Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Neil Maskell
7.8
Atonement (2007)
AtonementIMDb (7.8)/ Rotten Tomatoes (83%)James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ..... အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက်ရဲ့သား.....ချစ်ကြိုက်မိခဲ့ကြတယ်...။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်...။စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့... အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်... နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်...။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ ...
movie
Atonement (2007)
2007
5.5
Pusher (2012)
မူးယစ်ဆေးလောကကြီးကထင်သလောက်တော့လွယ်ကူမနေပါဘူး ပိုက်ဆံအရလွယ်သလိုခွေးဖြစ်လည်းလွယ်ပါတယ်ဒီဇာတ်ကားက ကိုကင်း reseller တစ်ယောက်ရဲ့ဘဝကိုရိုက်ပြထားတာပါ..ဖရန့်ခ်ဟာ လက်ကြီးသမားဆီက ပစ္စည်းယူပြီးပြန်ရောင်းတဲ့သူတစ်ယောက်ပါဘဝကိုရရစားစားနေနေတော့ငွေရလွယ်တဲ့ဒီအလုပ်မှာပဲကျင်လည်နေခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်သူတို့လောကရဲ့ထုံးစံအတိုင်းအကွက်ရွှေ့ကျွမ်းရမှာဖြစ်လို့တစ်ကွက်မှားတာနဲ့ခွေးဖြစ်မှာပါ..သူတို့လောကကြီးကလူလည်တွေကြိုးကိုင်တဲ့MLM လိုမျိုး လည်သူစား အတဲ့သူနွားဖြစ်တဲ့KMKL မားကက်တင်းနဲ့ သွားတာမို့လို့ဖရန့်ခ်တစ်ယောက် လောကထဲကျင်လည်ရင်းဘာတွေကြုံတွေ့ရမလဲ...ဘာတွေအကျိုးအမြတ်ရမလဲ....ဘာတွေကိုဆုံးရှုံးရမလဲဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ပါ... File size…1.61GB / 805MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie
Pusher (2012)
6.7
King Arthur: Legend of the Sword (2017)
2017 မေလထဲမှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ IMDb 6.7 နဲ့ပါ။ဇာတ်လမ်းကျောရိုးကတော့ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး ပုံပြင် တွေထဲက အာသာဘုရင်ရဲ့ ဇာတ်ကြောင်းပါပဲ။ ဒီဇာတ်ကြောင်းကိုပဲ အမျိုးမျိုး ပြုပြင်ဖန်တီးပြီး ရိုက်ကူးထားကြတဲ့ကားတွေ မနည်းပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဘုရင် အူသာ ပန်ဒရက်ဂွန် လုပ်ကြံခံရပြီး သူ့ရဲ့ ညီ ဗော်တီဂန်က ထီးနန်းကို သိမ်းပိုက်ထားတယ်။ ဘုရင်လောင်း အာသာလေးက ကလေးကတည်း ထွက်ပြေးတိမ်းရှောင်နေရပြီး သူ့ကိုယ်သူ ဘုရင်လောင်းမှန်းမသိဘူးပေါ့။ မှော်ဆရာမာလင် ပေးခဲ့တဲ့ အိတ်စ်ကာလီဘာ မှော်ဓားဟာ အာသာအရွယ်ရောက်လာချိန်မှာ အလိုလိုပြန်ပေါ်လာပြီး ထုံးစံအတိုင်း ကျောက်တုံးထဲစိုက်နေ နှုတ်မရဖြစ်နေပါတယ်။ ဘုရင်ဗော်တီကန်က အာသာရှိနေမယ့် အသက်အရွယ် ပတ်ဝန်းကျင်လူငယ်အားလုံးကို ဒီဓားကို စမ်းသပ်ပြီး ဆွဲနှုတ်ခိုင်းတဲ့နည်းနဲ့ အာသာကို လိုက်ရှာပါတော့တယ်။ အာသာ မှော်ဓားကို ဆွဲနှုတ်နိုင်သွားချိန်နောက်ကစပြီး ဘုရင် ဗော်တီဂန်န် နဲ့ အာသာတို့ စတင်ရင်ဆိုင်မိပါတော့တယ်။ ...
movie
King Arthur: Legend of the Sword (2017)
2017
4K HEVC
7.2
Wild Bill (2011)
ဘီလ်က လူဆိုးတစ်ယောက်ပါ။ လူဆိုးတစ်ယောက်မှ ငယ်ဘ၀တုန်းက ကမ်းကုန်အောင်ဆိုးခဲ့မိုက်ခဲ့ပေတေခဲ့လို့ ပတ်ဝန်းကျင်မှာသောက်ကြမ်းကြီး ဘီလ် ဆိုတဲ့နာမည်ကိုပါရခဲ့ပါသေးတယ်။အခုတော့ ဘီလ်ထောင်ကထွက်လာပါတယ်။ ထောင်ကသင်ပေးလိုက်တဲ့ ပညာတွေအရ ဘီလ်တစ်ယောက်မထင်မှတ်နိုင်လောက်အောင်ကိုသိမ်မွေ့လာခဲ့ပါတယ်။ မသိမ်မွေ့လို့လည်းမရပါဘူး။ သူထောင်က ထွက်လာတာ ခံဝန်နဲ့ဖြစ်တဲ့အတွက် အပြင်လောကမှာ အမှားတစ်ခုခုလုပ်မိတာနဲ့ သူ့ကိုအချိန်မရွေးထောင်ထဲပြန်ပို့လို့ရတဲ့အနေအထားဖြစ်နေလို့ပါပဲ။ဘီလ်အပြင်ကိုပြန်ရောက်လာချိန်မှာ ပထမဆုံးလုပ်တာက သူ့ဇနီးနဲ့သူ့မိသားစုကိုလိုက်ရှာခဲ့တာပါ။ စိတ်မကောင်းစရာဖြစ်နေခဲ့တာက သူ့သားနှစ်ယောက်ဟာ တစ်ယောက်က ၁၅နှစ်၊တစ်ယောက်က ၁၁ နှစ်အရွယ်ဖြစ်နေပြီး သူ့ဇနီးကပစ်သွားခဲ့တဲ့အတွက် သားကြီးဖြစ်သူက ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး သူ့ညီကိုကျောင်းထားပေးနေရတာပါပဲ။ သားကြီးက သူ့ကိုအမြင်မကြည်တဲ့အတွက် ထောင်ထွက်လူမိုက်စိတ်မကုန်သေးတဲ့ သူကလည်း ခပ်စိမ်းစိမ်းပဲ ကလေးနှစ်ယောက်ကိုထားခဲ့ဖို့စိတ်ကူးမိပါသေးတယ်။ဒါပေမယ့် ကလေးစောင့်ရှောက်ရေးအဖွဲ့ကဝင်လာပြီး အုပ်ထိန်းသူမရှိရင် ကလေးနှစ်ယောက်ကို ဂေဟာပို့မယ်လုပ်တာကြောင့် ကလေးနှစ်ယောက်ကို သူဟန်ပြအုပ်ထိန်းပေးရပါတယ်။တဖြည်းဖြည်း ကလေးအဖေဘ၀ကိုပျော်မွေ့လာရင်း သားတွေကိုသံယောဇဉ်တွယ်လာချိန်မှာ သားငယ်ဖြစ်သူကို တစ်ချိန်က သူ့ဘော်ဒါဟောင်းရဲ့ အဆက်အနွယ်လူဆိုးဂိုဏ်းက ဘိန်းဖြန့်တဲ့အလုပ်မှာခေါ်ခိုင်းတဲ့အတွက် အဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးဖို့ အရင်လူတွေနဲ့ပြန်ပတ်သက်မိတဲ့အချိန်မှာတော့..။Crime/Drama ဆိုပေမယ့် သဘာ၀ကျကျနဲ့ ရယ်ရပါတယ်။ မထူးဆန်းတဲ့တင်ပြပုံနဲ့လည်း အစကနေ အဆုံးထိ လှည့်ကွက်မပါသလောက်နဲ့ဆွဲခေါ်နိုင်လောက်အောင်ကောင်းပါတယ်။ ရထားတဲ့ ...
movie
Wild Bill (2011)
Doghouse (2009)
သူငယ်ချင်း အုပ်စုတစ်စုဟာ ကွာရှင်းလိုက်တဲ့သူငယ်ချင်းတစ်ယောက်ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် ကျေးလက်တောရွာလေးတစ်ခုမှာ သောက်စားပျော်ပါးဖို့ ခေါ်သွားရာက ဇာတ်လမ်းစပါတယ်။သူတို့သွားတဲ့ကျေးလက်ရွာလေးက Moodley လို့ အမည်ရပြီး ယောက်ျား၊ မိန်းမအချိုး 1:4 ရှိတဲ့ ရွာတစ်ရွာဖြစ်တယ်။ ပြီးတော့ ကံမကောင်းစွာပဲ ဗိုင်းရက်စ်ကူးစက်ခံနေရတဲ့ ရွာတစ်ရွာလဲဖြစ်နေခဲ့တယ်။ ဗိုင်းရက်စ်က ထူးထူးဆန်းဆန်းပဲ အမျိုးသမီးတွေကိုပဲ ကူးစက်တတ်ပြီး ကူးစက်ခံအမျိုးသမီးတွေက ရွာမှာရှိသမျှ ယောက်ျားတိုင်းကို စားပစ်ကြတယ်။ သူတို့ရောက်သွားတဲ့အချိန်မှာ ယောက်ျားတွေကို အမဲလိုက်နေတဲ့ အမျိုးသမီးဇွန်ဘီးတွေကြားထဲ ဘယ်လိုမျာ အသက်ရှင်သန်အောင် ရုန်းထွက်ကြမလဲ❓ File size…(1.5 GB)/(849 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshimoshi
movie
Doghouse (2009)
5.7
The Mummy (2017)
အရင် Mummy ဇာတ်ကား တွေနဲ့ မတူတဲ့အချက်ကတော့ မင်းသား တွမ်ခရုဇ်က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီးအရင်ဇာတ်ကားတွေနဲ့ ကွဲပြားအောင် ဘယ်လိုဇာတ်အိမ်တည်ထားသလဲဆိုတာ စိတ်ဝင်စားစရာပါ။ခရူးဆိတ်စစ်ပွဲမှာပါဝင်ခဲ့တဲ့ သူရဲကောင်း အဖွဲ့ဟာ အေဒီ ၁၁၂၇ မှာရှေးဟောင်းအီဂျစ်နိုင်ငံကနေ ပတ္တမြားကြီးတစ်လုံးရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်သညာနဲ့ မြှုပ်နှံထားပါတယ်။ယနေ့ခေတ်လန်ဒန်မြို့မြင်ကွင်းနဲ့အတူ မြေအောက်ရထား လမ်းဖောက်လုပ်တဲ့ လုပ်သား တွေဟာ ခရူးဆိတ်စစ်ပွဲ သူရဲကောင်းရဲ့ ဂူကိုရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းခွင်ထဲက ထူးဆန်းတဲ့အရာတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဂူတွေကို စူးစမ်းလေ့လာရင်း အမှတ်အသားတစ်ခုအရ နောက်ကြောင်း ပြန်ကြည့်တဲ့အခါ ဖာရိးဘုရင်တစ်ပါးရဲ့ သမီးတော် အာမာနက်မင်းသမီးနဲ့ ပတ်သက် တဲ့အကြောင်းအရာပေါ်လာခဲ့ပါ တယ်။အာမာနက် မင်းသမီးဟာ ထီးနန်းအမွေဆက်ခံမယ့် မင်းသမီးတစ်ပါးအဖြစ် နေရာရခဲ့ပေမယ့်သူ့ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးဖွားခဲ့တဲ့အတွက် မင်းသမီးရဲ့ အခွင့်အာဏာတွေအကုန်လုံး လက်လွှတ်ရမယ့် အနေအထားဖြစ်ခဲ့ပါတယ်။အဲဒါနဲ့ အာမာနက်ဟာ သူသာလျှင် ထီးနန်းဆက်ခံသူဖြစ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အီဂျစ် နတ်ဆက်ကို သူ့ရဲ့ဝိညာဉ်ကို ယစ်ပူဇော်ခဲ့ပါတယ်။ ...
movie
The Mummy (2017)
2017
4K HEVC
6.5
Bull (2021)
Bull (2021) ဇာတ်လမ်းအညွှန်း ဒီတစ်ခါတော့ Thriller အမျိုးအစား ရုပ်ရှင်ကားကောင်းလေး ကို တင်ဆက်ပေးလိုက်ပါတယ်။သွေးအေး ရက်စက်တဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်တဲ့ ဘူးလ်ဟာ သားဖြစ်သူကို ဆေးစွဲနေတဲ့ သူ့မိန်းမနဲ့ ခွဲထားဖို့ ကြိုးစားရာကနေ ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ယောက္ခမ ဖြစ်သူနဲ့ ကတောက်ကဆ တွေ ဖြစ်ပါတော့တယ်။ ဒီလိုနဲ့ လူမိုက်တွေရဲ့ ထုံးစံအတိုင်း ဘူးလ်ကို နှိပ်စက်ပြီးတဲ့နောက်မှာ ဝေဒနာကြီးစွာ ခံစားရပြီး သေသွားအောင် ပစ်ထားခဲ့ပါတယ်။နောက်ဆယ်နှစ်အကြာမှာတော့ ဘူးလ်တစ်ယောက် အမှတ်မထင် ပြန်ပေါ်လာပြီး သူ့သားကို ပြန်ခေါ်နိုင်ဖို့နဲ့ သူ့ကို သစ္စာဖောက်ခဲ့တဲ့ မိတ်ဆွေဟောင်းတွေကို လက်စားချေဖို့ ကြိုးစားလာတဲ့အခါမှာတော့ ...နဂိုကတည်းက သွေးအေးရက်စက်ပါတယ်ဆိုတဲ့ ဂိုဏ်းစတား တစ်ယောက် နာကျည်းချက်တွေနဲ့ လက်စားချေဖို့ အကြောင်းဖန်လာတဲ့အခါ ...ဘယ်လိုရက်စက်တဲ့ နည်းတွေ သုံးမလဲ?သားဖြစ်သူကို ပြန်ခေါ်ထားနိုင်ပ့ါမလား?ယောက္ခမနဲ့ မိန်းမတို့ကကော သူ့ကို ဒီအတိုင်း လက်ပိုက်ကြည့်နေပါ့မလား? ဆိုတာကိုတော့ ရုပ်ရှင်ထဲ ဆက်လက် ကြည့်ရှုကြရအောင်ပါ။ File ...
movie
Bull (2021)
2021
6.5
Basic Instinct 2 (2006)(18+)
Basic Instinct 2 (2006) အညွှန်း***************************(18+ Erotic အမျိုးအစားဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါ.) စုံထောက်ကားဆန်ဆန် သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို နှစ်သက်တဲ့သူတွေအတွက်ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်....တင်ပါးလွှဲထိုင်ချက်နဲ့ကမ္ဘာလောကြီးက ပုရိသအပေါင်းကို ဆွဲလှုပ်ခဲ့ဖူးတာကို အားလုံးသိကြမယ်ထင်ပါတယ်..အဲဒီ အထဲ မြန်မာက လူငယ်တွေပါ မပါတော့ ကျွန်တော်လည်းမပြောတတ်.. မင်းသမီးကတော့ 90s kid တို့အသဲစွဲ Sharon Stone ပါ.. သူ့ဇာတ်ကားတွေကြည့်ဖူးတဲ့လူတွေကတော့ သူ့ရဲ့အကြည့် သူ့ရဲ့အသံနဲ့တင်ရင်ဖိုလှိုက်မောခဲ့ရတာတွေကို ပြန်အမှတ်ရပါလိမ့်မယ် ဒီဇာတ်ကားထဲမှာလည်း သူဟာ ဆွဲဆောင်မှုရှိတဲ့ရွှေရောင်ဆံပင်ပိုင်ရှင်ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်...စကားလုံးအသုံးအနှုန်းတွေဟာ မိသားစုနဲ့အတူကြည့်ရှုဖို့တော့ သင့်တော်မှာမဟုတ်ပါဘူးဇာတ်လမ်းအညွှန်းကက်သရင်းထရာမယ်ဆိုတဲ့အမျိုးသမီးဟာ စွန့်စားရတာကိုစွဲလမ်းနေတဲ့စိတ်ရောဂါတစ်မျိုးကို ခံစားနေရတဲ့လူတစ်ယောက်ပါ... သူ့ရဲ့စွန့်စားမှုတွေကြောင့် သူ့ကိုယ်သူတင်မကဘဲ သူတစ်ပါးကိုပါအသက်သေစေတဲ့အထိဖြစ်လာတဲ့အခါမှာ သူဟာ လူသတ်မှုနဲ့ တရားစွဲခံခဲ့ရပါတယ်... အဲဒီအချိန်မှာ သူ့ရဲ့စိတ်အခြေအနေကို အကဲဖြတ်သုံးသပ်ဖို့အတွက် မိုက်ကယ်ဆိုတဲ့စိတ်ရောဂါကုဆရာဝန်ဆီမှာ သူကုသခဲ့ပါတယ် ဒီလိုကုသနေတဲ့အချိန်အတောအတွင်းမှာလည်းသူ့အနီးအနားကလူတွေဟာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာကြရပါတယ်... ဒီတော့ ဒီအမှုကို သေသေချာချာလိုက်လံစုံစမ်းပြီးရှာဖွေဖော်ထုတ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ ကြည့်ရှုသူအားလုံးစိတ်ထဲမှာ သို့လောသို့လောနဲ့ရင်တမမကြည့်ရှုရမယ့်ဇာတ်ကားဖြစ်တဲ့အကြောင်းကတော့ အာမခံလိုက်ပါရစေ.... File Size :(3.08GB)(0.9GB) and (338MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:54:00 Genre : Mystery ...
movie
Basic Instinct 2 (2006)(18+)
6.4
Kill List(2011)
Kill List(2011)IMDb....6.4,,,,Rotten....76%စစ်သားဟောင်းတွေဖြစ်ကြတဲ့ ဂျေး နဲ့ ဂယ်လ်တို့ဟာ တပ်က ထွက်ပြီးချိန်မှာတော့ကြေးစားလူသတ်သမားတွေဖြစ်လာကြတယ်....တစ်နေ့မှာတော့ ဂျေးတို့မိသားစုဟာ မိတ်ဆွေဟောင်း ဂယ်လ် နဲ့ ချစ်သူ ဖီအိုနာတို့ကို ညစာဖိတ်ကျွေးဖြစ်ခဲ့တယ်...အဲ့ဒီအချိန်မှာပဲ ဂယ်လ်က သူအလုပ်အသစ်တစ်ခု လက်ခံထားတာ ရှိကြောင်းပြောပြတယ်....အလုပ်သစ်က တော့ လူ(၃)ယောက်ကိုသတ်ပေးဖို့ပါပဲ.....ဒီလူ(၃)ယောက်ကို မသတ်ခင်မှာဘဲ ကြေးစားလူသတ်သမား(၂)ယောက်ဟာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကြုံခဲ့ရတယ်..အဲ့ဒီအဖျက်အပျက်ပြီးတဲ့နောက်ပိုင်း လက်ခံထားတဲ့အလုပ်ကို လက်စသတ်ဖို့ရာလူ(၃)ယောက်ကိုသတ်ဖို့ကြိုးစားတဲ့အချိန်မှာတော့....ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး...Horror နဲ့ Crime အမျိုးအစားတွေကြိုက်တဲ့သူတွေအဖို့ကြည့်သင့်ပါကြောင်း...Rating တွေကလည်းကောင်းမွန်တဲ့အနေအထားမှာရှိကြောင်းသတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်... File Size : (973 MB) and (38၇ MB) Quality : Blu-Ray 720p Format…mp4 Duration…01:35:00 Genre : Crime, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae
movie
Kill List(2011)
2011
5.6
High-Rise (2015)
High-Rise (2015)IMDb - 5.6/10_____Rotten - 60% "စကြဝဠာနဲ့ လူတွေရဲ့ ရူးသွပ်မှုသာ အဆုံးမဲ့ဖြစ်တယ်။ အရှေ့ကတစ်ခုကတော့ ကျွန်တော် မသေချာဘူး" လို့ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ သမုဒ်ခံထားရတဲ့ Albert Einstein ကပြောခဲ့ပါတယ်။ လောဘကြောင့် ဒေါသကြောင့့်မောဟကြောင့် လူတွေ ရူးသွပ်နေကြပါတယ်။ Thor ဇာတ်ကားတွေထဲမှာ Loki အဖြစ်တွေ့ရတဲ့ Tom Hiddleton ကို High Rise (2015) မှာတော့ သူ့ရဲ့ရူးသွပ်မှုကို ရိုးရိုးရှင်းရှင်းလေး ခံယူလိုက်တဲ့ Dr. Laing အဖြစ်တွေ့ရမှာပါ။ Tom ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာ ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာ ပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကို Dracula:Untold မင်းသား Luke Evans က Richard Wilder နေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှု မကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။ လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်က မအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laing တစ်ယောက် ...
movie
High-Rise (2015)
2015
5.8
In Darkness (2018)
လျှို့ဝှက်သည်းဖိုမှုခင်းဇာတ်ကားကောင်းများကို ကြိုက်နှစ်သက်တတ်တဲ့ သူတွေအတွက် ယခုလအတွင်းကမှ ထွက်ရှိထားတဲ့ In Darkness ဆိုတဲ့ ဇာတ်ကားကို တင်ဆက်လိုက်ရပါတယ်။ဒီဇာတ်ကားကို ဒါရိုက်တာ Anthony Byrne ကရိုက်ကူးပြီးတော့၊HBO ရဲ့နာမည်ကျော် TV Series မှာ Margaery Tyrell အဖြစ်လည်းကောင်း၊ The Hunger Game ဇာတ်ကားတွေမှာ Cressida အဖြစ်လည်ကောင်း သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Natalie Dormer ကတော့ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ========== ဆိုဖီယာဟာ မျက်မမြင်အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ပီယာနိုပညာရှင်တစ်ဦးအဖြစ် ဘဝကိုရပ်တည်နေသူလည်းဖြစ်ပါတယ်။သူဟာ လက်ရှိငှားရမ်းနေတဲ့တိုက်ခန်းမှာ ခြောက်လကျော်ကြာမြင့်ခဲ့သည့်တိုင်အောင်နေထိုင်ခဲ့ပြီးသော်ငြားလည်း မျက်မမြင်တစ်ဦးဖြစ်တာကြောင့် အိမ်နီးချင်းမိတ်ဆွေ များများစားစားမရှိဘဲ သူ့တိုက်ခန်းရဲ့အပေါ်ထပ်မှာနေထိုင်တဲံ ဗရောနစ်အမည်ရှိ အမျိုးသမီးတစ်ဦးနဲ့သာ ခင်မင်ရင်းနှီးခဲ့ပါတယ်။တစ်ရက်မှာ ဗရောနစ်တစ်ယောက် အမျိုးသားတစ်ဦးနဲ့ စကားများပြဿနာတက်နေတာကိုဆိုဖီယာတစ်ယောက်ကြားကြားပြီးလိုက်ချင်းမှာပဲ ဗရောနစ်ဟာ တိုက်ပေါ်ကပြုတ်ကျလို့သေသွားခဲ့ပါတယ်။ခဏကြာပြီးနောက် ရဲတွေရောက်လာပြီးဆိုဖီ့ယာကို ဗရောနစ်သေဆုံးမှုနဲ့ စစ်ဆေးမေးမြန်းရာမှာတော့ ဆိုဖီယာဟာဘာမှမကြားခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။ဒါနဲ့ ရဲတွေက ထိုအမှုကို ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုလို့သာ ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။သို့ပေမယ့် သင်္ကာမကင်းတဲ့ ရဲဘက်က ...
movie
In Darkness (2018)
2018