသေချာမသိပါဘူး။ ဒီလိုနဲ့ နှစ်ယောက်စလုံးတစ်ယောက် ကိုတစ်ယောက် မရေမရာနဲ့လိုက်လံရှာဖွေကြတာကို drama ဆန်ဆန်ပေါ့ပေါ့ ပါးပါးလေးနဲ့ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ Main character နှစ်ယောက်အတွဲ အပြင် side character တွေရဲ့မတူညီတဲ့မေတ္တာတွေနဲ့ အတွဲတွေကိုပါ သေချာ လေးပုံဖော်ထားတာဖြစ်တဲ့အတွက် အရိုတစ်လိုင်းကြိုက်တဲ့သူများလက်မလွှတ် သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(2.41 GB) / (914 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar ...
movie
The Santa Summit (2023)
2023
7.6
Watchmen (2009)
ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။noui consilia et ueteres quaecumque monetis amici, "pone seram, cohibe". sed quis custodiet ipsos custodesငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး ...
movie
Watchmen (2009)
2009
4K HEVC
6.8
Come Fly with Me (2023)
IMDb Rating 6.8 ရရှိထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Come Fly With Me ဖြစ်ပြီး Ratingကောင်းကောင်း ဇာတ်ညွှန်းကောင်းကောင်း ဒရာမာကားလေးတွေကိုကြည့်ချင်တဲ့လူတွေအတွက်တော့ အံကိုက်ဖြစ်စေမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ သမီးတစ်ယောက် အဖေမုဆိုးဖိုပေါလ်နဲ့သမီးတစ်ယောက် အမေမုဆိုးမအမ်မာတို့ရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ပေါလ်က သူ့မိန်းမဆုံးပါးသွားပြီးကတည်းက ကျန်ခဲ့တဲ့တစ်ဦးတည်းသောမိသားစုဝင်ဖြစ်တဲ့ သမီးလေးအဲလစ်ကိုသေသေချာချာ ပြုစုပျိုးထောင်လာပေးတဲ့ Single Dad တစ်ယောက်ဖြစ်ပြီးစခန်းချတာတို့ တောင်တက်တာတို့လို အပြင်သွားပစ္စည်းတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ကိုပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။အမ်မာကလည်းလူစီ့ရဲ့အမေဖြစ်တဲ့Single Mom တစ်ယောက်ဖြစ်ပြီး လေတပ်မှာတာဝန်ထမ်းဆောင်တဲ့ဂျက်လေယာဉ်မောင်းတဲ့ ပိုင်းလော့တစ်ယောက်ဖြစ်ပါတယ်။သူတို့နှစ်ယောက်စတွေ့ဖြစ်ခဲ့ပုံက သမီးနှစ်ယောက်ဖြစ်တဲ့ လူစီနဲ့အဲလစ်တို့က အကြိုက်ချင်းတူကြပြီးအချစ်ဆုံး သူငယ်ချင်းတွေဖြစ်သွားရာကနေ စပါတယ်။နှစ်ယောက်စလုံးကလည်းအလုပ်ကိုယ်စီ ရှုပ်နေတဲ့လူတွေဆိုတော့ ကလေးတွေကို တစ်ယောက်တစ်လှည့်ထိန်းပေးကြရင်းနဲ့ အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိဆိုသလိုသမီးတော်နှစ်ယောက်ရဲ့ မြှောက်ပင့်ပေးမှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် စိတ်ဝင်စားခဲ့ကြပါတော့တယ်။ဒါပေမယ့်ကံကြမ္မာဆိုတာက အမြဲတမ်းချိုမြိန်မနေဘဲ ခါးသီးတဲ့အခိုက်အတန့်တွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ပေါလ်နဲ့ အမ်မာတို့ အဲ့ဒီအခက်အခဲတွေကို အတူတူကျော်လွှားပြီး ပျော်ရွှင်တဲ့ဆက်ဆံရေးတစ်ခု မိသားစုတစ်ခုကိုပိုင်ဆိုင်နိုင်သွားမလား ဇာတ်ကားနာမည်အတိုင်းအတူတူပျံသန်းနိုင်ပါ့မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.48GB ...
movie
Come Fly with Me (2023)
5.2
Double Life ( 2023 )
2023 မေလ၅ရက်နေ့ကမှပူပူနွေးနွေးထွက်ရှိခဲ့တဲ့ကားပဲဖြစ်ပါတယ်။ Javicia Leslie,John Cassiniနဲ့ Pascale Huttonတို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအသွားကတော့ Sharon Satter ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းဖြစ်သူ Mark Setter က ရုံးကအပြန်မှာ သေဆုံးသွားတာကိုသိရှိပြီး ပူဆွေးနေတုန်းမှာပဲ Jo Creuzot ဆိုတဲ့အမျိုးသမီးက သူမရဲ့ခင်ပွန်းသေဆုံးမှုက ပုံမှန်မဟုတ်ကြောင်းပြောပြရင်း အစအနများကိုလိုက်ရှာကြရာကနေ တကယ်ကိုမထင်ထားတဲ့ လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ CrimeThriller အမျိုးအစားပဲဖြစ်ပါတယ်။ တကယ့်ကို မထင်ထားတဲ့လှည့်ကွက်များနဲ့ အက်ရှင်များကိုကြိုက်နှစ်သက်ရင်တော့ ဒီဇာတ်ကားကိုကြည့်ဖို့တိုက်တွန်းပါတယ်.File size…(1.5 GB)/(720 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill
movie
Double Life ( 2023 )
5.9
The Predator (2018)
အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/ ကြည့်ပါ။File size…(7 GB)/(1.9 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,THZ Translated by Little Neo
movie
The Predator (2018)
2018
4K HEVC
6.8
Rip in Time (2022)
Rip in Time (2022)~ IMDb rating - 6.8/10 ~အချိန်ကွဲကြောင်းကို ဖြတ်ပြီး ဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းပေါ့။ ဆုံကိုဆုံလာရမယ့် ဖူးစာကို အချိန်လိုစွမ်းအားကြီးတဲ့ အရာကတောင် မတားနိုင်ဘူးလို့ ပြောထားတဲ့ Comedy, Fantasy, Drama ဇာတ်ကားလေးပါ။နယ်မြို့လေးမှာ အေးအေးချမ်းချမ်းနေကြတဲ့ ဆာရာတို့ မိသားစုလေးဆီကို မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်လာရာက စပါတယ်။ ထူးထူးဆန်းဆန်း အဝတ်အစားတွေနဲ့ စကားကို ထူးထူးဆန်းဆန်းပြောတတ်တဲ့ ရစ်ပ်ဆိုတဲ့ သူစိမ်းကို သဘောကောင်းတဲ့ ဆာရာတို့မိသားစု လက်ခံထားပါတယ်။ နောက်တော့ သူစိမ်းရဲ့နာမည်က နာမည်ကျော်စာရေးဆရာတစ်ယောက်ရဲ့ ဝတ္ထုထဲက ဇာတ်ကောင်နာမည်ဖြစ်နေပြီး ၁၈ ရာစု လောက်က ဖြစ်ခဲ့တဲ့ အကြောင်းကို စိတ်ကူးယဉ်ဝတ္ထုအနေနဲ့ ရေးထားတဲ့ ဇာတ်လမ်းက သူ့အဖေရဲ့ အကြောင်းကို ရေးထားတာလို့ ပြောလာပါတယ်။ ပြီးတော့ သူ့ကို မွေးတာက ၁၈ ရာစုတုန်းက ...
movie
Rip in Time (2022)
2022