Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Natalia Dyer
5.5
Chestnut (2023)
ကောလိပ်ကျောင်းပြီးခါစအန်နီဆိုတဲ့ကောင်မလေးဟာနွေရာသီမှာ အိမ်မပြန်နိုင်သေးဘဲ ကျောင်းရှိရာဖီလာဒဲလ်ဖီးယားမြို့မှာပဲ တဝဲလည်လည်ဖြစ်နေတဲ့အချိန်ဘားတစ်ခုမှာ တိုင်လာဆိုတဲ့ကောင်မလေး၊ ဒန်နီဆိုတဲ့ကောင်လေးနဲ့သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ တိုင်လာကအန်နီကိုမိန်းကလေးချင်းစလိုက်ရာကနေ အန်နီဟာတိုင်လာကိုတကယ်ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့သူငယ်ချင်းသုံးယောက်အတူတူရှိနေတဲ့အချိန်တွေမှာတစ်စုံတစ်ခုက သူတို့ရဲ့ဆက်ဆံရေးကိုလေးလံနေစေတယ်ဆိုတာကို အန်နီတစ်ယောက်သတိထားမိလာခဲ့ပါတယ်။ဖခင်ကိုအဖော်ပြုပေးဖို့ ဖခင်ရှိရာမှာအခြေချနေထိုင်သွားဖို့စီစဉ်ထားတဲ့အန်နီဟာ တိုင်လာနဲ့ရှေ့ရေးအတွက်ဖီလာဒဲလ်ဖီးယားမှာ ဆက်နေသွားဖို့အထိ ဆုံးဖြတ်ချက်တွေခိုင်မာခဲ့ပေမယ့် တိုင်လာဘက်ကတော့ အဲဒီလိုမဟုတ်ဘဲအန်နီ၊ တိုင်လာနဲ့ ဒန်နီတို့ရဲ့သုံးပွင့်ဆိုင်အချစ်ရေးကပိုရှုပ်ထွေးလာခဲ့ပါတော့တယ်။ File size…1.71GB / 603MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 27m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Chestnut (2023)
All Fun and Games (2023)
2023 မှာ အသစ်စက်စက်ထွက်ရှိထားတဲ့ horror ဇာတ်ကားကောင်းလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ။ဂျိုးဆိုတဲ့ကောင်လေးဟာ လူမနေတော့တဲ့အိမ်တစ်လုံးကနေ ဓါးတစ်ချောင်းကိုရှာတွေ့ခဲ့ပါတယ်။ သူ့အစ်ကိုက ယူမလာဖို့သတိပေးနေရက်နဲ့ ဂျိုးဟာ ကလေးပီပီအရာရာကိုစူးစမ်းချင်စိတ်နဲ့ မဖြစ်ဖြစ်အောင်ယူလာခဲ့ပါတယ်။ယူလာကတည်းက အဲဒီဓါးအထဲကနေ သူ့နာမည်ခေါ်သံတွေကြားနေရပြီးတော့ညဘက်ကျတော့ ဓါးကအသက်ဝင်လာပြီး ဂျိုးကို ဂိမ်းတစ်ခုကစားဖို့စေခိုင်းပါတော့တယ်။အဲဒီဂိမ်းကတော့ အခြားမဟုတ်ပါဘူး။ တူတူပုန်းတမ်းကစားခိုင်းတာပါ။ဂျိုးဟာ သူ့အစ်မ၊ သူ့အစ်ကိုနဲ့ သူ့အစ်မရဲ့သူငယ်ချင်းတွေပါ တူတူပုန်းတမ်းကစားအောင်ဓါးကစေခိုင်းတဲ့အတိုင်း လုပ်ဆောင်ရပါတော့တယ်။ဖြစ်ချင်တော့ ဓါးက အသေဆိုးနဲ့မရှုမလှသေခဲ့ရတဲ့သားတစ်ယောက်အတွက်စုန်းမတစ်ယောက်ကိုယ်တိုင်ပြုလုပ်ထားတဲ့ ဓါးပါ။အဲဒီဓါးပေါ်က စာလုံးတွေကို ဂျိုးရဲ့အစ်ကို မားကတ်က ဖတ်လိုက်မိပြီးနောက်မှာတော့မားကတ်ကို နတ်ဆိုးဝင်ပူးသလိုဖြစ်သွားပြီး ဂိမ်းပွဲမှာပါဝင်တဲ့သူတွေကို ဓါးနဲ့လိုက်သတ်ပါတော့တယ်။ရုပ်ရှင်က ဇာတ်လမ်းလည်းကောင်းသလို သရုပ်ဆောင်တွေကလည်းလူတိုင်းသိတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါ။ ဒီကားထဲမှာ မားကတ်ဆိုတဲ့အစ်ကိုနေရာက သရုပ်ဆောင်တဲ့မင်းသားဆိုရင် sex education ထဲကမင်းသားဖြစ်ပါတယ်။ သရုပ်ဆောင်ပီပြင်ချက်က ကြောက်စရာကောင်းလွန်းလို့ကြည့်ရင်းနဲ့ကြက်သီးတွေတဖြန်းဖြန်းထလာစေပါတယ်။Horror ဇာတ်လမ်းတစ်ခုတည်းမဟုတ်ဘဲ မိသားစုဝင်တွေ၊ မောင်နှမတွေ၊သူငယ်ချင်းတွေကြားက သံယောဇဥ်တွေကိုပါ ပီပီပြင်ပြင်ပြသထားပါတယ်။သူတို့တွေဘယ်လိုပူးပေါင်းပြီး အဲဒီဓါးထဲကနတ်ဆိုးကိုနှိမ်နှင်းကြမလဲ၊နတ်ဆိုးဝင်ပူးခံနေရတဲ့မားကတ်ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ပါဦးနော်... File size…980MB / 399MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h ...
movie
All Fun and Games (2023)
5.3
Things Heard & Seen (2021)
Things Heard & Seen (2021)=====================IMDb Rating - 5.3/10ဒါဟာ သရဲကားပါ။ All Things Cease to Appear ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။သရဲကားပီပီ အသစ်ပြောင်းလာတဲ့အိမ်မှာ ခြောက်တာပါပဲ။ အိမ်ကိုပြောင်းလာတဲ့မိသားစုဝင်ကတော့ ၃ ယောက်ပါ။ဂျော့၊ကတ်သရင်း လင်မယားနဲ့ သူတို့ရဲ့ ၄ နှစ်သမီးလေး ဖရန်နီပေါ့။ ဂျော့က ဝိညာဉ်လောကကိုယုံကြည်တဲ့ ဆွီဒင်ဘော့ရဲ့အယူအဆလွှမ်းမိုးမှုခံရတဲ့ အနုပညာတွေအကြောင်း စာတမ်းရေးရင်းနဲ့ အဲဒီကောလိပ်မှာ ပါမောက္ခရာထူး ရရှိခဲ့တာပါ။ဒါပေမယ့် အိမ်ရဲ့သမိုင်းက ပဟေဠိဆန်တယ်။ ခြောက်နေတဲ့ သရဲနဲ့ ခြောက်ရတဲ့အကြောင်းကို ရှာဖွေရင်း ကတ်သရင်း နဲ့ဂျော့အပေါ် သရဲတွေရဲ့ သက်ရောက်မှုနဲ့ ပြောင်းလဲလာမှုတွေနဲ့ လျို့ဝှက်ချက်တွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာပါ။ သရဲကားငတ်နေတဲ့ သူတွေအတွက်တော့ ကြည့်ရတာ နောင်တမရမယ့် သရဲကားထဲမှာ ပါပါတယ်။ အားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) Quality ...
movie
Things Heard & Seen (2021)
2021
6.0
Yes, God, Yes(2020)
Yes, God, Yes(2020)IMDb....6.0,,,,Rotten..94%လိင်၊ ဆယ်ကျော်သက်အရွယ်၊ ဘာသာရေး။ ဒီသုံးမျိုးနဲ့ ခင်ဗျားတို့ ဘဝမှာ တိုင်ပတ်ခဲ့ဖူးမှာ အသေချာပါပဲ။တိုင်ပတ်တယ်ဆိုတာထက် ရှုပ်ထွေးတယ် ရောနေခဲ့တယ်လို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။ရှောင်လွဲလို့ရမှာမဟုတ်တဲ့ အဆိုပါသုံးမျိုးက လွယ်မလိုနဲ့ခက် တိမ်မလိုနဲ့ နက်ပါတယ်။ဘာလို့လဲ အကြောင်းရင်းကဘာများလဲဆိုတာ သဘောပေါက်လောက်မယ့် လူတွေလည်း ရှိနိုင်ပါတယ်။သို့ပေမယ့် ဒီဇာတ်လမ်းလေးကြည့်ပြီးသွားရင် အကောင်းဆုံးအချိန်တစ်ခုကို ပိုင်ဆိုင်လာမယ်ဆိုတာတော့ ညွန်းပါရစေခင်ဗျာအပေါ်မှာဖော်ပြထားတဲ့ သုံးမျိုးနဲ့ ပတ်သတ် ဆက်စပ်ပြီးရိုက်ထားတဲ့ ဇာတ်လမ်းအချို့တော့ရှိဖူးပါတယ်။ဒါပေမယ့်လည်း ဒီဇာတ်လမ်းမှာကတော့ ... Stranger thingsထဲမှ မင်းသမီးချော Natalia Dyer က အရာရာကို ရှက်တက်ပြီး ခပ်အေးအေးနေတက်တဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးအဲလစ်အဖြစ်ပါဝင်ထားပါတယ်။သူမဟာ လူငယ်သဘာဝ လိင်စိတ်ထကြွခြင်းနဲ့ စူးစမ်းလိုစိတ် တစ်ထပ်တည်းကျသွားချိန်လိင်ကိစ္စအပေါ် ထင်မြင်မှတ်ယူပုံကွဲပြားတဲ့ သူ့မိသားစုရဲ့ ဘာသာရေးစံနှုန်းစံထား၊ပတ်ဝန်းကျင်ရဲ့ ဝေဖန်ကဲ့ရဲ့မှုတွေကြားထဲမှာ ပိတ်မိနေခဲ့ပါတယ်။ဒါပေမဲ့ သမာဓိရှိယောင်ဆောင်နေတဲ့၊အတွင်းမှာ နစ်မြုပ်နေသော Dark side ရှိနေကြတဲ့ လူသဘောသဘာဝကိုကိုယ်တိုင် မြင်တွေ့သွားတဲ့အချိန်မှာတော့... မိသားစု၊ ပတ်ဝန်းကျင်ရဲ့ ဘာသာရေးပေတံတွေအတိုင်း ဆက်သွားမလား ဘယ်လိုတွေ ...
movie
Yes, God, Yes(2020)
6.3
Tuscaloosa(2020)
Tuscaloosa(2019)(unicode)ဒီကားလေးကို ၁၉၇၂ခုနှစ် အမေရိကန်နဲ့ ဗီယက်နမ် စစ်ပွဲဖြစ်နေချိန် နိုင်ငံတွင်းမှာလဲ လူဖြူလူမည်းကြား လူမျိုးရေးခွဲခြား အကြမ်းဖက်မှုတွေဖြစ်နေချိန်ကို ဇာတ်အိမ်တည်ဆောက်ထားပါတယ်..... အဲ့ဒီအချိန်မှာပဲ ပူပူနွေးနွေးကောလိပ်ကျောင်းပြီးထားတဲ့ဘီလီတစ်ယောက် သူ့အဖေဆေးရုံအုပ်အဖြစ်လုပ်ကိုင်တဲ့ တက်စ်ကာလိုဆာမြို့က စိတ်တ္တဇဆေးရုံကအလုပ်တွေကို ဝင်လုပ်ရင်းနဲ့ထူးခြားတဲ့ ကောင်မလေးတစ်ယောက်ကို သွားတွေ့တယ်... ဒီကောင်မလေးက သိပ်လှတဲ့အပြင် စကားပြောကြည့်လိုက်တဲ့အခါမှာလည်း ပုံမှန်လူတွေထက်အတွေးအခေါ်ကောင်းတွေ စကားပြောရည်မွန်တာတွေ သွားတွေ့ရတယ်.... ဒီကောင်မလေးက မရူးဘဲနဲ့ ဒီဆေးရုံကိုဘာလို့ရောက်လာတာလဲ... သူတို့(၂)ယောက်ကရော တစ်ဦးနဲ့တစ်ဦး ချစ်သွားကြမလား....ဒီဇာတ်ကားလေး ကြည်နူးစရာကောင်းတဲ့အချစ်အကြောင်းလေးကို ဖော်ပြထားသလို လူဖြူတွေနဲ့လူမဲတွေကြား ထားတဲ့သဘောထားတွေ အဖိနှိပ်ခံရမှုတွေကြားက လူမည်းတွေရဲ့ နာကျင်ခံစားရမှုတွေ မကျေနပ်မှုတွေကိုတွေ့နိုင်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ်...(zawgyi)ဒီကားလေးကို ၁၉၇၂ခုနှစ် အမေရိကန်နဲ့ ဗီယက်နမ် စစ်ပွဲဖြစ်နေချိန် နိုင်ငံတွင်းမှာလဲ လူဖြူလူမည်းကြား လူမျိုးရေးခွဲခြား အကြမ်းဖက်မှုတွေဖြစ်နေချိန်ကို ဇာတ်အိမ်တည်ဆောက်ထားပါတယ်..... အဲ့ဒီအချိန်မှာပဲ ပူပူနွေးနွေးကောလိပ်ကျောင်းပြီးထားတဲ့ဘီလီတစ်ယောက် သူ့အဖေဆေးရုံအုပ်အဖြစ်လုပ်ကိုင်တဲ့ တက်စ်ကာလိုဆာမြို့က စိတ်တ္တဇဆေးရုံကအလုပ်တွေကို ဝင်လုပ်ရင်းနဲ့ထူးခြားတဲ့ ကောင်မလေးတစ်ယောက်ကို သွားတွေ့တယ်... ဒီကောင်မလေးက သိပ်လှတဲ့အပြင် စကားပြောကြည့်လိုက်တဲ့အခါမှာလည်း ပုံမှန်လူတွေထက်အတွေးအခေါ်ကောင်းတွေ စကားပြောရည်မွန်တာတွေ သွားတွေ့ရတယ်.... ဒီကောင်မလေးက မရူးဘဲနဲ့ ဒီဆေးရုံကိုဘာလို့ရောက်လာတာလဲ... သူတို့(၂)ယောက်ကရော တစ်ဦးနဲ့တစ်ဦး ချစ်သွားကြမလား....ဒီဇာတ်ကားလေး ကြည်နူးစရာကောင်းတဲ့အချစ်အကြောင်းလေးကို ဖော်ပြထားသလို လူဖြူတွေနဲ့လူမဲတွေကြား ထားတဲ့သဘောထားတွေ အဖိနှိပ်ခံရမှုတွေကြားက လူမည်းတွေရဲ့ နာကျင်ခံစားရမှုတွေ မကျေနပ်မှုတွေကိုတွေ့နိုင်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ်...File Size : (950 MB) and (335 MB) Quality : WEB-DL 720p Format…mp4 Duration…01:41:00 Genre : Drama Subtitle : ...
movie
Tuscaloosa(2020)
6.0
Velvet Buzzsaw(2019)
Velvet Buzzsaw(2019) IMDb....6.0,,Rotten....66% ဒီသရဲကားကတော့ ထူးထူးခြားခြား ပန်းချီကားနဲ့ ဇာတ်အိမ်တည်ထားတယ်....တခြား horror တွေလို Jump Scare တွေနဲ့ ထိတ်လန့်အောင်လုပ်တဲ့ကားမျိုးတော့မဟုတ်ဘူး...သို့ပေမယ့်ပန်းချီကားတစ်ချပ်ရဲ့ ဖြစ်တည်ပုံကို ပရိတ်သတ်ကို အသေအချာလေးချပြပြီးမှထူးဆန်းတဲ့ဖြစ်ရပ်တွေကိုပါ တစ်ဆက်ထဲပြသွားတာမို့ကြည့်ရှုတဲ့သူက တစ်စိမ်စိမ့် စိတ်လှုပ်ရှားပြီး ထိပ်လန့်မိတာမျိုး .....ကြောက်ကလည်းကြောက် ဘာဆက်ဖြစ်ဦးမလဲဆိုတဲ့ စူးစမ်းချင်စိတ်ကလည်းထိန်းမရဆိုတဲ့ ဇတ်ကားမျိုးလို့ဆိုရင်လည်းမမှားပါဘူး..ဒီကားထဲက အဓိကမင်းသားဖြစ်တဲ့ Jake Gyllenhaal ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်...သူကတော့ ပန်းချီလောကမှာဆို သိပ်ကိုအောင်မြင်တဲ့ Reviewer တစ်ယောက်ပါ..သူညွှန်းဆိုတဲ့ပန်းချီကားဟေ့ဆိုရင် အရမ်းကိုအောင်မြင်ဖို့ရာနှုန်းပြည့်ပါပဲ...ဒါပေမယ့် သူ့ရဲ့ ရိုးရှင်းတဲ့ဘဝကို ဆန်းပြားလွန်းတဲ့ ပန်းချီကားတစ်ချပ်ရောက်လာချိန်မှာတော့...ကိုင်း horror ကားကြိုက်တဲ့ပရိတ်သတ်တို့ရေ...ပန်းချီကားက ဘယ်လိုပန်းချီကားမို့လဲ...ဘယ်လိုကံကြမ္မာဆိုးတွေနဲ့အတူ ပန်းချီကားနဲ့ ပါလာမလဲ...ဘယ်လောက် လူတွေအသက်ဆုံးရှုံးကြရလဲ...ကိုင်းခံစားကြည့်လိုက်ဦးဗျို့......တစ်ခုပြောချင်တာက ကားသစ်ထဲက horror ကားကောင်းတစ်ကားပေါ်ထွက်လာတယ်လို့ပြောရင်လည်း မမှားဘူးထင်တယ်....File Size : (967 MB) and (401 MB) Quality : WEB-DL 720p, Format…mp4 Duration…01:53:00 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Velvet Buzzsaw(2019)
2019