Channel Myanmar

Neil Crone

Against the Ropes (2004)
Against the Ropes (2004)  *"Against the Ropes"* ဇာတ်ကားသည် 2004 ခုနှစ်မှာထွက်ရှိခဲ့တဲ့ အားကစားဒရမ်မာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် ဂျက်ကီကယ်လန်ဆိုတဲ့ အားကစားမှာ စိတ်အားထက်သန်လှတဲ့ အမျိုးသမီးတစ်ဦးရဲ့ လက်ဝှေ့လောကထဲကိုတိုးဝင်ပုံကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။အမျိုးသမီးများကို အလေးထားမှုမရှိတဲ့လက်ဝှေ့လောကမှာ အမျိုးသားများနဲ့ရင်ဘောင်တန်ပြီး တန်းတူယှဉ်ပြိုင်ရင်း အလုပ်ကိုကြိုးစားရုန်းကန်သွားပုံကို စိတ်ဝင်စားဖွယ်ဖော်ပြထားတာပါ။ လက်ဝှေ့လောကမှာ နာမည်မရှိသေးတဲ့ လက်ဝှေ့သမားတစ်ယောက်ကို နာမည်ကျော်တစ်ဦးဖြစ်တဲ့အထိ လေ့ကျင့်သင်ကြားပေးပြီး စိန်ခေါ်မှုများ အခက်အခဲများနှင့်အောင်မြင်မှုကို ထင်ဟပ်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။ File size…(2.2 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Romance, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khin Sanda 
movie

Against the Ropes (2004)

Our Christmas Mural (2023) 6.1
Our Christmas Mural (2023) ဒီတစ်ခေါက်မှာတော့ IMDB 6.1 ရရှိထားတဲ့ ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုလစ်ဗီယာက ပန်းချီပညာရှင် ပြတိုက်မှူးတစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကကြုံခဲ့ရတဲ့ စိတ်မကောင်းဖွယ်အဖြစ်အပျက်တစ်ခုကြောင့် ဖန်တီးနိုင်စွမ်းတွေ ပျောက်ဆုံးနေခဲ့သူပါ။ ခရစ္စမတ်ကာလမှာ တစ်ဦးတည်းသောသားလေး ပါကာ့ကို ခေါ်ပြီး မိဘအိမ်ပြန်နေဖို့ စီစဉ်ထားရာကနေ သူ့ဘဝရဲ့အလှည့်အပြောင်းလေး တစ်ခုဖြစ်ခဲ့ပါတော့တယ်။အဲဒါကတော့ သူမရဲ့မိဘအိမ်ဖြစ်တဲ့ ဝယ်လ်လင်တန်ကို ရောက်ရှိသွားခဲ့ရာကနေ အဲဒီမြို့လေးမှာ ဘုနဲ့ဘောက်ဖြစ်စွာ လူတစ်ယောက်နဲ့ တွေ့ရှိခဲ့တာပါပဲ။ စကတည်းက ယဉ်သလိုဆိုသလို ရန်ဖြစ်ပြီး စတွေ့ခဲ့တဲ့ ဝယ်လ်ဆိုတဲ့သူက သူမနဲ့ အမှတ်မထင်ဘဲ အလုပ်အတူလုပ်ရဖို့ ဖြစ်လာခဲ့ချိန်မှာတော့.. ဖြစ်ချင်တော့ အဲဒီမြို့လေးမှာ နံရံဆေးရေးပန်းချီပြိုင်ပွဲတစ်ခု ရှိနေခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူတွေကို ဖိတ်ခေါ်နေခဲ့တာပါ။အိုလစ်ဗီယာက ဝင်ပြိုင်ဖို့စိတ်ကူးမရှိခဲ့ပေမဲ့ သူ့အမေဖြစ်သူ ကောင်းမှုကြောင့် ဝင်ပြိုင်ဖြစ်သွားခဲ့တယ်ပေါ့လေ။ စိတ်ကူးစိတ်သန်းတွေပျောက်ဆုံးနေသူ အိုလစ်ဗီယာတစ်ယောက် နံရံဆေးရေးပန်းချီကိုသတ်မှတ်အချိန်အတွင်း ပြီးဆုံးအောင်ဆွဲနိုင်ပါ့မလား.. သူ့ဘဝရဲ့ကြီးမားတဲ့အလှည့်အပြောင်းကရော ဘာများဖြစ်မလဲ.. ဝယ်လ်နဲ့ရော ဘုနဲ့ဘောက်ဖြစ်ရာကနေ ဘယ်လိုတွေ love spark လေးတွေ‌ ပေါက်ဖွားလာမလဲ ဆိုတာကိုတော့.. ...
movie

Our Christmas Mural (2023)

10 Truths About Love (2022) 6
10 Truths About Love (2022)    ကရီနာဟာ စာပေတိုက်တစ်ခုရဲ့ အချစ်သရုပ်ဖော်ကဏ္ဍအပိုင်းကို တစ်ယောက်တည်း တာဝန်ယူထားတဲ့ ကလောင်စွမ်းထက်တဲ့ စာရေးဆရာမတစ်ဦးပါ။ နှလုံးသားရေးရာကို အဓိကထားရေးတဲ့စာရေးဆရာမဖြစ်တာကြောင့် သူမဟာ အချစ်ရေးမှာ သူမကိုယ်သူမ ယုံကြည်ချက်အပြည့်ရှိတဲ့သူဖြစ်ပြီး လက်ရှိမှာလည်း တွမ်ဆိုတဲ့ ခပ်ချောချောကောင်လေးနဲ့ တွဲလာတာ ငါးနှစ်တောင်ရှိခဲ့ပါပြီ။တနေ့မှာတော့ ကြော်ငြာရီဗျူးတွေရေးတဲ့ လီယမ်ဆိုတဲ့လူဟာ သူတို့ရုံးကို အလုပ်ဝင်လာခဲ့ပါတယ်။ ကရီနာဟာ မြင်မြင်ကတည်းက သူ့ကို ကြည့်မရတဲ့ကြားက အထက်လူကြီးက လီယမ်ကို သူ့ကဏ္ဍမှာ နေရာချပေးလိုက်ပါတော့တယ်။ အလုပ်မှာ စိတ်ညစ်ရတဲ့ကြားက ငါးနှစ်တောင် တွဲလာတဲ့ သူ့ကောင်လေးတွမ်က သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် လမ်းခွဲသွားပါတော့တယ်။ အချစ်ရေးမှာ ယုံကြည်ချက်ရှိလှပါတယ်ဆိုတဲ့ သူမဟာ ကောင်လေးက လမ်းခွဲသွားတော့ ယုံကြည်ချက်တွေ ပျောက်ဆုံးသွားပါတော့တယ်။ဒီလိုဖြစ်နေတဲ့အချိန်မှာ လီယမ်က သူမကို တွမ်နဲ့ပြန်အဆင်ပြေအောင် ကူညီပေးမယ်ဆိုပြီးတော့ ပြောလာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဌာနရဲ့အလုပ်တွေရော တွမ်ကို ပြန်ရဖို့ရော အတူတူကြိုးစားကြရာကနေ ရင်းနှီးလာကြပြီး သံယောဇဉ်တွယ်လာကြပါတော့တယ်။ တွမ်ဘက်က ...
movie

10 Truths About Love (2022)

The Recruit (2003) 6.6
The Recruit (2003) Legend ကြီး AL Pacino နဲ့ Colin Farell တို့ အပြိုင်ကြဲထားတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.ထက်မြက်တဲ့နည်းပညာသမားတစ်ယောက်ဖြစ်သူ ဂျိမ်းစ်ကိုစီအိုင်အေမှာ နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီး စီနီယာနည်းပြ အနေနဲ့ငယ်ရွယ်တဲ့အရည်အချင်းရှိသူတွေကို လူသစ်စုဆောင်းဖို့ ရှာဖွေနေခဲ့တဲ့ ဝေါ်တာဘက်ခ်ကအဖေ ဖြစ်သူရဲ့အကြောင်းကို သိချင်တဲ့ ဂျိမ်းစ်ရဲ့အညှာကို ချုပ်ကိုင်ပြီး သူဖြစ်စေချင်သလိုစီအိုင်အေထဲဝင်နိုင်အောင် အပါခေါ်သွင်းခဲ့ပါတယ်."မွေးမြူရေးခြံ" လို့ အမှည်ဝှက်ပေးထားတဲ့ သူတို့ရဲ့လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ဂျိမ်းစ်ကိုစမ်းသပ်မှု အဆင့်ဆင့်ကို ဖြတ်ကျော်စေခဲ့ပါတယ်.နောက်ဆုံးစမ်းသပ်မှုကို မအောင်မြင်ခဲ့တဲ့ဂျိမ်းစ်တစ်ယောက် စိတ်ဓာတ်ကျပြိုလဲနေခဲ့ပေမယ့်ဝေါ်တာဘက်ခ်က လန်ဂလေက ဌာနချုပ်မှာနေရာတစ်ခုရအောင် စီစဉ်ပေးခဲ့ပြီးN.O.C – (Non-Offical Cover) နော့အနေနဲ့ ဌာနကအတွင်းသူလျှိုဖြစ်သူ လေလာရဲ့ချုပ်ကိုင်စေခိုင်းသူကိုရှာဖွေဖော်ထုတ်ရမယ့် တာဝန်တစ်ခုကို ချပေးခဲ့ပါတယ်ဒီနေရာအရောက်မှာတော့ ဂျိမ်းစ်အနေနဲ့သူ့ရဲ့ အော်ပရေးရှင်းကို ပြီးအောင် လုပ်နိုင်မှာလားလေလာရဲ့ နောက်ကွယ်က စေခိုင်းသူကရော ဘယ်သူဖြစ်မလဲ. ဝေါ်တာဘက်ခ်အနေနဲ့ကရော ဂျိမ်းစ်ကို နော့အနေနဲ့တပ်ဖွဲ့ထဲ ခေါ်ခဲ့တဲ့ အဓိကရည်ရွယ်ချက်ကရောဘာလဲဇာတ်လမ်းအဆုံးအထိ လှည့်စားနိုင်ဖို့ မပျက်ကွက်ခဲ့တဲ့ဒီဇာတ်ကားလေးကို CM ကနေ ပရိသတ်များရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက် ရပါတယ်. File size…  ...
movie

The Recruit (2003)

2003
World’s Best (2023) 5.4
World’s Best (2023) World's Best (2023) ===============ကျွန်တော်တို့ လိုင်းပေါ်မှာ အိန္ဒိယလူမျိုး ကလေးတွေ သင်္ချာအိုလံပစ် ဝင်ပြိုင်ကြတဲ့ ဗီဒီယိုတွေ ခဏခဏတွေ့ဖူးကြတယ်ဟုတ်။ သူတို့က ကလေးတွေကို သင်္ချာနဲ့ ပတ်သက်ရင် အရမ်းလည်း train ပေးကြသ လို ပြိုင်ပွဲတွေမှာ အများဆုံး ဆုရကြတာလည်း အိန္ဒိယလူမျိုးတွေပဲဗျ။ ဒီဇာတ်ကားလေးကလည်း သင်္ချာတွက်တာ အရမ်းတော်တဲ့ ပရမ်ဆိုတဲ့ ကောင်လေးအကြောင်းကို ရိုက်ကူးပြထားတာပါ။ ဒါပေမဲ့ သူ့ချည်းပဲ လားတော့ မဟုတ်ဘူးပေါ့။  အသက် ၁၂ နှစ်ပဲ ရှိသေးပေမဲ့ သင်္ချာအိုလံ ပစ်တွေမှာ ဆုတွေရပြီး အထက်တန်းအဆင့်သင်္ချာကို ခုန်ပျံကျော်လွှား သင်ခွင့်ရတဲ့ ကောင်လေးတစ်ယောက်လည်းပါပါသေးတယ်၊ သူကတော့ ပရမ်ပါ။သူ့ရဲ့အမေဖြစ်သူကလည်း ပရမ် နောက်ထပ်သင်္ချာအိုလံပစ်မှာ အနိုင်ရဖို့ အားသွန်ခွန်စိုက်ကို လေ့ကျင့်ပေးလိုက်တာ ထမင်းစားလည်း အလီရွတ် လမ်းလျှောက်လည်း အလီရွတ်တဲ့အထိပါပဲ။ တစ်နေ့မှာ သူ့ရဲ့ကျောင်းက မိသားစုနဲ့ပတ်သက်တဲ့ သင်္ချာအီကွေးရှင်းတစ်ခုကို ထုတ်ခဲ့ဖို့ အဆိုင်းမန့် ပေးလိုက်တဲ့ အချိန်မှာတော့ ပရမ်တစ်ယောက် တိုင်တွေစပတ်ပါတော့တယ်။ အကြောင်းကတော့ သူ့ရဲ့အဖေဖြစ်သူက ငယ်ငယ်ကတည်းက ဆုံးပါးသွား ခဲ့ပြီး သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေ သိပ်မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ သူ့ အဖေရဲ့ မှတ်စုစာအုပ်လေးကို ...
movie

World’s Best (2023)

2023
New York Minute (2004) 4.9
New York Minute (2004) New York Minute 2004 Olsen ညီအစ်မ နှစ်ယောက်ရဲ့ တစ်ခါကTeen Movie လေးနဲ့ မိတ်ဆက်ပေးပါရစေပေါ့ပေါပါးပါး လူငယ်ဇာတ်လမ်းလေးဖြစ်လို့အပန်းဖြေကြည့်ရှုဖို့ အထူးသင့်တော်ပါတယ်ဇာတ်လမ်းအကျဉ်းဂျိန်းနဲ့ရော့ဇီ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ အမြွှာတွေဖြစ်ကြပေမယ့်စရိုက်တွေဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ ...ဂျိန်းကတော့ ငယ်စဉ်ကတိုင်း စာကြိုးစားပြီးဘာမဆို စီစဉ်တကျနဲ့ နေတတ်ထိုင်တတ်သူရော့ဇီကတော့ ပေါ့တီးပေါ့ပျက်နဲ့ဂီတလိုက်စားသူ ကျောင်းပြေးမတစ်နေ့တော့ ဂျိန်းက သူ့တက္ကသိုလ်ပညာရေးအတွက်ပြိုင်ပွဲတစ်ခုမှာ မိန့်ခွန်းပြောဖို့ ဖြစ်လာတယ် ။တစ်နေ့တည်းမှာပဲ ရော့ဇီကကျ သူ့ဂီတလမ်းကြောင်းအတွက်အခွင့်အရေးရနိုင်မယ့် MV ရိုက်ကွင်းတစ်ခုကို သွားဖို့ ရှိလာပါတယ် ။ဒီလိုနဲ့ ညီမနှစ်ယောက် ရထားတစ်စင်းပေါ်တူတူလိုက်ပါလာတဲ့ ခရီးက စလို့ ..ဂယက်‌တစ်သိန်းဇာတ်လမ်း စတင်ပါတယ် ...အမြွှာတွေ အများစုဟာ စိတ်တူကိုယ်တူ ဖြစ်ပြီနှစ်ယောက်အတူဆို ကံကောင်းတတ်ကြတယ်ဆိုတဲ့ ‌လောဂျစ်က ဒီညီအစ်မနဲ့တော့ ‌လားလားမျှမဆိုင်တာကို ဒီဇာတ်လမ်းမှာ မြင်ရပါလိမ့်မယ်။ဒါ့အပြင် ချစ်စရာ Olsen ညီအစ်မရဲ့ အလှတွေကိုမြင်ရဦးမှာဖြစ်လို့ ကြည်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ် File size…  2.3 ...
movie

New York Minute (2004)

2004
Bait (2000) 5.7
Bait (2000) Bait (2000) Genre – Action, Comedy, Crime IMDB – 5.7/10ဒေါ်လာ သန်း ၄၀ ကျော် တန်ဖိုးရှိတဲ့ ရွှေတွေကိုအစိုးရလက်ထဲကနေ ကွန်ပျုတာကျွမ်းကျင်သူနဲ့ယန္တရားစက်ကျွမ်းကျင်သူ ဂျက်စတာတို့ ၂ ယောက်ပေါင်းပြီး ဖောက်ထွင်းခဲ့ကြတယ်။ဒါပေမဲ့ ဂျက်စတာက လူမသတ်ရဘူး သေနတ်မပါရဘူးပြောထားတာကို တစ်ဖက်လူက အစောင့်တွေကိုသတ်လိုက်တော့ ဂျက်စတာတစ်ယောက် ရွှေတွေနဲ့ကိုယ်လွတ်ရုန်းပြီး တစ်နေရာသွားဖွက်ကာထောင်ထဲဝင်နေလိုက်တယ်။ဒီမှာ ကိုယ်တွေမင်းသား အယ်ဗင်က ဘာလဲဆိုတော့ပုဇွန်သွားခိုးပြီး ဖမ်းခံလိုက်ရာကနေ ဒီ ဂျက်စတာနဲ့အခန်းတူတူကျပါလေရော။ဂျက်စတာက အဲဒီအချိန် နှလုံးသိပ်မကောင်းတော့ရွှေရှိတဲ့နေရာကို အယ်ဗင့်ကို သူ့မိန်းမကို ပြောပေးပါဆိုပြီးတစ်ဆင့် မှာခိုင်းလိုက်ပါလေရော ပြီးတော့ တကယ်ပဲအဲဒီမှာတင် သေသွားခဲ့တယ်။ဒီမှာ အစိုးရဘဏ္ဍာမို့ အသေအလဲ ပြန်လိုချင်တဲ့ဘဏ္ဍာရေးက ထောက်လှမ်းရေးမှူးရယ်အတူတူဖောက်ရာကနေ သစ္စာဖောက်ခံလိုက်ရလို့ရွှေလိုချင်တဲ့ ကွန်ပျုတာသမားကျွမ်းကျင်သူလူသတ်သမားက အယ်ဗင့်ကို ပစ်မှတ်ထားကြပါတော့တယ်။ဒီမှာ ထောက်လှမ်းရေးမှူးက အကွက်မြင်တော့ခြေရာခံစက်ကို အယ်ဗင်ရဲ့မေးရိုးအောက်သူမသိအောင်ထည့်ပေးပြီး ထောင်ကနေ ခပ်တည်တည်နဲ့ လွှတ်ပေးလိုက်တယ်၊သူတို့အကြံကလည်း တစ်ဖက်က လူသတ်သမားကိုအမှောင်ထဲကနေ ထွက်လာအောင် ငါးစာမျှားတဲ့သဘော။ဆိုတော့ ထောက်လှမ်းရေးမှူးတို့ ...
movie

Bait (2000)

2000
Hotel for the Holidays (2022) 5.3
Hotel for the Holidays (2022)   သီချင်းအေးအေးလေးတွေ၊ ဇာတ်ကားကောင်းလေးတွေနဲ့ chill လို့ကောင်းတဲ့ ခရစ်စမတ်ကာလလည်း ရောက်လာပြီဆိုတော့ အားလုံးလည်းစိတ်အပန်းပြေရအောင် ပေါ့ပေါ့ပါးပါးနဲ့ Christmas theme ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ Hotel for the Holidays လို့ခေါ်တဲ့ဇာတ်ကားလေးပဲဖြစ်ပြီး အခုနှစ်ထဲမှာမှထွက်ထားတဲ့ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ အလုပ်ကြိုးစားတဲ့ဟော်တယ်မန်နေဂျာမလေးဂျော်ဂျီယာနဲ့ ခရစ်စမတ်အားလပ်ရက်ကာလမှာ ဟော်တယ်မှာလာရောက်အပန်းဖြေကြတဲ့ လူအမျိုးမျိုးနဲ့ သူတို့ရဲ့ဇာတ်လမ်းအထွေထွေကို ဟာသနှောပြီး ဆွဲဆောင်မှုရှိရှိရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိကအနေနဲ့ ဂျော်ဂျီယာက ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်ပြီး သူ့အနေနဲ့ဘဝမှာ ပိုင်ဆိုင်မှုရယ်လို့ လက်ဆုပ်လက်ကိုင်ပြစရာတစ်ခု လိုချင်နေခဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ကံကြမ္မာမျက်နှာသာပေးလာတဲ့အခါမှာတော့ အခွင့်အရေးကိုဆုပ်ကိုင်ဖို့ကြိုးစားရင်း ဘယ်လိုအလွဲတွေနဲ့ကြုံရမလဲ။ သူ့ရဲ့အိပ်မက်တွေကိုရော အကောင်အထည်ဖော်နိုင်မှာလားဆိုတာကို ဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ရမှာဖြစ်ပါတယ်။ ခရစ်စမတ်အားလပ်ရက်လည်း ရောက်တော့မှာမို့ heavy ကြီးတွေကြည့်ဖို့ ပျင်းနေတဲ့သူတွေအတွက် ရာသီဥတုအေးအေးမှာ ဒါလေးကြည့်ရင်း chill ဖို့ အကြံပေးချင်ပါတယ်။ File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p ...
movie

Hotel for the Holidays (2022)

IT (2017) 7.8
IT (2017) မိုးတွေတဖွဲဖွဲရွာနေတဲ့မနက်ခင်းတစ်ခုမှာ ၅နှစ်ခန့်အရွယ် ဂျော်ဂျီလေးဟာ သူ့အစ်ကိုမပါဘဲအပြင်သွားရဖို့ဖြစ်လာခဲ့တယ်...သူ့အစ်ကို ဘီလ်ကလည်းချောင်းတွေဆိုးပြီးဖျားနေခဲ့တာကိုး...အစ်ကိုမပါလို့မသွားချင်သွားချင်ဖြစ်နေတဲ့ဂျော်ဂျီလေးကို ဘီလ်က လမ်းမှာဆော့သွားဖို့စက္ကူလှေလေးလုပ်ပေးပြီး နှစ်သိမ့်လိုက်တယ်...ဂျော်ဂျီလေး အိမ်ကထွက်လာပါပြီ...မိုးကာ အင်္ကျီအဝါရောင်လေးနဲ့ပေါ့...ဂျော်ဂျီလေးသာ ပြန်မလာနိုင်တော့မယ်မှန်းကြိုသိခဲ့ရင် ဘီလ့်အနေနဲ့ဘယ်လောက်ဖျားဖျားလိုက်သွားမိမှာပဲ…ဒါပေမယ့် အနာဂတ်ကိုကြိုမသိနိုင်တော့လည်း ဘီလ့်ခမျာ ချောင်းလေးတစ်ဟွတ်ဟွတ်ဆိုးရင်း မိုးရေထဲထွက်ခွာသွားတဲ့ ဂျော်ဂျီလေးကိုလှမ်းမျှော်ကြည့်ရင်းကျန်ခဲ့ပါတယ်…လမ်းတစ်လျှောက် မိုးရေစီးကြောင်းထဲမှာ လှေလေးကို ဆော့ရင်းထွက်သွားတဲ့ဂျော်ဂျီလေးဟာ အဲ့ဒီနေ့ကအိမ် ပြန်မလာခဲ့ပါဘူး…နောက်နေ့တွေလည်း ပြန်မလာခဲ့ဘူးလို့ပြောရင် ပိုမှန်မှာပေါ့…ဘီလ်တစ်ယောက်ဟာ အချိန်တွေကြာလာပေမယ့် ဒီကိစ္စကိုသူ့အပြစ်လို ခံစားပြီး သူ့ညီလေး ပျောက်သွားနိုင်မယ့်နေရာကိုမှန်းဆပြီးမိဘတွေမသိအောင် ကြိတ်ရှာနေခဲ့တယ်…နွေကျောင်းပိတ်ရက် မစတင်ခင်တစ်နေ့မှာတော့ စိုးရိမ်တကြီးမျက်နှာနဲ့ ကြေငြာစာရွက်တွေလိုက်ကပ်နေတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်…အလို... အခန်းထဲကကောင်မလေး ပျောက်သွားတယ်ဆိုပါလားနောက်နေ့တွေမှာလည်း လူပျောက်ကြေငြာစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်ပလူပြန်လာပြီ…ဒယ်ရီမြို့လေးမှာ ကလေးပျောက်တာတွေ များလာပါလား…ဘီလ်သံသယဝင်လာပါပြီ…သူ့သူငယ်ချင်းတွေအဖွဲ့(ကျောင်း မှာအမြဲအနိုင်ကျင့်ခံရတဲ့ Loserအဖွဲ့)နဲ့ စုံစမ်းလိုက်တဲ့အခါ ၂၇ နှစ်ကြာတိုင်း တစ်ဖန်ပေါ်လာတတ်တဲ့ကလေးစားလူရွှင်တော် Pennywiseအကြောင်းကို သိလာခဲ့တယ်လွန်ခဲ့တဲ့၂၇နှစ်ကလည်း တစ်မြို့လုံးပြုတ်အောင် စားခဲ့တဲ့သက်သေတွေလည်း တွေ့လာခဲ့တယ်…ဘီလ်နဲ့သူ့သူငယ်ချင်းတွေကိုယ်တိုင်ကလည်း ခြောက်လန့်မှုတွေ အမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ…သူတို့ကိုယ်တိုင်အတွက်နဲ့ ကျန်တဲ့ကလေးတွေ အန္တရာယ်ကိုကာကွယ်ဖို့ Pennywiseကြီးရှိရာ…အိမ်ပျက်ကြီးအောက်ခြေက ရေတွင်းပျက်ကြီးဆီချီတက်လာကြတဲ့အခါမှာတော့……''ငါအိမ်ပြန်ရောက်တိုင်း ဂျော်ဂျီရှိမနေဘူး…သူ့ရယ်သံလေးတွေလည်းမကြားရတော့ဘူး…သူကစားနေကျ ပေါကြောင်ကြောင် ဒိုင်နိုဆောကောင်တွေကပဲ ...
movie

IT (2017)

2017
4K HEVC
Cube 2: Hypercube ( 2002 ) 5.6
Cube 2: Hypercube ( 2002 ) Cube 3 ကားလုံးကိုဒီမှာဒေါင်းနိုင်ပါတယ် Zawgyi Font*****Cube ကားတွေရဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ်Cube 2: Hypercube Cube ဇာတ်ကားတွေရဲ့ဒုတိယမြောက်ဇာတ်ကားဖြစ်ပါတယ်ပထမဇာတ်ကားကြည့်ပြီးရင် cube ဆိုတာကိုနည်းနည်းသိကြမယ် ထင်တယ်မှတ်ဉာဏ်တွေဖျက်ဆီးခံထားရတဲ့လူတွေကို cube ပုံစံအခန်းထဲထည့်ပြီးစမ်းသပ်ကြတာပါဒီကားမှာ တော့ မက်စ် ကိတ် မစ္စပယ်လီ ဆိုင်မွန် ဂျုလီယာ ဂျယ်ရီမျက်မမြင်မလေးဆာရှာ တို့ရဲ့ မှတ်ဉာဏ်တွေကိုဖျက်ဆီးပြီးhypercube ထဲကိုထည့်ပြီးတော့စောင့်ကြည့်တာပါစတုန်းရန်းပုံစံအခန်းချင်းချိတ်ဆက်ထားတဲ့ ဝင်္ကပါ Hypercube ထဲမှာလွတ်လမ်းကိုရှာဖွေရင်း ဘယ်လိုတွေအချင်းချင်းတိုက်ခိုက်ကြတယ်အချင်းချင်းဘယ်လိုသံသယတွေဝင်ကြတာလဲ ဆိုတာကို စိတ်ဝင်တစားကြည့်ရမှာဖြစ်ပါတယ် Translated & Review By Tin Myo LwinEncoded By LK Unicode*****Cube ကားတှရေဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ်Cube 2: Hypercube Cube ဇာတ်ကားတွေရဲ့ဒုတိယမြောက်ဇာတ်ကားဖြစ်ပါတယ်ပထမဇာတ်ကားကြည့်ပြီးရင် cube ဆိုတာကိုနည်းနည်းသိကြမယ် ထင်တယ်မှတ်ဉာဏ်တွေဖျက်ဆီးခံထားရတဲ့လူတွေကို cube ပုံစံအခန်းထဲထည့်ပြီးစမ်းသပ်ကြတာပါဒီကားမှာ တော့ မက်စ် ကိတ် မစ္စပယ်လီ ဆိုင်မွန် ဂျုလီယာ ဂျယ်ရီမျက်မမြင်မလေးဆာရှာ တို့ရဲ့ မှတ်ဉာဏ်တွေကိုဖျက်ဆီးပြီးhypercube ထဲကိုထည့်ပြီးတော့စောင့်ကြည့်တာပါစတုန်းရန်းပုံစံအခန်းချင်းချိတ်ဆက်ထားတဲ့ ...
movie

Cube 2: Hypercube ( 2002 )

2002