Channel Myanmar

Nathan Lee

A View To Kill For (2023)
A View To Kill For (2023)  မိသားစုနဲ့ပိုက်ဆံကြားလွန်ဆွဲတဲ့ဖြစ်ရပ်ဆိုး အမွေအတွက်နဲ့တလွဲတွေဖြစ်ကုန်တဲ့ ဖြစ်ရပ်မျိုးတွေဖြစ်နေတာမြင်ဖူးကြမယ်ထင်ပါတယ်။ A View to Kill For ရုပ်ရှင်ဟာဒီသဘောကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ မိသားစုနဲ့ပိုက်ဆံ ချစ်ခြင်းနဲ့ငွေကြေးကြားက သဘောကိုရိုက်ပြသွားတာဖြစ်ပါတယ်။မော်လီနဲ့သူ့မိသားစုဟာငွေရေးကြေးရေးမပြည့်သုံပဲ အခက်အခဲတွေရင်ဆိုင်​နေရပါတယ်။ ဒါပေမယ့်ကံတရားဆိုတာတစ်ဆစ်ချိုးတတ်ပြီး ကောင်းတဲ့ဘက်ကိုဦးတည်သွားတတ်ပါတယ်။ မော်လီတို့မိသားစုမှာလည်းအဲလိုပဲဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မော်လီပေါ့လေ။ သူ(မ)ရဲ့မမြင်တောင်မမြင်ဖူးတဲ့ဖခင်ဟာ ငွေကြေးများစွာနဲ့အိမ်ကြီးကိုပါ အမွေပေးခဲ့ပါတယ်။ တစ်ခါမှတောင်မမြင်ဖူးတဲ့ဖခင်ဆီကအမွေရခဲ့တာက တကယ်ကိုကံကောင်းခြင်းပါပဲ။ ဒါမှမဟုတ်ကံကောင်းတာရောဟုတ်ရဲ့လား...ဘလန်ကာဘေး ဆိုတဲ့အိမ်ကြီးရှိရာကိုတစ်မိသားစုလုံးပြောင်းရွှေ့သွားခဲဲ့ကြပါတယ်။ ခက်တာက သူတို့ကိုကြိုဆိုတဲ့လူသိပ်မရှိဘဲ ဘလန်ကာဘေးဟာလူရွတ် လူချမ်းသာ လူ့ကန့်လန့်တွေနေတဲ့ မြို့ဖြစ်နေပါတယ်။ ဘယ်လိုများဆက်ဖြစ်မှာလဲ။ ရုတ်တရတ်ရလာတဲ့အမွေအပေါ်ကိုလူတိုင်းကကြည်ဖြူနေမှာလား။ မကြိုဆိုတဲ့ပတ်ဝန်းကျင်မှာ မော်လီတစ်​ယောက်ဘယ်လိုခရီးဆက်မှာလဲ။ မထင်မှတ်ထားတဲ့ အချိုးအကွေ့လည်းပါတာကြောင့် အဆုံးထိကြည့်ဖို့အကြံပေးပါရစေ။ File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre... Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie

A View To Kill For (2023)

My Husband’s Seven Wives (2024) 5.1
My Husband’s Seven Wives (2024) My Husband's Seven Wives (2024) ==========================ဒီဇာတ်လမ်းကတော့ Maggie ဆိုတဲ့အမျိုးသမီးတစ်ယောက် အမှတ်မထင်ဘဲ အလုပ်ခရီးသွားနေတဲ့ သူ့ယောက်ျားAlanရဲ့ ကားကို သူစိမ်းအိမ်မှာတွေ့ရာကနေ အဲဒီအိမ်ရှင်အမျိုးသမီး Pamက သူ့ယောက်ျားနဲ့လက်ထပ်ထားတာကို သိလိုက်ရတာ ပါပဲ။ ပိုမဖြစ်နိုင်စရာကောင်းတာက Maggie နဲ့ Pam တို့ သူတို့ ပျောက်သွားတဲ့ပိုက်ဆံတွေအတွက် Alan ရဲ့ ဘဏ်ရှင်းတမ်းတွေ ကိုလိုက်ရှာလေ Alan မှာ တစ်ခြားလက်ထပ်ထားတဲ့ဇနီးသည်တွေ တစ်ယောက်ပြီးတစ်ယောက် ထပ်ပေါ်လာတာပါပဲ။နောက်တော့ Maggie၊ Pamနဲ့ ကျန်တဲ့ Alanရဲ့ဇနီးသည်တွေအကုန် ပေါင်းပြီး Alan ကို လက်စားချေရင်း Alanခိုးသွားတဲ့ သူတို့ပိုက်ဆံ တွေကိုပြန်ရှာဖို့ ဘယ်လိုကြိုးစားကြမလဲကို စိတ်ဝင်စားဖွယ် ကြည့်ရှု ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.56 GB) / (600 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

My Husband’s Seven Wives (2024)

2024