Channel Myanmar

Nahana

The Machine Girl (2008) 5.9
The Machine Girl (2008) The Machine Girl (2008)လူသတ်သမားလို့ အစွပ်စွဲခံရပြီး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခဲ့တဲ့ မစ္စတာဟျူဂါမှာ သားနဲ့သမီးနှစ်ယောက်တည်း ကျန်ခဲ့ပါတယ်။ အဖေဖြစ်သူရဲ့ အရိပ်မဲကြီးနဲ့အတူ ဘဝကို ရုန်းကန်ရင်းနေလာရတဲ့ အာမီနဲ့ ယူတို့ဟာ ဘဝကိုနှစ်ယောက်တည်း ဖြတ်သန်းလို့နေလာကြပါတယ်။ ဒီလိုနဲ့ တစ်ရက်ကျောင်းမှာ မောင်လေးဖြစ်သူ ယူဟာ ယာကူဇာရဲ့သားဖြစ်သူဆီကနေ အနိုင်ကျင့်ခံရရင်း ဆုံးပါးသွားခဲ့ရပါတယ်။ မောင်လေးဖြစ်သူနှင့်အတူ တာကဲရှိဆိုတဲ့ကောင်လေးလည်း အတူသေဆုံးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ မောင်လေးဖြစ်သူရဲ့ သေဆုံးမှုဟာ သတ်သေတာမဟုတ်ဘဲ အနိုင်ကျင့်ခံရလို့ သေသွားရတာကို သိသွားတဲ့အချိန်မှာတော့ တာကဲရှိရဲ့ မိဘတွေနဲ့အတူ အာမီဟာ ယူနဲ့ တာကဲရှိတို့ကိုသတ်သွားတဲ့သူတွေကို ဘယ်လိုပုံစံနဲ့ လက်စားချေမလဲဆိုတာကို သွေးသံတရဲရဲနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Horror Quality…. 1080p | 720p File size… 1.8GB | 883MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Char Ou Encoder ...
movie

The Machine Girl (2008)

2008
In Love and Deep Water (2023)
In Love and Deep Water (2023)  Netflix original ရုပ်ရှင်ဖြစ်တဲ့ In Love and Deep Water ဟာဂျပန်စကားပြောရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ဇိမ်ခံသင်္ဘောပေါ်မှာဇာတ်အိမ်တည်ထားပါတယ်။တာဝန်သိ သင်္ဘောဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဆုဂုရုဟာသင်္ဘောပေါ်ကို ချိဇုရုဆိုတဲ့ မိန်းကလေးရောက်လာတဲ့အချိန်ကစပြီးသူ့ဘဝဟာလည်းကပြောင်းကပြန် ဖြစ်ကုန်ပါတော့တယ်။ ချိဇုရုဟာဆုဂုရုနဲ့သူ့ရဲ့ရည်းစားတွေအကြောင်း အဖြစ်မှန်ကိုဖွင့်ဟလိုက်တဲ့နောက်မှာတော့ သူတို့နှစ်ဦးစလုံးရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။သင်္ဘောအပေါ်ဆုံးထပ် ရေကူးကန်ထဲမှာ လူသေအလောင်းတစ်လောင်းတွေ့တာကအစပြုလို့ ချိဇုရုနဲ့ ဆုဂုရုတို့နှစ်ဦးသားဟာ တခြားခရီးသည်များနဲ့အတူလျှို့ဝှက်ဆန်းကြယ် လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေများ ဖြစ်လာခဲ့ပါတယ်။လူသေဆုံးရတဲ့အဖြစ်မှန်ကို ရှာဖွေနေတဲ့ ဆုဂုရုနဲ့ ချိဇုရုတို့ဟာလျှို့ဝှက်ဆန်းကြယ်လှတဲ့ အဖြစ်အပျက်တွေအကြား တစ်ဦးနဲ့တစ်ဦးသံယောဇဉ်တွယ်လာခဲ့ပါတယ်။ရေကြောင်းခရီးစဉ်တစ်ခုအတွင်း အချစ်ဇာတ်လမ်းနဲ့ လျှို့ဝှက်ဆန်းကြယ်အမှုအခင်းကိုတစ်လှည့်စီပြသရင်း ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာမို့ ဂျပန်စကားပြောIn Love and Deep Water ဇာတ်ကားလေးကို Channel Myanmar ပရိတ်သတ်ကြီးကြည့်ရှုအားပေးနိုင်စေဖို့ တင်ဆက်လိုက်ရပါတယ်။ဒီဇာတ်ကားမှာ အမျိုးသားဇာတ်ဆောင်အဖြစ်ပါဝင်တဲ့ Ryô Yoshizawa ဟာKamen Rider ဇာတ်ကားများနဲ့ လူသိများတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။အိုင်နာအဖြစ်သရုပ်ဆောင်တဲ့ Kikuchi Yuriko ဟာ မင်းသားကြီး Brad Pittပါဝင်တဲ့ ...
movie

In Love and Deep Water (2023)

The Grudge 2 (2006) 5
The Grudge 2 (2006) The Grudge 2 (2006)ဒီဇာတ်ကားလေးက 2004 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် Ju-On ရဲ့ အဆက်လေးဆိုပါတော့... The Grudge 1 ထဲက ကယ်ရန်ရဲ့ ညီမလေး အော်ဘရီကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။အမေလုပ်သူက ဖုန်းဆက်ပြီး အစ်မဖြစ်သူ ကယ်ရန် ဆေးရုံတင်ထားရတယ် ပြန်သွားခေါ်ပါဆိုလို့ မသွားချင်သွားချင်နဲ့ ဂျပန်ကို ရောက်ရှိသွားတဲ့ အော်ဘရီ... အစ်မနဲ့ တွေ့တဲ့အခါ လွတ်မြောက်အောင်လုပ်ပေးဖို့ အတင်းတောင်းဆိုခံရတဲ့ အော်ဘရီ... ထိုညမှာပဲ ကယ်ရန်တစ်ယောက် ဆေးရုံခေါင်မိုးကနေ ခုန်ချလိုက်တဲ့အခါ...ဂျပန်မှာကျောင်းလာတက်တဲ့ ဆယ်ကျော်သက် ကျောင်းသူလေး အဲလစ်ဆန်... အများနဲ့မဝင်ဆန့်လို့ သူငယ်ချင်းရှားနေတာမို့ အတန်းဖော်ကောင်မလေး ၂ယောက်ကို အတင်းဝင်ရောရင်း သူတို့ရဲ့ နောက်ပြောင်မှုကြောင့် သရဲခြောက်တဲ့အိမ်ကြီးကို ရောက်ရှိသွားတဲ့ အဲလစ်ဆန်...မိထွေးအိမ်ပေါ်ရောက်လာတာကို မကျေမနပ်ဖြစ်နေတဲ့ ဂျိတ်... ဘေးအခန်းမှာ ထူးဆန်းတဲ့အသံတွေကြားရင်း ကျိန်စာ တစ်ခုမှာ ကပ်ငြိသွားတဲ့ သူတို့မိသားစုလေး....ဒီ၃ယောက်ရဲ့ ထူးဆန်းဖွယ် အချိတ်အဆက်ကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း အဖြေရှာလိုက်ကြပါဦးလို့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya ...
movie

The Grudge 2 (2006)

2006
Noise (2023) 6.3
Noise (2023) Death Note ကား ထဲက L နဲ့ Light Yagami မင်းသား 2ယောက်ကို အတူတူတွေ့ရမှာပါရှီရှီခါရီ ဆိုတဲ့ ကျွန်းလေးဟာ လူဦးရေခေါင်းပါလာပြီး အေးချမ်းသာယာတဲ့ကျွန်းလေးပါ ကျွန်းရဲ့အဓိကထွက်ကုန်ကတော့ အနက်ရောဂ်သဖန်းသီးတွေပါဒီကျွန်းပေါ်မှာ သဖန်းပင်စိုက်ပျိုးပြီး ကျွန်းလေးကိုအကျိုးပြုနတောကြောင့် လူအများချစ်ခြင်းမေတ္တာရရှိကာ ကျွန်းရဲ့ကယ်တင်ရှင်လို့ တင်စားခံရတဲ့ ကီတာ... အမဲလိုက်ခြင်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ပြီး အမဲလိုက်ရာသီမဟုတ်ရင် သဖန်းခြံမှာ လာရောက်ကူညီလေ့ရှိတဲ့ ဂျွန်... ဒီကျွန်းအတွက် အဘက်ဘက်က အကာအကွယ်ပေးမယ့်ဆို့တဲ့ အ်ယူကို လက်ခံထားတဲ့ ရဲဝန်ထမ်းလေး ရှင်း...ဒီလို အေးချမ်းစွာ နေနေရင်းကနေ တစ်နေ့တော့ Life Changing event တစ်ခုဖြစ်ပွားခဲ့ပါတယ် ပြည်မကြီးအကျဉ်းထောင်ကနေ ပြန်လည်ထူထောင်ရေးစခန်းမှ အကျဉ်းသား အိုမီဆာကာ ဟာဒီကျွန်းကိုအလုပ်လုပ်ဖို့လာရောက်ခဲ့ပေမယ့် လူတစ်ယောက်သတ်ပြီး ထွက်ပြေးနေခဲ့ပါတယ် ဒီလိုအန္တရာယ်များတဲ့လူတစ်ယောက်ကျွန်းပေါ်ရောက်နေတာကြောင့် ဟို3ယောက်ဟာ သူ့ကိုသတ်ရမယ့်အကြောင်းအရာပေါ်ပေါက်လာခဲ့ပါတယ် ပထမတော့ စိတ်မနှံ့တဲ့အကျဉ်းသားမို့လို့ ဘယ်သူမှလာမရှာဘူးလို့ထင်ထားပေမယ့် ကြိုးစားပန်းစားလာရှာတဲ့ရဲတွေကြောင့် သူတို့၃ယောရ် ဒီကိစ္စကိုဘယ်လိုဖြေရှင်းကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ဘယ်သူတွေပါပါဝင်နေသေးလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ Plot ...
movie

Noise (2023)

(18+)You’ve Got A Friend (2022) 5.8
(18+)You’ve Got A Friend (2022) (18+) You've got a friend (2022)နာကျင်မှုက စိတ်ဒဏ်ရာတွေကိုဖြေဖျောက်ဖို့ဆိုတာ နားမလည်နိုင်တဲ့ စိတ်ပညာတစ်ခုပါပဲ။ အဲဒါကြောင့်လည်း တချို့သောသူတွေက လိင်ဆက်ဆံတဲ့အချိန်မှာ နာကျင်မှုကို သာယာတိမ်းညွတ်ကြတာပါ။ဂျပန်ရုပ်ရှင်လောကက ခေတ်ဟောင်းကနေ ယခုချိန်ထိ သူတို့ဟာ ဒီလိင်စိတ်တိမ်းညွှတ်မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖော်ပြခဲ့ကြပါတယ်။ဒီဇာတ်ကားထဲမှာလဲ ဒီစိတ်နေသဘောထားကိုပဲ ဇာတ်လမ်းတစ်ခုနဲ့တင်ပြသွားတယ် BDSM ကိုနားလည်ချင်တဲ့သူတွေကြည့်ကြပါ မိသားစုတွေ အသက်မပြည့်သေးတဲ့သူတွေတော့ မကြည့်ကြပါနဲ့ဇာတ်လမ်းအကျဉ်းကတော့ .....သာမန်ဝန်ထမ်းတစ်ယောက် ဖြစ်တဲ့ Yoshio တစ်ယောက် BDSM ဆရာမကြီး ယူကီကို နဲ့ တွေ့ပြီး ခင်မင်သွားကြပါတော့တယ်။ မကြာခဏ ဆိုသလို တွေ့ဖြစ်ကြပြီးတော့ မတွေ့ရ မနေနိုင် ဖြစ်သွားပါတော့တယ် အမဲသား စားမိသွားတဲ့ အရူးတစ်ယောက်ဖြစ်တဲ့ Yoshio နဲ့ ဗေဒင်ဆရာမကြီး Yukiko တို့ရဲ့ ခင်မင်မှုအကြောင်းကို နှောင်ဖွဲ့ တည်ဆောက်ထားတဲ့ ဗေဒင်ဟောကြတဲ့ ဆက်ဆံရေးအကြောင်းကို မြင်တွေ့ကြရမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | ...
movie

(18+)You’ve Got A Friend (2022)

2022
[18+] Hotel Iris (2021) 5.4
[18+] Hotel Iris (2021) Hotel Iris (2021)အိုဆာကာ အာရှရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဟိုတယ် အိုင်းရစ်လို့ခေါ်တဲ့ Hiroshi Okuhara ရဲ့ ရုပ်ရှင်အသစ်ဟာ တော်တော်ကို ဆန်းဆန်းပြားပြားနဲ့ Adult ကားဆန်ဆန် သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ Mystery ကားတစ်ကားရဲ့ လျှို့ဝှက်မှုတွေ အသားစိုင်တွေကို ပေါင်းစပ်ပြီး ပုံဖော်ထားတယ်လို့ ပြောလည်းမမှားပါဘူး။ဒီကားက တစ်နေ့ကတင် ကျွန်တော်ကြည့်ခဲ့တဲ့ A Quiet Family လို့ခေါ်တဲ့ ရယ်လည်းမရယ်ရ ဘာပြလို့ပြချင်မှန်းမသိတဲ့ ကိုရီးယားကားနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ သို့ပေမဲ့ ဒီကားကတော့ သူ့ဘာသာ Mystery လိုင်းကို အပြည့်အဝသွားထားတဲ့၊ အများကြီးပိုကောင်းတဲ့ကားပါ။ သရုပ်ဆောင်တွေကလည်း တော်တော်လေး မိုက်တယ်လို့ပြောလို့ရပါတယ်။ ကားကောင်းသိပ်မရှိတဲ့ ဂျပန်ကထုတ်တဲ့ကားအနေနဲ့ဆို တော်တော်ကောင်းတဲ့ ရှားပါးကားလေးပါပဲ။ ဒီလို လျှို့ဝှက်ဆန်းကြယ်ပြီး အသားစိုင်တွေရဲ့ လှပခြင်းနဲ့ ဝင်းဝါတောက်ပနေတဲ့ကားမျိုးကို တစ်ကိုယ်ရေအနေနဲ့ပဲ ကြည့်ကြစေချင်ပါတယ်။ သိကြမယ်မို့လား... ဒီကားဟာ ကိုယ်မြင်ချင်ပေမဲ့ ကိုယ်မြင်ချင်တာ သူများမမြင်စေချင်တဲ့ ...
movie

[18+] Hotel Iris (2021)

2021