Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nancy Salah
5.5
Marei El Breemo (2023)
စိတ်တွေမွန်းကြပ်နေတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ဟာသကားလေး ကြည့်ချင်တယ်ဆိုရင် အခုတင်ဆက်ပေးမယ့်Marei The Primo ဆိုတဲ့အီဂျစ်ဟာသလေးကိုကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေကမဆိုသလောက် မြန်မာကားလေးနည်းနည်းဆန်တယ်ဆိုပေမဲ့Netflix တန်းဝင်ဖြစ်တဲ့အတွက် သူ့ဟာလေးနဲ့သူတော့ကြည့်လို့အဆင်ပြေပါတယ်။ဇာတ်လမ်းအစမှာတော့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်က ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ သူ့ရဲ့မြေးဖြစ်သူကိုရှာနေပုံကိုတွေ့ရမှာဖြစ်ပြီး ဥစ္စာလိုချင်ဇောနဲ့အကြံအဖန်လာလုပ်တဲ့ ဂျင်းကောင်တွေကို နောက်တစ်ခါဆိုတာ မရှိတော့အောင်သင်ခန်းစာပေးနေပုံကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုနဲ့ နောက်တစ်ခန်းမှာတော့ မာရီဆိုတဲ့ ဖရဲသီးကုန်သည်တစ်ယောက်နဲ့ သူ့ဘ၀ကိုရိုက်ကူးပြသထားပါတယ်။နောက်ပိုင်းမှာတော့ ပရိသတ်ကြီးထင်တဲ့အတိုင်းပါပဲ မာရီကခုနကသူဌေးကြီးရဲ့တကယ့်မြေးအရင်းဖြစ်နေပြီးအဖိုးဖြစ်သူနဲ့ သွားရောက်တွေ့ဆုံခဲ့ရပါတယ်။အဖိုးဖြစ်သူကသူ့မြေးနဲ့တွေ့တဲ့အခါမှာ သူ့ပိုင်ဆိုင်မှုတွေကို မျက်စိကျနေတဲ့သူတွေရှိနေတဲ့အတွက် အချိန်တွေဆွဲမနေတော့ပဲ မာရီ့ကိုပိုင်ဆိုင်မှုတွေ အားလုံးပေါင်းထားတဲ့ စိန်တွေပေးလိုက်ပြီးထိန်းသိမ်းထားခိုင်းလိုက်ပါတော့တယ်။မာရီကလည်း ဖရဲသီးကုန်သည်ပီပီ အိမ်မှာထားထားတဲ့ ဖရဲသီးတွေထဲကနှစ်လုံးထဲမှာ အဲ့ဒီစိန်တွေကိုဖွက်ထားလိုက်ပါတော့တယ်။ အဲ့ဒီအထိ ကိစ္စမရှိသေးပေမဲ့နောက်နေ့မနက်နိုးလာတဲ့အချိန်မှာ သူ့မိန်းမကအိမ်က ဖရဲသီးတွေအကုန်လုံးကိုရောင်းလိုက်ပြီဖြစ်တဲ့အတွက် စိန်တွေပါသွားတာကတစ်ကြောင်း သူ့အဖိုးရဲ့ပိုင်ဆိုင်မှုတွေကို တပ်မက်နေတဲ့လူတွေပါအိမ်အထိရောက်ချလာပြီး ခြိမ်းခြောက်တောင်းယူတာကတစ်ကြောင်းနဲ့ ပြဿနာပေါင်းစုံကြုံတွေ့ပြီးအဲ့ဒီစိန်တွေကိုပြန်ယူနိုင်ဖို့ကြိုးစားရတဲ့ခရီးကြမ်းကြီးကို ဟာသပေါင်းများစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.61GB / 1.3GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Marei El Breemo (2023)
5.7
Mom Is Pregnant (2021)
ဒီတစ်ခါတော့ ဇာတ်ကားတွေထဲမှာ မြင်ရခဲဖြစ်တဲ့ အီဂျစ်မိသားစု ဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ် မိသားစုတစ်စုမှာ အိမ်ရဲ့ဆည်းလည်းလေးတွေဖြစ်တဲ့ ကလေးလေးတွေက အရေးပါလှပါတယ်ကာမယ် မိသားစုရဲ့ အိမ်ဆည်းလည်းလေးတွေဖြစ်တဲ့ သားနှစ်ယောက်ဟာအရွယ်ရောက်လာပြီး ပင်ကိုယ်စရိုက်တစ်မျိုးစီနဲ့ အိမ်ထောင်ပြုဖို့ကို စိတ်မဝင်စားကြပါဘူး မိဘတွေက သူတို့ရဲ့သားနှစ်ယောက်ကို အိမ်ထောင်ပြုပြီး တည်ငြိမ်တဲ့ဘဝလေးတွေကိုတည်ဆောက်ဖို့အတွက် အလိုရှိနေကြတာဖြစ်ပါတယ်သားနှစ်ယောက်ဟာ အိမ်ထောင်မကျတဲ့အဆုံးမှာ အဖေဖြစ်သူအစွမ်းပြလိုက်တဲ့အတွက် အမေဖြစ်သူဟာ အသက်ကြီးမှ ကိုယ်ဝန်ရသွားပါတယ်အမျိုးသားကျန်းမာရေး ဆရာဝန်ဖြစ်တဲ့ သားကြီး အာဆင်နဲ့ သားဆက်ခြားကမ့်ပိန်းကိုတာဝန်ယူဆောင်ရွက်နေတဲ့ သားငယ် ဘေဆင်တို့ဟာ သူတို့အမေရဲ့ကိုယ်ဝန်ကြောင့် အရမ်းကို အကြပ်ရိုက်သွားကြပါတော့တယ် အရွယ်လွန်မှရတဲ့ ကိုယ်ဝန်နဲ့ အမျိုးသားကျန်းမာရေးဆရာဝန်သားကြီး သားဆက်ခြားကမ့်ပိန်းကို ဆောင်ရွက်နေတဲ့ သားငယ်တို့ရဲ့ အလွဲတွေနဲ့ ကြည့်ရသူတိုင်း ပြုံးရွှင်စေမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ် နောက်ဆုံးမှာ သူတို့ရဲ့အမေဟာ ဘာလေးမွေးမလဲဆိုတာကိုတော့ အားလုံးပဲ လိုက်ပါစီးမြောခံစားကြည့်လိုက်ပါဦး File size…1.8GB / 950MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & BpL
movie
Mom Is Pregnant (2021)
2022