Channel Myanmar

Naufal Samudra

Mystic Singer (2024) 7
Mystic Singer (2024) Sinden Gaib 2024 ကပ်ပါလာသူတစ်ဦးImdb 7.5 အင်ဒိုကားတွေကြောက်ဖို့ကောင်းပြီဆို တော်ရုံကားက လိုက်မမီကြဘူးဆိုတာ ဒီကားကြည့်ရင်းသိနိုင်ပါတယ် ဒီကားကဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာဆိုတော့ အပြင်မှာတကယ်ဖြစ်ခဲ့တာပါလားဆိုတဲ့အသိက ပိုပြီးတော့ ချောက်‌ချားစေမှာပါအာယူတို့အဖွဲ့က သဘာဝလွန်တွေကို လိုက်လံရိုက်ကူးတဲ့ရိုက်ကူးရေးအဖွဲ့သားတွေပါ ဒီတစ်ခါသူတို့ရိုက်ကူးတဲ့နေရာက ဝါတူကန်ဒန်ဆိုတဲ့ကျွန်းလေးပေါ့ အဲဒီမှာအဖွဲ့သားထဲကတစ်ယောက်က ပစ္စည်းတစ်ခုကိုယူလိုက်မိတယ် ယူပြီးပြီးချင်းပဲ ဇာတ်ဆောင်ဖြစ်တဲ့အာယူက ဂျာဗန်သီချင်းနဲ့ အကကိုစကပါတော့တယ်ဒီဇာတ်လမ်းရဲ့အဓိက ဆွဲဆောင်သူက ဒီအကပါပဲ ကျောချမ်းစရာကောင်းလောက်အောင် လက်တစ်ဆစ်ချိုးအကတွေ ကွေးကောက်နေအောင်ကတဲ့ ကြက်သီးထစရာကကွက်တွေက ကြည့်ရှုသူတွေကိုပါ အသည်းယားလာစေမှာပါ ဒီလိုရုတ်တရက် မျက်ဖြူကြီးလန်ပြီး ထကတော့ အပူးခံရပြီဆိုတာအဖွဲ့သားတွေက သိကြပါတယ် ရိုက်ကူးရေးကိုရပ် အိမ်ကိုချက်ချင်းပြန်လာကြပြီး အာယူသတိပြန်ရလာတော့ ကိုယ့်မွေးရပ်မြေကိုပြန်လာကြတာပေါ့ဒါပေမဲ့မပြီးဆုံးခဲ့တာကတော့ ကပ်ပါလာသူတစ်ယောက်ပါ အာယူ့အိမ်ထဲမှာ အရိပ်အယောင်တွေတွေ့ပေမဲ့ တကယ်လက်တွေ့ကြုံလာတဲ့နေ့က ကျောင်းစည်းဝေးပွဲတစ်ခုမှာပေါ့ ဒီကြောက်စရာအကကိုထကရင်း အစုလိုက်အပြုံလိုက်သရဲပူးကပ်ခံရပြီး အုတ်အော်သောင်းတင်းတွေဖြစ်လာချိန်မှာတော့ ။။သူတို့ဘယ်လိုဖြေရှင်းသွားမလဲ ဘယ်လိုထိတ်လန့်စရာတွေက ရှေ့ဆက်သူတို့ကိုစောင့်မျှော်နေမယ်ဆိုတာကိုတော့။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် ) File size…1.32GB / 549MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 36m Subtitle….Myanmar ...
movie

Mystic Singer (2024)

2024
Di Bawah Umur (2020) 5.5
Di Bawah Umur (2020) Di Bawah Umur [2020](IMDb 5.5/10)အာယိုတို့ ကျောင်းကို ကျောင်းသူအသစ်ကလေးတစ်ယောက် ရောက်လာပါတယ်.. သူ့နာမည်က လာနာတဲ့... လာနာကို အာယို သဘောကျတယ် ဒါပေမဲ့ ခက်တာက လာနာဟာ အာယိုတချိန်က အရမ်းခင်ခဲ့တဲ့ ကယ်ဗင်ရဲ့ ညီမဝမ်းကွဲဖြစ်နေပါတယ်... အာယိုနဲ့ ကယ်ဗင် ခွာပြဲရခြင်းကလည်း အကြောင်းအရင်းသက်သက် ရှိလို့နေပြန်ပါတယ်... ခွာပြဲတာမှ တစ်ယောက်နဲ့တစ်ယောက် ရန်ဆောင် လုံးထွေးသတ်ပုတ်တဲ့အဆင့်ပါပဲ... တစ်ဖက်မှာလည်း လာနာ ဂျာကာတာကို ကျောင်းပြောင်းလာရခြင်းဟာ သူ့အစ်မ အိမ်ထောင်မကျခင် ကိုယ်ဝန်ရှိသွားတာကြောင့် သူတို့မိသားစုက လာနာကို ဒီလိုအဖြစ်မျိုးက ကင်းဝေးအောင် အဒေါ်တွေရှိရာ ကယ်ဗင်တို့အိမ်ကို ပို့ထားတာပဲ ဖြစ်ပါတယ်... အထက်ကျောင်းသားကျောင်းသူတွေ ဖြစ်ကြတာမို့ ဇယားရှုပ်ရှုပ်ယှက်ယှက်တွေနဲ့ လိင်မှုကိစ္စတွေကလည်း လက်တည့်စမ်းကြနဲ့ ကောလဟာလတွေကလည်း ပျံ့လို့နှံ့လို့ပေါ့... ဒီလိုအနေအထားမျိုးမှာ စော်ကြည်ဘဲ အာယိုတစ်ယောက် ရည်းစားမထားဖို့ တားမြစ်ခံထားရတဲ့ လာနာ့အချစ်ကို ဘယ်လိုမျိုး သိမ်းပိုက်မိအောင် ကြိုးစားမလဲ ရှုစားကြရမှာပဲဖြစ်ပါတယ်အညွှန်း န့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
movie

Di Bawah Umur (2020)

2020