Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nene Otsuka
7.9
Drawing Closer (2024)
"အချစ်ဟာ ကံဆိုးတဲ့လူတစ်ယောက်ရဲ့ကမ္ဘာကြီးထဲကအနက်ရောင်စုတ်ချက်တွေကိုတောင် မျက်စိကျိန်းလောက်အောင်တောက်ပတဲ့အရောင်တွေအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်” တဲ့။ ဇွန်လ ၂၇ ရက်ကမှထွက်ရှိထားတဲ့ Drawing Closer ရုပ်ရှင်ဟာRomance ၊ Drama အမျိုးအစားဖြစ်ပါတယ်။အသက်ရှင်ဖို့တစ်နှစ်ပဲ ကျန်တော့တယ်ဆိုတာသိလိုက်ရတဲ့အသက် ၁၇ နှစ်အရွယ်ကောင်လေးအာကီတိုအတွက် ဘဝကရုတ်တရက်အဓိပ္ပါယ်မဲ့သွားပြီး သူအကြိုက်ဆုံးပန်းချီဆွဲတဲ့ဝါသနာကိုတောင် စွန့်လွှတ်ခဲ့ပါတယ်။ အာကီတိုက ကျန်ရှိတဲ့အချိန်တွေမှာ မိသားစုနဲ့တခြားသူတွေအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်နေသွားပြီးပဲ ဘဝကိုအရှုံးပေးလိုက်တော့မယ်လို့ဆုံးဖြတ်ထားခဲ့ပါတယ်။တစ်ရက်မှာတော့ ဆေးရုံမှာ ခြောက်လသာအသက်ရှင်ရတော့မယ့်သက်တူရွယ်တူကောင်မလေးဟာရူနာနဲ့တွေ့ဆုံခဲ့ပါတယ်။ဘဝမှာနေရမယ့်အချိန်သိပ်မကျန်တော့တဲ့ ဘဝတူတွေချင်းအတူတူဖြစ်နေတာကြောင့် အာကီတိုက ဟာရူနာမသေခင်မှာဟာရူနာဖြစ်ချင်တာအားလုံးလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ အာကီတိုထင်မထားခဲ့တာက ဟာရူနာရဲ့နောက်ဆုံးဆန္ဒတွေကိုလိုက်လံဖြည့်ဆည်းပေးခဲ့တာတွေက သူ့အတွက်ရှေ့ဆက်အသက်ဆက်ရှင်အောင်အတတ်နိုင်ဆုံးကြိုးစားကြည့်ချင်စိတ်ဖြစ်ပေါ်လာစေဖို့ ဘဝရဲ့အဓိပ္ပါယ်ကိုရှာဖွေတွေ့ရှိသွားစေခဲ့တာပဲဖြစ်ပါတယ်။ File size…1.76GB / 717MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Drawing Closer (2024)
7.3
I Wish (2011)
I Wish ( 2011 )ဂျပန်တွေက သူတို့ယဉ်ကျေးမှုနဲ့ အနုပညာက သဘာဝကပဲလာတယ်လို့ပြောကြတယ်။ ဂျပန်ရုပ်ရှင်ကောင်းတွေကလည်း သဘာဝကပဲလာတယ်ပြောရမှာပဲ။ သူတို့ယဉ်ကျေးမှု သူတို့လူနေမှုစတဲ့ သူတို့ရဲ့ လူ့သဘာဝကနေပဲလာတာများတယ်။ မျက်မှောက်ခေတ် ဂျပန်ဒါရိုက်တာတွေထဲ ဒီလူ့အသိုင်းအဝိုင်းက လူတွေရဲ့အချင်းအရာတွေ သက်သက်ကို သူ့သဘာဝအတိုင်း လှလှပပ အရိုက်ပြနိုင်ဆုံးကတော့ Hirokazu Koreedaပဲ ဖြစ်ပါလိမ့်မယ်။ အကုန်လုံးတော့ မဟုတ်ပေမဲ့ Koreedaရုပ်ရှင်တွေရဲ့ ၉၀ရာခိုင်နှုန်းလောက်က ဒီလိုရုပ်ရှင်တွေချည်းပါပဲ။ ဒီလိုဟန်တွေချည်း ရိုက်ပြခဲ့တာက သူ့ရှေ့မှာ အိုဇုရှိခဲ့သလို Korredaကိုယ်တိုင်လည်း တင်ဆက်ပုံဟန်မှာ အိုဇုအငွေ့အသက်မကင်းတာတွေ တွေ့ရတော့ သူ့ကို အိုဇုနဲ့ တော်တော်နှိုင်းကြတယ်။ တစ်ချို့ကလည်း အိုဇုနဲ့ Koreedaက မိသားစုဒရာမာတွေရိုက်ပြတာချင်းတူပေမဲ့ ဟန်ချင်းမတူဘူးဆိုကြတယ်။ ဒါပေမဲ့ Still Walkingမှာတော့ Koreedaဟာ တင်ဆက်ပုံဟန်မှာပါ အိုဇုနဲ့ တော်တော်လေးတူခဲ့တော့ နှိုင်းသင့်တယ်လို့လည်း ထင်ရတာပါပဲ။ သေချာတာတော့ သူတို့ ၂ယောက်စလုံးဟာ သူတို့ရုပ်ရှင်တွေမှာ ဂျပန်လူ့အသိုင်းအဝိုင်းနဲ့ ဂျပန်ယဉ်ကျေးမှုကို ဖော်ပြနိုင်ခဲ့တယ်။ ဒါလည်းအရေးပါပါတယ်။ ကြည့်တဲ့လူကို သူတို့ယဉ်ကျေးမှုကို နားလည်စေသလို သူတို့ရုပ်ရှင်တွေကိုလည်း ပိုစီးဝင်စေတယ်။ ပိုအရေးပါတယ်ထင်ရတာကတော့ ရုပ်ရှင်တွေဟာ ယဉ်ကျေးမှုကို ...
movie
I Wish (2011)
2011