Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nettie Kraft
5.8
Above Suspicion (2019)
ရဲတွေ FBI တွေရာဇဝတ်မှုတစ်ခု နောက်ကိုလိုက်တဲ့အခါမှာသူတို့အတွက် တန်ဖိုးအရှိဆုံးအရာကတော့ သူတို့လိုချင်နေတဲ့သတင်းတွေကို အသေးစိတ်ပြောပြပေးနိုင်မဲ့သတင်းပေးတွေပါပဲ။အဲ့ဒီသတင်းပေးတွေကြောင့်ပဲ ဖော်ထုတ်နိုင်ခဲ့တဲ့ရက်စက်ကြမ်းကြုတ်တဲ့ ဒုစရိုက်မှုတွေဆိုတာလည်းမနည်းပါဘူး။သတင်းပေးတွေက ရဲတွေကိုသတင်းပေးရာမှာ လျှို့ဝှက်သတင်းပေးရတာလည်းရှိသလို တရားရုံးမှာသက်သေထွက်ဆိုပေးရတဲ့အထိ လုပ်ပေးရတာတွေလည်းရှိပါတယ်။သတင်းပေးတွေဖက်က အဲ့လိုသတင်းပေးရတဲ့ အကြောင်းပြချက်တွေကလည်း မျိုးစုံရှိကြပါတယ်။အခုတင်ဆက်ပေးမဲ့Above Suspicion ဆိုတဲ့အပြင်လောကက ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားထဲမှာအထက်မှာပြောခဲ့သလိုသတင်းပေးနဲ့ FBI အေးဂျင့်တစ်ယောက်ရဲ့ကြားမှာ ဖြစ်ခဲ့တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ငယ်စဉ်ကတည်းကနေ အခုအချိန်အထိ ပိုက်ဗေးလ်မြို့မှာနေထိုင်ခဲ့တဲ့ ဆူဇန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကယိုယွင်းပျက်စီးနေတဲ့ ပိုက်ဗေးလ်မြို့ရဲ့စီးပွားရေးအကြပ်အတည်းတွေကို အံကြိတ်ပြီး ရှင်သန်နေရတဲ့ကွာရှင်းထားတဲ့ကလေးအမေတစ်ယောက်ပဲဖြစ်ပါတယ်။သူတို့မြို့က ဘယ်လောက်ပျက်စီးနေလဲဆိုရင် ပိုက်ဆံရှာဖို့ အသုဘလုပ်ငန်းနဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့လုပ်ငန်း ၂ ခုပဲရှိတော့တဲ့အထိကိုဆိုးဝါးနေခဲ့တာပါ။အဲ့ဒါတွေကြောင့်ပဲ ဒီမြို့ကနေထွက်သွားချင်တဲ့ သူ့ရဲ့ရည်မှန်းချက်ကဘယ်တုန်းကမှ မပြည့်၀ခဲ့သလို အရာရာပြည့်စုံတဲ့ယောက်ျားတစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးတစ်ခုကိုပိုင်ဆိုင်ချင်တာကတော့ သူ့ရဲ့အိပ်မက်ကြီးတစ်ခုပါပဲ။အဲ့ဒီအိပ်မက်တွေအားလုံးက တစ်နေ့မှာတော့သူတို့မြို့ကို FBIအေးဂျင့်မာ့ခ်ရောက်လာတဲ့အခါမှာ ပြည့်၀သွားသလိုခံစားလိုက်ရပါတယ်။အေးဂျင့်မာ့ခ်မှာ သားနဲ့မယားနဲ့ဆိုပေမဲ့အဖက်ဖက်က ပြည့်စုံနေတဲ့ ယောက်ျားတစ်ယောက်မျိုးဖြစ်တဲ့အတွက် ဆူဇန်အတွက်ရေငတ်နေချိန်ဝိုင်ချိုတွေ့လိုက်ရသလိုအေးဂျင့်မာ့ခ်ကို တမ်းတမ်းစွဲဖြစ်ပြီး သတင်းပေးအနေနဲ့ချဉ်းကပ်ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ကြားမှာဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေဆက်ဖြစ်လာမယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.55GB / 660MB Quality…WEB-Rip ...
movie
Above Suspicion (2019)