Channel Myanmar

Natalya O. Hudson

Crescent Gang (2023) 6.2
Crescent Gang (2023)  CM ပရိတ်သတ်ကြီးအတွက် အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ရသတစ်မျိုးလေးပေးစွမ်းမယ့် Crescent Gangဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကျဉ်းကိုပြောပြရမယ်ဆိုရင် အနောက်တိုင်းနိုင်ငံတွေရဲ့ ဥပ‌ဒေအရကလေးငယ်တွေရဲ့ အဖေအမေ‌တွေ သေဆုံးသွားတဲ့အခါ ကျန်တဲ့အဖိုးအဖွားဆွေမျိုးတွေကစောင့်ရှောက်‌ဖို့ မသင့်တော်ဘူးဆိုရင် မြို့နယ်တရားရုံးကနေအဲ့ကလေးတွေကို စောင့်ရှောက်ရေးအိမ်တွေ ဂေဟာတွေကိုပို့ပေးလေ့ရှိပါတယ်။ဒီဇာတ်ကားထဲမှာပါဝင်ကြတဲ့ကလေးတွေကလည်း အဲ့လိုစောင့်ရှောက်ရေးအိမ်မှာနေနေကြတဲ့ကလေးတွေပေါ့။ တစ်နေ့မှာ Crescent လမ်းက ကလေးစောင့်ရှောက်ရေးအိမ်ကို လစ်ဘာတီဆိုတဲ့ကောင်မလေးတစ်ယောက်အသစ်ရောက်လာပါတယ်။သူရောက်လာပြီးမကြာဘူး အိမ်ပိုင်ရှင်ကအိမ်ကိုရောင်းထုတ်လိုက်လို့ အဲ့မှာရှိတဲ့ကလေးတွေအကုန်တကွဲတပြားဖြစ်ကုန်တော့မယ့် အ‌ခြေအနေကိုရောက်လို့လာပါတော့တယ်။ လစ်ဘာတီက အိမ်သန့်ရှင်းရေးလုပ်ရင်း လွန်ခဲ့တဲ့ 25 နှစ်ကျော်လောက်ကအဲ့အိမ်မှာနေခဲ့တဲ့ ကရီနာဆိုတဲ့ကောင်မလေးရေးထားတဲ့စာကိုရှာတွေ့သွားပြီးသူတို့ကလေးတစ်သိုက် စာထဲမှာရေးထားတဲ့အတိုင်း ကရီနာကိုလိုက်ရှာပါတော့တယ်။ဒီကလေးတစ်သိုက် ကရီနာကိုရှာတွေ့သွားမှာလား အိမ်ပြောင်းပြီးတကွဲတပြားတွေဖြစ်ကုန်ကြမှာလား ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါးလေးခံစားကြည့်ရှုလို့ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…1.41GB / 609MB Quality…AMZN WEB-DL  1080p 5.1 CH/ 720p Format…mp4 Duration….1h 22m Genre ….. Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie

Crescent Gang (2023)