Channel Myanmar

Nadia Farès

The Crimson Rivers (2000)
The Crimson Rivers (2000) ပြင်သစ်လျှို့ဝှက်သည်းဖို မှုခင်းရုပ်ရှင်ကောင်းလေးတစ်ကားဖြစ်ပြီး မင်းသား Jean Reno နဲ့အတူ ဗီလိန်ဇာတ်ရုပ် သရုပ်ဆောင်တာများတဲ့ Vincent Cassel တို့ ပါဝင်ထားပါတယ် ရေခဲတောင် ချိုင့်ဝှမ်းဒေသမှာလွန်စွာမှနာမည်ကြီးတဲ့ ကောလိပ်တစ်ခုက ပရော်ဖက်ဆာတစ်ယောက် ကိုယ်လက်အင်္ဂါလှီးဖြတ်ခံရပြီး ထူးဆန်းစွာ သေဆုံးတဲ့အမှု ဖြစ်တယ်သူတို့ကောလိပ်မှာ ရွာတစ်ရွာလိုနေထိုင်တဲ့ ဓလေ့၊ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေး ဘာမဆို သီးသန့်တည်ရှိပြီး အထက်တန်းလွှာဆန်ဆန် သူတို့ အလွှာချင်းသာ ပြန်လက်ထပ်ကြတဲ့ သီးသန့်ဆန်လွန်းတဲ့ အသိုက်အဝန်း တစ်နေ့တည်းမှာပဲ မူလတန်းကျောင်းတစ်ကျောင်း ဖောက်ထွင်းခံရတဲ့အပြင် သင်္ချိုင်းဂူဗိမ္မာန်တစ်ခုကိုလည်း ဖျက်လိုဖျက်စီး လုပ်သွားတဲ့အမှုနဲ့ … ဘယ်လိုတွေ ပတ်သက်နေမှာလဲ အစွန်းရောက်တဲ့ အတွေးအခေါ်တွေနဲ့အတူ၊ ခက်ထန်ရက်စက်တဲ့ ပြကွက်တွေနဲ့ ရင်တမမ ကြည့်ရမယ့် ဇာတ်လမ်းလေးပါFile size…(1.7 GB)/(842 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre... Crime, Mystery, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

The Crimson Rivers (2000)

War (2007)
War (2007) ဂတုံးမင်းသားဂျေဆင်နဲ့ ဂျက်လီတို့ အပြိုင်ကြဲထားတဲ့ အက်ရှင်ဇာတ်ကြမ်းကား အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဂျေဆင်ကတော့ ထုံးစံအတိုင်း အထာများတဲ့ဘဲပုံစံနဲ့ မြင်ရမှာဖြစ်သလို ဂျက်လီကိုတော့ သွေးအေးအေးနဲ့ တည်ငြိမ်ပြီး မိုက်တဲ့ ကာရိုက်တာ အဖြစ်ရှုစားရမှာပါF.B.I အေးဂျင့် John နဲ့ သူငယ်ချင်းလည်းဖြစ် ပါတနာလည်းဖြစ်တဲ့ အေးဂျင့် Tom Lone တို့က ယုံတမ်းစကားအရ Rogue (နတ်ဆိုး)လို့ နာမည်ကြီးတဲ့ လက်မရွံ့ လူသတ်သမားတစ်ယောက်ကို သုတ်သင်လိုက်နိုင်ပေမယ့်....နောက်နေ့ကျ Tom အပါအဝင် ဇနီးနဲ့ သမီးလေးကိုပါ အမည်မသိလူတစ်ယောက်က Rogue အတွက် လက်စားချေသလို လုပ်ကြံသွားတယ်နောက်သုံးနှစ်ကြာမှာ ယခင် ရာကူဇာ လက်အောက်ခံ နတ်ဆိုးက မသေပဲ ပြန်ပေါ်လာခဲ့ပြီး တရုတ်မြေအောက်ဂိုဏ်းအတွက် ပြောင်းလဲလုပ်ကိုင်နေကာ တရုတ်ဂိုဏ်းနဲ့ ရာကူဇာတို့ကို တစ်လှည့်စီ အကွက်ရွှေ့နေတယ်သူငယ်ချင်းအတွက် လက်စားချေမယ်လို့ တွေးထားတဲ့ John တစ်ယောက် နတ်ဆိုးကို လက်စားချေခွင့်ရနိုင်မှာလား အရာရာတကွက်ကြိုမြင်နေတဲ့ နတ်ဆိုးကပဲ ...
movie

War (2007)

On the Line (2022) 5.3
On the Line (2022) On the Line (2022)စကားလေးတစ်ခုရှိပါတယ်။ " အပျော်ကနေ အပျက် " တဲ့ ။ ဒီဇာတ်ကားလေးကတော့ အဲဒီစကားလေးနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားလေးပါ။Elvis ဟာ သန်းခေါင်ယံချိန်မှာ တင်ဆက်လေ့ရှိတဲ့ "On the Line " လို့ ခေါ်တဲ့ ရေဒီယိုရှိုးရဲ့ host တစ်ယောက်ပါ။ ရှိုးရဲ့သဘောသဘာ၀ကတော့ နောက်ပြောင်ကျီစယ်တာတွေ သူများတွေကို ဖဲ့တာနှက်တာတွေ ပယ်ပယ်နယ်နယ် ပြောတာတွေကို အဓိကထားတင်ဆက်တာပါ။ ဒီလို ရေပန်းစားရှိုးတစ်ခုကို ကိုင်တွယ်ရတဲ့ Elvis ကိုယ်တိုင်ကလည်း ဘ၀င်ခေါင်ခိုက်တတ်တဲ့ပုံစံရှိပြီး ‌ နောက်ပြောင်ကျီစယ်မှုတွေမှာ ကန့်သတ်ချက်မထားတတ်တဲ့သူမျိုးပါ။ အဲဒီလို သူ့ရဲ့အမူအကျင့်ကပဲ တစ်ညမှာ သူ့ကို ပြန်လည် ဒုက္ခပေးဖို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာပါတော့တယ်။ မထင်မှတ်ထားတဲ့ လူတစ်ဦး သူတို့ရှိုးကို ဖုန်းခေါ်လာပြီး အဲဒီညမှာ သူတို့အားလုံးကို ဒုက္ခပေးဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့.....။အဲဒီလို ဒုက္ခပေးတဲ့သူက ဘယ်သူပါလဲ? Elvis ကရော ဘာတွေများလုပ်ခဲ့မိလို့ သူက Elvis ကို ဒုက္ခပေးဖို့ တန်းတန်းမတ်မတ်ကြီးရောက်လာတာလဲ ? ဒီလို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ...
movie

On the Line (2022)

2022
Lucky Day(2019) 5.0
Lucky Day(2019) Lucky Day(2019)ရက်ဒ်ဟာ ဘဏ်ဖောက်မှုနဲ့ ထောင်နှစ်ရှည်ကျနေရာက‌‌ေန လျော့ရက်နဲ့ လွတ်လာတဲ့ သော့ဝိဇ္ဇာတစ်ယောက်ပဲ ဖြစ်ပါတယ်....ထောင်က လွတ်ပြီး အသိတရားရတာကြောင့် ချစ်ဖို့ကောင်းပြီး သစ္စာရှိတဲ့ ဇနီးလေးနဲ့ ချစ်စရာ သမီးလေးဆီကို ပြန်ပြီးအေးချမ်းသာယာတ‌ဲ့ ဘ၀လေးကို တည်ဆောက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်. ...ဒါပေမယ့် ကံဆိုးစ‌ွာပဲ ဘဏ်ဖောက်တုန်းက ဖြစ်ခဲ့တဲ့ ရန်ညှိုးကြောင့် အလွန်တရာ ရက်စက်တဲ့ စိတ္တဇ လူသတ်သမား လက်စ်ဟာလက်စားချေဖို့ သူ့ဆီလာခဲ့တဲ့အခါမှာတော့...ဒီကားက ကလေးတွေမကြည့်သင့်ပါဘူး..သတ်ဖြတ်ခန်းတွေ နည်းနည်းကြမ်းလို့ပါ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ YK ပဲဖြစ်ပါတယ်....File Size : (850 MB) and (397MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre :  Action, Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by  YK Encoded by Phyo Pyae
movie

Lucky Day(2019)