Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nejat İşler
6.0
Color Of Victory (2024)
အချစ်၊ စစ်ပွဲ၊ မျှော်လင့်ချက်တွေနဲ့ အားကစားအကြောင်းပါတဲ့ ဇာတ်ကားတစ်ကားကိုရှာနေတယ်ဆိုရင်တော့ ၂၀၂၄ ခုနှစ်ထွက် Color of Victory တူရကီ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီရုပ်ရှင်ဟာဆိုရင် လွတ်လပ်ရေးစစ်ပွဲကာလအတွင်း တူရကီရဲ့ သမိုင်းကြောင်းကို ပြောပြထားပြီးတော့ ဖင်နယ်ဘာ့ချေး ဘောလုံးအားကစား အသင်းဖြစ်ပေါ်လာပုံအပြင် နယ်ချဲ့ အင်္ဂလိပ်တွေနဲ့ ယှဥ်ပြိုင်ခဲ့တဲ့အောင်ပွဲအကြောင်းရိုက်ကူးထားတဲ့ သမိုင်းဝင်မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ ခက်ခဲတဲ့စစ်ပွဲကာလမှာ ပြည်သူတွေကို ခွန်အားတက်စေခဲ့တဲ့ မျှော်လင့်ချက်၊ ဘောလုံးအားကစားနဲ့ အချစ်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကောင်တွေရဲ့ ရုန်းကန်မှုတွေနဲ့ အောင်ပွဲများကို မီးမောင်းထိုးပြကာ ဆွဲဆောင်မှုကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ်နဲ့ တင်ဆက်ပေးထားပါတယ်။ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:37:00 Genre... Biography, History, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min
movie
Color Of Victory (2024)
4.7
Oregon (2023)
Oregon (2023) ============တစ်နေ့တည်းမှာ ဖြစ်ပျက်သမျှ အကြောင်းအရာတွေကို ဇာတ်အိမ် တည်ပြီး လူ့ဘဝအထွေထွေကို ချပြသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရမယ်။ အခက်အခဲတွေကနေ သင်ယူစရာတွေလည်း ရလာကြလိမ့်မယ်။ဒါ ဘဝပဲ မဟုတ်လား။၁၉၈၅ ခုနှစ် နွေရာသီတစ်ရက်မှာတော့ အစ်စတန်ဘူဆိုတဲ့ မြို့လေး ဆီကို ဟာကန်နဲ့ဂါရီဆိုတဲ့ စုံတွဲတစ်တွဲ ရောက်လာခဲ့ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဆယ်လန် ဆိုတဲ့ သူငယ်ချင်းမလေးကို တိပ်ခွေ လေးတစ်ခွေ ပြန်ပေးဖို့ပါပဲ။ ဖြစ်ချင်တော့ အဲဒီရက်မှာမှ ဆယ်လန်က ခရီးသွားနေတယ်တဲ့။ ဒီတော့ ဆယ်လန့်ရဲ့ အခန်းအပေါ်ထပ်မှာရှိတဲ့ အပေါက်လေးကနေ တိပ်ခွေကို ပစ်ချပေးဖို့ ကြိုးစားကြတာပေါ့။ (တော်တော်အူကြောင်ကြောင်နိုင်တယ်ဆိုပေမဲ့ အကြောင်းရင်းကို သိရင်တော့ နားလည်သွားကြပါလိမ့်မယ်)အဲဒီမှာပဲ တိုက်ခန်းစောင့်ကြီးက သူတို့ကို ပိုင်နက်ကျူးကျော်သူတွေ ဆိုပြီး စွပ်စွဲရာကနေ ရန်တွေစဖြစ်ကြတော့တာပေါ့။ ဒီလိုနဲ့ စုံတွဲနှစ် ယောက်လည်း ရဲစခန်းကို ရောက်လာပြီး ကြုံရဆုံရစခန်းအမှတ်တရ တွေ စတင်လာပါတော့တယ်။ အရှေ့မှာ ညွှန်းခဲ့သလိုပဲ တစ်နေ့တာကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတာဖြစ်တဲ့အတွက် အချိုးအကွေ့တွေတော့ မပါခဲ့ပါဘူး။ ဒါပေမဲ့ ကြည့်ရှုပြီးရင်တော့ အတွေးတစ်ခု ကျန်နေစေခဲ့မဲ့ ဇာတ်လမ်းမျိုးဆိုတာကတော့ ငြင်းလို့မရနိုင်တဲ့ အချက်တစ်ခုပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie
Oregon (2023)
2023
8.1
Winter Sleep (2014)
ဒီဇာတ်ကားကတော့ IMDB 8.1 ရရှိထားတဲ့တူရကီဇာတ်ကားတစ်ကားပါ။ဒရာမာကားမျိုးဖြစ်တယ်ဆိုပေမဲ့ ကိုရီးယားဒရာမာမျိုးနဲ့လုံးဝမတူတဲ့ခံစားချက်ကိုပေးတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ အိုင်ဒင်ဆိုတဲ့ လူကြီးတစ်ယောက်၊ သူနဲ့အသက်တော်တော်ကွာပြီးတွေးခေါ်ပုံမတူသလို ဆက်ဆံရေးအဆင်မပြေတဲ့မိန်းမဖြစ်သူ နီဟယ်နဲ့ ယောကျာ်းဖြစ်သူနဲ့ကွာရှင်းထားတာမကြာသေးတဲ့ အိုင်ဒင်ရဲ့ညီမဖြစ်သူနယ်ရှလာတို့သုံးယောက်နဲ့ ဇာတ်အိမ်တည်ထားပါတယ်။ဒီဇာတ်ကားက rating 8.1 အထိရထားရတဲ့အကြောင်းကဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စရိုက်နဲ့သူတို့ကြားထဲကဆက်ဆံရေးကို အကောင်းဆုံးနဲ့အပြောင်မြောက်ဆုံးပုံဖော်သွားနိုင်တာကြောင့်ပါ။ဇာတ်လမ်းက ခပ်အေးအေးနဲ့သွားတယ်ဆိုပေမဲ့လဲဇာတ်ကောင်နှစ်ယောက်ကြားက ငြင်းခုံရန်ဖြစ်ရင်းပြောသွားတဲ့စကားတွေက သူတို့ရဲ့နစ်မြုပ်နေတဲ့ခံစားချက်တွေကို တဖြည်းဖြည်းနဲ့ပေါ်လွင်လာစေပြီးဘယ်သူကမှန်တယ် ဘယ်သူကမှားတယ်ဆိုတာကို ခွဲခြားရခက်စေပါတယ်။ဒရာမာဆိုတဲ့အတိုင်း တစ်ကားလုံးဒရာမာတွေနဲ့ပြည့်နေသလိုကြည့်ရှုသူကို တစ်ချိန်လုံးအတွေးနယ်ချဲ့နေအောင်လုပ်နိုင်တဲ့ဇာတ်ကားဖြစ်ပြီး ၃ နာရီ ၁၆ မိနစ်အထိကြာတာကြောင့်မိသားစုဒရာမာကြိုက်သူတွေအတွက်လက်လွှတ်မခံဘဲ ကြည့်ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 2.19 GB / 875 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 3h 16m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie
Winter Sleep (2014)
2014
6.5
10 Days of a Good Man (2023)
ဇာတ်ကားနာမည်ကတော့ မြန်မာလိုဘာသာပြန်ရရင် "လူကောင်းတစ်ယောက်ရဲ့ဆယ်ရက်တာ" တဲ့။ လူကောင်းဆိုတာ ဘယ်လိုလူမျိုးတွေသတ်မှတ်ကြတာလဲ။အကြမ်းဖျင်းသတ်မှတ်ရရင် သူများကို ဒုက္ခမပေး၊အန္တရာယ်မပေး၊ သစ္စာရှိပြီးယုံကြည်ရတဲ့လူမျိုးတွေပေါ့။ဒီဇာတ်ကားထဲက ဆာဒစ် ဟာလည်း အဲ့လိုလူစားမျိုးပဲ။"ကောင်းလွန်းရင် လူပါးဝခံရတတ်တယ်" ဆိုတဲ့စကားအတိုင်းပဲ ဆာဒစ်လည်းအဲ့ဒဏ်ကိုကောင်းကောင်းခံခဲ့ရတယ်။ ဘယ်လောက်ထိလဲဆိုရင် သူ့ဘဝကြီးပြောင်းပြန်လှန်သွားတဲ့အထိပဲ။ ဒီလိုနဲ့ ရှေ့နေအလုပ်ကနေပါ နားလိုက်ရပြီးအလွတ်တမ်းစုံထောက်သဘောမျိုးပဲ လုပ်ကိုင်နေတော့တယ်။ တစ်ရက်ကျသူ့ရဲ့ ရှေ့နေမိတ်ဆွေတစ်ယောက်က သူ့ကလေးထိန်းရဲ့ သားပျောက်သွားလို့စုံစမ်းပေးပါဆိုပြီး အလုပ်အပ်လာခဲ့တယ်။ ဒီလိုနဲ့ လူကောင်းတစ်ယောက်ရဲ့ဆယ်ရက်တာ အစပြုခဲ့တာပေါ့။တစ်ဖက်မှာလည်း ထူးဆန်းတဲ့လူနှစ်ယောက်က လူတွေသတ်ပြီး လက်စဖျောက်ပစ်နေတဲ့ကိစ္စကလည်းဖြစ်နေသေးတယ်။ ဒါတွေနဲ့ ပျောက်ဆုံးနေတဲ့ ကောင်လေးကရောဘယ်လိုအဆက်အစပ်ရှိတာလဲ။ ဒီကောင်လေးကဘာလို့ပျောက်ဆုံးသွားတာလဲ။အဲ့ကောင်လေးကရော ဘယ်လိုလူမျိုးလဲ။ ဒီလိုမေးခွန်းတွေအပြင်ကိုမှ လူတွေရဲ့အရှုံးပေးသူကိုမှ အနိုင်လိုချင်တတ်တဲ့ စိတ်ထားတွေ၊ ကိုယ်ချစ်ရတဲ့သူက သစ္စာဖောက်တဲ့အခါ နှစ်ခါပြန်သေခဲ့ရတာမျိုးတွေ၊ ကိုယ်ကျိုးပဲကြည့်ပြီး ဘယ်သူဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်ထားမျိုးတွေ၊ ဒီလိုတွေ့နေမြင်နေကျ လူ့သဘောလူ့သဘာဝတွေကိုလည်းဒီဇာတ်ကားထဲမှာတွေ့ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက တူရကီ film တစ်ခုဖြစ်ပြီးCrime/ mystery အမျိုးအစားမျိုးဖြစ်တာကြောင့် လူပျောက်ရှာပုံတော်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆယ်ရက်တာအတွင်း လူကောင်းတစ်ယောက် ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကြည့်ရှုခံစားလိုက်ကြပါဦး။ File size…1.58 GB/ ...
movie
10 Days of a Good Man (2023)
6.1
10 Days of a Bad Man (2023)
ဒီ "10 Days of a Bad Man" ဆိုတဲ့ Turkish Netflix ဇာတ်ကားထဲမှာဆာဒစ်ခေါ် အာဒေးလ်ဆိုသူ လူတစ်ယောက်ရဲ့ ဆယ်ရက်တာခရီးကြမ်းတစ်ခုကိုDrama Thriller ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ဆာဒစ်ဆိုတဲ့သူတစ်ယောက် ကားအက်စီးဒန့်ဖြစ်ပြီး သေကံမရောက်သက်မပျောက်ခဲ့ပေမယ့် အဲ့ကားကလူဆိုးဂိုဏ်းတစ်ခုရဲ့ကားဖြစ်နေတော့ပြန်လျော်ဖို့ကလည်းပိုက်ဆံမရှိ။ ဒီတော့သူတို့ခိုင်းတဲ့အတိုင်း အလုပ်တစ်ခုလုပ်ပေးရယ်ဆိုပြီး သဘောတူခဲ့ရတယ်။ အဲ့လိုလုပ်ပေးရင်းနဲ့ တစ်ခြားဘက်မှာလည်း လူသတ်မှုတစ်ခုအတွက် သူ့ကိုလိုက်ပေးဖို့ အသိမိတ်ဆွေတစ်ယောက်က ပြောလို့လက်ခံပေးလိုက်ရတယ်။ တစ်ဖက်ကသူ့ကိုခိုင်းထားတဲ့အလုပ်ရဲ့နောက်ကွယ်မှာ ဘယ်လိုလှည့်ကွက်တွေရှိပြီးတော့ သပွတ်အူလိုရှုပ်နေတဲ့အမှုကို ဆယ်ရက်အတွင်း ဘယ်လိုပြီးပြတ်အောင် လုပ်ဆောင်သွားမလဲဆိုတာကိုတော့စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားကြပါလို့ ပြောကြားရင်း.... File size…1.06 GB/ 768MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 3m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZZA
movie
10 Days of a Bad Man (2023)
5.5
The Fix-It Man (2022)
The Fix-It Man (2022) =================လူတစ်ယောက်ရှိတယ်။ မတော်မတည့်ကံကြမ္မာက ကျီစယ်လို့ နေရင်း ထိုင်ရင်း အလောင်းတစ်လောင်းကို အိမ်သယ်လာရတယ်။ ဘယ်လိုကံ ကြမ္မာအကျိုးပေးရယ်မသိ အလောင်းကိုအသုံးချပြီးလုပ်လို့ရတဲ့ စီးပွား ရေးဂွင်ကောင်းကိုပါ ထပ်တွေ့တယ်။ ဒါပေမဲ့ သူ့ကိုယ်ကျင့်တရားကြောင့် မြှောက်ပေးတဲ့သူကိုပါမာန်မဲပြီး မလုပ်ဘူးငြင်းလွှတ်လိုက်တယ်။တစ်နေ့တော့ အဲဒီလူ အချစ်နဲ့တွေ့တယ်။ အဲ့အချစ်ဒုက္ခရောက်တော့ သူ့ကိုယ်ကျင့်တရားအရ ငြင်းပယ်ထားတဲ့အလုပ်ကို လုပ်ဖို့ဆုံးဖြတ်လိုက် တယ်။ သူ့ဘေးမှာအပေါင်းအသင်းတွေရှိတယ်။ မိတ်ဆွေစစ်ကတစ်ယောက် တည်း။ မိသားစုကတစ်ယောက်တည်း။ ကံကြမ္မာက ထပ်လှည့်စားပြန်တယ်။ နောက်ဆုံးမှာ သူဖွတ်ဖွတ်ကြေအောင် လောကဓံထောင်းတာခံလိုက်ရတယ်။ ဒါပေမဲ့ ကံကြမ္မာကြီးက သနားသွားဟန်တူရဲ့။ သူ့ကိုထပ်ပြီးမြှောက်စားပြန်တယ်။ ဒီလိုနဲ့ ဒီဇာတ်လမ်းဖြစ်လာတယ်ပေါ့လေ . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(2.1 GB) / (750 MB) / (500 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Translator.......Ngwe Zin Encoder..........SWM
movie
The Fix-It Man (2022)
2022
6.7
10 Days of a Good Man(2023)
10 Days of a Good Man(2023)***************************.......................... Sadik Demir ဆိုတဲ့ လူက ရှေ့နေတစ်ယောက် တစ်နေ့ သူ့ဇနီးဖြစ်တဲ့ ပြဿနာမှာ သူက ခေါင်းဝင်ခံပေးလိုက်ရင်း Good man ဆိုတဲ့ နာမည်ရလာတယ်....သူ့မှာ သူ့လိုပဲ ရှေ့နေ သူငယ်ချင်းတစ်ယောက်ရှိသေးတယ် ...တစ်နေ့တော့ အဲ့ဒီသူငယ်ချင်းတစ်ယောက်ကသူ့ကိုအမှုတစ်ခုအပ်ပါတော့တယ် ....အဲ့ဒီအမှုကတော့ ကောင်လေးတစ်ယောက် ပျောက်သွားတာတစ်လကျော်သွားလို့ လိုက်ရှာရတဲ့အမှုပေါ့.... အဲ့ဒီအမှုကို သူဘယ်လို ဖြေရှင်းမလဲ... ကားနာမည်က 10 days of a good man ဆိုတဲ့ 10 days ဆိုတာကရောဘာကိုပြောတာလဲ ဆိုတာကတော့?....File Size :(1.5GB) and (757MB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:04:00 Genre :Crime, Mystery, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie
10 Days of a Good Man(2023)