Channel Myanmar

Natalia Gracious

Humane (2024) 5.5
Humane (2024)  Humane ဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်မှာအသစ်ထွက်ရှိထားတဲ့ Horror, Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Caitlin Cronenberg ကရိုက်ကူးပေးထားပြီး Jay Baruchel ၊ Emily Hampshire နဲ့Sebastian Chacon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။သည်းထိတ်ရင်ဖိုဇာတ်လမ်းကိုမှ မိသားစု Drama အမျိုးအစားပါပေါင်းစပ်ပါဝင်နေပြီး ဇာတ်ကောင်တွေဟာ ကိုယ်တိုင်အသက်ရှင်ခွင့်ရဖို့အတွက် တစ်ကိုယ်ကောင်းဆန်ပြီးသတ်ဖြတ်ကြပုံတွေကိုရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ကမ္ဘာကြီးက ဂေဟဗေဒဆိုင်ရာပျက်ကပ်နဲ့ကြုံတွေ့လာရတာကြောင့်ကမ္ဘာခေါင်းဆောင်တွေဟာ ကမ္ဘာမြေရဲ့လူဦးရေကိုလျှော့ချဖို့သဘောတူညီချက်တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ဒီသဘောတူညီချက်အရ နိုင်ငံတိုင်းဟာ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့လူဦးရေလျှော့ချမှုကိုပြည့်မီအောင်လုပ်ဆောင်ကြရမှာပါ။ ဒီအတွက်နိုင်ငံသားတွေက မိမိတို့ဆန္ဒအလျောက်ဇီဝိန်ခြွေခံဖို့ လာရောက်စာရင်းပေးကြရမှာဖြစ်ပြီး စာရင်းပေးသူတိုင်းကိုလည်းဆုငွေပြန်လည်ပေးအပ်မှာဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားပြီးချမ်းသာကြွယ်ဝတဲ့ယော့ခ်မိသားစုဝင်တွေဟာ စာရင်းပေးတာကသူတို့နဲ့မသက်ဆိုင်တဲ့အရာတစ်ခုလိုခံယူထားခဲ့ပေမယ့်အငြိမ်းစားသတင်းတင်ဆက်သူဖြစ်တဲ့ ဖခင်ကြီးမစ္စတာယော့ခ်ကရုတ်တရက်စာရင်းပေးခဲ့ပါတယ်။ သားသမီးတွေကိုကြိုတင်မပြောဘဲဇီဝိန်ခြွေမယ့်ဝန်ထမ်းတွေရောက်လာမယ့်အချိန်မှာမှသားသမီးတွေကိုနောက်ဆုံးညစာအတူစားဖို့ဖိတ်ရင်းပြောပြခဲ့ပြီးတဲ့နောက်မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်။ File size…1.15GB / 507MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Humane (2024)

The Love Issue (2023) 6.1
The Love Issue (2023)  ဒီတစ်ခါတော့ ကြည်ကြည်နူးနူးလေး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ခံစားရဦးမှာပါ...။မမျှော်လင့်ဘဲ တွေ့ဆုံကြရပေမယ့် ကိုယ်စီကိုယ်စီအကြောင်းလေးတွေကြောင့်ချစ်သူတွေအဖြစ်ဟန်ဆောင်ကြရတဲ့ ဇာတ်လမ်းသွားလေးကိုမှ ခံစားချက်အနိမ့်အမြင့်အစုံနဲ့ တင်ဆက်ပြထားပါတယ်...။မင်းသားနဲ့မင်းသမီးကို လိုက်ဖက်အောင် ဇာတ်အိမ်ဖွဲ့ထားပုံလေးက သိမ်သိမ်မွေ့မွေ့လေးပါ...။ဇာတ်အိမ်လေးကတော့...အလှအပမဂ္ဂဇင်းတစ်ခုရဲ့ အယ်ဒီတာဖြစ်တဲ့ ဒါဆီဟာ မဂ္ဂဇင်းမျက်နှာဖုံးကာဗာရိုက်ဖို့အတွက် ဓာတ်ပုံဆရာတစ်ယောက်အလိုရှိနေတာပါ...။ရှာသမျှ ဓာတ်ပုံဆရာတွေကလည်း အလုပ်အချိန်ဇယားအပြည့်ဆိုတော့ကြံရခက်နေပါလေရော..။ဆုံဆည်းဖို့အကြောင်းဖန်လာပြန်တော့လည်း အချစ်ကအနီးလေးတင်ရှိနေတာပါ...။နိတ်ဟာ နာမည်ကျော်ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ခဲ့ပြီး ကိစ္စလေးတစ်ခုကြောင့်အလုပ်ကနေ ခဏအနားယူနေတာပါ။အလုပ်ပြန်လုပ်မယ်ဆိုတော့ ဒါဆီနဲ့တွေ့ဖို့အကြောင်းဖန်လာပါလေရော။သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းဘယ်လိုဖြစ်လာမလဲဆိုတာကိုရိုက်ကွင်းရိုက်ကွက်လှလှလေးတွေနဲ့မြင်တွေ့ရဦးမယ့်ကားလေးပါ...။  File size…1.69 GB / 723 MB Quality…AMZN WEB-DL 1080p / 720p Format…mp4 Duration….1h 25m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Love Issue (2023)