Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Natalia Łągiewczyk
6.2
Irena’s Vow (2023)
စစ်ကားကြီးတွေက ပျင်းစရာကောင်းလွန်းလို့မကြည့်ချင်ပါဘူးဆိုတဲ့ သူတွေအတွက် စိတ်ဝင်စားသွားစေရမယ်လို့ အာမခံတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်စဉ်တုန်းက ဂျာမန်ဒရာမာဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ပုံမှန်စစ်ကားတွေလိုမျိုး စစ်တိုက်နေတာပဲ မဟုတ်ဘဲနဲ့တကယ့် ဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကိုပြန်လည် ရိုက်ကူးထားတဲ့အတွက် ကွဲထွက်နေပြီးကြည့်လို့ကောင်းမှာတော့ အသေအချာပါပဲ။ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်လမ်းဇာတ်အိမ်တွေကအပြင်မှာ တကယ်ရှိခဲ့တဲ့ ဂျူးတွေရဲ့ အမျိုးသမီးသူရဲကောင်းအီရယ်နာဂွတ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ အီရန်နာရဲ့ဇာတ်ကြောင်းဆိုတဲ့အတိုင်း Irena's Vow ဖြစ်ပြီး IMDb Rating 6.2အထိရရှိထားပါတယ်။အီရန်နာရဲ့ ဇာတ်ကြောင်းကိုစပြောရရင်တော့ ၁၉၃၉ ခုနှစ်စက်တင်ဘာလမှာ အီရန်နာနေထိုင်တဲ့ ပိုလန်ကိုဂျာမနီနဲ့ဆိုဗီယက်တွေက ကျူးကျော်ခဲ့ပြီးနောက်မှာတော့အီရန်နာအပါအဝင် ပိုလန်သူပိုလန်သားတွေအကုန်နေစရာအိမ် လုပ်ကိုင်စရာအလုပ်တွေနဲ့ အရေးအကြီးဆုံးလွတ်လပ်ခွင့်တွေ ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။အဲ့ဒီနောက်ပိုင်း အီရန်နာကို ဂျာမန်စစ်စခန်းတစ်ခုမှာအတင်းအဓမ္မအလုပ်လုပ်ဖို့ စေခိုင်းခဲ့ပေမဲ့ အီရန်နာကစိတ်ဓာတ်ခွန်အားပြည့်၀ပြီး အလုပ်ကြိုးစားတတ်တဲ့အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် သိပ်မကြာခင်မှာပဲဂျာမန်အရာရှိကြီးတစ်ယောက်ရဲ့ အိမ်မှာအိမ်တော်ထိန်းအဖြစ် အလုပ်ရသွားပါတော့တယ်။အဲ့ဒီမတိုင်ခင်ကသူက စက်ချုပ်ခန်းမှာရှိတဲ့ ဂျာမန်တွေအရမ်းမုန်းတီးပြီးနိမ့်ချဆက်ဆံကြတဲ့ ဂျူးတွေရဲ့ အလုပ်ခေါင်းဆောင်ဖြစ်ခဲ့ပါသေးတယ်။ ဂျာမန်တွေက သူတို့နေထိုင်ရာမြို့မှာဂျူးကင်းစင်သွားအောင် အကုန်သုတ်သင်ပစ်မဲ့အကြောင်းကိုအီရန်နာကြားသွားပြီး နောက်မှာတော့ အဲ့ဒီဂျူးတွေအားလုံးကိုသူအလုပ် သွားလုပ်ရမဲ့ ဂျာမန်အရာရှိကြီးရဲ့ အိမ်မှာ ...
movie
Irena’s Vow (2023)
7.4
Ida (2013)
ပိုလန်နိုင်ငံ ဒုတိယကမ္ဘာစစ်ကြီးအပြီးကာလများမှာဇာတ်အိမ်တည်ထားတယ်။ရုပ်ရှင်တစ်ခုလုံးကိုအဖြူအမဲ ကာလာနဲ့ ရိုက်ကူးထားတယ်။ဓာတ်ပုံဆန်ဆန် မလှုပ်မလျက်ကင်မရာရိုက်ချက်တွေအများကြီးသုံးထားတယ်။ဒုတိယကမ္ဘာစစ်ပွဲအတွင်းနဲ့စစ်ပြီးကာလမှာ လူသားတွေရဲ့ ပုဂ္ဂိုလ်ရေး၊ သမိုင်းရေးအရရုန်းကန်ရတာတွေကို ကွင်းကွင်းကွက်ကွက်ရိုက်ပြထားတယ်။ ကျပ်တည်းမှုတွေ၊ ချွတ်ခြုံကျမှုတွေကြားမှာ လူတွေရဲ့ စိတ်ဓာတ်ဖောက်ပြားမှုဟာ ရိုးအီနေပြီဖြစ်တဲ့ ဘဝရဲ့လှည့်ကွက်တစ်ခုသာဖြစ်တယ်။စစ်ကြီးအတွင်းမှာ မိဘမဲ့ဖြစ်ခဲ့ရတဲ့ အယ်လ်ဒါတစ်ယောက် သီလရှင်ကျောင်းမှာပဲကြီးပြင်းခဲ့ရတယ်။သီလရှင်တသက်လုံးဝတ်ဖို့ ကျမ်းမကျိန်ခင်မှာ ကျောင်းအုပ်မာသာကြီးကတစ်ဦးတည်းသောသက်ရှိထင်ရှားဆွေမျိုးရင်းခြာဖြစ်တဲ့ သူ့အဒေါ်ဆီမှာသွားနေဖို့ စေလွှတ်ခဲ့တယ်။အဒေါ်ဖြစ်သူဗန်ဒါက အငြိမ်းစား ပြည်နယ်တရားသူကြီး၊ စစ်အတွင်းမှာရခဲ့တဲ့စိတ်ဒဏ်ရာအမာရွတ်တွေနဲ့ခုချိန်ထိ ဘဝကိုလေးပင်စွာဖြတ်သန်းနေတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ပေါ့။ အယ်လ်ဒါ့ ရဲ့ဇစ်မြစ်၊ အဖေနဲ့အမေ စစ်ကြီးအတွင်းမှာဘယ်လိုဆုံးပါးခဲ့လဲဆိုတာ ဗန်ဒါနဲ့တွေ့မှ သီလရှင်လေးအယ်လ်ဒါ သိခဲ့ရတယ်။ တူကြီးနှစ်ယောက်ရှေ့ဆက်ပြီး အတိတ်ကိုပြန်လည်တူးဆွ ကြည့်ကြတာကိုတော့ ဆက်ကြည့်လိုက်ကြပါ။ ရင်ဘတ်ထဲမှာလေးပင်တဲ့ခံစားချက်တစ်ခုတော့ ကျန်ခဲ့မှာအသေချာပါပဲ။ File size… 1.71 GB / 581 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 22m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie
Ida (2013)