Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Naomi Nishida
6.0
Godzilla 2000: Millennium (1999)
Godzilla 2000: Millennium (1999)=====================ဂေါ်ဇီလာဟာ ဂျပန်အတွက်တော့ သဘာ၀ရဲ့စွမ်းအားတစ်ရပ်ပဲဖြစ်ပါတယ်။သူ့နောက်ကြောင်းနဲ့ဆန်းကြယ်မှုတွေ ပဟေဠိတွေကို စိတ်ဝင်စားတဲ့ သိပ္ပံပညာရှင်နဲ့ဝါသနာတူတစ်စုဟာ ဂေါ်ဇီလာခန့်မှန်းရေးကွန်ယက်ဆိုတဲ့ (GPN) ကိုဖွဲ့စည်းပြီး သူ့အကြောင်းတွေ ရောက်လာနိုင်မယ့်အချိန်ကိုခန့်မှန်းတွက်ချက်နေကြပါတယ်။ အဲ့ဒီအချိန်မှာပဲ အရေးပေါ်အခြေအနေထိန်းသိမ်းရေးအဖွဲ့ (CCI) ဟာ နှစ်သန်းပေါင်းခြောက်ဆယ်သက်တမ်းရှိ အမည်မသိယာဉ်ပျံကြီးတစ်ခုကိုရေအောက်ကနေ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာပဲ မြေပေါ်ကိုပြန်တက်လာပြီဖြစ်တဲ့ ဂေါ်ဇီလာနဲ့ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အပြင်းအထန်တိုက်ပွဲဆင်နွှဲနေကြပါတယ်။ တကယ်လို့ ဒီ ဂြိုလ်သားယာဉ်ပျံကြီးကပါ မိတ်ဆွေမဟုတ်ပဲ ရန်သူဖြစ်နေခဲ့မယ်ဆိုရင် အင်အားကြီး ရန်သူနှစ်ဦးကြားမှာ လူသားတွေအမှုန့်ခြေခံရတော့မှာပဲဖြစ်ပါတယ်။Godzilla 2000 ကတော့ Millennium era ရဲ့အဖွင့်ဇာတ်ကားပဲဖြစ်ပါတယ်။ပြန်လည်ခံစားကြည့်လို့ရပါပြီ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Adventure Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Godzilla 2000: Millennium (1999)
5.8
The Village (2023)
The Village (2023)~ MyDramaList – 7.1/10 ~ပြီးခဲ့တဲ့နှစ် ဇွန်လက Netflix ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Drama, Suspense, Thriller အမျိုးအစား “The Village” ဆိုတဲ့ ဂျပန်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ကာမွန်ရွာ (Kamon Village) မှာ ကလေးဘဝကတည်းက နေထိုင်တဲ့ ကာတယာမ ယူ (Katayama Yu) ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် အထက်တန်းကျောင်းပြီးလို့ ရွာကနေထွက်သွားချင်တာတောင် ထွက်သွားလို့မရတဲ့အပြင် သူ့အမေချေးထားတဲ့ငွေအများကြီးကို ပြန်ဆပ်ဖို့အတွက် ရွာအနားမှာ ဆောက်လုပ်ထားတဲ့ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေရပါတယ်။ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ တစ်ခုမှရှိမနေဘဲ သူများအနိုင်ကျင့်တာကိုပါခံရရင်း ရှင်သန်နေသူလည်းဖြစ်တယ်။ တစ်နေ့ သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ နာကာအီ မီဆာကီ (Nakai Misaki) က တိုကျိုကနေ ကာမွန်ရွာဆီ ပြန်လာခဲ့ပါတယ်။ မီဆာကီပြန်လာခြင်းက ကာတယာမ ယူ ကို ...
movie
The Village (2023)
2023
5.4
Siren (2006)
Siren (2006)Siren ဆိုတဲ့ ဗီဒီယိုဂိမ်းစီးရီးကို ပြန်လည်ရိုက်ကူးထားတဲ့ ဂျပန် Horror ဇာတ်ကားလေးဖြစ်ပါတယ်။ လူသူဝေးတဲ့ ကျွန်းတစ်ကျွန်းကို သတင်းထောက်တစ်ယောက်က သားသမီးနှစ်ယောက်နဲ့အတူ ပြောင်းလာပါတယ်။ သားငယ်လေးက ကျန်းမာရေးမကောင်းတဲ့သူဆိုတော့ သူ့ရောဂါအတွက် နေရထိုင်ရအဆင်ပြေမယ့်နေရာကို ပြောင်းလာကြတာပါ။ သူတို့ပြောင်းလာတဲ့ကျွန်းမှာတော့ ကျွန်းသူကျွန်းသားတွေက ထူးခြားနေတဲ့အပြင် အဲဒီကျွန်းမှာ ဒဏ္ဍာရီတစ်ခုရှိနေပါတယ်။ အဲဒါကတော့ ရေသူမအော်သံကြားရင် အပြင်မထွက်နဲ့၊ အသတ်ခံရလိမ့်မယ်ဆိုတာပါပဲ။ တိုကျိုကပြောင်းလာတဲ့ သားအဖတွေအတွက်တော့ အဲဒါက ရယ်စရာတစ်ခုလိုဖြစ်နေပါတယ်။ ရေသူမအော်သံဆိုတဲ့ အသံကြီး ကြားလိုက်ရတဲ့ တစ်ညမှာတော့ အဖေဖြစ်သူက တိရစ္ဆာန်တွေကို ဓာတ်ပုံရိုက်ဖို့ တောအုပ်ထဲထွက်သွားရင်း မနက်လင်းတဲ့အထိ ပြန်ရောက်မလာတဲ့အခါမှာတော့ ... ရေသူမအော်သံဆိုတာ တကယ်ရှိတာလား၊ ဒဏ္ဍာရီသက်သက်ပဲလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.8GB | 856MB | 421MB Format… mp4 Duration…. 1h 27min Subtitle…. ...
movie
Siren (2006)
2006
Sadako DX (2022)
Sadako DX (2022)ကျိန်စာလား သိပ္ပံပညာလား? အကြောင်းအရင်းမရှိဘဲ သေဆုံးသွားရတဲ့သူတွေ တစ်ရက်ပြီးတစ်ရက် ပိုများပြားလာနေတဲ့ ဂျပန်နိုင်ငံတွင်းက မြို့တွေမှာ ကျိန်စာဗွီဒီယိုလို့ လူသိများကြတဲ့ ဗွီဒီယိုတစ်ခုက နာမည်ကြီးနေပါတယ်။“ဆာဒါကိုကျိန်စာ”လို့ခေါ်တဲ့ အဲဒီကျိန်စာဗွီဒီယိုရဲ့အစွမ်းကတော့ ကြည့်လိုက်မိတဲ့သူတိုင်းကို ၂၄ နာရီအတွင်းမှာ သေဆုံးသွားစေမှာပါ။ဒီလိုဖြစ်ရပ်ဆိုးကြီးကြောင့် တစ်နိုင်ငံလုံးကလူတွေ ထိတ်လန့်တုန်လှုပ်နေကြရတဲ့အချိန်မှာပဲ… မတူညီတဲ့နယ်ပယ်နှစ်ခုကနေ ဒီကိစ္စကို စဉ်းစားဖြေရှင်းမယ့် ဘာသာရေးဆရာခန်းရှင်းနဲ့ ကျောင်းသူလေးအာယကတို့နှစ်ဦး ထွက်ပေါ်လာခဲ့ပါတယ်။အဆုံးသတ်မှာတော့...ဒီကိစ္စဟာ ကျိန်စာလို့ယုံကြည်တဲ့ ဘာသာရေးဆရာခန်းရှင်းနဲ့ ကျိန်စာလို့လက်မခံဘဲ သိပ္ပံပညာကိုသုံးပြီး အဖြေရှာမယ့် IQ 200 ရှိတဲ့ ကျောင်းသူလေးအာယကတို့ရဲ့ အားပြိုင်မှုမှာ ဘယ်သူကများ အနိုင်ရရှိသွားမလဲ? ဒီကျိန်စာဗွီဒီယိုရဲ့ တကယ့်အကြောင်းအရင်းနဲ့ သရုပ်မှန်ကရော ဘာများဖြစ်မလဲ?ဒီဖြစ်ရပ်ဟာ တကယ်ပဲ “ဆာဒါကိုရဲ့ကျိန်စာ” လား… ဒါမှမဟုတ် သိပ္ပံနည်းကျဖြေရှင်းနိုင်မယ့် ကိစ္စတစ်ခုလားဆိုတာကို အသည်းတယားယားနဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ Horror ကြိုက်တဲ့သူတွေအနေနဲ့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File size… 1.33GB | ...
movie
Sadako DX (2022)
2022
6.7
Re/Member(2022)
Re/Member(2022)*****************အထက်တန်းကျောင်းသူလေး အဆုက က ကျောင်းမှာဆိုရင် ဘယ်လိုကနေဘယ်လိုအပယ်ခံဘဝရောက်လိုရောက်မှန်းမသိ ရောက်သွားတဲ့ တစ်ခန်းလုံးရဲ့ အပယ်ခံကျောင်းသူလေးပါ....တစ်ညမှာ သူ့ရဲ့ဖုန်းထဲကို "အလောင်းရှာဖွေရေး" ဆိုတဲ့ ကစားပွဲကို ကစားဖိုရွေးချယ်ခံလိုက်ရကြောင်း SMS တွေ တောက်လျှောက်ဝင်လာပါတော့တယ်...အဆုကလည်း ကြောက်ပြီး အိပ်လိုက်ပေမယ့် နိုးလာတော့ သူတိုကျောင်းထဲကဘုရားကျောင်းထဲရောက်နေပြီး သူနဲ့တူတူ သူ့အတန်းဖော်တွေဖြစ်တဲ့ ရှိတာ၊အာဆုရှိ၊ တာကာဟီရို၊ ရူမီကိုနဲ့ အတန်းခေါင်းဆောင်ရီအဲ တိုပါ ကစားပွဲထဲအလိုအလျောက်ရောက်နေကြတာကိုတွေ့လိုက်ရပါတယ်...ကစားပွဲရဲ့နာမည်အတိုင်း အလောင်းတစ်ခုရဲ့အစိတ်အပိုင်းတွေကိုရှာရမှာဖြစ်ပြီး ဘာလိုဒီကစားပွဲဖြစ်လာရသလဲ... သူတိုခြောက်ယောက်ဘာလို အရွေးချယ်ခံရသလဲ... ဒီကစားပွဲကို ဘယ်လိုအနိုင်ကစားရမလဲ ဆိုတာတွေကိုသည်းထိပ်ရင်ဖို ဒရမ်မာလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်....... File Size :(1.6GB) and (616 MB) Quality :WEB-DL 1080P5.1Ch, 720p Format…mp4 Duration…01:42:00 Genre : Horror , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn Encoded by Phyo Pyae
movie
Re/Member(2022)
6.2
In the Wake (2021)
In the wake (2021)"Ruroni Kenshin"ထဲက Kenshin တစ်ဖြစ်လဲ Tendo Senseiလို့သိကြတဲ့ မင်းသားSatou Takeru,မင်းသားကြီး Abe Hiroshi,"The door into summer" "My tomorrow,your yesterday"ထဲက မင်းသမီးလေး Kirohaya Kayaနဲ့အတူ နာမည်ရ supportတွေပါဝင်တဲ့ 2021ထွက် ဂျပန် မှုခင်း ဒရာမာရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။၂၀၁၁ ငလျင်နဲ့ ဆူနာမီဖြစ်တဲ့အချိန်မှာ လူပေါင်းများစွာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပြီး သေကြေပျက်စီးမှုတွေကလည်း များပြားခဲ့ပါတယ်။ ဒီအချိန်မှာ ဂျပန်အစိုးရကပေးတဲ့ လူမှုဖူလုံရေးထောက်ပံ့ငွေကို ရမှရှင်သန်နိုင်မဲ့သူတွေလည်း အများကြီးရှိလာခဲ့ပါတယ်။ ငလျင်ဒုက္ခသည်ထဲမှာ တိုနဲ ရဆုဟိဆဆိုတဲ့လူငယ်၊ခေး တိုရှိမဆိုတဲ့ အဖွားနဲ့ ကန်ချန်လို့ခေါ်တဲ့ ကလေးမလေးလည်းပါခဲ့ပါတယ်။ တစ်ကောင်ကြွက်တွေဖြစ်ကျန်ခဲ့တဲ့သူတို့၃ယောက်က ကယ်ဆယ်ရေးစခန်းတစ်ခုတည်းမှာ နေရင်း မိသားစုအသစ်တစ်ခုလို သံယောဇဉ်တွယ်လာခဲ့ကြပါတယ်။ဒါပေမဲ့ကိစ္စများစွာဖြစ်ပျက်ပြီးနောက် ၉နှစ်အကြာမှာတော့ တိုနဲက ထောင်ကနေလွတ်လာခဲ့ပါတယ်။ အဖွား ခေးတိုရှိမကတော့ သေဆုံးသွားခဲ့ပြီး ကန်ချန်ကတော့ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်နေခဲ့ပါပြီ။အဲဒီအချိန် ဝါကဘရပ်ကွက်မှာ ...
movie
In the Wake (2021)
6.8
We Are Little Zombies (2019)
We are little Zombies (2019)IMDb - 6.8/104 Wins and 11 Nominationsစိတ်ခံစားမှုမျိုးစုံ အတွေးမျိုးစုံကို မြုပ်ကွက်များနဲ့အတူ ခံစားမိစေမယ့် We are little zombies ငယ်စဉ်ကတည်းက မိဘတွေရဲ့ ဂရုမစိုက်မှု နဲ့ ပတ်၀န်းကျင်ကြောင့် အထီးကျန်နေခဲ့ရပြီး မိဘတွေကို မနှစ်သက်ကြတဲ့ ကလေး ၄ ယောက် ၊ အကြောင်းကြောင်းကြောင့် မိဘတွေ သေဆုံးသွားပြီး မိဘတွေရဲ့ ဈာပနပွဲမှာမှ သူတို့တွေ့ဆုံခဲ့ရတယ် ၊ Unemotional လို့ခေါ်တဲ့ စိတ်ခံစားမှုမရှိတဲ့ ကလေး ၄ ယောက်ဟာ စွန့်စားခန်းတစ်ခုကို သွားဖို့ဆုံးဖြတ်လိုက်ကြတဲ့အခါ... ဦးတည်ချက်မရှိပဲသွားနေရင်း မိဘတွေရဲ့ သေဆုံးမှုကို သီချင်းရေး သီဆိုရင်း လိုင်းပေါ်တင်လိုက်ရာ အောင်မြင်သွားချိန်မှာတော့ သူတို့လေးတွေ ဘာဆက်လုပ်ကြမလဲ ။ အသက်ရှင်နေရတဲ့ရည်ရွယ်ချက်မရှိ ဘာခံစားချက်မှမရှိဘဲ ရောက်တတ်ရာရာသွားနေကြတဲ့ သူတို့ကိုယ်သူတို့ ဇွန်ဘီလေးတွေလို ...
movie
We Are Little Zombies (2019)
2019