Channel Myanmar

Niall MacGinnis

Shake Hands with the Devil (2007) 7.0
Shake Hands with the Devil (2007)  ကနေဒီယန်ဗိုလ်ချုပ်ဖြစ်တဲ့ ရိုမီယိုဒလဲရ်ဟာ အာဖရိကန်နိုင်ငံ ရဝမ်ဒါပြည်နယ်မှာ အပစ်အခတ်ရပ်စဲထားတဲ့ ပြည်တွင်းစစ်ကို ကုလသမ္မဂအဖွဲ့ရဲ့စေလွှတ်မှုအရ ဘက်မလိုက်ငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်ဆင်ရေးအတွက် ရောက်ရှိသွားခဲ့ပါတယ်......ရဝမ်ဒါမှာ ဖြစ်ပွားလာတော့မဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးရင်း အပြစ်မဲ့တဲ့ပြည်သူတွေကို ကိုယ်စွမ်းရှိသမျှ ဖြောင့်မတ်မှန်ကန်စွာ အဆုံးထိ ကာကွယ်ခုခံပေးတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက် သေချာပေါက် ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre... Action, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Shake Hands with the Devil (2007)

Jason and the Argonauts (1963) 7.3
Jason and the Argonauts (1963) Jason and the Argonauts (1963)~ IMDb - 7.3/10, Rotten Tomatoes - 89% ~ဂရိနတ်ဘုရားတွေနဲ့ သူရဲကောင်းတွေ စွန့်စားခန်း‌တွေကို အမျိုးမျိုး ရိုက်ကူးကြရာမှာ ဒီကားကတော့ သူရဲကောင်းအ‌ကျော်အ‌မော်ဂျေဆင်နဲ့ သူ့အဖွဲ့သား အာဂိုနပ်စ်တွေရဲ့ ရွှေသိုးရှာဖွေတဲ့ စွန့်စားခန်းခရီးအကြောင်း 1963 ခုနှစ်ထွက်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇုစ်နတ်ဘုရားက ပလိုင်ရက်စ်ကို သက်စ်လေတိုင်းပြည်ကို အောင်နိုင်ဖို့ ဆုပေးပေမဲ့ နောင်ကျရင် သက်စ်လေဘုရင်ရဲ့မျိုးဆက်က ပလိုင်ရက်စ်ကို လက်စားချေမှာလို့ ဟောကိန်းရှိတဲ့အတွက် ပလိုင်ရက်စ်က ဘုရင်ရဲ့သားသမီး ၃ယောက်လုံးကိုပါ သတ်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သားတော်ဂျေဆင်က အစောင့်နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့အခါ...ဂျေဆင်အရွယ်ရောက်လာတဲ့အခါ သက်စ်လေပြည်ကို ပြန်သိမ်းပြီး ပလိုင်ရက်စ်ကိုသတ်ဖို့ လိုက်ရှာပါတော့တယ်။ ဇုစ်ရဲ့မိဖုရား ဟယ်ရာက ဂျေဆင်ကို အလုံးစုံကူညီပေးချင်ပေမဲ့ ဇုစ်က အကြိမ်အရေအတွက်ကန့်သတ်ထားပြီး နတ်ဘုရား‌ မောင်နှံ၂ပါး အားပြိုင်တဲ့အခါ...ပလိုင်ရက်စ်ကို သတ်ပြီး သက်စ်လေတိုင်းပြည် ကြွယ်၀ချမ်းသာ ငြိမ်းချမ်းဖို့ ရွှေသိုးရှိရမယ်လို့ဟောကိန်းရှိတဲ့အတွက် ...
movie

Jason and the Argonauts (1963)

1963
Lust for Life (1956) 7.4
Lust for Life (1956) [Unicode]Lust for Life (1956) ================ IMDb. = 7.4 out of 10 Rotten Tomatoes = 100%မှောင်ယံကမ်းပါးဆ‌ီ ဝင်းလက်စိုမြနေတဲ့ ကြယ်တွေရဲ့ နောက်ကြောင်းမှာ အသိုက်ပျက် အနက်ရောင်ငှက်တွေ ပျံဝဲနေကြပါတယ်။ သေကွင်းသေကွက်တည့်တည့်ကို လောကဓံလာမှန်တဲ့နေ့မှာ ကြယ်တွေဆီ အိပ်တန်းတက်သွားတဲ့ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ဟာ အရောင်တွေစိုလို့မြလို့။ သူ့ရာဇဝင်ကတော့မလှခဲ့ဘူး။အင်ပရက်စ်ရှင်ဝါဒပန်းချီတွေရဲ့ တာထွက်မှာ အင်ပရက်စ်ရှင်သမား‌တွေ ပို့စ်အင်ပရက်စ်ရှင်သမားတွေ အတော်လေး ရှုံ့ချခံခဲ့ကြရတယ်။ မာနက်ရဲ့ မြက်ခင်းပေါ်ကပျော်ပွဲစားပွဲကားနဲ့ အိုလံပီယာကားဆိုရင် ပြရင် ဓားနဲ့ခွဲ တံတွေးနဲ့မထွေးအောင် ရဲတွေက ကြိုးနဲ့အမြင့်မှာ ချိတ်ထားခဲ့ရတဲ့အထိကိုဆိုးတယ်။ အဲ့ဒီကာလမှာ အင်ပရက်စ်ရှင်သမားတွေဟာ အရူးတွေလို့ သမုတ်ခံရတာပါပဲ။ ဗင်းဆင့်ဟာ ပို့စ်အင်ပရက်ရှင်သမားဖြစ်တဲ့အပြင် အနေအထိုင်မတတ်တော့ ပိုရှုံ့ချခံရပါတယ်။ ဒါပေမယ့် သူလက်မလျှော့ခဲ့ပါဘူး။ဗင်းဆင့်ဟာ သူ့သက်တမ်း တစ်လျှောက်မှာ လုံးဝမအောင်မြင်ခဲ့တဲ့ အနုပည‌ာတွေသက်သက်ကို ပိုင်ဆိုင်ထားတဲ့လူပါ။ ခင်ဗျားတို့ ဖတ်ဖူးမှာပေါ့။ ဘယ်စာရေးဆရာကတော့ဖြင့် မအောင်မြင်ခင်မှာ သူ့ဝတ္တုကို ဘယ်လိုလက်လျော့ခဲ့ပြီးမှ ကံအကြောင်းတိုက်ဆိုင်လို့ ပြန်အောင်မြင်တယ်ဆိုတာမျိုးတွေ။ ဒီလိုတွေ အများကြီးပါ။ ဗန်ဂိုးကတော့ ...
movie

Lust for Life (1956)