Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Neil Whitely
7.0
RED (2010)
Red ဆိုတာကတော့ Retire: Extremely Dangerous ကို အတိုကောက်ခေါ်တာဖြစ်ပြီး "အငြိမ်းစား-အလွန်ကြမ်း" ဆိုသလို အငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကို ဟာသတွေနှောလို့ အက်ရှင်စွန့်စားခန်းအဖြစ် ခမ်းခမ်းနားနားရိုက်ကူးထားတာပါ။အငြိမ်းစားဇာတ်ကောင်နေရာတွေမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Bruce Willis , Morgan Freeman , John Malkovich , Helen Mirren , Mary-Louise Parker တို့နဲ့တည်ဆောက်ထားပြီး The Boys ထဲက ဝူးဝါးဇာတ်ကောင်ကြီး Karl Urban လဲ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့....အေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာက ဒီဇာတ်ကားရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ...ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲ ဒီဇာတ်လမ်းမှာ ဘယ်လိုပါဝင်ပက်သက်လာကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါဘယ်သူမှန်းမသိတဲ့တစုံတရာက သူတို့ကိုသတ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့ အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲ သူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ်အန္တရာယ်ကြားက စွန့်စားခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာ ...
movie
RED (2010)
2010
4K HEVC
5.7
All Aboard for Love (2023)
CM ပရိသတ်တွေအတွက် အခုတင်ဆက်ပေးချင်တဲ့ ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့ "All Aboard for Love" ပါ။ ဒီကားကို ရိုက်တဲ့ ဒါရိုက်တာကတော့ နာမည်ကြီး The Wedding Planners စီးရီးကို ရိုက်တဲ့ အေမီဖိုစ့် ဖြစ်ပါတယ်။ အဲ့ဒီစီးရီးထဲက ကတ်သရင်းဒေးဗစ်ကလည်း ဒီဇာတ်လမ်းမှာ အဓိကဇာတ်လိုက် အယ်လီဆင်နေရာကနေ ပါဝင်အားဖြည့်ထားပါတယ်။ တွဲဘက်အနေနဲ့ Supernatural တို့ Suits တို့လို နာမည်ကြီးတီဗွီစီးရီးတွေနဲ့ The Christmas Chronicles ကားတို့မှာ သရုပ်ဆောင်ခဲ့တဲ့ အစ်ရှ်မောရစ်ကနေပြီး ဂျိုအယ်ဆိုတဲ့ နေရာကနေ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ဂျိုအယ်က ကျိကျိတက်ချမ်းသာတဲ့ မိသားစုက သူဌေးသားလေးဖြစ်ပြီး နွေရာသီအပန်းဖြေဖို့အတွက် သူငယ်ငယ်က နေခဲ့တဲ့ မာရိုးလှေဆိပ်လေးဆီကို အလည်လာပါတယ်။ အယ်လီဆင်က အဲ့ဒီလှေဆိပ်လေးရဲ့ ပိုင်ရှင်ဖြစ်ပြီးတော့ သူက အတ္တလန္တိတ်သမုဒ္ဒရာထဲကို အလည်ခရီးသွားဖို့ ပြင်ဆင်နေတာပါ။ ...
movie
All Aboard for Love (2023)
6.2
A Merry Christmas Wish (2022)
A Merry Christmas Wish (2022) ======================= IMDb Rating - 6.2/10၁၂လပိုင်း Christmasကာလလေးမှာ Christmasကားတွေပဲ အများဆုံးသရုပ်ဆောင်လေ့ရှိတဲ့ Jill Wagnerရဲ့ ရုပ်ရှင်ကားသစ်လေး လာပါပြီ။နယူးယောခ့်မြို့ Brandတွေကို ကြောငြာပေးရတဲ့ ဂျင်းနီဆိုတဲ့ ကောင်မလေးကChristmasကာလမှာ သူ့ဦးလေး ရန်ဒန်ဆုံး သွားလို့နယ်ဘက်ကို ခေတ္တသွားဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ရက်အနည်းငယ်ပဲသွားဖို့စီစဥ်ထားတဲ့ခရီးက ဒီထက်ပိုပြီးကြာ သွားဖို့ ဖြစ်ခဲ့ပါတယ်။ သူကြာသွားရတဲ့အကြောင်းရင်းက ဘာ ဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာမြင်တွေ့ရမှာဖြစ်ပြီး၊ ပေါ့ပေါ့ ပါးပါးလေးကြည့်ရှု့ရမှာဖြစ်ပါတယ်။နွေးနွေးထွေးထွေးကြင်ကြင်နာနာရုပ်ရှင်လေးမို့လို့ ရည်းစားလေး နဲ့ဖြစ်ဖြစ်၊ မိသားစုလေးနဲ့ဖြစ်ဖြစ် အတူတူကြည့်ဖို့တိုက်တွန်းလိုက် ပါတယ်။ Marry Christmas and Happy New Yearပါ။ God Bless you all. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Minn Khant Kyi Win ဖြစ်ပါတယ်)File Size..........(1.57 GB) / (639 MB) / (378 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family, Romance Translator.......Minn ...
movie
A Merry Christmas Wish (2022)
2022
5.2
Our House (2018)
အီသန် ဟာ စာကျိုးစားတဲ့ ကျောင်းသား တစ်ယောက်ဖြစ်ပြီး ကျောင်း ပရောဂျက် တစ်ခု အတွက် သူငယ်ချင်းများနဲ့ စက်တစ်ခုကို တီထွင်နေခဲ့ပါတယ်... သူတို့ တီထွင်နေခဲ့တာက စက်ပစ္စည်းတွေကို ကြိုးတွေမလိုပဲ လေလှိုင်းထဲကနေ ချိတ်ဆက်တဲ့ နည်းပါ... ဒီလို လေ့ကျင့်ခန်း တွေ ပရောဂျက်တွေ ကြောင့် အချိန်မရှိ လုံးပမ်းနေရပြီး မိသားစု နဲ့ ရော မောင်နှမတွေနဲ့ပါ တစ်ဖြေးဖြေး အဆက်ပြတ်လာခဲ့ပါတယ်... တစ်နေ့သော အခါမှာတော့ ကျောင်းပရောဂျက် အတွက် စက်ကို တီထွင်နေကြရင်း ထိုညက အီသန် အိမ်မပြန်ဖြစ်ပါဘူး သူအိမ်မပြန်တဲ့ အတွက် သူ သွားကြိုရမယ့် အဒေါ်ဖြစ်သူကို မိဘ ၂ ပါး သွားကြိုကြရင်း လမ်းမှာ အက်ဆီးဒင့် တစ်ခုကြောင့် ပွဲချင်းပြီး ဆုံးပါးသွားပါတော့တယ်... ဒီလိုနဲ့ ကျောင်းကိစ္စ နဲ့ သူ့အိပ်မက်တွေကို လက်လျှော့လိုက်ပြီး အီသန် တစ်ယောက် ရရာ အလုပ်လုပ်ရင်း ညီလေး ညီမလေးတွေကို စောင့်ရှောက်နေရပါတော့တယ်... ဒါပေမဲ့ အီသန် မသိလိုက်တာကတော့ သူတို့ အိမ်ထဲကို အမျိုးအမည် ဖော်ပြမရတဲ့ တစ်ခုခု ၀င်ရောက်နေခဲ့တယ်ဆိုတာပါပဲ... ဒီရုပ်ရှင်ကားကို ဝေဇင် က ဘာသာပြန်ပေးထားပါတယ်
movie
Our House (2018)
2018
5.9
Pyewacket (2017)
IMDB.....5.8/10ဒီတစ်ခါမှာတော့ CM ရဲ့ပရိသတ်တွေကို thriller ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်...ဒီကားကိုတော့ director Adam MacDonal ကရိုက်ကူးထားပါတယ်လီယာရဲ့အမေက သူ့ယောကျာ်းဆုံးပြီးတဲ့နောက် သူ့ရဲ့တစ်ဦးတည်းသောသမီးကို ထပ်မဆုံးရှုံးချင်လို့ အရမ်းဂရုစိုက်ပါတော့တယ်ဒါပေမယ့် ဆယ်ကျော်သက်ကောင်မလေး လီယာအတွက်တော့ အဲ့လို တစ်ချိန်လုံးစောင့်ကြည့်ခံရတာလို့ သူ့အမေကို အမြင်မကြည်ဖြစ်လာပါတော့တယ်တစ်ရက်လည်းကျရော သူ့အမေနဲ့စကားများရာကနေ "ကျမ်းကျွံရင် နှုတ်လို့ရတယ် စကားကျွံရင် နှုတ်လို့မရဘူး" ဆိုတဲ့အတိုင်း သူ့အမေပြောမိလိုက်တဲ့စကားတစ်ခွန်းကြောင့် သတ်ချင်လောက်အောင် ဒေါသထွက်သွားပါတော့တယ်တိုက်တိုက်ဆိုင်ဆိုင် သူဖတ်မိသွားတဲ့စာအုပ်က မှော်အတတ် စုန်းအတတ်တွေအကြောင်းရေးထားတဲ့ စာအုပ်ဖြစ်နေတဲ့အခါမှာ သူ့အမေကိုသတ်ဖို့ အဲ့စာအုပ်ထဲမှာပါတဲ့ ဂါထာနဲ့ မကောင်းဆိုးဝါးကို ခေါ်မိလိုက်တဲ့အခါမှာတော့............. (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Esther ပါ) File Size : (750 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 30min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar ...
movie
Pyewacket (2017)
2017
6.2
Shimmer Lake (2017)
ဒီကားလေးကတော့အမေရိကန်ကနယ်မြို့လေးတမြို့မှာဖြစ်ပွားခဲ့တဲ့ဘဏ်ဓားပြမှုလေးကိုရိုက်ပြထားတာပါ။ အက်ဒ်ကခရိုင်ရဲအရာရှိတယောက်ပါ။ သူ့ရဲ့မြို့လေးကဒေသခံဘဏ်လေးတခုမှာဖောက်ထွင်းမှုဖြစ်ပြီးတဲ့နောက်အဲဒီအမှုကိုလိုက်လံစုံစမ်းနေခဲ့တာပါ။ ပိုပြီးထူးဆန်းတာကအဲဒီအမှုမှာသူ့အစ်ကိုကိုယ်တိုင်ပါဝင်နေတာဖြစ်ပါတယ်။ ဇာတ်ကားတခုလုံးမှာအမှုဖြစ်စဉ်ကိုတပတ်အတွင်းတရက်ချင်းစီနောက်ကြောင်းပြန်ပြီးသေချာပြသွားတာပါ။ ကြည့်ရတာအမြင်တမျိုးဖြစ်စေမယ့်ကားလေးဖြစ်ပါတယ်။ Rating6.2ထိရထားတဲ့၂၀၁၇ထွက်ကားလေးလည်းဖြစ်ပါတယ်။ အစပိုင်းမှာနားမလည်သလိုရှိပေမယ့်အဲဒီအမှုလေးဟာဘယ်လောက်ထိနက်နဲသွားလဲ၊ဘယ်လိုကြံစည်ထားခဲ့တာလဲ၊ဘယ်လိုလုပ်သွားခဲ့တာလဲ၊တရားခံတွေကဘယ်သူလဲ၊ဘယ်လိုလဲဆိုတာကိုဇာတ်လမ်းအဆုံးပိုင်းမှာရုတ်တရတ်သိသွားရမယ့်ကားလေးပါ။ ဇာတ်အေးအေးလေးနဲ့စိတ်ဝင်စားအောင်ဆွဲခေါ်သွားတဲ့ကားလေးပါပဲ။ အဲတော့နောက်ဆုံးဘယ်လိုတွေရလဒ်ထွက်လာမလဲဆိုတာတော့ကြည့်လိုက်ရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်း နဲ. ဘာသာပြန်သူကတော့ The Fridays ပဲဖြစ်ပါတယ်) File Size : (600 MB) and (220 MB) Quality : Webrip 720p Running Time : 1hr 23minutes Format : Mp4 Genre : Crime, Drama, Mystery Translated By The Fridays Encode By Thanhtike Zaw
movie
Shimmer Lake (2017)
2017