Channel Myanmar

Nia Roberts

Bridgend (2015) 5.5
Bridgend (2015)  ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တုန်းကဘရစ်ဂျန့်ဆိုတဲ့မြို့တစ်မြို့မှာ လူငယ်အနည်းဆုံး ၂၆ ခန့်ကကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခဲ့ကြတဲ့ဖြစ်ရပ်မှန်တစ်ခုရှိပါတယ်။ပိုထူးဆန်းတာကတော့ အဲ့လိုသေကြောင်းကြံတဲ့လူငယ်တွေအားလုံးထဲမှာတစ်ယောက်ကလွဲပြီးကျန်တဲ့သူတွေအားလုံးဆွဲကြိုးချသေခဲ့ကြတာပါပဲ။ရဲတင်ပြချက်တွေအရတော့ သေကြောင်းကြံတဲ့ဂိုဏ်းတစ်ခုကို အပြစ်တင်ရမယ်ဆိုပေမဲ့ တကယ်တမ်းအမှုတွေနဲ့ ဆက်စပ်နေတဲ့သက်သေတွေကိုတော့ မတွေ့ခဲ့ကြပါဘူး။အခုတင်ဆက်ပေးမဲ့ Bridgend ဆိုတဲ့ဇာတ်ကားကအဲ့ဒီအဖြစ်အပျက်ကိုပဲအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating 5.4 နဲ့နိုင်ငံတကာကပေးအပ်ထားတဲ့ရုပ်ရှင်ဆုများစွာလည်းရရှိခဲ့ပြီး အဲ့ဒီဖြစ်ရပ်မှန်ကိုသည်းထိပ်ရင်ဖိုပုံစံလေးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဆာရာဆိုတဲ့ ကောင်မလေးကအဖေဖြစ်သူနဲ့ အတူတူဘရစ်ဂျန့်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီးအဲ့ဒီမြို့က ကျောင်းမှာပဲ သွားတက်ရောက်ခဲ့ပါတယ်။အဲ့ဒီကျောင်းမှာဆာရာက ဂျိန်းမီဆိုတဲ့ကောင်လေးနဲ့သူ့အဖွဲ့တွေနဲ့ အဖွဲ့ကျသွားခဲ့ကြပြီး။ရေကန်ထဲ ကိုယ်တုံးလုံးရေဆင်းချိုးတာတွေအပြင် တခြားသောလူငယ်ဘ၀ပေါက်ကရတွေများစွာလည်း အတူတူလုပ်ခဲ့ကြပြီးပျော်ရွှင်နေခဲ့ကြပါတယ်။အဲ့လိုပျော်ရွှင်နေတာတွေကတစ်နေ့မှာတော့ အားလုံးအတွက် ပျောက်ကွယ်သွားတော့ပါတယ်။ဘာလို့လဲဆိုတော့ သူတို့အဖွဲ့ထဲက ကောင်လေးတစ်ယောက်က ဆွဲကြိုးချပြီးသေသွားတဲ့ သတင်းကိုကြားလိုက်ရလို့ပါပဲ။ဒါပေမယ့်လည်း လူငယ်ပီပီပဲခဏကြာတော့ မေ့ပျောက်သွားခဲ့ပြီး အရင်လိုပဲပြန်ကဲနေခဲ့ပါတယ်။ကဲလို့မကြာသေး သူငယ်ချင်းတွေတစ်ယောက်ပြီး တစ်ယောက်ဆွဲကြိုးချပြီးသေကြောင်းကြံနေကြတဲ့အခါမှာတော့ ဆာရာတို့လည်း ကြောက်လန့်လာပြီးအဲ့လိုဖြစ်ရပ်ဆိုးတွေကြားမှာ ရှင်သန်အောင်ဘယ်လိုကြိုးစားကြမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 635MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 44m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Bridgend (2015)

Cashback (2006) 7.1
Cashback (2006) (18+ အခန်းတချို့ပါဝင်၍ အသက်ရွယ်မပြည့်သူများနှင့် မိသားစုဝင်များအတူတကွ ကြည့်ရှုရန်မသင့်တော်ပါ)Comedy, Drama, Romance IMDB Rating: 7.1/10ဒီဇာတ်ကားကတော့ ခင်ဗျားတို့ မြင်ဖူးတဲ့ Romance ကားတွေနဲ့ မတူ တော်တော်ထူးခြားနေမှာပါ။Ben ဆိုတဲ့ အနုပညာကျောင်းသား ပန်းချီဆရာ‌လေးတစ်ယောက် သူ့ကောင်မလေးနဲ့ လမ်းခွဲပြီးနောက်ပိုင်းInsomnia လို့ခေါ်တဲ့ အိပ်မရတဲ့ ရောဂါတစ်မျိုး စွဲကပ်လာပါတော့တယ်။အဲဒီတော့ ‌အိပ်မရတဲ့ ၈နာရီဟာအချိန်ပိုဖြစ်လာတဲ့ အတူတူ အကျိုးရှိအောင်ဆိုပြီးတော့ ‌စူပါမားကတ်တခုမှာ အချိန်၈နာရီနဲ့ ‌‌ငွေနဲ့လဲလှယ်ဖြစ်လာခဲ့ပါတော့တယ်(cashback)။အဲဒီအလုပ်မှာပဲ Ben ဟာသူအချိန်ကို ရပ်နိုင်တယ်ဆိုတဲ့ စွမ်းအားရှိကြောင်း သိရှိလာခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ Ben ရဲ့စိတ်ကူးယဥ် လက်တွေ့မဆန်တဲ့ကမ္ဘာမှာ နေနေတုန်း လောကကြီးရဲ့ အလှတရားတွေ ရပ်တန့်နေတဲ့ ကမ္ဘာမှာ မိန်းမတွေရဲ့ အလှတရားတွေအကုန်လုံးကို ခံစားမိလာပြီးတော့ သူ့ဘဝကြီးရဲ့ အဓိပ္ပာယ်နဲ့ အလှတရားကို ရှာတွေ့သွားပါတော့တယ်။Ben ဟာ သူနဲ့ အလုပ်အတူတူလုပ်တဲ့ Sharon ဆိုတဲ့ ကောင်မလေးကို သဘောကျသွားမိပြီးတော့သူ့အတိတ်ကိုမေ့ထားပြီး ပစ္စုပ္ပာန်ကို တန်ဖိုးထားတတ်လာပါတော့တယ်။ ဒီ Cashback ဆိုတဲ့ ဇာတ်ကားလေးမှာ ဆိုရင်တော့ဖြင့် အချစ်၊ လမ်းခွဲခြင်း၊ ပြောင်းလဲတတ်ခြင်း စတဲ့အရာတွေကိုခံစားရမှာဖြစ်ပြီးတော့ Ben ရဲ့အကြောင်းကို ကြည့်ရင်းနဲ့ ကျွန်တော်တို့အတွေးတွေ တခုခုတော့ပြောင်းလဲသွားမှာပါခင်ဗျာ။IMDB 7.1 လဲရထားတာမလို့ ...
movie

Cashback (2006)

The Feast (2021) 5.9
The Feast (2021)  The Feast (2021)ချမ်းသာတဲ့ မိသားစုတစ်စုဟာ ဝေလတောင်တန်းတွေကြားမှာ အိမ်တစ်အိမ်သီးသန်းဆောက်ပြီးနေထိုင်ပါတယ် (ဝေလနိုင်ငံဆိုတာတော့ UK ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံပါ ဝေလလူမျိုးတွေရဲ့ အင်းဂလိပ်စကားက ရှေးဟောင်းအင်းဂလိပ်စကား အစစ်ပါ)တစ်နေ့တော့ သူတို့ရဲ့ စီးပွာရေးသမားတစ်ယောက်ရယ် အိမ်နီးနားချင်းတစ်ယောက်ရယ်နဲ့ အတူ ညစာစားဖို့ စီစဉ်ထားကြပါတယ် ညစာစားပွဲမှာ ဘယ်ကမှန်းမသိတဲ့ ကောင်မလေးတစ်ယောက်က အိမ်အကူအဖြစ် လာကူညီပေးပြီးတော့ ဆိုးရွားမှုတွေအများကြီး စဖြစ်လာပါတော့တယ်အဲ့ဒီကောင်မလေးက ဘယ်သူလဲ သူတို့ကရော ညစာစားပွဲမှာ ဘာတွေဆက်ဖြစ်ကြမှာလဲ ဆိုတဲ့ မေးခွန်းတွေ သွေးထွက်ကြမ်းတဲ့ horror scenes တွေနဲ့အတူ dialogueတစ်ခုချင်းစီက သင့်ကို ဇာတ်လမ်းအကြောင်းနားလည်အောင် ရှင်းပြသွားမှာပါHorror vibe လေးခံစားချင်ပြီး plot twistလည်း ကြိုက်တဲ့သူတွေအဖို့တော့ ကြည့်ရတန်တဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါ( ဘာသာပြန်ပြီ အညွှန်းရေးသားထားသူကတော့ Thura Hein ပဲ ဖြစ်ပါတယ်)File Size__(1.7GB) / (850 MB) Quality__1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:33:00 Type__Drama , Horror ...
movie

The Feast (2021)